လူတိုင်းအတွက် အကျင့် ကောင်း (၇)ရပ်
[Unicode Version]
(၁)တာဝန်ယူစိတ်[Be Proactive]
ပြဿနာတစ်ခုခုရှိလာရင်”ငါဘာမှားနေလဲ”ဆိုတာက,စ,စဉ်းစားပါမယ်။ပြီးမှကျန်တာတွေကိုဖြန့်တွေးတယ်။ “ကိုယ့်ကိုယ်ကိုတော့လွတ်စေ၊သူများကိုတော့တရားခံ”ဒါမျိုးမလုပ်ဘူး။ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့စိတ်ပါ။
(၂)ပစ်ကွင်းကိုချိန်ပစ်(Begin with the End in Mind)
ငါဘာဖြစ်ချင်လဲ၊ငါ့ရည်မှန်းချက်ဘာလဲဆိုတာကိုပထမဆုံးပိုင်းဖြတ်တယ်။ “မစ်ရှင်”[Mission]စိတ်ဓာတ်ဖြစ်ပါတယ်။
(၃)အရေးကြီးတာအရင်လုပ်[Put First Thing First]
ကြုံသလိုကျပန်းမလုပ်ဘူး။အစီအစဉ်ရှိရှိနဲ့တဆင့်ပြီးတဆင့်ဆောင်ရွက် တတ်တယ်။
(၄)သူမနာ၊ကိုယ်မနာဆက်ဆံရေး[Think Win-Win]
ကိုယ်နိုင်စေ၊သူရှုံးစေသဘောမထားပါ။နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့် “ကြားအဖြေ”ကိုနှလုံးသွင်းပါတယ်။
(၅)နားလည်မှုရှိ[Seek First to Understand,Then to be understood]
ပထမဆုံးသူများကိုနားလည်အောင်ကြိုးစားတယ်။ကိုယ့်ကိုလည်းသူများကနားလည်အောင်တံခါးဖွင့်ထားတယ်။
(၆)လက်တွဲကြိုးပမ်း[Synergize]
ငါတကောမလုပ်ဘူး။အများနဲ့လက်တွဲကြိုးပမ်းနိုင်ဖို့အားထုတ်တယ်။
(၇)ကိုယ့်ကိုယ်ကိုပြန်”သ”[Sharpen the Saw]
စိတ်တံခါးကိုပိတ်မထားဘူး။အတွေးသစ်၊အမြင်သစ်တွေအတွက်အမြဲ တံခါးဖွင့်ထားတယ်။ ကိုယ့်အသိ၊ကိုယ့်အကျင့်ကိုအမြဲချွန်မြနေစေဖို့မပြတ်”သ”နေပါတယ်။ ဒီအကျင့်တွေမင်းမှာရှိနေပြီဆိုရင်ဘဝတိုက်ပွဲမှာအောင်ပွဲအလီလီရမှာ သေချာသလောက်ဖြစ်ပါပြီ။
Credit; World of Wingate
Post Author: MM Book City
3 thoughts on “လူတိုင်းအတွက် အကျင့် ကောင်း (၇)ရပ်
    Nay Ye Aung
    (06/01/2018 - 6:47 pm)
    စာအုပ်ချစ်သူတစ်ယောက်တစ်ယောက်
    Dwe Nge
    (26/01/2018 - 3:39 pm)
    Better
    Dwe Nge
    (26/01/2018 - 3:40 pm)
    so good
Leave a Reply
Your email address will not be published. Required fields are marked *
18 − 6 =