သတိမူမှ

ရည်ရွယ်ချက်တွေမတူညီ​ပေမယ့်
ခံစားတတ်​တဲ့နှလုံးသားကတူညီကြတယ်
လိုအပ်​မှု​တွေ မတူညီကြ​ပေမယ့်
ရယူလိုချင်​စိတ်​​တွေ တူညီကြတယ်​။

လျှောက်တဲ့လမ်းခရီးမတူညီကြ​ပေမယ့်
ဖြတ်​သန်း​နေရတာခြင်းတူညီကြတယ်
ပန်းတိုင်​ခြင်းမတူညီကြ​ပေမယ့်
ကြိုးစား​နေရတာခြင်းတူညီကြတယ်​။

စိတ်ဓာတ်တွေလည်းခြားနားကြ​ပေမယ့်
ခံစားတတ်​တဲ့မိမိနှလုံးသားကိုသနားတာခြင်းတူညီကြတယ်

နေရာတကာ အသွင်​ကအ​ရေးမကြီးဘူး
အမြင်​ကအ​ရေးကြီးတယ်

မေတ္တာတရားဆိုတာ သစ္စာခိုင်​ခိုင်​နဲ့ကြင်​နာသနားတတ်​ပြီး
ကိုယ်​ချင်းစာတတ်​တဲ့ နှလုံးသားကအ​ခြေခံတယ်

နားလည်မှု့​ပေးတိုင်းတကယ်​နားလည်​လို့မဟုတ်​ဘူး
တချို့​နေရာ​တွေမှာ ​ဝေးကွာခြင်းကို​တွေးမိလို့
အဆင်​​ပြေပြီး​ရောဆိုတဲ့စိတ်​နဲ့
ခေါင်းငြိမ့်​​ပေးရတာ​တွေရှိတယ်​။

ခိုင်​မြဲခြင်းဆိုတာ သစ္စာတရားရဲ့ အနှစ်​ပဲ။
အနှစ်​ဆိုတာ အရာတိုင်းမှာမရှိဘူး
လူတိုင်းလည်းသစ္စာတရားကိုတန်​ဖိုးမထားဘူး

လူတိုင်းဂူမမြင်​တာသတိမမူလို့ပါ
သတိမူသူတိုင်းမြူ စ​လေး​တောင်​မြင်​သွားတတ်​ကြတယ်​။

ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

three × three =