လက္ညိဳးေပၚက ႏွမ္းေစ့ပမာ

တစ္ေန႕တြင္ အမတ္ႀကီးတို႕ရဲ႕ နုိုင္ငံသို႕

နုိင္ငံျခားသံတမန္မ်ားေရာက္လာၾကေလသည္။နိုင္ငံျခားသံတမန္မ်ားသည္

နန္းတြင္းထဲသို႕အခစား၀င္ၾကၿပီးလုိက္လံၾကည့္ရႈၾကေလသည္။ထိုထဲတြင္

လူငယ္တစ္ဦးလဲပါေလသည္။အမတ္ႀကီးႏွင့္ ဘုရင့္သားလဲ ထိုနိုင္ငံသားမ်ားကို ဧည့္ခံေနၾကသည္။

ထိုစဥ္လူငယ္တစ္ဦးက အမတ္ႀကီးနားလာၿပီးေတာ့ ” အမတ္ႀကီး၏ ပညာႀကီးမႈကို

အတိုင္းတိုင္းအျပည္ျပည္မွာ ဂုဏ္သတင္းေမႊးပ်ံ႕လွပါသည္။အမတ္ႀကီးကို

ေမးစရာတစ္ခုရွိပါသည္။ အမတ္ႀကီးခြင့္ျပဳပါ” အမတ္ႀကီးက ေခါင္းညိတ္လိုက္၏။

” အမတ္ႀကီးမည္သို႕ေသာ အလုပ္မ်ိဳးသည္ စည္းစိမ္ၾကြယ္၀ျခင္းကိုလည္းေကာင္း၊ရာထူးဂုဏ္သိမ္တို႕ကိုလည္းေကာင္း၊

မိတ္ေကာင္းေဆြေကာင္းတို႕ကိုလည္းေကာင္း ေဆာင္ၾကဥ္းေပးနိုင္သနည္း”

 

အမတ္ႀကီးက ” အသင္လုလင္ အသင့္ကို ကၽြန္ေတာ္ အလုပ္တစ္ခုခိုင္းပါမည္။

ထိုအလုပ္ကိုအရင္ လုပ္ၾကည့္ပါေလာ့”ဟုေျပာကာ အနီးရွိလက္ဖက္အစ္ထဲမွ

ႏွမ္းတစ္ခ်ိဳ႕ကို ယူလိုက္ၿပီးေတာ့ ထိုလူငယ္၏ လက္ညိဳးကို ေဘးတိုက္ေစာင္းေစၿပီး(လက္ညိဳးထိုးသည့္ပံုစံ)

ထိုေပၚကို ႏွမ္းေစ့မ်ားတင္လိုက္ပါတယ္။

ၿပီးေတာ့မွ ” အသင္လုလင္ ထိုႏွမ္းေစ့မ်ားကို ျပဳတ္မက်ေအာင္ဂရုစုိက္ၿပီးေတာ့

နန္းတြင္းပတ္လမ္းအတိုင္း တစ္ပတ္ပတ္၍ ဒီေနရာကို ျပန္လာခဲ့ပါ” ထိုလုလင္ကလဲ

လြယ္လြယ္ေလးဟုေျပာကာ နန္းတြင္းပတ္လမ္းအတိုင္းထြက္ခြာသြားေလသည္။

မၾကာမီထိုလူငယ္ ျပန္ေရာက္လာေလသည္။အမတ္ႀကီးအားလက္ေပၚမွ ႏွမ္းေစ့မ်ားကို ညြန္ျပ၍ ”

ဒီမယ္အမတ္ႀကီးေတြ႕ၿပီလား တစ္ေစ့မွ်ပင္ လြင့္စင္မက်ဘူး” လို႕ေျပာၿပီးေတာ့

အမတ္ႀကီးကိုေျပာေလသည္။အမတ္ႀကီးက ” ဒါဆိုအသင္လုလင္လမ္းတစ္ေလွ်ာက္ဘာေတြမ်ား ျမင္ခဲ့ရသလဲ။

အေနာက္ပင္လယ္က ရတဲ့ သႏာၱနီေတြနဲ႕ ျပဳလုပ္ထားတဲ့ သႏာၱခန္းမကို

ျမင္ေတြ႕ခဲ့ပါသလား” လုလင္က မေတြ႕ခဲ့ပါဟုေျဖ၏။ ” ဒါဆိုရင္ ၾကာမ်ိဳးငါးပါးနဲ႕ျပည့္စံုတဲ့ နန္းတြင္းေရကန္ကိုေကာ

ေတြ႕ခဲ့ပါသလား” မေတြ႕ခဲ့ပါဟု ထိုလုလင္ေျဖ၏။ ” ၁၀ ႏွစ္တိုင္တိုင္အခ်ိန္ယူစိုက္ပ်ိဳးခဲ့တဲ့ နန္းတြင္း ဥယ်ာဥ္ႀကီးကိုေကာ

ျမင္ခဲ့ရဲ႕လား” မျမင္ခဲ့ပါ။အမတ္ႀကီးက” ဒါဆိုအသင္လုလင္ေနာက္တစ္ခါထပ္သြားပါ။လမ္းတစ္ေလ်ွာက္က

အံၾသဖြယ္ရာေတြကို ၾကည့္ရႈခဲ့ပါ” ဟုဆို၍လြတ္လိုက္၏။

မၾကာမီထိုလုလင္ျပန္လာေလသည္။”အမတ္ႀကီး လမ္းတစ္ေလွ်ာက္ဆန္းျပားမႈေတြကို

အကၽြနုပ္ျမင္ခဲ့ပါၿပီ။” အမတ္ႀကီးက ” ဒါဆိုသင့္လက္ထဲက ႏွမ္းေတြေကာ”အဲဒီေတာ့မွ လုလင္လဲသတိထားမိ၏။

ႏွမ္းမ်ားတစ္ေစ့မွပင္မက်န္၊ႏွမ္းေတြကို သတိေမ့သြား၏။

” အေမာင္လုလင္ ေလာကတြင္မည္သည့္အလုပ္ကို လုပ္လုပ္ ကိုယ့္အလုပ္ကိုယ္လဲ

ၿပီးစီးေအာင္လုပ္နိုင္ရ၏။ အျခားပတ္၀န္းက်င္ႏွင့္လဲ မ်က္ေခ်မျပတ္ေလ့လာလုပ္ကိုင္ရ၏။

ထိုသို႕အလုပ္ကို လုပ္ကိုင္ပါမူ မည္သို႕ေသာ အလုပ္တြင္ျဖစ္ျဖစ္ထိုလူသည္ ေအာင္ျမင္နိုင္ေပသည္။”

ထို႕ေနာက္မင္းသားဘက္လွည့္၍ အရွင့္သား ဒီလုလင္သည္ ပထမတစ္ခါတြင္ မိမိႏွမ္းေစ့မ်ားျပဳတ္က်မည္ကိုသာ

အာရံုထား၍လုပ္ကိုင္သျဖင့္ ပတ္၀န္းက်င္ကိစၥမ်ားကို လံုး၀မျမင္လိုက္။ေနာက္တစ္ခါတြင္ ပတ္၀န္းက်င္ကို

အလြန္ေငးေမာ မိႈင္းေတြေနသျဖင့္မိမိအလုပ္ျဖစ္တဲ့ နွမ္းေစ့မ်ားမက်ေအာင္ ေဆာင္ရြက္နိုင္ျခင္းမရွိေပ။

ကိုယ့္အလုပ္ကိုယ္သာ အာရံုထားေသာသူကိုကား တေဇာက္ကန္း ဟုေခၚနိုင္ေပသည္။

ကိုယ့္အလုပ္မွလြဲ၍ ပတ္၀န္းက်င္ႏွင့္ တိုင္းနိုင္ငံတစ္၀ွမ္းျဖစ္ပ်က္သမွ်ကို မျမင္တတ္သူသည္

ေအာင္ျမင္ျခင္းမဟုတ္။ပတ္၀န္းက်င္ကို အရမ္းအာရံုေရာက္ၿပီး ေတြေ၀မိန္းေမာေနၿပီး

ကိုယ့္အလုပ္ကို လုပ္ဖို႕ေမ့ေလ်ာ့ ပ်က္ကြက္ေနသူသည္လဲ ေအာင္ျမင္ျခင္းကို ရရွိရန္လြန္စြာခဲယင္းေပသည္။

အလုပ္ႏွစ္ခုလံုးကို ညီညီမွွ်မွ် ခြဲေ၀လုပ္ကိုင္နိုင္ပါမူ ထိုသူသည္ မည္သည့္အလုပ္ျဖစ္ျဖစ္၊ေစ်းေရာင္းရင္ေတာင္မွ

ေအာင္ျမင္ျခင္းအတြက္ လမ္းစတစ္ခုျဖစ္ေပသည္။ထိုသို႕ေသာသူမ်ားကား ရခဲတတ္၏။

မင္းသားလဲ မွတ္သားေလသည္။ထိုလုလင္ကလဲ အမတ္ႀကီးကို ႏႈတ္ဆက္ၿပီး ေလ့လာေရးအဖြဲ႕မ်ားႏွင့္အတူျပန္သြားေလသည္။

Credit;ေမာင္စိုင္း

< unicode version >

တစ်နေ့တွင် အမတ်ကြီးတို့ရဲ့ နိုုင်ငံသို့

နိုင်ငံခြားသံတမန်များရောက်လာကြလေသည်။နိုင်ငံခြားသံတမန်များသည်

နန်းတွင်းထဲသို့အခစားဝင်ကြပြီးလိုက်လံကြည့်ရှုကြလေသည်။ထိုထဲတွင်

လူငယ်တစ်ဦးလဲပါလေသည်။အမတ်ကြီးနှင့် ဘုရင့်သားလဲ ထိုနိုင်ငံသားများကို ဧည့်ခံနေကြသည်။

ထိုစဉ်လူငယ်တစ်ဦးက အမတ်ကြီးနားလာပြီးတော့ ” အမတ်ကြီး၏ ပညာကြီးမှုကို

အတိုင်းတိုင်းအပြည်ပြည်မှာ ဂုဏ်သတင်းမွှေးပျံ့လှပါသည်။အမတ်ကြီးကို

မေးစရာတစ်ခုရှိပါသည်။ အမတ်ကြီးခွင့်ပြုပါ” အမတ်ကြီးက ခေါင်းညိတ်လိုက်၏။

” အမတ်ကြီးမည်သို့သော အလုပ်မျိုးသည် စည်းစိမ်ကြွယ်ဝခြင်းကိုလည်းကောင်း၊ရာထူးဂုဏ်သိမ်တို့ကိုလည်းကောင်း၊

မိတ်ကောင်းဆွေကောင်းတို့ကိုလည်းကောင်း ဆောင်ကြဉ်းပေးနိုင်သနည်း”

အမတ်ကြီးက ” အသင်လုလင် အသင့်ကို ကျွန်တော် အလုပ်တစ်ခုခိုင်းပါမည်။

ထိုအလုပ်ကိုအရင် လုပ်ကြည့်ပါလော့”ဟုပြောကာ အနီးရှိလက်ဖက်အစ်ထဲမှ

နှမ်းတစ်ချို့ကို ယူလိုက်ပြီးတော့ ထိုလူငယ်၏ လက်ညိုးကို ဘေးတိုက်စောင်းစေပြီး(လက်ညိုးထိုးသည့်ပုံစံ)

ထိုပေါ်ကို နှမ်းစေ့များတင်လိုက်ပါတယ်။

ပြီးတော့မှ ” အသင်လုလင် ထိုနှမ်းစေ့များကို ပြုတ်မကျအောင်ဂရုစိုက်ပြီးတော့

နန်းတွင်းပတ်လမ်းအတိုင်း တစ်ပတ်ပတ်၍ ဒီနေရာကို ပြန်လာခဲ့ပါ” ထိုလုလင်ကလဲ

လွယ်လွယ်လေးဟုပြောကာ နန်းတွင်းပတ်လမ်းအတိုင်းထွက်ခွာသွားလေသည်။

မကြာမီထိုလူငယ် ပြန်ရောက်လာလေသည်။အမတ်ကြီးအားလက်ပေါ်မှ နှမ်းစေ့များကို ညွန်ပြ၍ ”

ဒီမယ်အမတ်ကြီးတွေ့ပြီလား တစ်စေ့မျှပင် လွင့်စင်မကျဘူး” လို့ပြောပြီးတော့

အမတ်ကြီးကိုပြောလေသည်။အမတ်ကြီးက ” ဒါဆိုအသင်လုလင်လမ်းတစ်လျှောက်ဘာတွေများ မြင်ခဲ့ရသလဲ။

အနောက်ပင်လယ်က ရတဲ့ သန္တာနီတွေနဲ့ ပြုလုပ်ထားတဲ့ သန္တာခန်းမကို

မြင်တွေ့ခဲ့ပါသလား” လုလင်က မတွေ့ခဲ့ပါဟုဖြေ၏။ ” ဒါဆိုရင် ကြာမျိုးငါးပါးနဲ့ပြည့်စုံတဲ့ နန်းတွင်းရေကန်ကိုကော

တွေ့ခဲ့ပါသလား” မတွေ့ခဲ့ပါဟု ထိုလုလင်ဖြေ၏။ ” ၁၀ နှစ်တိုင်တိုင်အချိန်ယူစိုက်ပျိုးခဲ့တဲ့ နန်းတွင်း ဥယျာဉ်ကြီးကိုကော

မြင်ခဲ့ရဲ့လား” မမြင်ခဲ့ပါ။အမတ်ကြီးက” ဒါဆိုအသင်လုလင်နောက်တစ်ခါထပ်သွားပါ။လမ်းတစ်လျှောက်က

အံသြဖွယ်ရာတွေကို ကြည့်ရှုခဲ့ပါ” ဟုဆို၍လွတ်လိုက်၏။

မကြာမီထိုလုလင်ပြန်လာလေသည်။”အမတ်ကြီး လမ်းတစ်လျှောက်ဆန်းပြားမှုတွေကို

အကျွနုပ်မြင်ခဲ့ပါပြီ။” အမတ်ကြီးက ” ဒါဆိုသင့်လက်ထဲက နှမ်းတွေကော”အဲဒီတော့မှ လုလင်လဲသတိထားမိ၏။

နှမ်းများတစ်စေ့မှပင်မကျန်၊နှမ်းတွေကို သတိမေ့သွား၏။

” အမောင်လုလင် လောကတွင်မည်သည့်အလုပ်ကို လုပ်လုပ် ကိုယ့်အလုပ်ကိုယ်လဲ

ပြီးစီးအောင်လုပ်နိုင်ရ၏။ အခြားပတ်ဝန်းကျင်နှင့်လဲ မျက်ချေမပြတ်လေ့လာလုပ်ကိုင်ရ၏။

ထိုသို့အလုပ်ကို လုပ်ကိုင်ပါမူ မည်သို့သော အလုပ်တွင်ဖြစ်ဖြစ်ထိုလူသည် အောင်မြင်နိုင်ပေသည်။”

ထို့နောက်မင်းသားဘက်လှည့်၍ အရှင့်သား ဒီလုလင်သည် ပထမတစ်ခါတွင် မိမိနှမ်းစေ့များပြုတ်ကျမည်ကိုသာ

အာရုံထား၍လုပ်ကိုင်သဖြင့် ပတ်ဝန်းကျင်ကိစ္စများကို လုံးဝမမြင်လိုက်။နောက်တစ်ခါတွင် ပတ်ဝန်းကျင်ကို

အလွန်ငေးမော မှိုင်းတွေနေသဖြင့်မိမိအလုပ်ဖြစ်တဲ့ နှမ်းစေ့များမကျအောင် ဆောင်ရွက်နိုင်ခြင်းမရှိပေ။

ကိုယ့်အလုပ်ကိုယ်သာ အာရုံထားသောသူကိုကား တဇောက်ကန်း ဟုခေါ်နိုင်ပေသည်။

ကိုယ့်အလုပ်မှလွဲ၍ ပတ်ဝန်းကျင်နှင့် တိုင်းနိုင်ငံတစ်ဝှမ်းဖြစ်ပျက်သမျှကို မမြင်တတ်သူသည်

အောင်မြင်ခြင်းမဟုတ်။ပတ်ဝန်းကျင်ကို အရမ်းအာရုံရောက်ပြီး တွေဝေမိန်းမောနေပြီး

ကိုယ့်အလုပ်ကို လုပ်ဖို့မေ့လျော့ ပျက်ကွက်နေသူသည်လဲ အောင်မြင်ခြင်းကို ရရှိရန်လွန်စွာခဲယင်းပေသည်။

အလုပ်နှစ်ခုလုံးကို ညီညီမျှှမျှ ခွဲဝေလုပ်ကိုင်နိုင်ပါမူ ထိုသူသည် မည်သည့်အလုပ်ဖြစ်ဖြစ်၊စျေးရောင်းရင်တောင်မှ

အောင်မြင်ခြင်းအတွက် လမ်းစတစ်ခုဖြစ်ပေသည်။ထိုသို့သောသူများကား ရခဲတတ်၏။

မင်းသားလဲ မှတ်သားလေသည်။ထိုလုလင်ကလဲ အမတ်ကြီးကို နှုတ်ဆက်ပြီး လေ့လာရေးအဖွဲ့များနှင့်အတူပြန်သွားလေသည်။

Credit;မောင်စိုင်း

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

8 − five =