မနက်ဖြန်အတွက်

အတုမြင်​အတတ်​သင်​ သူ​တွေကြားမှာ

လိုက်​တုတိုင်းတုလို့မရတာ​တွေလည်းရှိတယ်

လိုက်​တု​နေရင်း အသစ်​ဖြစ်​သွားရတာလည်းရှိတယ်

တိမ်​​တွေညိုမှိုင်းလည်း တချိန်​ပြန်​ပြီးကင်းစင်​တယ်

ကမ်းမရှိတဲ့မြစ်​​ချောင်းမရှိပါဘူး လမ်းဆုံးရင်

ခိုနားစရာတစ်​ခု​တော့ရှိကြစမြဲပဲ

ရပ်​မ​နေနဲ့​တွေးမ​နေနဲ့ စဉ်​စားရင်းကုန်​လွန်​သွားတဲ့အချိန်​​တွေ

နှ​မြောဖို့​ကောင်းတယ်​ မင်းရပ်​​နေမယ်​ဆိုလည်း

အချိန်​​တွေကုန်​မယ်​ ​ပြေး​နေမယ်​ဆိုလည်းအချိန်​မှာ

တိကျတဲ့အရာတစ်​ခုခုကို​တော့ မင်း​ရွေးချယ်​ထားရမယ်

ဂယက်​ရိုက်​​နေတဲ့ ​ရေလှိုင်း​တွေ

ဘယ်​​လောက်​ပဲအား​ကောင်း​ကောင်း ​လှေ​အောက်​မှာပဲရှိတယ်

 မင်းပဲ့ကို မင်း​သေချာမထိန်းရင်​​တော့

လှိုင်း​တွေ​အောင်​မှာအပန်းမ​ပြေ​အောင်​ မင်းနစ်​မြုပ်​​နေရမယ်

မင်းအ​ကောင်းဆုံးကိုလိုချင်​ရင်​ ဆိုးရွားမှု​တွေကိုရင်​ဆိုင်​ရဲရမယ်

မုန်​တိုင်းကို​ကျော်​မှ သာယာတဲ့ရာသီတစ်​ခုကိုခံစားရမယ်

အခက်​ခဲဆိုတာ မင်းအမည်​တပ်​ပြီးလက်​​ဆောင်​​ပေးတာမဟုတ်​ဘူး

ခံယူနာကျင်​​နေသူအတွက်​ ​လောကကြီးက အလကား​ပေး​နေတဲ့လက်​​ဆောင်​ပဲ

မင်းယူလို့လည်းရတယ်​ မင်းမယူလည်းရတယ်

ဘဝဟာ ခဏတာပါဆိုရင်​ အဲ့ခဏ​လေးကိုမျက်​ရည်​နဲ့နိဂုံးချုပ်​မှာလား

မင်းစိတ်​ မင်းဘဝမို့မင်းဘာသာငို ငါက​တော့

နေ့ရက်​တိုင်းပြုံးနိုင်​ဖို့ ခုပဲရင်​ဆိုင်​ကြိုးစားလိုက်​မယ်

ဘာမထီဘွား…အ​တွေးစာစု​လေးများ

 

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *