တွေးကြည့်​လိုက်​ပါ


အရာတစ်​ခုခု​ကြောင့်​ အခက်​ခဲ​တွေရှိလို့
စိတ်​ပျက်​​နေပြီဆိုရင်
ကိုယ့်​အခက်​ခဲကို ဘာမှန်းမသိတဲ့လူ​တွေအ​ကြောင်း
တွေး​ကြည့်​လိုက်​ပါ။

အရိပ်​ခိုလှုံခွင့်​မရှိတဲ့ ဘဝဖို့ အားငယ်​​နေပြီဆိုရင်
အရိပ်​ဆိုတာ ဘယ်​လိုအရာမျိုးလဲမသိတဲ့
ဘဝ​တွေကို ​တွေးကြည့်​လိုက်​ပါ။

ပေါက်​ပြဲ​နေတဲ့ ​ခြေ​ထောက်​ကိုကြည့်​ပြီး
ဖိနပ်​မစီးလို့ဝမ်းနည်းအပြစ်​တင်​​တော့မယ်​ဆိုရင်
ဖိနပ်​​တောင်​စီးခွင့်​မရှိတဲ့ ဘဝ​တွေကို​တွေးကြည့်​ပါ။

ရှုံးနိမ့်​သွားလို့ ကြိုးစားချင်​စိတ်​မရှိ​တော့ဘူးဆိုရင်
ကြိုးစားခွင့်​မရှိတဲ့ဘဝ​တွေကို ကိုယ်​ချင်းစာကြည့်​လိုက်​ပါ။

လူတိုင်းကြိုးစားခွင့်​ရှိတယ်​ဆိုကြ​ပေမယ့်
ကြိုးစားခွင့်​ရှိမှကြိုးစားလို့ရတဲ့ဘဝ​တွေရှိတယ်
ကိုယ့်​ပိုင်​ဆိုင်​ထားတဲ့ဘဝကို​လေးစားပါ
ကိုယ့်​ကိုယ်​ကို မ​လေးစားသ​ရွှေ့
ဘယ်​သူကမှမင်းကို​လေးစားမှာမဟုတ်​ဘူး။

ရေဘူးထဲက ​ရေတစ်​ခွက်​​ရော့သွားရုံနဲ့
ရေဘူးရဲ့တန်​ဖိုးမ​လျော့သွားဘူး
ဘဝမှာ ဆုံးရှူံးမှုတစ်​ခု​လျော့သွားရုံနဲ့
ဘဝ မပျက်​သွားဘူး။

ဘာမထီဘွား…အ​တွေးစာစု​လေးများ 

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

nine − 2 =