မင္းဟာ

မင္းဟာ….

အျမင့္မွာေနရင္ ေလတိုက္ခံရမယ္

အနိမ့္မွာေနရင္ လွံစိုက္ခံရမယ္

အလယ္မွာေနရင္ ပုခံုးခ်င္းယွဥ္တိုက္လိမ့္မယ္

ေဘးထြက္ေနရင္ မေကာင္းေျပာၾကလိမ့္မယ္

မင္းကမေနႏိုင္လို႔လုပ္ေပးေတာ့ အရူးထေနတာလို႔ ေျပာၾကမယ္

မင္းဘာမွမလုပ္ပဲေနေတာ့ မင္းကို ငပ်င္းလို႔ေျပာၾက လိမ့္မယ္။

ဒီမွာ..

မင္းကို မင္းရဲ႕ပတ္ဝန္းက်င္က ခ်ီးမြန္းတဲ႔စကားထက္

မင္းကိုကဲ႔ရဲ႕အျပစ္တင္ဖို႔ မင္းရဲ႕ မွားကြက္ကို ေစာင့္ေနၾကတယ္။

မင္းေအာင္ျမင္ေနတဲ႔အခ်ိန္ မင္းကိုကပ္ဖားျပီး

မင္းက်ရံႈးတဲ႔အခ်ိန္ မင္းကိုႏွာေခါင္းရံႈ႕ၾကလိမ့္မယ္။

မ်က္ႏွာဖံုးစြပ္ေတြမ်ားတဲ႔ေလာကၾကီးထဲမွာ

မိတ္ေဆြေကာင္း အင္မတန္ရွားပါးတယ္။

မင္းမွန္တယ္ထင္ရင္ တကယ္လည္းမွန္ေနရင္

ပတ္ဝန္းက်င္ကို မင္းသိပ္ျပီးဂရုမစိုက္နဲ႔ ။

မင္းစားေနတဲ႔ထမင္းလုပ္အတြက္ မင္းကိုယ္တိုင္

ကိုယ့္ဒူးကိုယ္ခြ်န္ေနတာမို႔ မင္းမွာ အဲ႔ေလာက္ေတာ့ မာန ရွိသင့္တယ္။

အထီးက်န္ေနရလို႔လည္း စိတ္မပ်က္နဲ႔ မွားယြင္းေနတဲ႔ လူေတြနဲ႔

ဆံုစည္းေနရတာထက္ တစ္ေယာက္တည္းေနရတာက ပိုေကာင္းပါတယ္။

ရုန္းကန္လွဳပ္ရွားရအေကာင္းဆံုးအရြယ္မွာ ဇိမ္ခံသက္သာတဲ႔လမ္းကို မင္းမေရြးပါနဲ႔!

တစ္သက္ လံုး ေရလိုက္ငါးလိုက္ေနသြားဖို႔က လြယ္ကူေပမယ့္

ထိုးေဖာက္ထြက္ဖို႔က် မင္းအတြက္ ခက္ခဲသြားလိမ့္ မယ္ ။

Mahatma Gandhi ရဲ႕အဆိုအမိန္႔တစ္ခုရွိတယ္

” The future depends on what you do today ”

” မင္းရဲ႕အနာဂါတ္ဟာ မင္းဒီေန႔လုပ္ရပ္အေပၚမွာပဲ မူတည္ပါတယ္ ” တဲ႔

ျပႆနာတိုင္းကို အျပံဳးေလးနဲ႔ေျဖရွင္းလိုက္ ျပံဳးေနျခင္းက

မင္းအတြက္အားသာခ်က္ပဲ! ဒါေပမယ့္ မဲ႔ ျပံဳးေတာ့မျဖစ္ေစနဲ႔ေပါ့။

မင္းပတ္ဝန္းက်င္ကလူေတြေၾကာင့္ စိတ္မညစ္နဲ႔

လူတိုင္းက ကိုယ္နဲ႔ ထပ္တူမက်ႏိုင္ဘူးဆိုတာ မင္းမေမ့နဲ႔

မင္းရင့္က်က္လာတာနဲ႔အမွ် မင္းပတ္ဝန္းက်င္က

မင္းကိုမုန္းေနတဲ႔သူေတြကို မင္း ဥေပကၡာျပဳသြားႏိုင္ မွာပါ ။ ။

Credit:သူသူဟိန္း

 

မင်းဟာ….

အမြင့်မှာနေရင် လေတိုက်ခံရမယ်

အနိမ့်မှာနေရင် လှံစိုက်ခံရမယ်

အလယ်မှာနေရင် ပုခုံးချင်းယှဉ်တိုက်လိမ့်မယ်

ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ်

မင်းကမနေနိုင်လို့လုပ်ပေးတော့ အရူးထနေတာလို့ ပြောကြမယ်

မင်းဘာမှမလုပ်ပဲနေတော့ မင်းကို ငပျင်းလို့ပြောကြ လိမ့်မယ်။

ဒီမှာ..

မင်းကို မင်းရဲ့ပတ်ဝန်းကျင်က ချီးမွန်းတဲ့စကားထက်

မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့ မင်းရဲ့ မှားကွက်ကို စောင့်နေကြတယ်။

မင်းအောင်မြင်နေတဲ့အချိန် မင်းကိုကပ်ဖားပြီး

မင်းကျရှုံးတဲ့အချိန် မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ်။

မျက်နှာဖုံးစွပ်တွေများတဲ့လောကကြီးထဲမှာ

မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ်။

မင်းမှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင်

ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက် မင်းကိုယ်တိုင်

ကိုယ့်ဒူးကိုယ်ချွန်နေတာမို့ မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ်။

အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့ မှားယွင်းနေတဲ့ လူတွေနဲ့

ဆုံစည်းနေရတာထက် တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ်။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံးအရွယ်မှာ ဇိမ်ခံသက်သာတဲ့လမ်းကို မင်းမရွေးပါနဲ့!

တစ်သက် လုံး ရေလိုက်ငါးလိုက်နေသွားဖို့က လွယ်ကူပေမယ့်

ထိုးဖောက်ထွက်ဖို့ကျ မင်းအတွက် ခက်ခဲသွားလိမ့် မယ် ။

Mahatma Gandhi ရဲ့အဆိုအမိန့်တစ်ခုရှိတယ်

” The future depends on what you do today ”

” မင်းရဲ့အနာဂါတ်ဟာ မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲ မူတည်ပါတယ် ” တဲ့

ပြဿနာတိုင်းကို အပြုံးလေးနဲ့ဖြေရှင်းလိုက် ပြံုးနေခြင်းက

မင်းအတွက်အားသာချက်ပဲ! ဒါပေမယ့် မဲ့ ပြံုးတော့မဖြစ်စေနဲ့ပေါ့။

မင်းပတ်ဝန်းကျင်ကလူတွေကြောင့် စိတ်မညစ်နဲ့

လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျနိုင်ဘူးဆိုတာ မင်းမမေ့နဲ့

မင်းရင့်ကျက်လာတာနဲ့အမျှ မင်းပတ်ဝန်းကျင်က

မင်းကိုမုန်းနေတဲ့သူတွေကို မင်း ဥပေက္ခာပြုသွားနိုင် မှာပါ ။ ။

Credit:သူသူဟိန်း

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

fourteen − 2 =