မေပ်ာက္ဆံုးေသာအရာမ်ား 

နက္လင္းတဲ႕အခါ
ညအိပ္ခါနီးအခါေတြမွာေတြ႕ရတတ္တယ္။
မိတ္ေဆြေတြရဲ႕ဆုေတာင္းေမတၱာစကားေတြေပါ့။

Good morning
အစဥ္ခ်မ္းေျမ႕ပါေစ။
Good night
ေကာင္းေသာညပါ။
အိမ္မက္လွလွမက္ပါေစ……စသျဖင့္ေပါ့။

ေမတၱာစကားေပးတဲ႕သူက ေကာင္းတာရေစခ်င္သလို
ေမတၱာစကားရတဲ႕သူကလဲ ေကာင္းတာေပးသမွ်ရခ်င္ႀကတာမ်ားပါတယ္။

ေအးခ်မ္းမႈဆိုတဲ့ပန္းတိုင္ကို က်ေနာ္အျမင္နဲ႕ေျပာရင္
မရခ်င္သူေတြမရွိသေလာက္ရွားတယ္လို႕ေျပာရမွာပါ။

ဒီေနရာမွာ ‘ ပန္းတိုင္ ‘ဆိုတာနဲ႕ပါတ္သက္ျပီး
အျပည့္အစုံမဟုတ္ေပမဲ႕ အေတြးတစ္ခုအျဖစ္
စဥ္းစားေစခ်င္လို႕ နည္းနည္းေျပာခြင့္ျပဳပါ။

ပန္းတိုင္း ဆိုတဲ႕စကားကို
လူတန္းစားအမ်ိဳးမ်ိဳး လူမ်ိဳးေပါင္းစုံကအရြယ္အမ်ိဳးမ်ိဳးမွာ
ေျပာတတ္ႀကပါတယ္။
မတူညီတဲ႕သဘာဝ ေတြ အေတြးအေခၚေတြနဲ႕ေပါ့။

က်ေနာ္ပထမဆုံးေျပာခ်င္တာက

အားကစားနည္းတခုခုမွာေျပာတဲ႕ပန္းတိုင္
ဥပမာ…
အေျပးသမားတစ္ဦးဟာ ဆယ္မိုင္ေျပးတယ္ဆိုပါစို႕
တာထြက္ကေနဆယ္မိုင္ျပည့္တဲ႕ေနရာမွာပန္းတိုင္ရွိမယ္။
ေျပးေနသူဟာ ေျပးေနစဥ္တေလ်ာက္မွာသူ႕စိတ္မွာ
ပန္းတိုင္ကိုဘဲရည္သန္ေနမယ္ သူရည္သန္သလို
ပန္းတိုင္ကိုပထမေရာက္ခဲ႕မယ္ဆို
သူ႕ရဲ႕ရည္သန္တဲ႕ပန္းတိုင္တစ္ခုအတြက္ သူ႕တာဝန္ဟာ
ျပီးဆုံးျပီ ေပ်ာ္လို႕ရျပီလို႕ေျပာရမွာေပါ့။

(ေပ်ာ္လို႕ရျပီ……မွတ္ထားေပးေနာ္)

အဲသလိုဘဲ
က်ေနာ္တို႕ရဲ႕ဘဝမွာပန္းတိုင္ကိုေရာက္ရင္ျပီးျပီလား……?

မျပီးေသးဘူးဗ်။
က်ေနာ္တို႕ဘဝမွာ အေျပးပြဲတစ္ခုထက္ပိုတဲ႕ ပန္းတိုင္အျပင္
ရႈပ္ေထြးမ်ားျပားလွတဲ႕ပန္းတိုင္ေတြရွိေနတယ္။

ဆိုပါစို႕ဗ်ာ……

လူငယ္တစ္ေယာက္ ဆရာဝန္ျဖစ္ခ်င္တယ္။
သူ႕ပန္းတိုင္ဟာ ဆရာဝန္ဆိုပါစို႕
ဆရာျဖစ္ဖို႕ဆိုတာက ျဖစ္ခ်င္တိုင္းမွျဖစ္မရတာဆိုေတာ့
အလယ္တန္းေက်ာင္းသားဘဝမွာ ဆရာဝန္ဆိုတဲ့
ပန္းတိုင္ထက္
အလယ္တန္းေအာင္ဖို႕လိုလာတယ္။
အဲဒီအတူဘဲ
အထက္တန္းေက်ာင္းသားဘဝမွာ အထက္တန္းေအာင္ဖို႕
ေဆးေက်ာင္းအမွတ္မွီဖို႕လိုလာတယ္။
ေဆးေက်ာင္းကိုေရာက္ျပန္ေတာ့
က်န္းမာရႊင္လန္းစြာနဲ႕ဆရာဝန္ဘြဲ႕ရဖို႕လိုလာတယ္။

