မ​ေမ့ပါနဲ႔

လူတစ္​​ေယာက္​က ဗူးစင္​​ေလးတစ္​စင္​ထိုးလိုက္​တယ္​

တျဖည္​းျဖည္​း ဗူးပင္​​ေလးက စင္​​ေပၚျပည္​့သြား​ေတာ့

​ေအးျမတဲ့အရိပ္​တစ္​ခု ျဖစ္​လာတာ​ေပါ့

ဗူးပင္​​ေလးက သူ႔ကိုယ္​သူအျမဲဂုဏ္​ယူ​ေလ့႐ွိတယ္​

ငါ့​ေၾကာင္​့သူတို႔​ေအးျမ​ေနတာ ငါ့​အရိပ္​​ေၾကာင္​့ သူတို႔

သာသာယာယာ​ေနလို႔ရတာ ငါမ႐ွိဘဲ သူတို႔​ေအးျမမႈကို

ခံစားလို႔မရဘူးဆိုၿပီး မာန္​တက္​လာတယ္​

အဲ့လိုနဲ႔ ဘဝင္​ျမင္​့​ေကာင္​း​ေနတုန္​း တိုင္​တစ္​တိုင္​က်ိဳးက်သြားတယ္

​ တိုင္​းနဲ႔အတူ ဗူးပင္​က​ေလးလည္​း​ေျမ​ေပၚက်သြားတယ္​

အဲ့အခ်ိန္​မွာ အပင္​စိုက္​တဲ့လူ​ေရာက္​လာၿပီး ဗူးပင္​​ေတြၾကားက

တိုင္​ကထုတ္​ ၿငိ​ေနတဲ့ ဗူးႏြယ္​​ေတြကိုျဖတ္​ၿပီး တိုင္​အသစ္​တစ္​တိုင္

​ လဲလိုက္​တယ္​ဗူးပင္​​ေလးဟာ ဘယ္​​ေတာ့မွ မာန္​မတက္​ရဲ​ေတာ့ဘူး

ဘာလို႔လဲဆို​ေတာ့ သူဟာ တပါးသူကိုမွီခိုၿပီးမွ အျမင္​့​ေပၚ

​ေရာက္​​ေနရတာသိသြားလို႔​ေလာကႀကီးမွာ ငါမ႐ွိမွ

ငါ့တန္​ဖိုးနားလည္​မယ္​လို႔​ေတြးထင္​ထားရင္​ ကိုယ္​ဟာ

အသံုးခ်ခံပစၥည္​းလို႔ ကိုယ္​့ကိုယ္​ကိုသက္​မွတ္​ထားလို႔ပါ

တာဝန္​မ်ားမ်ားယူရတဲ့ သူ​ေတြဟာ ခံစားခ်က္​မ်ားစြာနဲ႔

လံုးပန္​း​ေနရတယ္​ အဲ့လိုလူ​ေတြကမွ တိုင္​ျဖစ္​တယ္​ အဲ့လိုတိုင္​​ေတြကိုမွီခိုၿပီးမွ

အရိပ္​​ေပးႏိုင္​တဲ့ ဗူးပင္​​ေတြဟာ အထင္​ႀကီးစရာမ႐ွိဘူး ​ေျမ​ေပၚ​ေရာက္​ရင္​အနင္​းခံရမွာပဲ

မာန္​တက္​ၿပီးလန္​က်မွ ငါ့ဘဝဘာလဲဆိုတာသတိရရင္​ ​ေနာင္​တဆိုတာ

ပ်ားရည္​မဟုတ္​ဘူး အမွီအခိုကင္​းတဲ့အရာဆိုတာမ႐ွိပါဘူး တစ္​ခုနဲ႔တစ္​ခုက ဆက္​ယွက္​​ေနရတာ

စင္​​ေပၚ​ေရာက္​​ေနတယ္​ဆိုတာ စင္​​ေအာက္​ကလူ​ေတြ႐ွိ​ေနလို႔ပါ

ဘယ္​သူမွမၾကည္​့တဲ့စင္​​ေပၚတက္​ၿပီး မာန္​တက္​​ေနျခင္​းဟာ

လည္​ပင္​းကိုႀကိဳးကြင္​းစြပ္​ၿပီး အျမင္​့ကခုန္​ခ်လိုက္​သလိုပဲဆိုတာ မ​ေမ့ပါနဲ႔

ကိုယ္​့ကိုယ္​ကို အ​ေပၚ ​ေရာက္​​ေနၿပီဆိုရင္​ အ​ေပၚကို ​ေသခ်ာ​ေမာ့ၾကည္​့ပါ

ကိုယ္​့ကိုယ္​ကို ​ေအာက္​ဆံုး​ေရာက္​​ေနၿပီဆိုရင္​ ​ေအာက္​ကို ​ေသခ်ာငံုၾကည္​့လိုက္​ပါ

မ်ွတတဲ့စိတ္​ထားနဲ႔ ​ေဝဖန္​ပိုင္​းျခားၾကည္​့ရင္​ တဖက္​မွာ ​ေခါင္​း​ေဆာင္​ျဖစ္​ၿပီးဆိုရင္​

တစ္​ဖက္​မွာ ​ေနာက္​လိုက္​အျဖစ္​တည္​႐ွိတယ္​။

ဘာမထီဘြား…အ​ေတြးစာစု​ေလးမ်ား

< unicode version >

လူတစ်​​ယောက်​က ဗူးစင်​​လေးတစ်​စင်​ထိုးလိုက်​တယ်​

တဖြည်​းဖြည်​း ဗူးပင်​​လေးက စင်​​ပေါ်ပြည်​့သွား​တော့

​အေးမြတဲ့အရိပ်​တစ်​ခု ဖြစ်​လာတာ​ပေါ့

ဗူးပင်​​လေးက သူ့ကိုယ်​သူအမြဲဂုဏ်​ယူ​လေ့ရှိတယ်​

ငါ့​ကြောင်​့သူတို့​အေးမြ​နေတာ ငါ့​အရိပ်​​ကြောင်​့ သူတို့

သာသာယာယာ​နေလို့ရတာ ငါမရှိဘဲ သူတို့​အေးမြမှုကို

ခံစားလို့မရဘူးဆိုပြီး မာန်​တက်​လာတယ်​

အဲ့လိုနဲ့ ဘဝင်​မြင်​့​ကောင်​း​နေတုန်​း တိုင်​တစ်​တိုင်​ကျိုးကျသွားတယ်

​ တိုင်​းနဲ့အတူ ဗူးပင်​က​လေးလည်​း​မြေ​ပေါ်ကျသွားတယ်​

အဲ့အချိန်​မှာ အပင်​စိုက်​တဲ့လူ​ရောက်​လာပြီး ဗူးပင်​​တွေကြားက

တိုင်​ကထုတ်​ ငြိ​နေတဲ့ ဗူးနွယ်​​တွေကိုဖြတ်​ပြီး တိုင်​အသစ်​တစ်​တိုင်

​ လဲလိုက်​တယ်​ဗူးပင်​​လေးဟာ ဘယ်​​တော့မှ မာန်​မတက်​ရဲ​တော့ဘူး

ဘာလို့လဲဆို​တော့ သူဟာ တပါးသူကိုမှီခိုပြီးမှ အမြင်​့​ပေါ်

​ရောက်​​နေရတာသိသွားလို့​လောကကြီးမှာ ငါမရှိမှ

ငါ့တန်​ဖိုးနားလည်​မယ်​လို့​တွေးထင်​ထားရင်​ ကိုယ်​ဟာ

အသုံးချခံပစ္စည်​းလို့ ကိုယ်​့ကိုယ်​ကိုသက်​မှတ်​ထားလို့ပါ

တာဝန်​များများယူရတဲ့ သူ​တွေဟာ ခံစားချက်​များစွာနဲ့

လုံးပန်​း​နေရတယ်​ အဲ့လိုလူ​တွေကမှ တိုင်​ဖြစ်​တယ်​ အဲ့လိုတိုင်​​တွေကိုမှီခိုပြီးမှ

အရိပ်​​ပေးနိုင်​တဲ့ ဗူးပင်​​တွေဟာ အထင်​ကြီးစရာမရှိဘူး ​မြေ​ပေါ်​ရောက်​ရင်​အနင်​းခံရမှာပဲ

မာန်​တက်​ပြီးလန်​ကျမှ ငါ့ဘဝဘာလဲဆိုတာသတိရရင်​ ​နောင်​တဆိုတာ

ပျားရည်​မဟုတ်​ဘူး အမှီအခိုကင်​းတဲ့အရာဆိုတာမရှိပါဘူး တစ်​ခုနဲ့တစ်​ခုက ဆက်​ယှက်​​နေရတာ

စင်​​ပေါ်​ရောက်​​နေတယ်​ဆိုတာ စင်​​အောက်​ကလူ​တွေရှိ​နေလို့ပါ

ဘယ်​သူမှမကြည်​့တဲ့စင်​​ပေါ်တက်​ပြီး မာန်​တက်​​နေခြင်​းဟာ

လည်​ပင်​းကိုကြိုးကွင်​းစွပ်​ပြီး အမြင်​့ကခုန်​ချလိုက်​သလိုပဲဆိုတာ မ​မေ့ပါနဲ့

ကိုယ်​့ကိုယ်​ကို အ​ပေါ် ​ရောက်​​နေပြီဆိုရင်​ အ​ပေါ်ကို ​သေချာ​မော့ကြည်​့ပါ

ကိုယ်​့ကိုယ်​ကို ​အောက်​ဆုံး​ရောက်​​နေပြီဆိုရင်​ ​အောက်​ကို ​သေချာငုံကြည်​့လိုက်​ပါ

မျှတတဲ့စိတ်​ထားနဲ့ ​ဝေဖန်​ပိုင်​းခြားကြည်​့ရင်​ တဖက်​မှာ ​ခေါင်​း​ဆောင်​ဖြစ်​ပြီးဆိုရင်​

တစ်​ဖက်​မှာ ​နောက်​လိုက်​အဖြစ်​တည်​ရှိတယ်​။

ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

twenty + five =