တန်ဖိုး

တခါက လူသိများတဲ့ public speaker တစ်ယောက်ဟာ

လူ ၃၀၀ ခန့်ရှိတဲ့ ဟောပြောပွဲတစ်ခုမှာ ဒေါ်လာ ၁၀၀ တန်

တစ်ရွက်ကို ကိုင်ပြီး “ ဒီဒေါ်လာ ၁၀၀ ကို ဘယ်သူလိုချင်သလဲ”

ဟုမေးလိုက်တယ်… လူ ၃၀၀ စလုံး လက်ထောင်ကြတယ်…

“ ဒီဒေါ်လာ ၁၀၀ ကို လူကြီးမင်းတို့ထဲက တစ်ယောက်ကိုပဲ

ပေးဖို့ ဆုံးဖြတ်ထားပါတယ်၊ အဲဒါကြောင့် အရင်ဆုံး ဒီပိုက်ဆံကို

တစ်ခုခုလုပ်ခွင့်ပြုပါ” ဆိုပြီး ဒေါ်လာ ၁၀၀ ကို လုံးချေပစ်လိုက်ပါတယ်…

ပြီးနောက် “ဒီပိုက်ဆံကို ဘယ်သူလိုချင်သေးလဲ” ထပ်မေးပါတယ်…

လက် ၃၀၀ စလုံး ထောင်လျှက်ပါပဲ… “ကောင်းပြီ… ဒါဆိုဒီလိုလုပ်ရင်ရော” ဟုဆိုပြီး ဒေါ်လာ ၁၀၀

ကို မြေကြီးပေါ်ပစ်ချလိုက်တယ်… ပြီးတော့ သူ့ဖိနပ်နှင့် နင်းချေလိုက်ပါတယ်…

ပြန်ကောက်ပြီး လူအုပ်ကြီးပြလိုက်တယ်… ဒေါ်လာ ၁၀၀ ဟာ

ကြေပြီး ညစ်ပတ်နေပါပြီ… “အခုရော ဘယ်သူလိုချင်သေးလဲ”

ဟုသူမေးလိုက်တယ်… လက်အားလုံးဟာ ထောင်လျှက်ပါပဲ…

သူကဒီလိုပြောတယ်… “လူကြီးမင်းတို့ သင်တို့ကို

ကျွန်ုပ်အရမ်းအရေးကြီးတဲ့ သင်ခန်းစာတစ်ခု ပြလိုက်တာပဲ…

ပိုက်ဆံကို ကျွန်ုပ် ဘာပဲလုပ်ခဲ့လုပ်ခဲ့ သင်တို့ဟာ ဒါကို လိုချင်ကြတုန်းပါပဲ…

ဘာကြောင့်လည်းဆိုတော့ သူ့တန်ဖိုးဟာ လျော့မသွားလို့ပါပဲ၊

သူ့တန်ဖိုးဟာ ဒေါ်လာ ၁၀၀ တန်နေတုန်းပါ… ကျွန်တော်တို့ရဲ့

ဘဝမှာလည်း အကြိမ်ပေါင်းများစွာ ကျရှုံးမှုတွေရှိမယ်၊ နင်းချေခံရမယ်၊

ညစ်နွမ်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရမယ်… ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့

ကျွန်တော်တို့ရဲ့တန်ဖိုးတွေ ဘယ်တော့မှ ဆုံးရှုံးသွားမှာမဟုတ်ဘူး…

ကျွန်တော်တို့ဟာ ထူးခြားတယ်… ဒါကိုဘယ်တော့မှမမေ့နဲ့

” ကိုယ့်တန်ဖိုးပိုတက်လာအောင် စွမ်းဆောင်နိုင်ကြပါစေ…”

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

nine − 6 =