ဖြေသိမ့်နိုင်စေဖို့

ဆူညံမှုများ ရဲ့ ​နောက်​ကွယ်​က
တိတ်​ဆိတ်​မှု ကို
သင်​ ရှာ​ဖွေကြည့်​ဖူးပါသလား ?

“သာမန်​ တိတ်​ဆိတ်​မှု ထက်​ ပိုပြီး
နက်​ရှိုင်းတဲ့ ငြိမ်​သက်​မှုကို ​တွေ့မှာပါ ”

ခဏခဏ လို့ ​ပြော​ပြော​နေကြ​ပေမယ့်
တစ်​ဘဝတာ ကြာရှည်​သွားမယ်​ရင်
သင်​ ယုံကြည်​ပါ့မလား ?

” မကြာပါဖူးလို့ ​ပြောမိတိုင်း
ကြာရှည်​သွားတဲ့ အ​ကြောင်းကို
သင်​ ပိုပြီး သိလာမှာပါ ”

အမှား​တွေ အမှား​တွေ လို့
သင်​ ​ရေရွတ်​​နေမယ့်​အစား
အမှန်​တစ်​စ ကို သင်​ဆွဲထုတ်​ဖူးပါသလား?

” အမှား​တွေလို့ ဆိုမိတိုင်း ဆိုမိတိုင်း
အမှန်​ဆိုတာကို မြင်​​တွေ့မိရင်
သင်​ အစဆွဲမိ မှာ အ​သေအချာပါ ”

အသက်​ရှုမဝဖူး မွန်းကြပ်​​နေတာပဲလို့
ညည်းညူ မှု​တွေကြား
လွတ်​​မြောက်​မှု လမ်းစကို
သင်​ ရှာ​ဖွေ ကြည့်​ဖူး ပါသလား ?

” လူရယ်​လို့ မဆိုပါနဲ့
သတ္တဝါ ​တွေမှာ​တောင်​ အသက်​ရှင်​​ပေါက်
ဂယ်​​ပေါက်​ ဆိုတာ ရှိ​နေပြီးသားမို့
ထို ဂယ်​​ပေါက်​ကို သင်​ရှာ​ဖွေဖို့ သင့်​ပါတယ်”

ကံဆိုးမ မိုးလိုက်​ရွာတယ်​ ဆိုတိုင်း
ကံတရား ကို အပြစ်​ဖို့
အပြစ်​ရှာပြီး ​သင်​ ​နေထိုင်​ပါသလား ?

” ကံဆိုးမ ဖို့ မိုးလိုက်​ရွာတာ
ထူးကဲလှတဲ့ ကံကြမ္မာပါလား
အခြားသူ​တွေ​ရော ငါ့လို ရပါ့မလား
အ​ကောင်းမြင်​စိတ်​​လေး ခံယူလိုက်​ဖို့
သင့်​ပါတယ်​ ”

 

ဖြား​ယောင်း​သွေး​ဆောင်​တတ်​တဲ့
မာယာရှင်​ဘဝ ထဲ ငါ ဟာ
ပိတ်​​လှောင်​​နေတယ်​လို့ သင်​ယူဆပါသလား?

” အစကတည်းက မာ​ယာရှင်​ဆိုတာ
လှည့်​ဖြားတတ်​ပါလား လို့
သင်​ ခံယူမိထားရင်​ မွန်းကြပ်​မှုကို
ဖြေသိမ့်​နိုင်​ပါလိမ့်​မယ်​ ”

No automatic alt text available.

ဘယ်​သူက ဘယ်​လို
ဘယ်​သူက ဘယ်​လို နာမည်​​ကျော်​ဆိုပြီ
ထိုသူ​တွေအ​ပေါ် သင်​ အားကျမက်​​မော
နေမိပါသလား ?

” ထိုသူ​တွေ ဆီက ယူစရာ ရှိတာယူပြီး
မိမိ အမည်​နာမ အတွက်​ အခြားသူ​တွေ

မသိရင်​ ​နေပါ​စေ မိမိ နာမည်​ကို မိမိ
အားကျမက်​​မော​နေဖို့သာ လိုအပ်​ပါတယ်​ ”

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

19 − thirteen =