“ဘဝခြန္အား ဒႆနစာစုမ်ား”

စကားလုံး-

စကားလုံးေတြေနာက္ကုိ လုိက္ၿပီး မခံစားပါနဲ႔။ စကားလုံးဆုိတာ

ပညတ္ေတြျဖစ္တဲ့ အတြက္ ခ်စ္ရင္ အေကာင္းေျပာၾကမွာ

ျဖစ္ၿပီး၊ မုန္းရင္ေတာ့ အဆုိးေျပာၾကမွာပါ။

တကယ္ၿမဲခ်င္ရင္-

ရားထူဌာနႏၲရေတြ ၿမဲဖုိ႔အတြက္ ေဗဒင္၊ ဓာတ္႐ုိက္ဓာတ္ဆင္ေတြ

မလုိပါဘူး။ ကိုယ္ကုိယ္တုိင္ပဲ လုိပါတယ္။ ကုိယ့္ရဲ အက်င့္သီလၿမဲဖုိ႔ပဲ

လုိပါတယ္။ ကုိယ္က်င့္ၿမဲမွ ကိုယ္လည္းၿမဲမွာပါ။

ၾကည္ညိဳတတ္ပါေစ-

ဘယ္ပုဂၢိဳလ္က ဘယ္လုိၾကည္ညိဳစရာေကာင္းတယ္

ဆုိတာထက္ ကုိယ့္ကုိယ္ကုိ ၾကည္ညိဳစရာ ေကာင္းေနဖုိ႔ အေရးႀကီးပါတယ္။

ကုိယ့္ကုိယ္ကုိ ၾကည္ညိဳႏုိင္မွ သူမ်ားရဲ႕ ၾကည္ညိဳမႈကုိ ခံႏုိင္ပါမယ္။

အဲလုိမွ မဟုတ္ရင္ သူမ်ားရဲ႕ ၾကည္ညိဳခံမႈဟာ ခဏပဲျဖစ္မွာပါ။

ကုိယ္ျဖစ္ကုိယ္ခံ-

ကုိယ္လုပ္သမွ် သူမ်ားေတြ မသိႏုိင္ေပမယ့္ ကုိယ္ကုိယ္တုိင္ကေတာ့

သိေနၿပီးသားပါ။ ဒါေၾကာင့္ ကုိယ့္ကုိုယ္ကုိ မညာမိဖုိ႔ ကုိယ့္အလုပ္ေတြကုိ

႐ုိးသားစြာ လုပ္ဖုိ႔လုိပါတယ္။ ဘာျဖစ္လုိ႔လည္းဆုိေတာ့

ကုိယ္လုပ္တဲ့ အေကာင္းအဆုိးကုိ ကုိယ္ပဲခံရမွာ ျဖစ္လုိ႔ပါ။

ဒီလုိေနၾကည့္ပါ-

အခ်စ္ရွိရင္ အျပစ္ရွိတတ္သလုိ အမုန္းရွိရင္လည္း အ႐ႈံးရွိတတ္ပါတယ္။

ဒါေၾကာင့္ အျပစ္ကင္းဖုိ႔နဲ႔ အ႐ံႈးမရွိဖုိ႔အတြက္ မခ်စ္မမုန္းဘဲ

ေနႏုိင္ေအာင္ ႀကိဳးစားၾကဖုိ႔ လုိပါတယ္။

အျပစ္မျဖစ္ေအာင္-

အျပစ္ဆုိတာဟာ ကုိယ့္ကုိအေၾကာင္းျပဳၿပီး ျဖစ္တတ္ၾကသလုိ

သူမ်ားကုိ အေၾကာင္းျပဳၿပီးလည္း ျဖစ္တတ္တယ္ဆုိတာ

သတိျပဳဆင္ျခင္သင့္ပါတယ္။ ကုိယ့္ကုိ အေၾကာင္းျပဳၿပီး ျဖစ္တတ္တဲ့

အျပစ္ေတြကုိေတာင္ မျဖစ္ေအာင္ မလုပ္ႏုိင္ေသးပဲနဲ႔

သူမ်ားအျပစ္ေတြကုိၾကည့္ၿပီး ကုိယ္မွာ အကုသုိလ္ အျပစ္ေတြ

ထပ္တုိးေအာင္ မလုပ္သင့္ပါဘူး။

အကုသုိလ္မျဖစ္ေအာင္-

တစ္ေန႔တစ္ေန႔ ကုိယ္တစ္ေယာက္တည္းေတာင္ အကုသုိလ္ေတြက

မေရတြက္ႏုိင္ေအာင္ ျဖစ္ေနတာ သူမ်ားကုိၾကည့္ၿပီး၊ သူမ်ားကုိအမွီျပဳၿပီး

အကုသုိလ္ေတြထပ္ျဖစ္မယ္၊ အကုသုိလ္ေတြ

ထပ္တုိးေနမယ္ဆုိရင္ေတာ့ ေနရတဲ့ အခုိက္ဟာ

အကုသုိလ္ေတြနဲ႔ခ်ည္း ျဖစ္ေနၾကေတာ့မွာပါ။

ကုိယ္ေကာင္းေအာင္အရင္လုပ္-

ပုထုဇင္ေတြျဖစ္ေနသမွ် ရမ္းေနၾကမွာပါ။ ရမ္းေနသမွ် အျပစ္အနာအဆာေတြလည္း

ရွိေနၾကမွာပါ။ ဒီေတာ့ကား ရမ္းေနၾကတဲ့သူခ်င္း အတူတူ ဘာျဖစ္လုိ႔

သူမ်ားရမ္းတာ၊ သူမ်ားအျပစ္အနာ အဆာျဖစ္တာ၊ သူမ်ားရဲ႕

မေလ်ာ္တာ၊ သူမ်ားရဲ႕ ေကာင္း၊ မေကာင္းတာေတြကို လုိက္ၾကည့္ေနၾကမွာလဲ…။

ဘုရားရွင္ မိန္႔ၾကားေတာ္မူသလုိ ကိုယ့္ရဲ႕ ေကာင္းမေကာင္းတာေတြကုိသာ

ျမင္ေအာင္ၾကည့္၊ ကိုယ္ေကာင္းမႈ မေကာင္းမႈ ျပဳမျပဳကုိသာၾကည့္ၿပီး

ကုိယ္ေကာင္းေအာင္ အရင္လုပ္သင့္ၾကတာေပါ့။

အမွန္ၾကည့္တတ္ပါေစ-

သူမွားတယ္ ကုိယ္မွန္တယ္ဆုိတဲ့ စိတ္အေတြးဟာ ျပႆနာကုိ

ေျပလည္ေစတဲ့ သေဘာမရွိဘဲ သံသရာကုိသာ ရွည္ေနေစတဲ့

သေဘာရွိပါတယ္။ ပုထုဇဥ္ လူသားမ်ားျဖစ္၍ အလုံးစုံျပည့္စုံတဲ့

သူဆုိတာ မရွိႏုိင္သလုိ အမွားမလုပ္မိတဲ့သူ၊ မမွားဖူးတဲ့သူဆုိတာလည္း

မရွိႏုိင္ပါဘူး။ ဒီလုိအမွားေတြ ရွိတတ္တဲ့သူအခ်င္းခ်င္း သူမွားတယ္၊

ကုိယ္မွန္တယ္ဆုိၿပီး ျငင္းခုံၾက၊ ခုိက္ရန္ျဖစ္ၾက၊

အၿငိဳးအေတးထားၾကမယ္ဆုိရင္ ဒီသံသရာႀကီးဟာ

ဒီဘ၀မွာေရာ ေနာင္ဘ၀ဘ၀မ်ားအထိပါ ပါသြားၾကေတာ့မွာပါ။

ဒါေၾကာင့္ အေၾကာင္းရွိလုိ႔ အက်ိဳးအေနနဲ႔ ေခတၱလာေတြ႕ၾကတဲ့

အခုိက္မွာ အမွားေတြကုိ မၾကည့္ဘဲ အမွန္ေလးေတြကုိသာ ၾကည့္တတ္တဲ့ အက်င့္ေလးေတြ လုပ္ေပးသင့္ၾကပါတယ္။

