ဆုပ်ကိုင်ယူပါ

အရှုံး တစ်​ခုအတွက်​ အမုန်းကိုသုံးပြီး
ကိုယ့်​ဘဝကိုယ်​ သတ်​​တော့မှာလား
အမုန်းကို ​အောင်​မြင်​ခြင်းအတွက်​အသုံးချပါ

အရှုံးဆိုတာ ဘဝရဲ့မှတ်​တမ်းတစ်​ခုလည်းဖြစ်​တယ်
တိုက်​ဆိုင်​မှုနဲ့လိုအပ်​ချိန်​တိုင်း ပြန်​ကြည့်​လို့ရတယ်

တချို့လဲကျမှုမှာ နလန်​ထူနိုင်​ဖို့
လုံ​လောက်​တဲ့အချိန်​တစ်​ခု​ရင်းနှီးရတယ်

လက်​တစ်​​ချောင်​ကျိုးတာ ပုံမှန်​ပြန်​ဖြစ်​ဖို့
အနည်းဆုံးအချိန်​​လေးလ​ပေးရတယ်
ဒီကာလ​တွေမှာ နာကျင်​မှုကိုလည်းကျိတ်​မှိတ်​ခံရမယ်
ပြန်​​ကောင်းသွားရင်​ အရင်​လိုအမှား​ကြောင့်
ကိုယ့်​စီကတစ်​ခုခုမရှုံးဆုံး​စေဖို့ သတိပြုမိသွားတယ်

ငယ်​ငယ်​က လဲကျသွားရင်
ဝိုင်းဝန်း​ဖေကူ​ပေးကြတယ်
ကြီးလာ​တော့
အသံမထွက်​တဲ့လက်​ခုပ်​သံ​တွေကြား​နေရတယ်
ဒါဟာ မင်းရဲ့မခံချင်​စိတ်​ကိုနိုးဆွ​ပေးတာလည်းဖြစ်​တယ်

ငှက်​တစ်​​ကောင်​ ပျံသန်းတတ်​ဖို့
အချိန်​တစ်​ခုနဲ့ ပျံသန်းနိုင်​တဲ့အ​တောင်​တစ်​စုံရှိဖို့လိုတယ်

လူတစ်​​ယောက်​ ကိုယ့်​ဘဝကိုယ်​ထိန်း​ကြောင်းဖို့
အချိန်​အများကြီး​ပေးစရာမလိုဘူး
ကိုယ့်​ကိုယ်​ကို ဆုံးမတတ်​ဖို့ပဲလိုတယ်

ကျန်​ခဲ့တဲ့အမှား​တွေကိုပြန်​လှန်​​နေခြင်းထက်
မ​ရောက်​​သေးတဲ့အနာဂတ်​အတွက်
အချိန်​ပို​ပေးတာ အကျိုးရှိပါတယ်

မင်းအတိတ်​ကို ဘယ်​သူမှစိတ်​မဝင်​စားဘူး
ဒါ​ပေမယ့်​ မင်းအတိတ်​ကိုမင်းဂရုစိုက်​ရလိမ့်​မယ်
မင်းရဲ့အမည်​ထက်​ မင်းရဲ့လုပ်​​ဆောင်​မှုကိုပိုဂရုစိုက်​ကြမယ်
မင်းရဲ့လုပ်​​ဆောင်​မှုဟာ
မင်းအမည်​ရဲ့အသက်​​သွေး​ကြောဖြစ်​​နေလို့ပဲဆိုတာ
မ​မေ့လိုက်​နဲ့။

credit:  ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

2 thoughts on “ဆုပ်ကိုင်ယူပါ

    July Wai

    (18/12/2017 - 9:14 am)

    အကျိုးရှိတဲ့ စာစုများ နှင့် စာအုပ်များကို ဖတ်၊မှတ်၊နာယူကျင့်သုံး နေပါတယ်။ကျေးဇူးလည်းတင်ပါကြောင်း ချစ်မွမ်း စကားပြော ကြားအပ်ပါသည် ခင်ဗျာ။

    Kyi lae lae win

    (18/12/2017 - 12:28 pm)

    I love it!

Leave a Reply

Your email address will not be published. Required fields are marked *

five × five =