ပျော်​ရွင်​ဖို့အတွက်

လူတချို့က အောင်မြင်မှု့ လမ်းကြောင်းစီကိုလိုက်ရင်း ​ပျော်ရွှင်မှု့တွေပျောက်ဆုံးလာကြတယ်။

အခမဲ့ရယူလိုက်​တဲ့ အခက်​ခဲ​တွေကို ​အောင်​မြင်​မှုအဖြစ်​​ပြောင်းလဲဖို့ ​တော်​ရုံခံစားချက်​​တွေကို

ဘေးဖယ်​စ​တေးလိုက်​တာ မခံစားတတ်​လို့မှမဟုတ်​တာ။

မိသားစုအတွက် နွေးထွေးမှု့တွေ ၊ သူငယ်ချင်းမိတ်ဆွေတွေအတွက်

အချိန်မပေးနိုင်မှု့တွေက တဖြည်းဖြည်းနဲ့ မအားလို့ပါဆိုတဲ့အကြောင်းပြချက်​ပေါင်းများစွာကို

အကြိမ်​ကြိမ်​​ရေရွတ်​ရင်း နာကျင်​ခဲ့တဲ့ဘဝရဲ့ အစိတ်​အပိုင်းကို ဖုံးဖိဖို့ ညစ်​တွန်း တွန်း​နေတာထင်​ရင်

မှားသွားမယ်​ ဘဝရဲ့​ပျော်​ရွင်​မှုဆိုတာ ကိုယ့်​ဖြစ်​ချင်​တာ ဖြစ်​ရရင်​​ပျော်​ရွင်​ရတာဘဲ ဒါ​ကြောင့်​ ကြိုးစား​နေမိတာ။

ဘယ်လောက်ဖြည့်ဖြည့် မပြည့်တဲ့အိုးများလို ရလေ လိုလေ အိုတစ္ဆေတွေအများကြီးရှိတယ်။

တကယ်​​တော့မပြည့်​ခဲ့တာမဟုတ်​ဘူး ပြည့်​တယ်​လို့မထင်​မိတာ။

လိုချင်လောဘအတောမသတ်လို့ ​ရွှေဥတနေ့တလုံးမှန်မှန်ဥပေးတဲ့ငန်းပုံပြင်လိုပဲ

အလိုကြီးတော့အရနည်းတတ်တယ်။အဲ့လိုလူတွေကြောင့်သည်းခံမှု့ဆိုတဲ့ ​ဘောင်လေးခတ်ခံလိုက်ရတယ်။

တကယ်​​တော့ သည်းခံတယ်​ဆိုတာ တပါးသူအတွက်​မဟုတ်​ဘူး ကိုယ့်​အတွက်

ကိုယ့်​ပန်းတိုင်​အတွက်​ ကိုယ့်​ရည်​မှန်​ချက်​​တွေအတွက်​ ကိုယ့်​ကိုယ်​ကို သည်းခံလိုက်​တာ။

ဘဝကိုလွယ်​လွယ်​နဲ့အရှုံးမ​ပေးချင်​ဘူး တိုင်​​ပေါ် အကြိမ်​ကြိမ်​ ပြုတ်​ကျတဲ့ခရု​လေးလို

တစ်​ခါမရင်​နှစ်​ခါ..မ​ရောက်​ခြင်းသွားရမှာက ကိုယ့်​တာဝန်​..ကိုယ့်​​ဇွဲ ကိုယ့်​ လုံ့ လ ​လေ။

မုန်​လာပင်​စိုက်​ပြီး အရိပ်​ပျိုးခဲ့တာမဟုတ်​ဘူး ဇွန်​ပန်းစိုက်​ပြီးအရိပ်​ရယူချင်​တာ

မွှေးလည်း​မွှေးရမယ်​ အရိပ်​လည်း ရ ရမယ်​ ကြိုးစားခြင်းကအဖိုးအခ များတယ်​ဆိုရင်

ရိုးသားခြင်းကလည်း နှိုင်းတုမရတဲ့တန်​ဖိုး​တွေရှိတယ်​။

ပျော်​ရွင်​ချင်​တယ်​ ဒါ​ကြောင့်​ကြိုးစားတယ်​ ​ပျော်​ရွင်​မှုဆိုတာ ကို​ယ်​ဖြစ်​ချင်​တာဖြစ်​ရရင်​​ပျော်​တယ်

ပျော်​ရွင်​မှုကိုပိုင်​ဆိုင်​ဖို့စ​တေးထားတဲ့ဝမ်းနည်းခြင်း​တွေ တချိန်​မှာ ဇွန်​ပန်းရုံလို အရိပ်​လည်းရ ရနံ့ 

လည်းသင်းဖို့်​ ခုချိန်​ ​ရေ​လောင်း​ပေါင်းသင်း​နေတာ မြက်​ကြမ်း​တွေ စိတ်​မပျက်​ပါနဲ့။

ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

7 − two =