အေပါင္းအသင္း-

အေပါင္းအသင္းဆုိတာ အမ်ားႀကီးရွိဖုိ႔ မလုိပါဘူး။ မေကာင္းတဲ့အေပါင္းအသင္း

အမ်ားႀကီး ရွိတာထက္ ေကာင္းတဲ့အေပါင္းအသင္း တစ္ေယာက္ႏွစ္ေယာက္ေလာက္

ရွိတာက ပုိၿပီး ပစၥဳပၸန္ သံသရာ ေကာင္းက်ိဳးေတြကုိ ျဖစ္ေစပါတယ္။

မေကာင္းတဲ့ အေပါင္းအသင္း အမ်ားႀကီး ရွိေနတာထက္ ေကာင္းတဲ့အေပါင္းအသင္း

အနည္းငယ္ရွိေနတာက ဒီဘ၀ေရာ ေနာင္သံသရာပါ ေကာင္းက်ိဳးျဖစ္ေစတာပါ။

မေကာင္းတဲ့အရာေတြမွာ အေဖာ္မြန္ျဖစ္ေစတတ္တဲ့ အေပါင္းအသင္း

အမ်ားႀကီး ရွိတာထက္ ေကာင္းတဲ့အရာေတြမွာ ညႊန္ၾကားျပသေပးတဲ့

အေပါင္းအသင္း နည္းနည္းေလးရွိတာက ပုိၿပီးတန္ဘုိးရွိလွပါတယ္။

ေသာက္မွစားမွ ေကၽြးႏုိင္ေမြးႏုိင္ ေပးႏုိင္ကမ္းႏုိင္မွ အေဖာ္ျဖစ္တဲ့

အေပါင္းအသင္းမ်ား ေပါမ်ားေနတာထက္ ဒုကၡေရာက္ခ်ိန္မွာ

ႏႈတ္၏ေစာင္မျခင္း ကုိယ္၏ေစာင္မျခင္း ျပဳတတ္တဲ့ အေပါင္းအသင္း

အနည္းငယ္က ပုိၿပီးအားကုိးရပါတယ္။ ေသာက္မွစားမွ မဟုတ္တာလုပ္မွ

အေပါင္းအသင္းေတြ ေပါမ်ားတာထက္ အေပါင္းအသင္းမေပါေပမယ့္

အကုသုိလ္မျဖစ္္ဘဲ ရွိေနတာက ပုိၿပီး အက်ိဳးမ်ားပါတယ္…။ ။

ေမတၱာျဖင့္ – မနာပဒါယီ အ႐ွင္ဝိစိတၱ

< unicode version >

စကားလုံး-

စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားပါနဲ့။ စကားလုံးဆိုတာ

ပညတ်တွေဖြစ်တဲ့ အတွက် ချစ်ရင် အကောင်းပြောကြမှာ

ဖြစ်ပြီး၊ မုန်းရင်တော့ အဆိုးပြောကြမှာပါ။

တကယ်မြဲချင်ရင်-

ရားထူဌာနန္တရတွေ မြဲဖို့အတွက် ဗေဒင်၊ ဓာတ်ရိုက်ဓာတ်ဆင်တွေ

မလိုပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လိုပါတယ်။ ကိုယ့်ရဲ အကျင့်သီလမြဲဖို့ပဲ

လိုပါတယ်။ ကိုယ်ကျင့်မြဲမှ ကိုယ်လည်းမြဲမှာပါ။

ကြည်ညိုတတ်ပါစေ-

ဘယ်ပုဂ္ဂိုလ်က ဘယ်လိုကြည်ညိုစရာကောင်းတယ်

ဆိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုစရာ ကောင်းနေဖို့ အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်မှ သူများရဲ့ ကြည်ညိုမှုကို ခံနိုင်ပါမယ်။

