ဆရာႀကီးဦးေအာင္သင္းရဲ႕ မွတ္သားေလာက္တဲ့စကား

မင္းတို႔ကို ငါက ႐ႊံ႕တုံး တစ္တုံးစီေပးမယ္ မင္းတို႔ဘာလုပ္မလဲ

“ဆရာႀကီးကလည္းကြာ ေပးစရာ႐ွားလို႔” လို႔ မေတြးနဲ႔ မင္းတို႔ကို ႐ႊံ႕တုံးပညာ ေပးမလို႔။

တစ္ေယာက္က ဟာကြာ ရႊံ႕တုံးႀကီးဘာလုပ္ဖို႔လဲဆိုၿပီး ဒီအတိုင္းထားမယ္။

ရႊံ႕တုံးကို ဒီအတိုင္းထားေတာ့ ရႊံ႕တုံးပဲေပါ့။

တစ္ေယာက္က ေလာက္စာလုံးမယ္ ရႊံ႕တုံးထက္ေတာ့ ေလာက္စာလုံးက ပိုတန္ဖိုး႐ွိမသြားဘူးလား။

ေကာင္းၿပီ ေနာက္တစ္ေယာက္က အဲ့ဒီရႊံ႕ကို ေျမအိုးလုပ္လိုက္မယ္ကြာ တန္ဖိုး ပိုႀကီးသြားၿပီေနာ္။

ကံျခင္းတူရင္ ဉာဏ္႐ွိသူကသာတယ္ ဉာဏ္႐ွိတာျခင္းတူရင္ ေလ့လာလိုက္စား

ႀကိဳးစားအားထုတ္သူကသာတယ္ ပညာဆိုတာ ပိုတယ္မ႐ွိဘူး ပညာကို ရတဲ့ေနရာမွာယူ

လိုတဲ့ေနရာသုံး ေလ့လာပါ ဆည္းပူးပါ သင္ယူပါ မင္းတို႔တတ္ေျမာက္သြားတဲ့ပညာ

ဘယ္သူမွ လာခိုးလို႔မရဘူး ဘယ္မွလည္း ေပ်ာက္မသြားႏိုင္ဘူး အခ်ိန္မေရြး ထုတ္သုံးလို႔ရတယ္။

လူေတာ္ေတာ္မ်ားမ်ား ေျပာတတ္ၾကတယ္ လူတစ္ေယာက္ ေအာင္ျမင္ၿပီဆို။

“ေၾသာ္… သူကေတာ့ ကံေကာင္းလိုက္တာေနာ္” သြားၿပီ အဲ့စကားထဲမွာ

အကုန္ပါသြားၿပီ ကံေကာင္းလိုက္တာေနာ္လို႔ ေျပာတဲ့သူမွန္သမ်ွဟာ

သူဘာလို႔ေအာင္ျမင္ရသလဲဆိုတဲ့ အဓိကအခ်က္ကို မၾကည့္ေတာ့ဘူး

သူဘယ္လိုႀကိဳးစားခဲ့သလဲဆိုတာ စိတ္မဝင္စားေတာ့ဘူး အဲ့ဒီေတာ့

ဘာေတြအတုခိုးမလဲ ဘာပညာ ဘာနည္းလမ္းမွ မရေတာ့ဘူး။

တို႔ ေဂါတမဘုရား ကံေကာင္းလို႔ဘုရားျဖစ္တာ မဟုတ္ဘူး ေလးသေခ်ၤနဲ႔

ကမာၻတစ္သိန္း ပါရမီျဖည့္ခဲ့ရတာ ႀကိဳးစားခဲ့ရတာ ဗိုလ္ခ်ဴပ္ေအာင္ဆန္း

တစ္ကမာၻလုံးက ေလးစားရတဲ့သူ ကံေကာင္းလို႔ု္ျဖစ္လာတာ မဟုတ္ဘူး

သူႀကိဳးစားခဲ့ရတာ အလုပ္ေတြနဲ႔ တစ္ခ်ိန္လုံး နပမ္းလုံးလာခဲ့ရတာ။

ေအာင္ျမင္သူေတြကို အားက်ရင္​ ေနာက္ေၾကာင္းကိုၾကည့္ပါ သူဘာေတြလုပ္ခဲ့လဲ

သူဘယ္ေလာက္ႀကိဳးစားခဲ့လဲၾကည့္ပါ ဒါမွ ကိုယ့္အတြက္ ပညာ ဗဟုသုတရမွာေပါ့

ကံေကာင္းလိုက္တာေနာ္ဆိုေတာ့ လမ္းကဆုံးၿပီ။

ကမာၻ ့အခ်မ္းသာဆုံးပုဂိၢဳလ္ေတြၾကည့္ ကံေကာင္းလို႔ခ်မ္းသာလာတာ ငါမေတြ႔ဖူးဘူး

ေဗဒင္ေတြ ယၾတာေတြနဲ႔ ခ်မ္းသာလာတာလည္း ငါမေတြ႔ဖူးဘူး ဘယ္တန္ခိုး႐ွင္ကမွ

မ.စတာမဟုတ္ဘူး ႀကိဳးစားပါ ကိုယ့္ကိုကိုယ္ယုံၾကည္ပါ အဲ့ဒါတန္ခိုးပဲ။

ငါေတာ့ ကံဆိုးလိုက္တာဆိုရင္ အဲ့ဒီေကာင္ ကံဆိုးၿပီသာမွတ္ေတာ့ ငါ… မျဖစ္ႏိုင္ပါဘူးဆိုရင္

အဲ့ဒီေကာင္ ျဖစ္ကိုမျဖစ္ေတာ့ဘူး လုပ္ၾကည့္ခ်င္စိတ္မွ မ႐ွိတာ။

ငါ… ျဖစ္ေလာက္ပါတယ္ဆိုရင္ အဲ့ဒီေကာင္တစ္ခါေတာ့ ႀကိဳးစားၾကည့္လိမ့္မယ္ ျဖစ္ဖို႔ အလားအလာ႐ွိတယ္။

ငါ… မျဖစ္ေသးတာပါဆိုရင္ အဲ့ဒီေကာင္ ႏွစ္ႀကိမ္သုံးႀကိမ္ ႀကိဳးစားၾကည့္လိမ့္မယ္ ျဖစ္ဖို႔နီးစပ္တယ္။

ငါ… ျဖစ္ကိုျဖစ္ရမယ္ဆိုရင္ အဲ့ဒီေကာင္ ျဖစ္ကိုျဖစ္မွာ သူ႔မွာ ထပ္တလဲလဲ

ႀကိဳးစားလိုစိတ္႐ွိတယ္ သူ႔မွာ ေအာင္ျမင္လိုစိတ္ ျပင္းထန္တယ္။

ေအာင္ျမင္ခ်င္ရင္ ဇြဲ႐ွိရမယ္ ဇြဲဆိုတာ ၾကာ႐ွည္ခံႏိုင္တဲ့ သတၱိ လဲက်တိုင္းသာ

ေၾကာက္စိတ္ဝင္ရမယ္ဆို ဘယ္ကေလးမွ လမ္းေလွ်ာက္တတ္မွာ မဟုတ္ဘူး စိတ္ဓာတ္ယိမ္းယိုင္သြားတဲ့

အခါတိုင္း “ငါ… ငယ္ငယ္ကလဲဖူးပါလား ငါျပန္ထလို႔ အခုလို လမ္းေလွ်ာက္တတ္လာတာပါလား”

ဆိုၿပီး ကိုယ့္ခြန္အား ကိုယ္ျပန္ေမြး။

ထိုင္ေနရင္းနဲ႔ေတာ့ ​ေမွ်ာ္​လင့္ခ်က္မထားနဲ႔ ဘာမွမလုပ္ရင္ ဘာမွမရႏိုင္ဘူး လႈိင္းေၾကာက္ရင္

ေလွမစီးနဲ႔ ကမ္းစပ္ပဲထိုင္ေန။

လုပ္ခ်င္စိတ္႐ွိရင္ အလုပ္ေပါတယ္ အလုပ္မ႐ွိရင္စာဖတ္ ဘဝအတြက္ အေထာက္အကူ အမ်ားႀကီးရတယ္။

အခြင့္အလမ္းမ႐ွိခင္မွာ အသိပညာပိုင္းဆိုင္ရာ အတတ္ပညာပိုင္းဆိုင္ရာ ကိုယ့္ဘက္က အသင့္ျပင္ထား

Readyလုပ္ထား ေမာင္းတင္ထား ဒါအလုပ္ပဲ။

Credit >>> မူရင္​း

< unicode version >

မင်းတို့ကို ငါက ရွှံ့တုံး တစ်တုံးစီပေးမယ် မင်းတို့ဘာလုပ်မလဲ

“ဆရာကြီးကလည်းကွာ ပေးစရာရှားလို့” လို့ မတွေးနဲ့ မင်းတို့ကို ရွှံ့တုံးပညာ ပေးမလို့။

တစ်ယောက်က ဟာကွာ ရွှံ့တုံးကြီးဘာလုပ်ဖို့လဲဆိုပြီး ဒီအတိုင်းထားမယ်။

ရွှံ့တုံးကို ဒီအတိုင်းထားတော့ ရွှံ့တုံးပဲပေါ့။

တစ်ယောက်က လောက်စာလုံးမယ် ရွှံ့တုံးထက်တော့ လောက်စာလုံးက ပိုတန်ဖိုးရှိမသွားဘူးလား။

ကောင်းပြီ နောက်တစ်ယောက်က အဲ့ဒီရွှံ့ကို မြေအိုးလုပ်လိုက်မယ်ကွာ တန်ဖိုး ပိုကြီးသွားပြီနော်။

ကံခြင်းတူရင် ဉာဏ်ရှိသူကသာတယ် ဉာဏ်ရှိတာခြင်းတူရင် လေ့လာလိုက်စား

ကြိုးစားအားထုတ်သူကသာတယ် ပညာဆိုတာ ပိုတယ်မရှိဘူး ပညာကို ရတဲ့နေရာမှာယူ

လိုတဲ့နေရာသုံး လေ့လာပါ ဆည်းပူးပါ သင်ယူပါ မင်းတို့တတ်မြောက်သွားတဲ့ပညာ

ဘယ်သူမှ လာခိုးလို့မရဘူး ဘယ်မှလည်း ပျောက်မသွားနိုင်ဘူး အချိန်မရွေး ထုတ်သုံးလို့ရတယ်။

လူတော်တော်များများ ပြောတတ်ကြတယ် လူတစ်ယောက် အောင်မြင်ပြီဆို။

“သြော်… သူကတော့ ကံကောင်းလိုက်တာနော်” သွားပြီ အဲ့စကားထဲမှာ

အကုန်ပါသွားပြီ ကံကောင်းလိုက်တာနော်လို့ ပြောတဲ့သူမှန်သမျှဟာ

သူဘာလို့အောင်မြင်ရသလဲဆိုတဲ့ အဓိကအချက်ကို မကြည့်တော့ဘူး

သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာ စိတ်မဝင်စားတော့ဘူး အဲ့ဒီတော့

ဘာတွေအတုခိုးမလဲ ဘာပညာ ဘာနည်းလမ်းမှ မရတော့ဘူး။

တို့ ဂေါတမဘုရား ကံကောင်းလို့ဘုရားဖြစ်တာ မဟုတ်ဘူး လေးသချေင်္နဲ့

ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတာ ကြိုးစားခဲ့ရတာ ဗိုလ်ချူပ်အောင်ဆန်း

တစ်ကမ္ဘာလုံးက လေးစားရတဲ့သူ ကံကောင်းလို့ု်ဖြစ်လာတာ မဟုတ်ဘူး

သူကြိုးစားခဲ့ရတာ အလုပ်တွေနဲ့ တစ်ချိန်လုံး နပမ်းလုံးလာခဲ့ရတာ။

အောင်မြင်သူတွေကို အားကျရင်​ နောက်ကြောင်းကိုကြည့်ပါ သူဘာတွေလုပ်ခဲ့လဲ

သူဘယ်လောက်ကြိုးစားခဲ့လဲကြည့်ပါ ဒါမှ ကိုယ့်အတွက် ပညာ ဗဟုသုတရမှာပေါ့

ကံကောင်းလိုက်တာနော်ဆိုတော့ လမ်းကဆုံးပြီ။

ကမ္ဘာ ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကြည့် ကံကောင်းလို့ချမ်းသာလာတာ ငါမတွေ့ဖူးဘူး

ဗေဒင်တွေ ယတြာတွေနဲ့ ချမ်းသာလာတာလည်း ငါမတွေ့ဖူးဘူး ဘယ်တန်ခိုးရှင်ကမှ

မ.စတာမဟုတ်ဘူး ကြိုးစားပါ ကိုယ့်ကိုကိုယ်ယုံကြည်ပါ အဲ့ဒါတန်ခိုးပဲ။

ငါတော့ ကံဆိုးလိုက်တာဆိုရင် အဲ့ဒီကောင် ကံဆိုးပြီသာမှတ်တော့ ငါ… မဖြစ်နိုင်ပါဘူးဆိုရင်

အဲ့ဒီကောင် ဖြစ်ကိုမဖြစ်တော့ဘူး လုပ်ကြည့်ချင်စိတ်မှ မရှိတာ။

ငါ… ဖြစ်လောက်ပါတယ်ဆိုရင် အဲ့ဒီကောင်တစ်ခါတော့ ကြိုးစားကြည့်လိမ့်မယ် ဖြစ်ဖို့ အလားအလာရှိတယ်။

ငါ… မဖြစ်သေးတာပါဆိုရင် အဲ့ဒီကောင် နှစ်ကြိမ်သုံးကြိမ် ကြိုးစားကြည့်လိမ့်မယ် ဖြစ်ဖို့နီးစပ်တယ်။

ငါ… ဖြစ်ကိုဖြစ်ရမယ်ဆိုရင် အဲ့ဒီကောင် ဖြစ်ကိုဖြစ်မှာ သူ့မှာ ထပ်တလဲလဲ

ကြိုးစားလိုစိတ်ရှိတယ် သူ့မှာ အောင်မြင်လိုစိတ် ပြင်းထန်တယ်။

အောင်မြင်ချင်ရင် ဇွဲရှိရမယ် ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့ သတ္တိ လဲကျတိုင်းသာ

ကြောက်စိတ်ဝင်ရမယ်ဆို ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာ မဟုတ်ဘူး စိတ်ဓာတ်ယိမ်းယိုင်သွားတဲ့

အခါတိုင်း “ငါ… ငယ်ငယ်ကလဲဖူးပါလား ငါပြန်ထလို့ အခုလို လမ်းလျှောက်တတ်လာတာပါလား”

ဆိုပြီး ကိုယ့်ခွန်အား ကိုယ်ပြန်မွေး။

ထိုင်နေရင်းနဲ့တော့ ​မျှော်​လင့်ချက်မထားနဲ့ ဘာမှမလုပ်ရင် ဘာမှမရနိုင်ဘူး လှိုင်းကြောက်ရင်

လှေမစီးနဲ့ ကမ်းစပ်ပဲထိုင်နေ။

လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ် အလုပ်မရှိရင်စာဖတ် ဘဝအတွက် အထောက်အကူ အများကြီးရတယ်။

အခွင့်အလမ်းမရှိခင်မှာ အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာ ကိုယ့်ဘက်က အသင့်ပြင်ထား

Readyလုပ်ထား မောင်းတင်ထား ဒါအလုပ်ပဲ။

Credit >>> မူရင်​း

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

16 + twenty =