ေျပာခ်င္တာက
အလယ္တန္းေအာင္ဖို႕ဆိုတာ
အလယ္တန္းေက်ာင္းသားဘဝမွာ
အလိုအပ္ဆုံးပန္းတိုင္ေပါ့။
ဆရာဝန္ဆိုတဲ႕အဓိကပန္းတိုင္ကိုေရာက္ဖို႕
ျဖတ္သန္းရမဲ႕ပန္းတိုင္ငယ္တစ္ခုေပါ့။
အထက္တန္း ေဆးေက်ာင္းသား စတဲ႕ဘဝေတြမွာလဲ
ပန္းတိုင္ငယ္ေတြလို႕ေျပာရမွာေပါ့။

ပန္းတိုင္ငယ္ေတြကိုေအာင္ျမင္စြာျဖတ္သန္းျပီး
အဓိကပန္းတိုင္ျဖစ္တဲ႕ဆရာဝန္ျဖစ္ျပီဆိုပါေတာ့
ေပ်ာ္လို႕ရပီလား…?
ပန္းတိုင္ေတြျပီးဆုံးျပီလား……?

မျပီးေသးဘူးေနာ္…အဲဒါကိုထားခဲ႕မယ္

လူငယ္တစ္ေယာက္ ပန္းတိုင္ဆိုျပီးတခုခုကိုထားမယ္။
အထက္ကေျပာခဲ႕တဲ႕အေျပးသမားလိုပန္းတိုင္ကိုေရာက္မွ
ေပ်ာ္ရမွာလား ေပ်ာ္သင့္သလား။
တနည္း
ဆရာဝန္မျဖစ္မွီ အလယ္တန္းေက်ာင္းသားဘဝ
အထက္တန္းေက်ာင္းသားဘဝေတြက
ေအာင္ျမင္မႈ႕ေတြမွာေရာ
မေပ်ာ္သင့္ဘူးလားဆို ေပ်ာ္သင့္တယ္။

တခ်ိဳ႕ရွိတယ္။
အလယ္တန္း အထက္တန္းဘဝမွာ ေပ်ာ္သင့္တာေတြ႕ရက္နဲ႕
ထိုက္သင့္တဲ့
ေပ်ာ္ရႊင္မႈ႕ကိုရယူခံစားလိုျခင္းမရွိေလာက္ေအာင္
ပန္းတိုင္ႀကီးျဖစ္တဲ႕ဆရာဝန္ျဖစ္လိုတဲ႕ရလဒ္အုပ္စိုးစိတ္
ျဖစ္ေနတဲ႕အခါမွာ
မိမိရလဒ္ကလြဲရင္ မိမိေအာင္ျမင္မႈ႕ကို
အသိအမွတ္မျပဳသလိုေပ်ာ္ဖို႕ကိုေမ့ေနတာမ်ိဳးေပါ့။

အဲသလိုရလဒ္ႀကီးစိုးစိတ္ေႀကာင့္ ရလဒ္ကိုတကယ္ရရင္
ေကာင္းတာဆိုေပမဲ႕ တစုံတခုေသာအေႀကာင္းေႀကာင့္
လြဲေခ်ာ္ကုန္တဲ႕အခါ ရလဒ္ေတြဆုံးရသလို
ေပ်ာ္သင့္ရက္နဲ႕မေပ်ာ္ခဲ႕ရတဲ႕အခ်ိန္ေတြပါဆုံးမွာျဖစ္သလို

ဘဝထဲကပန္းတိုင္ဆိုတာပါ ေပ်ာက္ကုန္တာမ်ိဳးေတြ
ျဖစ္လာတတ္တာကိုေတာ့ေမ့မထားသင့္ဘူးေပါ့ဗ်ာ။

အဲဒီေတာ့
ပန္းတိုင္ေတြဘယ္လိုအခ်ိန္ေပ်ာက္တတ္သလဲ?
ဘယ္လိုျပန္တည့္မတ္ရမလဲဆိုတာက ေျပာစရာလိုလာၿပီ။

ဒီအခ်က္ေတြနဲ႔ပန္းတိုင္ေပ်ာက္တတ္ပါတယ္။

(၁) မသိတဲ့အခါ
(၂) ဖ်က္စီးခံလိုက္ရတဲ့အခါ
(၃) ခက္ခဲၾကမ္းတမ္းေနတဲ့အခါ
(၄) ႀကိဳးစားဖို႔ခြန္အားမဲ့ၿပီထင္တဲ့အခါေတြမွာ
ပန္းတိုင္ေပ်ာက္ၿပီထင္တတ္ပါတယ္။

(၁) မသိတဲ့အခါ

ပန္းတိုင္ လူေတြေျပာေနၾကတဲ့အခါ ကိုယ့္ပန္းတိုင္ကေရာဘာလဲ? ဘယ္လဲ?
ဒီေတာ့ ကိုယ္ဘာဝါသနာပါလဲ ဒါမွမဟုတ္ ကိုယ္ဘာလုပ္ခ်င္လဲ ဘာျဖစ္ခ်င္လဲဆိုတာအေရးပါလာၿပီ။ အဆုိေတာ္ျဖစ္ခ်င္တာလား စာေရးဆရာလုပ္ခ်င္တာလား ဆရာဝန္ျဖစ္ခ်င္တာလား စသည္ျဖင့္ေပါ့။
ကိုယ္တိုင္ကိုက ဘာျဖစ္ခ်င္မွန္းမသိတဲ့အခါ ပန္းတိုင္ရွာမရျဖစ္ေနတာပါ။
အဲ့အတြက္ အေျဖကေတာ့ ကိုယ္ဘာျဖစ္ခ်င္လည္းဆိုတာကို ဖမ္းဆုပ္မိဖို႔အရင္ႀကိဳးစားပါ။
မိမိ ပန္းတိုင္ကိုရွာေတြ႕ပါလိမ့္မယ္။

ပန္းတိုင္ဘယ္ေတာ့မွ မေပ်ာက္ပါဘူး။
ရွာေနသ၍ရွိမွာျဖစ္သလို ရွာတတ္ဖို႕ဘဲလိုတာပါ။

(၂) ဖ်က္စီးခံလိုက္ရတဲ့အခါ

လူငယ္ေတြမွာ ဝါသနာကို အေျခခံတဲ့ပန္းတိုင္ကိုယ္စီရွိၾကတယ္။
ဥပမာ ေဘာလံုးသမား ျဖစ္ခ်င္တာ အဆိုေတာ္ျဖစ္ခ်င္တာ စသည္ျဖင့္ေပါ့။
ကိုယ္မားမားမတ္မတ္ရပ္မရပ္တည္ႏိုင္တဲ့အခါ လူႀကီး မိဘေတြရဲ႕ပိတ္ဆို႔ျခင္း ဒါမွမဟုတ္ ဖ်က္စီးျခင္းကိုခံရပါတယ္။ ဒါဟာလည္း ျပႆနာတစ္ခုမဟုတ္ပါဘူး။ သူတို႔ျဖစ္ေစခ်င္တာကို အရင္လုပ္ေပးၿပီး
ကိုယ့္ဝါသနာ ပန္းတိုင္ကိုတည္ေဆာက္ရလည္း ေနာက္မက်ပါဘူး။ ဥပမာ ဆယ္တန္းေအာင္မွ
သီခ်င္းရီေကာဒင္း သြင္းဖို႔စတင္တာမ်ိဳးေပါ့။

ပန္းတိုင္ဆိုတာ ဘယ္ေတာ့မွ မေသဆံုးပါဘူး။

(၃) ခက္ခဲၾကမ္းတမ္းေနတဲ့အခါ

ဒါဟာအျဖစ္မ်ားလိမ့္မယ္လို႔ကြၽန္ေတာ္ထင္တယ္။ ဆယ္တန္းေက်ာင္းေန စာေမးပြဲေျဖဖို႔ေတာင္ မနည္း႐ုန္းေနရတဲ့မိဘႏွစ္ပါးအတြက္ ဝါသနာပါတဲ့ dancer ဆိုတဲ့ ကိုယ့္ပန္းတိုင္ေလးဟာ ခက္ခဲၾကမ္းတမ္းလြန္းလွပါတယ္။ စာေမးပြဲေအာင္ ေအာင္ႀကိဳးစားရမယ္ ၿပီးရင္ အကသင္တန္းတက္ဖို႔ထက္ အိမ္ကမီးဖိုေခ်ာင္က ပိုအေရးႀကီးေနတဲ့အခါမ်ိဳးေပါ့။ မတတ္သာလို႔ မိဘကိုငဲ့ ပန္းတိုင္ကိုစြန္႔လိုက္ရေပမယ့္ အားမငယ္ပါနဲ႔ မိမိ ပန္းတိုင္ကို ရည္ၿပီး အေျခအေနတစ္ခုမွာ ရပ္တည္ႏိုင္လာတဲ့အခါ လမ္းေၾကာင္းေျပာင္းႀကိဳးစားၾကည့္ေပါ့။ မခက္ခဲပါဘူး အခ်ိန္ယူၾကည့္ပါ။

ပန္းတိုင္ဆိုတာ
ခက္ခဲေပမယ့္ ဖန္တီးလုပ္ယူလို႔မရတာမွ မဟုတ္တာ။

(၄) ႀကိဳးစားဖို႔ခြန္အားမဲ့ၿပီထင္တဲ့အခါ

ပန္းတိုင္ကို ေလွၽာက္ေနတဲ့သူေတြ ႀကံဳရေလ့ရွိပါတယ္။ ႀကိဳးစားခြင့္ရွိေနတာေတာင္
မေအာင္ျမင္ဘူး ဘာ့ေၾကင့္လဲ အႀကိမ္ႀကိမ္ႀကိဳးစားတယ္ လဲက်တယ္။ လဲက်ပါမ်ားလာတဲ့အခါ
နာၾကင္လာတယ္။ ဒီပန္းတိုင္ဟာ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ထင္လိမ့္မယ္။
ကိုယ့္ကိုယ္ကို ေရွ႕ဆက္ဖို႔အားအင္မရွိေတာ့ဘူးလို႔ ထင္လာလိမ့္မယ္။
မထင္ပါနဲ႔ ဘယ္ေတာ့မွ ပန္းတိုင္ေပ်ာက္ေအာင္ လက္မေလွၽာ့လိုက္ပါနဲ႔။
အႀကိမ္ႀကိမ္အခါအခါ လဲက်ၿပီးတဲ့အခါမွ ေအာင္ျမင္ရၾကတာပါ။
ဘယ္ေတာ့မွ လက္မေလွၽာ့ပါနဲ႔။

လူငယ္ေတြကို အႀကံေပးခ်င္တာေတြက …

(၁။) ဘာလုပ္လုပ္ ရည္မွန္းခ်က္ ရည္ရြယ္ခ်က္ မရွိပဲ မလုပ္ပါနဲ႔။

ရည္မွန္းခ်က္မရွိပဲ ေဝဝါးမေနဖို႔ အေရးႀကီးပါတယ္။ ဒီႏွစ္ ဘာေတြေတာ့ ၿပီးေအာင္လုပ္ႏိုင္ရမယ္ (သို႔) ဘယ္အခ်ိန္မွာ ဘယ္ေလာက္ၿပီးစီးေနရမယ္ဆိုၿပီး မိမိ ရည္မွန္းခ်က္ကို သတ္မွတ္လုပ္ေဆာင္ပါ။

(၂။) ရည္မွန္းခ်က္ပန္းတိုင္ ခ်မွတ္တဲ့အခါ ‘ အၾကံတူရင္ ေနာက္လူသာတယ္ ‘ ဆိုတဲ့ စကားကို သတိရပါ။

ေရွ႕က လူေတြရဲ႕ နည္းလမ္းေတြကို ေလ့လာပါ။ သင္ယူပါ။ မွတ္သားပါ။ သူတို႔အမွားေတြကို သင္ခန္းစာယူၿပီး မိမိ အလွည့္မွာ သူတို႔ထက္သာေအာင္ လုပ္ႏိုင္ပါတယ္။

ရည္မွန္းခ်က္တူသူေတြနဲ႔ ပူးေပါင္းပါ။ အၾကံတူေနရင္ေတာင္ မိတ္ေဆြျဖစ္ေအာင္လုပ္ၿပီး ေအာင္ျမင္မႈကို ႏွစ္ဆတိုးပါေစ။

(၃။) ေလွေလွာ္ရင္း တက္က်ဳိးတဲ့အခါမ်ဳိးအတြက္လည္း ႀကိဳတင္ျပင္ဆင္ထားပါ။ မဆုတ္မနစ္တဲ့စိတ္နဲ႔ ႀကိဳးစားမွသာ ေအာင္ျမင္မႈကို ခံစားရမွာပါ။

ဘာပဲျဖစ္ျဖစ္ ေနာက္မဆုတ္မယ့္ စိတ္မ်ဳိးနဲ႔ ႀကိဳးစားရင္ မေအာင္ျမင္ပဲ မေနပါဘူး။

(၄။) မေအာင္ျမင္ေသးခင္ ေဝဖန္သမွ် ေလွာင္ရယ္သမွ်ကို ဥပေကၡာျပဳထားပါ။ ရည္မွန္းခ်က္ပန္းတိုင္ေရာက္မွ အဲ့လိုလူေတြကို ျပံဳးၿပီး ၾကည့္မယ္လို႔ ဆံုးျဖတ္ထားပါ။

ေဝဖန္ေရး နဲ႔ အျပစ္တင္ေရးသမားေတြအတြက္ ေခါင္းထဲမွာ ေနရာလံုးဝ မေပးပါနဲ႔။ ပန္းတိုင္ကိုပဲ တစိုက္မတ္မတ္ေရာက္ေအာင္ ႀကိဳးစားပါ။

ပန္းတိုင္နားေရာက္ေအာင္ကို သြားပါ။
စိတ္ဘယ္ေတာ့မွမပ်က္ပါနဲ႔။

– မွတ္စုၾကမ္း

< unicode version >

မနက်လင်းတဲ့အခါ
ညအိပ်ခါနီးအခါတွေမှာတွေ့ရတတ်တယ်။
မိတ်ဆွေတွေရဲ့ဆုတောင်းမေတ္တာစကားတွေပေါ့။
Good morning
အစဉ်ချမ်းမြေ့ပါစေ။
Good night
ကောင်းသောညပါ။
အိမ်မက်လှလှမက်ပါစေ……စသဖြင့်ပေါ့။
မေတ္တာစကားပေးတဲ့သူက ကောင်းတာရစေချင်သလို
မေတ္တာစကားရတဲ့သူကလဲ ကောင်းတာပေးသမျှရချင်ကြတာများပါတယ်။
အေးချမ်းမှုဆိုတဲ့ပန်းတိုင်ကို ကျနော်အမြင်နဲ့ပြောရင်
မရချင်သူတွေမရှိသလောက်ရှားတယ်လို့ပြောရမှာပါ။
ဒီနေရာမှာ ‘ ပန်းတိုင် ‘ဆိုတာနဲ့ပါတ်သက်ပြီး
အပြည့်အစုံမဟုတ်ပေမဲ့ အတွေးတစ်ခုအဖြစ်
စဉ်းစားစေချင်လို့ နည်းနည်းပြောခွင့်ပြုပါ။
ပန်းတိုင်း ဆိုတဲ့စကားကို
လူတန်းစားအမျိုးမျိုး လူမျိုးပေါင်းစုံကအရွယ်အမျိုးမျိုးမှာ
ပြောတတ်ကြပါတယ်။
မတူညီတဲ့သဘာဝ တွေ အတွေးအခေါ်တွေနဲ့ပေါ့။
ကျနော်ပထမဆုံးပြောချင်တာက
အားကစားနည်းတခုခုမှာပြောတဲ့ပန်းတိုင်
ဥပမာ…
အပြေးသမားတစ်ဦးဟာ ဆယ်မိုင်ပြေးတယ်ဆိုပါစို့
တာထွက်ကနေဆယ်မိုင်ပြည့်တဲ့နေရာမှာပန်းတိုင်ရှိမယ်။
ပြေးနေသူဟာ ပြေးနေစဉ်တလျောက်မှာသူ့စိတ်မှာ
ပန်းတိုင်ကိုဘဲရည်သန်နေမယ် သူရည်သန်သလို
ပန်းတိုင်ကိုပထမရောက်ခဲ့မယ်ဆို
သူ့ရဲ့ရည်သန်တဲ့ပန်းတိုင်တစ်ခုအတွက် သူ့တာဝန်ဟာ
ပြီးဆုံးပြီ ပျော်လို့ရပြီလို့ပြောရမှာပေါ့။
(ပျော်လို့ရပြီ……မှတ်ထားပေးနော်)
အဲသလိုဘဲ
ကျနော်တို့ရဲ့ဘဝမှာပန်းတိုင်ကိုရောက်ရင်ပြီးပြီလား……?
မပြီးသေးဘူးဗျ။
ကျနော်တို့ဘဝမှာ အပြေးပွဲတစ်ခုထက်ပိုတဲ့ ပန်းတိုင်အပြင်
ရှုပ်ထွေးများပြားလှတဲ့ပန်းတိုင်တွေရှိနေတယ်။
ဆိုပါစို့ဗျာ……
လူငယ်တစ်ယောက် ဆရာဝန်ဖြစ်ချင်တယ်။
သူ့ပန်းတိုင်ဟာ ဆရာဝန်ဆိုပါစို့
ဆရာဖြစ်ဖို့ဆိုတာက ဖြစ်ချင်တိုင်းမှဖြစ်မရတာဆိုတော့
အလယ်တန်းကျောင်းသားဘဝမှာ ဆရာဝန်ဆိုတဲ့
ပန်းတိုင်ထက်
အလယ်တန်းအောင်ဖို့လိုလာတယ်။
အဲဒီအတူဘဲ
အထက်တန်းကျောင်းသားဘဝမှာ အထက်တန်းအောင်ဖို့
ဆေးကျောင်းအမှတ်မှီဖို့လိုလာတယ်။
ဆေးကျောင်းကိုရောက်ပြန်တော့
ကျန်းမာရွှင်လန်းစွာနဲ့ဆရာဝန်ဘွဲ့ရဖို့လိုလာတယ်။
ပြောချင်တာက
အလယ်တန်းအောင်ဖို့ဆိုတာ
အလယ်တန်းကျောင်းသားဘဝမှာ
အလိုအပ်ဆုံးပန်းတိုင်ပေါ့။
ဆရာဝန်ဆိုတဲ့အဓိကပန်းတိုင်ကိုရောက်ဖို့
ဖြတ်သန်းရမဲ့ပန်းတိုင်ငယ်တစ်ခုပေါ့။
အထက်တန်း ဆေးကျောင်းသား စတဲ့ဘဝတွေမှာလဲ
ပန်းတိုင်ငယ်တွေလို့ပြောရမှာပေါ့။
ပန်းတိုင်ငယ်တွေကိုအောင်မြင်စွာဖြတ်သန်းပြီး
အဓိကပန်းတိုင်ဖြစ်တဲ့ဆရာဝန်ဖြစ်ပြီဆိုပါတော့
ပျော်လို့ရပီလား…?
ပန်းတိုင်တွေပြီးဆုံးပြီလား……?
မပြီးသေးဘူးနော်…အဲဒါကိုထားခဲ့မယ်
လူငယ်တစ်ယောက် ပန်းတိုင်ဆိုပြီးတခုခုကိုထားမယ်။
အထက်ကပြောခဲ့တဲ့အပြေးသမားလိုပန်းတိုင်ကိုရောက်မှ
ပျော်ရမှာလား ပျော်သင့်သလား။
တနည်း
ဆရာဝန်မဖြစ်မှီ အလယ်တန်းကျောင်းသားဘဝ
အထက်တန်းကျောင်းသားဘဝတွေက
အောင်မြင်မှု့တွေမှာရော
မပျော်သင့်ဘူးလားဆို ပျော်သင့်တယ်။
တချို့ရှိတယ်။
အလယ်တန်း အထက်တန်းဘဝမှာ ပျော်သင့်တာတွေ့ရက်နဲ့
ထိုက်သင့်တဲ့
ပျော်ရွှင်မှု့ကိုရယူခံစားလိုခြင်းမရှိလောက်အောင်
ပန်းတိုင်ကြီးဖြစ်တဲ့ဆရာဝန်ဖြစ်လိုတဲ့ရလဒ်အုပ်စိုးစိတ်
ဖြစ်နေတဲ့အခါမှာ
မိမိရလဒ်ကလွဲရင် မိမိအောင်မြင်မှု့ကို
အသိအမှတ်မပြုသလိုပျော်ဖို့ကိုမေ့နေတာမျိုးပေါ့။
အဲသလိုရလဒ်ကြီးစိုးစိတ်ကြောင့် ရလဒ်ကိုတကယ်ရရင်
ကောင်းတာဆိုပေမဲ့ တစုံတခုသောအကြောင်းကြောင့်
လွဲချော်ကုန်တဲ့အခါ ရလဒ်တွေဆုံးရသလို
ပျော်သင့်ရက်နဲ့မပျော်ခဲ့ရတဲ့အချိန်တွေပါဆုံးမှာဖြစ်သလို
ဘဝထဲကပန်းတိုင်ဆိုတာပါ ပျောက်ကုန်တာမျိုးတွေ
ဖြစ်လာတတ်တာကိုတော့မေ့မထားသင့်ဘူးပေါ့ဗျာ။
အဲဒီတော့
ပန်းတိုင်တွေဘယ်လိုအချိန်ပျောက်တတ်သလဲ?
ဘယ်လိုပြန်တည့်မတ်ရမလဲဆိုတာက ပြောစရာလိုလာပြီ။
ဒီအချက်တွေနဲ့ပန်းတိုင်ပျောက်တတ်ပါတယ်။
(၁) မသိတဲ့အခါ
(၂) ဖျက်စီးခံလိုက်ရတဲ့အခါ
(၃) ခက်ခဲကြမ်းတမ်းနေတဲ့အခါ
(၄) ကြိုးစားဖို့ခွန်အားမဲ့ပြီထင်တဲ့အခါတွေမှာ
ပန်းတိုင်ပျောက်ပြီထင်တတ်ပါတယ်။
(၁) မသိတဲ့အခါ
ပန်းတိုင် လူတွေပြောနေကြတဲ့အခါ ကိုယ့်ပန်းတိုင်ကရောဘာလဲ? ဘယ်လဲ?
ဒီတော့ ကိုယ်ဘာဝါသနာပါလဲ ဒါမှမဟုတ် ကိုယ်ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲဆိုတာအရေးပါလာပြီ။ အဆိုတော်ဖြစ်ချင်တာလား စာရေးဆရာလုပ်ချင်တာလား ဆရာဝန်ဖြစ်ချင်တာလား စသည်ဖြင့်ပေါ့။
ကိုယ်တိုင်ကိုက ဘာဖြစ်ချင်မှန်းမသိတဲ့အခါ ပန်းတိုင်ရှာမရဖြစ်နေတာပါ။
အဲ့အတွက် အဖြေကတော့ ကိုယ်ဘာဖြစ်ချင်လည်းဆိုတာကို ဖမ်းဆုပ်မိဖို့အရင်ကြိုးစားပါ။
မိမိ ပန်းတိုင်ကိုရှာတွေ့ပါလိမ့်မယ်။
ပန်းတိုင်ဘယ်တော့မှ မပျောက်ပါဘူး။
ရှာနေသ၍ရှိမှာဖြစ်သလို ရှာတတ်ဖို့ဘဲလိုတာပါ။
(၂) ဖျက်စီးခံလိုက်ရတဲ့အခါ
လူငယ်တွေမှာ ဝါသနာကို အခြေခံတဲ့ပန်းတိုင်ကိုယ်စီရှိကြတယ်။
ဥပမာ ဘောလုံးသမား ဖြစ်ချင်တာ အဆိုတော်ဖြစ်ချင်တာ စသည်ဖြင့်ပေါ့။
ကိုယ်မားမားမတ်မတ်ရပ်မရပ်တည်နိုင်တဲ့အခါ လူကြီး မိဘတွေရဲ့ပိတ်ဆို့ခြင်း ဒါမှမဟုတ် ဖျက်စီးခြင်းကိုခံရပါတယ်။ ဒါဟာလည်း ပြဿနာတစ်ခုမဟုတ်ပါဘူး။ သူတို့ဖြစ်စေချင်တာကို အရင်လုပ်ပေးပြီး
ကိုယ့်ဝါသနာ ပန်းတိုင်ကိုတည်ဆောက်ရလည်း နောက်မကျပါဘူး။ ဥပမာ ဆယ်တန်းအောင်မှ
သီချင်းရီကောဒင်း သွင်းဖို့စတင်တာမျိုးပေါ့။
ပန်းတိုင်ဆိုတာ ဘယ်တော့မှ မသေဆုံးပါဘူး။
(၃) ခက်ခဲကြမ်းတမ်းနေတဲ့အခါ
ဒါဟာအဖြစ်များလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ဆယ်တန်းကျောင်းနေ စာမေးပွဲဖြေဖို့တောင် မနည်းရုန်းနေရတဲ့မိဘနှစ်ပါးအတွက် ဝါသနာပါတဲ့ dancer ဆိုတဲ့ ကိုယ့်ပန်းတိုင်လေးဟာ ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်။ စာမေးပွဲအောင် အောင်ကြိုးစားရမယ် ပြီးရင် အကသင်တန်းတက်ဖို့ထက် အိမ်ကမီးဖိုချောင်က ပိုအရေးကြီးနေတဲ့အခါမျိုးပေါ့။ မတတ်သာလို့ မိဘကိုငဲ့ ပန်းတိုင်ကိုစွန့်လိုက်ရပေမယ့် အားမငယ်ပါနဲ့ မိမိ ပန်းတိုင်ကို ရည်ပြီး အခြေအနေတစ်ခုမှာ ရပ်တည်နိုင်လာတဲ့အခါ လမ်းကြောင်းပြောင်းကြိုးစားကြည့်ပေါ့။ မခက်ခဲပါဘူး အချိန်ယူကြည့်ပါ။
ပန်းတိုင်ဆိုတာ
ခက်ခဲပေမယ့် ဖန်တီးလုပ်ယူလို့မရတာမှ မဟုတ်တာ။