အဲလိုမှ မဟုတ်ရင် သူများရဲ့ ကြည်ညိုခံမှုဟာ ခဏပဲဖြစ်မှာပါ။

ကိုယ်ဖြစ်ကိုယ်ခံ-

ကိုယ်လုပ်သမျှ သူများတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့

သိနေပြီးသားပါ။ ဒါကြောင့် ကိုယ့်ကိုုယ်ကို မညာမိဖို့ ကိုယ့်အလုပ်တွေကို

ရိုးသားစွာ လုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့

ကိုယ်လုပ်တဲ့ အကောင်းအဆိုးကို ကိုယ်ပဲခံရမှာ ဖြစ်လို့ပါ။

ဒီလိုနေကြည့်ပါ-

အချစ်ရှိရင် အပြစ်ရှိတတ်သလို အမုန်းရှိရင်လည်း အရှုံးရှိတတ်ပါတယ်။

ဒါကြောင့် အပြစ်ကင်းဖို့နဲ့ အရှုံးမရှိဖို့အတွက် မချစ်မမုန်းဘဲ

နေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

အပြစ်မဖြစ်အောင်-

အပြစ်ဆိုတာဟာ ကိုယ့်ကိုအကြောင်းပြုပြီး ဖြစ်တတ်ကြသလို

သူများကို အကြောင်းပြုပြီးလည်း ဖြစ်တတ်တယ်ဆိုတာ

သတိပြုဆင်ခြင်သင့်ပါတယ်။ ကိုယ့်ကို အကြောင်းပြုပြီး ဖြစ်တတ်တဲ့

အပြစ်တွေကိုတောင် မဖြစ်အောင် မလုပ်နိုင်သေးပဲနဲ့

သူများအပြစ်တွေကိုကြည့်ပြီး ကိုယ်မှာ အကုသိုလ် အပြစ်တွေ

ထပ်တိုးအောင် မလုပ်သင့်ပါဘူး။

အကုသိုလ်မဖြစ်အောင်-

တစ်နေ့တစ်နေ့ ကိုယ်တစ်ယောက်တည်းတောင် အကုသိုလ်တွေက

မရေတွက်နိုင်အောင် ဖြစ်နေတာ သူများကိုကြည့်ပြီး၊ သူများကိုအမှီပြုပြီး

အကုသိုလ်တွေထပ်ဖြစ်မယ်၊ အကုသိုလ်တွေ

ထပ်တိုးနေမယ်ဆိုရင်တော့ နေရတဲ့ အခိုက်ဟာ

အကုသိုလ်တွေနဲ့ချည်း ဖြစ်နေကြတော့မှာပါ။

ကိုယ်ကောင်းအောင်အရင်လုပ်-

ပုထုဇင်တွေဖြစ်နေသမျှ ရမ်းနေကြမှာပါ။ ရမ်းနေသမျှ အပြစ်အနာအဆာတွေလည်း

ရှိနေကြမှာပါ။ ဒီတော့ကား ရမ်းနေကြတဲ့သူချင်း အတူတူ ဘာဖြစ်လို့

သူများရမ်းတာ၊ သူများအပြစ်အနာ အဆာဖြစ်တာ၊ သူများရဲ့

မလျော်တာ၊ သူများရဲ့ ကောင်း၊ မကောင်းတာတွေကို လိုက်ကြည့်နေကြမှာလဲ…။

ဘုရားရှင် မိန့်ကြားတော်မူသလို ကိုယ့်ရဲ့ ကောင်းမကောင်းတာတွေကိုသာ

မြင်အောင်ကြည့်၊ ကိုယ်ကောင်းမှု မကောင်းမှု ပြုမပြုကိုသာကြည့်ပြီး

ကိုယ်ကောင်းအောင် အရင်လုပ်သင့်ကြတာပေါ့။

အမှန်ကြည့်တတ်ပါစေ-

သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ စိတ်အတွေးဟာ ပြဿနာကို

ပြေလည်စေတဲ့ သဘောမရှိဘဲ သံသရာကိုသာ ရှည်နေစေတဲ့

သဘောရှိပါတယ်။ ပုထုဇဉ် လူသားများဖြစ်၍ အလုံးစုံပြည့်စုံတဲ့

သူဆိုတာ မရှိနိုင်သလို အမှားမလုပ်မိတဲ့သူ၊ မမှားဖူးတဲ့သူဆိုတာလည်း

မရှိနိုင်ပါဘူး။ ဒီလိုအမှားတွေ ရှိတတ်တဲ့သူအချင်းချင်း သူမှားတယ်၊

ကိုယ်မှန်တယ်ဆိုပြီး ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊

အငြိုးအတေးထားကြမယ်ဆိုရင် ဒီသံသရာကြီးဟာ

ဒီဘဝမှာရော နောင်ဘဝဘဝများအထိပါ ပါသွားကြတော့မှာပါ။

ဒါကြောင့် အကြောင်းရှိလို့ အကျိုးအနေနဲ့ ခေတ္တလာတွေ့ကြတဲ့

အခိုက်မှာ အမှားတွေကို မကြည့်ဘဲ အမှန်လေးတွေကိုသာ ကြည့်တတ်တဲ့ အကျင့်လေးတွေ လုပ်ပေးသင့်ကြပါတယ်။

အပေါင်းအသင်း-

အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း

အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက်

ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။

မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း

အနည်းငယ်ရှိနေတာက ဒီဘဝရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။

မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း

အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့

အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။

သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့

အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ

နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း

အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ

အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့်

အကုသိုလ်မဖြစ််ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်…။ ။

မေတ္တာဖြင့် – မနာပဒါယီ အရှင်ဝိစိတ္တ

 

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *