ကမ္ဘာကို ကိုင်လှုပ်ခဲ့ သူတို့၏စကားလေးများ

ပြုံးနေတယ်ဆိုတိုင်း သူ့စီမှာ

စိတ်ညစ်စရာ မရှိတာမဟုတ်ဘူး

သူဒီလိုပြုံးနိုင်တာဟာ စိတ်ညစ်စရာတွေကို

ရင်ဆိုင်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်တာပါ။

လူတွေရဲ့ စိတ်ခံစားချက်ကို

ဘယ်တော့မှ မကစားပါနဲ့။

ဒီလို ကစားလိုက်ရင် ကစားပွဲတော့နိုင်လိမ့်မယ်

ဒါပေမဲ့ အဲ့ဒီလူကို တစ်သက်လုံး ဆူံးရှုံးသွားလိမ့်မယ်။

အကြွေစေ့တွေက အသံမြည်တယ်

ငွေစက္ကူတွေက အသံမမြည်ဘူး

ဒါကြောင့် သင့်တန်ဖိုး ပိုမြင့်လာရင်

တိတ်တိတ်နေပါ။

အခွင့်အရေး ဆိုတာ

နေထွက်ချိန်လိုပဲ

အကြာကြီး စောင့်နေရင်

ကျော်သွားတတ်တယ်။

သင်အလင်းရောင် အောက်မှာ ရှိနေရင်

အရာရာက သင့်နောက်လိုက်နေတယ်။

သင် အမှောင်ထဲရောက်သွားရင်တော့

သင့် အရိပ်တောင် သင့်နောက်မလိုက်တော့ဘူး။

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *