ဘာလုပ်​မှာလဲ

ဘဝ မှာ မြင့်​မြင့်​မားမားရှင်​သန်​နိုင်​ဖို့
နည်းလမ်းနှစ်​ခုရှိတယ်

အစွမ်းကုန်​ တိုးထွက်​မလား
ကြံ့ကြံ့ခိုင်​ ရင်​ဆိုင်​မလား

စစ်​တုရင်​ ကစားပွဲတစ်​ခုလို
ကိုယ့်​ကစားကွက်​ ကိုယ်​အ​ကောင်းဆုံးခင်းကျင်းထား​ပေမယ့်
လောကဓံ ကန့်​လန်​ကာ​နောက်​က
ဘယ်​လိုအခက်​အခဲ​တွေထွက်​​ပေါ်လာမလဲ
ဆိုတာမသိနိုင်​ဘူး​လေ

ဖောင်​ဖျက်​တိုက်​မယ်​ဆိုလည်း အပြည့်​အဝကိုယ်​လိုချင်​ရာဖို့
မညှာမတာ တိုက်​ပါ
ကြံ့ကြံ့ခိုင်​ ရင်​ဆိုင်​မယ်​ဆိုလည်း
ဇွဲမ​လျော့တမ်း ခံစစ်​ခင်းပါ
သက်​လုံဆိုတာ ကြာလာတာနဲ့အမျှ​လျော့ကျစမြဲပါ
အခက်​ခဲဆိုတာ အသက်​ရှိ​နေသ​ရွှေကြုံ​နေမှာပဲ
အခက်​ခဲ​တွေကြားမှာ ​နေသားကျလာရင်
ပျော်​စရွင်​အဖြစ်​အသွင်​​ပြောင်းသွားတယ်

အ​ကောင်းဆုံးခံစစ်​ဟာ
အ​ထက်​မြက်​ဆုံးတိုက်​စစ်​ပဲ​လေ

အုတ်​​နံရံကို​ခေါင်းနဲ့တိုက်​တာရူးလို့လုပ်​တာ
ခေါင်း​ကောင်းတဲ့လူ​တွေက
ပေါင်​တူနဲ့ထုတယ်​ နည်းပညာနဲ့ဖြိုဖျက်​တယ်

ဘဝဆိုတာ​နေတတ်​ရင်​​ကျေနပ်​စရာပါ
ဒါ​ပေမယ့်​ ​နေတတ်​သလို​နေရင်
တဖြည်းဖြည်းအ​နေခက်​ရလိမ့်​မယ်
ကျေနပ်​စရာ​တော့ ရှိလာမှာမဟုတ်​ဘူး

ဖြတ်​​ကျော်​ပါ ဘဝဆိုတာ
အခက်​ခဲဆိုတဲ့ ​မေးခွန်း​တွေနဲ့ပြည့်​နှက်​​နေတာ
လူတစ်​​ယောက်​ကိုချစ်​မိပြီဆိုရင်​​တောင်
အခက်​အခဲအနည်းအကျဉ်း​တော့ရှိတယ်

ငယ်​ငယ်​တုန်းက ​ချော်​လဲရင်
ထိခိုက်​ဒဏ်​ရာရမှုအရမ်းနည်းတယ်
နာကျင်​မှုလည်း​ပြေ​ပျောက်​လွယ်​တယ်

ရင့်​မာလာတဲ့အချိန်​မှာ​တော့
ခြေ​ခေါက်​လဲရင်​​တောင်​ အ​တော်​နာကျင်​ခြင်းကိုခံစားရတယ်
သေချာဂရုစိုက်​ဖို့လိုတယ်

သူများ​ဖောက်​တဲ့လမ်းကို​လျှောက်​မယ်​ဆိုရင်
လမ်းကြမ်းတယ်​ဆိုပြီး မ​ဝေဖန်​နဲ့
သူများကို​ဝေဖန်​မိပြီဆိုတာနဲ့
မင်းဟာ သူထက်​များစွာနိမ့်​ပါးသွားပြီဘာလို့လဲဆို​တော့
မင်းဟာသူခင်း​ပေးတဲ့လမ်း​ပေါ်မှာ
ကဲ့ရဲ့​နေလို့ပဲ….။

ကဲ့ရဲ့သံ​တွေကို နားစင်​ပြီး
ကြံ့ကြံ့ခိုင်​ကာကွယ်​ပြီးအ​ကောင်းဆုံး​ရှေ့ဆက်​မလား
ဒါမှမဟုတ်​ ကိုယ်​ရည်​ကိုယ်​​သွေးနဲ့
ဖောက်​ထွက်​မလား

ရွေးချယ်​မှုသည်​မိမိအတွက်​ဖြစ်​ပါ​စေ…။

ဘာမထီဘွား…အ​တွေးစာစု​လေးများ

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *