ဆုံမစားလေးများ(၁)

အလိုလိုတော်နေတဲ့ မွေးရာပါ ပါရမီရှင်ဆိုတာ မရှိဘူး

ကြိုးစားအားထုတ်မှုတော့ ပါရတာချည်းပဲ

တစ်ခုခုမှာ ထူးချွန်ဖို့ဆိုရင် အဲ့ဒီတစ်ခုခုမှာ

အမှန်တစ်ကယ် စိတ်အာထက်သန်နေဖို့ လိုတယ်

အလွန်ကျွံ့ အဆိုးမြင်တာ မကောင်းသလို

အလွန်အကျွံ့ အကောင်းမြင်တာလည်း မကောင်းဘူး

ကိုယ်နားမလည်တိုင်း မကောင်းဘူးမပြောနဲ့

မပစ်ပယ်နဲ့

သူများတွေ သဲသဲလှုပ်နေတာကို ကိုယ်မလှုပ်တာ

ဘာမှမဖြစ်ဘူး၊ ပုံမှန်ပဲ

စိတ်အားထက်သန်မှုမှာ အကန့်အသတ်ရှိတယ်

အရေးမပါတာတွေမှာ စိတ်အားထက်သန် မနေနဲ့

တစ်ကြိမ်မှာ ရည်မှန်းချက် တစ်ခုနှစ်ခုကိုပဲ

သေချာ အာရုံစိုက်ထား

မျှတယုံဆိုတာ ဟိုမရောက်ဒီကရောက်တွေရဲ့ အလေ့အကျင့်

ထိုးထွက်ချင်ရင် မျှတယုံလောက်နဲ့ မရဘူး

မိတ်ဆွေအရင်း သူငယ်ချင်းအရင်း ဆိုပေမယ့်လည်း

ပါမလာရင်ချန်ခဲ့ ရမှာပဲ

ကိုယ်ထက်အောင်မြင်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း

ရှိမှာပဲ..ထုံးစံပဲ … အဲဒါကိုကြည့်ပြီး ပူမနေနဲ့

မိတ်ရင်းဆွေရင်း မရှိလို့ ဘာမှမဖြစ်ဘူး

မျက်မှန်းတန်းယုံ မိတ်ဆွေတွေလဲ မိတ်ဆွေပဲ

မိတ်ဖွဲ့တယ်ဆိုတာ ပျော်စရာကောင်းပါတယ်

လိုလည်း လိုအပ်ပါတယ်

အပေါ်ယံရုပ်အသွင်အပြင် အရေးမပါဘူးဆိုတာ

လျှောက်ပြောနေတာ၊ သိပ်အရေးပါတာပေါ့

အပြင်းအထန် ကြိုးစားဖို့ထက်

အလျှေ့သောဇွဲ ရှိဖို့က ပိုအရေးကြီးတယ်

ပွင့်လင်းတယ်ဆိုတာ

အမြဲကောင်းတာ မဟုတ်ဘူး

ဘယ်သူမဆို တစ်ခြားသူတွေလည်း

ကိုယ့်လိုပဲလို့ ထင်တက်ကြတယ်

ကိုယ်ကို မျက်မုန်းကျိုးတေသူတွေကို အဖက်လုပ်မနေနဲ့

အဖက်လုပ်နေလို့လည်း ဒီလုတွေအမြင် ပြောင်းမှာမဟုတ်းဘူး

ဇွဲနဘဲ ကြီးတာနဲ့ ခေါင်းမာတာကို

ကွဲပြားဖို့လိုတယ်

ဘဝဘက်တွဲဖော်နဲ့ ပက်သက်ရင် သူများပေးတဲ့

အကြံဉာဏ်ဆိုတာ သုံးမရတာ များတယ်

ကိုယ့်ကိုပွင့်ပွင့်လင်းလင်းဝေဖန်တာကို လိုချင်လား

အမည်မဖော်ပဲ ဝေဖန်ခိုင်းရတယ်

Credit#

 

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *