ေနရာမွန္

 

တခါတုန္းက ကုလားအုပ္ သားအမိဟာ သစ္ပင္တစ္ပင္ေအာက္မွာ လဲေလ်ာင္းေနတယ္…

ကုလားအုပ္ေပါက္ကေလးက သူ႕အေမကို ေမးတယ္

“ ဘာေၾကာင့္ ကုလားအုပ္ေတြမွာ ဘို႕ေတြ႕ရွိေနရတာလဲ ေမေမ”

သူ႕အေမဟာ စဥ္းစားၿပီးေတာ့ အခုလိုေျပာတယ္

“ငါတို႕ဟာ ကႏၱာရမွာေနတဲ့ သတၱဝါေတြျဖစ္တယ္၊ ေရေတြကို သိုေလွာင္ဖို႕အတြက္

ငါတို႕မွာ ဘို႕ေတြရွိေနတာ… ဒါေၾကာင့္ ေရနည္းနည္းရွိေပမယ့္ ငါတို႕အသက္ရွင္ႏိုင္တယ္”

ကလားအုပ္ေပါက္ကေလးဟာ ခဏတာေတြးေနၿပီး ဒီလိုဆက္ေမးတယ္

“ဟုတ္ပါၿပီ ေမေမ… ကၽြန္ေတာ္တို႕ရဲ႕ ေျခေထာက္ေတြဟာ ရွည္ၿပီးေတာ့

ေျခေခ်ာင္းေတြဟာ ဘာလို႕ လံုးတုတ္ေနတာလဲဟင္”

သူ႕အေမက အခုလိုျပန္ေျပာတယ္

“အိုး… သားငယ္… ဒါေတြဟာ ငါတို႕ကို သဲကႏၱာရမွာ လမ္းေလွ်ာက္ႏိုင္ေအာင္ ဖန္တီးေပးထားတာပဲ”

သားငယ္ေလးဟာ ခဏရပ္ၿပီး အခုလို ဆက္ေမးပါတယ္

“ဘာေၾကာင့္ ကၽြန္ေတာ္တို႕ မ်က္ေတာင္ေမႊးေတြဟာ ရွည္ေနရတာလဲ…

တခါတရံ လမ္းၾကည္႕ရင္ မ်က္စိကိုရွဳပ္ေစတယ္”

အေမက ဒီလိုတံု႕ျပန္လိုက္တယ္

“ဒီလိုရွည္လ်ားတဲ့ မ်က္ေတာင္ေမႊးေတြဟာ ကႏၱာရထဲ ေလၾကမ္းေတြတိုက္ခ်ိန္မွာ

ငါတုိ႕မ်က္လံုးထဲကုိ သဲေတြမဝင္ႏိုင္ေအာင္ ကာကြယ္ေပးထားတယ္ ”

ကလားအုပ္ေပါက္ကေလးဟာ ေတြးၿပီးရင္ ဆက္ေတြးေနၿပီး ဒီလိုေျပာလိုက္ပါတယ္

“ကၽြန္ေတာ္ သိၿပီေမေမ… ကၽြန္ေတာ္တို႕ သဲကႏၱာရထဲသြားရင္ ဘုိ႕က ေရေတြကို သိုေလွာင္ဖို႕၊

ေျခေထာက္ေတြက သဲကႏၱာရထဲကုိ ျဖတ္ေလွ်ာက္ဖို႕၊ မ်က္ေတာင္ေတြက သဲကႏၱာရထဲမွာ မ်က္လံုးကို

ကာကြယ္ဖို႔……. ဒါဆိုရင္ဘာလို႕ ကၽြန္ေတာ္တို႕ တိရိစၦာန္ဥယ်ဥ္ထဲကုိ ေရာက္ေနရတာလဲဟင္ ?????”

ဒီပံုျပင္ေလးကေန ေပးတဲ့သင္ခန္းစာ ကၽြန္ေတာ္တို႕ေတြဟာ ကၽြန္ေတာ္တို႕ရဲ႕ ကၽြမ္းက်င္မႈေတြ၊

စြမ္းေဆာင္ႏိုင္ရည္ေတြကို မွန္ကန္တဲ့ေနရာ၊ မွန္ကန္တဲ့ အခ်ိန္မွာ မသံုးဘူးဆိုရင္ အဲဒီအစြမ္းေတြကို

ျဖဳန္းတီးပစ္လုိက္တာနဲ႕အတူတူပါပဲ…

ကိုယ့္မွာရွိတဲ့ စြမ္းရည္ေတြကို မွန္ကန္တဲ့ေနရာမွာ အသံုးခ်ႏိုင္ရင္ ဘာေတြျဖစ္လာမယ္ထင္သလဲ ?

Credit#

< unicode version >

တခါတုန်းက ကုလားအုပ် သားအမိဟာ သစ်ပင်တစ်ပင်အောက်မှာ လဲလျောင်းနေတယ်…

ကုလားအုပ်ပေါက်ကလေးက သူ့အမေကို မေးတယ်

“ ဘာကြောင့် ကုလားအုပ်တွေမှာ ဘို့တွေ့ရှိနေရတာလဲ မေမေ”

သူ့အမေဟာ စဉ်းစားပြီးတော့ အခုလိုပြောတယ်

“ငါတို့ဟာ ကန္တာရမှာနေတဲ့ သတ္တဝါတွေဖြစ်တယ်၊ ရေတွေကို သိုလှောင်ဖို့အတွက်

ငါတို့မှာ ဘို့တွေရှိနေတာ… ဒါကြောင့် ရေနည်းနည်းရှိပေမယ့် ငါတို့အသက်ရှင်နိုင်တယ်”

ကလားအုပ်ပေါက်ကလေးဟာ ခဏတာတွေးနေပြီး ဒီလိုဆက်မေးတယ်

“ဟုတ်ပါပြီ မေမေ… ကျွန်တော်တို့ရဲ့ ခြေထောက်တွေဟာ ရှည်ပြီးတော့

ခြေချောင်းတွေဟာ ဘာလို့ လုံးတုတ်နေတာလဲဟင်”

သူ့အမေက အခုလိုပြန်ပြောတယ်

“အိုး… သားငယ်… ဒါတွေဟာ ငါတို့ကို သဲကန္တာရမှာ လမ်းလျှောက်နိုင်အောင် ဖန်တီးပေးထားတာပဲ”

သားငယ်လေးဟာ ခဏရပ်ပြီး အခုလို ဆက်မေးပါတယ်

“ဘာကြောင့် ကျွန်တော်တို့ မျက်တောင်မွှေးတွေဟာ ရှည်နေရတာလဲ…

တခါတရံ လမ်းကြည့်ရင် မျက်စိကိုရှုပ်စေတယ်”

အမေက ဒီလိုတုံ့ပြန်လိုက်တယ်

“ဒီလိုရှည်လျားတဲ့ မျက်တောင်မွှေးတွေဟာ ကန္တာရထဲ လေကြမ်းတွေတိုက်ချိန်မှာ

ငါတို့မျက်လုံးထဲကို သဲတွေမဝင်နိုင်အောင် ကာကွယ်ပေးထားတယ် ”

ကလားအုပ်ပေါက်ကလေးဟာ တွေးပြီးရင် ဆက်တွေးနေပြီး ဒီလိုပြောလိုက်ပါတယ်

“ကျွန်တော် သိပြီမေမေ… ကျွန်တော်တို့ သဲကန္တာရထဲသွားရင် ဘို့က ရေတွေကို သိုလှောင်ဖို့၊

ခြေထောက်တွေက သဲကန္တာရထဲကို ဖြတ်လျှောက်ဖို့၊ မျက်တောင်တွေက သဲကန္တာရထဲမှာ မျက်လုံးကို

ကာကွယ်ဖို့……. ဒါဆိုရင်ဘာလို့ ကျွန်တော်တို့ တိရိစ္ဆာန်ဥယျဉ်ထဲကို ရောက်နေရတာလဲဟင် ?????”

ဒီပုံပြင်လေးကနေ ပေးတဲ့သင်ခန်းစာ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေ၊

စွမ်းဆောင်နိုင်ရည်တွေကို မှန်ကန်တဲ့နေရာ၊ မှန်ကန်တဲ့ အချိန်မှာ မသုံးဘူးဆိုရင် အဲဒီအစွမ်းတွေကို

ဖြုန်းတီးပစ်လိုက်တာနဲ့အတူတူပါပဲ…

ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေကို မှန်ကန်တဲ့နေရာမှာ အသုံးချနိုင်ရင် ဘာတွေဖြစ်လာမယ်ထင်သလဲ ?

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

8 + 4 =