(၄) ကြိုးစားဖို့ခွန်အားမဲ့ပြီထင်တဲ့အခါ
ပန်းတိုင်ကို လျှောက်နေတဲ့သူတွေ ကြုံရလေ့ရှိပါတယ်။ ကြိုးစားခွင့်ရှိနေတာတောင်
မအောင်မြင်ဘူး ဘာ့ကြေင့်လဲ အကြိမ်ကြိမ်ကြိုးစားတယ် လဲကျတယ်။ လဲကျပါများလာတဲ့အခါ
နာကြင်လာတယ်။ ဒီပန်းတိုင်ဟာ မဖြစ်နိုင်တော့ဘူးလို့ ထင်လိမ့်မယ်။
ကိုယ့်ကိုယ်ကို ရှေ့ဆက်ဖို့အားအင်မရှိတော့ဘူးလို့ ထင်လာလိမ့်မယ်။
မထင်ပါနဲ့ ဘယ်တော့မှ ပန်းတိုင်ပျောက်အောင် လက်မလျှော့လိုက်ပါနဲ့။
အကြိမ်ကြိမ်အခါအခါ လဲကျပြီးတဲ့အခါမှ အောင်မြင်ရကြတာပါ။
ဘယ်တော့မှ လက်မလျှော့ပါနဲ့။
လူငယ်တွေကို အကြံပေးချင်တာတွေက …
(၁။) ဘာလုပ်လုပ် ရည်မှန်းချက် ရည်ရွယ်ချက် မရှိပဲ မလုပ်ပါနဲ့။
ရည်မှန်းချက်မရှိပဲ ဝေဝါးမနေဖို့ အရေးကြီးပါတယ်။ ဒီနှစ် ဘာတွေတော့ ပြီးအောင်လုပ်နိုင်ရမယ် (သို့) ဘယ်အချိန်မှာ ဘယ်လောက်ပြီးစီးနေရမယ်ဆိုပြီး မိမိ ရည်မှန်းချက်ကို သတ်မှတ်လုပ်ဆောင်ပါ။
(၂။) ရည်မှန်းချက်ပန်းတိုင် ချမှတ်တဲ့အခါ ‘ အကြံတူရင် နောက်လူသာတယ် ‘ ဆိုတဲ့ စကားကို သတိရပါ။
ရှေ့က လူတွေရဲ့ နည်းလမ်းတွေကို လေ့လာပါ။ သင်ယူပါ။ မှတ်သားပါ။ သူတို့အမှားတွေကို သင်ခန်းစာယူပြီး မိမိ အလှည့်မှာ သူတို့ထက်သာအောင် လုပ်နိုင်ပါတယ်။
ရည်မှန်းချက်တူသူတွေနဲ့ ပူးပေါင်းပါ။ အကြံတူနေရင်တောင် မိတ်ဆွေဖြစ်အောင်လုပ်ပြီး အောင်မြင်မှုကို နှစ်ဆတိုးပါစေ။
(၃။) လှေလှော်ရင်း တက်ကျိုးတဲ့အခါမျိုးအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါ။ မဆုတ်မနစ်တဲ့စိတ်နဲ့ ကြိုးစားမှသာ အောင်မြင်မှုကို ခံစားရမှာပါ။
ဘာပဲဖြစ်ဖြစ် နောက်မဆုတ်မယ့် စိတ်မျိုးနဲ့ ကြိုးစားရင် မအောင်မြင်ပဲ မနေပါဘူး။
(၄။) မအောင်မြင်သေးခင် ဝေဖန်သမျှ လှောင်ရယ်သမျှကို ဥပက္ခောပြုထားပါ။ ရည်မှန်းချက်ပန်းတိုင်ရောက်မှ အဲ့လိုလူတွေကို ပြံုးပြီး ကြည့်မယ်လို့ ဆုံးဖြတ်ထားပါ။
ဝေဖန်ရေး နဲ့ အပြစ်တင်ရေးသမားတွေအတွက် ခေါင်းထဲမှာ နေရာလုံးဝ မပေးပါနဲ့။ ပန်းတိုင်ကိုပဲ တစိုက်မတ်မတ်ရောက်အောင် ကြိုးစားပါ။
ပန်းတိုင်နားရောက်အောင်ကို သွားပါ။
စိတ်ဘယ်တော့မှမပျက်ပါနဲ့။
– မှတ်စုကြမ်း

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *