ဆိုကေရးတီး၏စကားတစ္ခြန္း

တစ္ခါက ဆိုကေရးတီး၏ တပည့္တစ္ဦးသည္ သူ႔ထံသို႔ ေျပးလာျပီး

“ဆရာ ထင္မွတ္မထားတဲ့ သတင္းတစ္ခု ေျပာျပခ်င္တယ္” ဟူ ပ်ာပ်ာသလဲေျပာသည္။

ဆိုကေရးတီးက “ ခဏေနဦး….အခုေျပာမယ့္ စကားကုိ ဆန္ကာသံုးခုနဲ႔ စစ္ျပီးျပီလား”

ဆိုကေရးတီး၏ ဆိုလိုခ်က္ကို သေဘာမေပါက္ေသာ တပည့္မွာ ေခါင္းခါျပသည္။

ဆိုကေရးတီးက ဆက္၍ “တစ္ျခားလူကို မေျပာခင္ ဆန္ကာသံုးခုနဲ႔ အရင္စစ္ရတယ္…ပထမ

ဆန္ကာကို စစ္မွန္တဲ့ ဆန္ကာလို႔ေခၚတယ္။ ငါ့ကို ေျပာမယ့္ သတင္းက အမွန္လား”

“မွန္မမွန္ ကြ်န္ေတာ္လဲ မသိဘူး….လူေတြေျပာတာ ၾကားလိုက္လို႔” “မွန္တယ္ မမွန္ဘူးဆိုတာကို

မသိရင္ အဲဒီ သတင္းကို ဒုတိယဆန္ကာနဲ႔ စစ္ၾကည့္…. ငါ့ကိုေျပာမယ့္ သတင္းက အေကာင္းလား”

“မဟုတ္ဘူး” “ဒီလိုဆိုရင္ တတိယဆန္ကာနဲ႔ ျပန္စစ္ၾကည့္… ငါ့ကို အရမ္းေျပာျပခ်င္ေနတဲ့ သတင္းက

အေရးၾကီးတဲ့ သတင္း လား” “ မၾကီးပါဘူး” “အေရးမၾကီးတဲ့ သတင္း ေနာက္ျပီး အေကာင္းေျပာမယ့္

သတင္းလဲ မဟုတ္ျပန္ဘူး… သတင္းမွန္ ဟုတ္လား မဟုတ္ဘူးလားဆိုတာလဲ မသိဘဲနဲ႔

ဘာလို႔ ေျပာျပခ်င္ရတာလဲ… ေျပာျပန္ရင္လဲ စိတ္အေႏွာင့္အယွက္ျဖစ္ တာပဲ အဖတ္တင္မယ္။

မဟုတ္မမွန္ေျပာတတ္တဲ့ လူေတြရဲ႕ စကားကို မယံုနဲ႔ ျဖားေယာင္းေသြးေဆာင္ သူေတြရဲ႔

စကားေတြ နားထဲ မ၀င္ေစနဲ႔။ သူတို႔ဟာ ေစတနာပါလို႔ ေျပာတာထက္ သူတစ္ပါးကို ေခ်ာက္တြန္းဖို႔က

မ်ားတယ္။ အဲဒီလို လူမ်ဳိးနဲ႔ေပါင္းရင္ တစ္ေန႔ကိုယ္လည္း ေခ်ာက္တြန္းခံရတတ္တယ္။ ဒါေၾကာင့္

ကိုယ္ေျပာမယ့္ စကားကို ဆန္ကာသံုးခုနဲ႔ အရင္စစ္ေဆးသင့္တယ္” အတင္းဆိုတာ ထက္ျမက္တဲ့

ဓားသြားထက္ ေၾကာက္ဖို႔ေကာင္းတယ္။ လူတစ္ေယာက္ ကို ဒဏ္ရာဒဏ္ခ်က္ မျမင္ေစဘဲ

ထိခိုက္ႏိုင္တယ္။ တစ္ျခားလူ ထိခိုက္မွ ရလာမယ့္ ေပ်ာ္ရႊင္မႈမ်ဳိးကို တစ္ခ်ဳိ႔က ႏွစ္သက္ တတ္ၾက တယ္။

စကားကို လူတိုင္းေျပာတတ္ တယ္။ ဒါေပမယ့္ စကားေကာင္း ေတြကို လူတိုင္း မေျပာတတ္ၾကဘူး။

မွတ္သားသင့္လုိ ့မွ်ေ၀ပါသည္။

ေလးစားစြာျဖင့္ သခ်ၤာ ဦးေအာင္နိုင္စိုး

< unicode version >

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး

“ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး….အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား”

ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်…ပထမ

ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး….လူတွေပြောတာ ကြားလိုက်လို့” “မှန်တယ် မမှန်ဘူးဆိုတာကို

မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်…. ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး” “ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်… ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက

အရေးကြီးတဲ့ သတင်း လား” “ မကြီးပါဘူး” “အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့်

သတင်းလဲ မဟုတ်ပြန်ဘူး… သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့

ဘာလို့ ပြောပြချင်ရတာလဲ… ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။

မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့

စကားတွေ နားထဲ မဝင်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က

များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့်

ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်” အတင်းဆိုတာ ထက်မြက်တဲ့

ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ

ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။

စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။

မှတ်သားသင့်လို ့မျှဝေပါသည်။

လေးစားစွာဖြင့် သချင်္ာ ဦးအောင်နိုင်စိုး

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

4 × two =