Chess ကစားရင် သူ့ဘက်ကြည့်

Chess ကစားတဲ့လူတစ်ယောက်ဟာ ပြောဖူးတဲ့စကား

မှတ်စရာ ကောင်းတယ်။ “ချက်စ်ကစားရင် သူ့ဘက်ကြည့်” တဲ့။

သိပ်မှန်ပါတယ်။ လူအများဟာ ကိုယ်လုပ်ချင်တာပဲ စွတ်ပြီး လုတ်တတ်ကြတာပါ။

သူများ ကိုယ့်ကို ဘာလုပ်နိုင်လဲ မစဉ်းစားကြဘူး၊ အမှန်က

သူများ ရွှေ့မယ့် ခြေလှမ်းကို ကြိုသိဖို့ ပိုပြီး အရေးကြီးတယ်။

သူ ဘာလုပ်မယ်ဆိုတာသိရင် ကိုယ့်ဘက်က ကြိုတင်

ကာကွယ်နိုင်တာပေါ့။ ရှောင်စရာရှိရင် ရှောင်နိုင်တာပေါ့။

အဲသလို သူ့ဘက်က ကြည့်နိုင်တဲ့သူဟာ လူမှုဆက်ဆံရေးမှာ

လူတော်ဖြစ်လာနိုင်တယ်။ စီးပွားရေး၊ နိုင်ငံရေး အဘက်ဘက်မှာ

စွမ်းဆောင်ရည်မြင့်တဲ့လူ ဖြစ်လာနိုင်တယ်။ သူ့ဘက်ကကြည့်ပြီး

သူ့နေရာက စဉ်းစားတဲ့ကိစ္စမှာ အလေ့အကျင့် ဖြစ်လာရင် ကိုယ့်ဘက်က

မှားဖို့ နည်းသွားပါပြီ။ အမိခံရမယ့် ဘေးနည်းသွားပါပြီ။ သူ့ခြေလှမ်းကိုသိပြီး

ကိုယ် ဘာလုပ်ရမလဲလို့ တွက်ချက်ရတာလည်း အလေ့အကျင့်

ရသွားတဲ့အခါ ဘ၀မှာ အသုံးဝင်တာပါပဲ။

ကိုးကား – ရွှေကူမေနှင်း၏ ဖွံ့ဖြိုးရေးအတွက် A to Z

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *

15 + 13 =