နာမည်ကျော် လူပုဂ္ဂိုလ်ကြီးများ၏ စကားလေးများ

ဒီကမ္ဘာကြီမှာ ကျွန်တော်ဟာ

ဘာကောင်ကြီးမှ မဟုတ်ဘူး။

ဘာကောင်ကြီးဆိုတာလဲ ကျွန်တော်မသိချင်ဘူး။

ဘာကောင်ကြီးဖြစ်တာ မဖြစ်တာထက်

ဘယ်လောက်အသုံးဝင်သလဲ

ဆိုတာပဲ ကျွန်တော်ကြိုးစားတယ်။

သူများအမြင်မှာ

ကြည့်ကောင်းဖို့ထက်

ကိုယ့်ကိုယ်ကို

စိတ်ကျေနပ်တာက

ပိုကောင်းတယ်လို့

ကျွန်တော်တော့ ထင်တာပဲ။

အလိမ္မာစာမှာရှိလို့ ဆိုပေမဲ့

အသက်ကြီးပြီး

မလိမ္မာသေးရင်လည်း

ဘာစာမှ ရှိမှာမဟုတ်ဘူး။

စာတွေအများကြီးဖတ်ပြီး

ဦးနှောက်နည်းနည်းပဲ

သုံးတဲ့သူဟာ ပျင်းပျင်းရှိတိုင်း

လျှောက်တွေးနေတတ်တယ်။

ခင်ဗျား ဘာမှဖြစ်မလာတာ

ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး

ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက်

ဒေါသထွက်မနေနဲ့

အမှာထဲက သင်ယူပါ။

မြန်မြန်ထက်ထက်လုပ်ပါ

မှားသွားပါစေ ကိစ္စမရှိဘူး

အမှာထအပေါ် သင်ခန်းစာယူပြီး

နောက်ထပ်တော့ မမှားပါစေနဲ့ပေါ့။

လူတိုင်း သေကြချည်းပါပဲ

နာမည်ကောင်းနဲ့ သေမလား

ဒါမှမဟုတ် နာမည်ဆိုးနဲ့ သေမလား

ခင်ဗျားရေးခဲ့တဲ့ သမိုင်းပေါ်မှာပဲ

မူတည်ပါတယ်။

 

ဘဝတစ်ခုမှာ ကုန်ဆုံးခြင်းဟာ

ကံဆိုးမိုးမှေင်ကျခြင်းမဟုတ်ဘူး

ဘဝကို စတင်ဖို့ အချိန် ဆွဲနေခြင်းကသာ

ကံဆိုးမိုးမှောင် ကျခြင်းဖြစ်တယ်။

ကျောက်တုံးအားလုံးရဲ့ အထဲမှာ

လှပသော ရုပ်တုများ ရှိနှင့်ပြီးဖြစ်သည်

ထိုရုပ်တုများကို ရှာဖွေတွေ့ ရှိရန်မှာ

ကျောက်ဆစ်ပညာရှင်၏ တာဝန်ပင်ဖြစ်သည်။

စိတ်အားထက်သန်မှုရှိရင်

သင်ဟာဘာမဆို လုပ်နိုင်တယ်

စိတ်အားထက်သန်မှုဟာ

သင့်ရဲ့ မျှော်လင့်ချက်တွေကို

ကြယ်မျာဆီတက်ရောက်စေမယ့်

ဆေးဖြစ်တယ်။

ဘယ်သူခိုင်းလို့မှ မပြောဘူး။

Credit-သုတဇုန်

Post Author: MM Book City

2 thoughts on “နာမည်ကျော် လူပုဂ္ဂိုလ်ကြီးများ၏ စကားလေးများ

    Xīng Xīng

    (28/12/2017 - 7:37 pm)

    ဘဝစီမံကိန်း

    Thuya

    (21/01/2018 - 9:58 pm)

    T

Leave a Reply

Your email address will not be published. Required fields are marked *

13 − 4 =