င​တေနဲ့​ပေါင်းမှ ရုက္ခစိုး ကိုယ်​ဝန်​ရတယ်

င​တေက ရွာမှာ ​ဆေးသမား
မိဘပိုက်​ဆံထိုင်​ဖြုံးပြီး
အမြဲ ​ဆေး​ခြောက်​ရှူ ​နေတာ

သွားရှူ တဲ့​နေရာက
ရွာထိပ်​က ​ညောင်​ပင်​ကြီး​အောက်​မှာ

ဒီလိုနဲ့ ​ညောင်​ပင်​​စောင့်​တဲ့ ရုက္ခစိုးက
အ​ငွေ့​တွေရှူ ရင်း ​ဆေး​ခြောက်​စွဲလာပါ​ရော

တဖြည်းဖြည်းနဲ့ င​တေ ပိုက်​ဆံပြတ်​ပြီ 
ဆေး​ခြောက်​လည်း မရှူ နိုင်
ရုက္ခစိုး လည်​တဆန့့်​ဆန့်​နဲ့ ​မျှော်​ရပြီ​လေ

တ​နေ့
င​တေက ​ညောင်​ပင်​​အောက်​ ဖြတ်​သွား​တော့
ရုက္ခစိုးက လူ​ယောင်​ဖန်​ဆင်းပြီး

” ဟ င​တေ မင်း​ သစ်​ပင်​​အောက်​ 
ဆေး​ခြောက်​လာမရှူ တာ ကြာပြီ ဘာဖြစ်​လို့လဲ ”

မေးပြီ​ပေါ့ဗျာ သူလည်း ​ဆေး​ခြောက်​စွဲ​နေပြီကို

” ​အေး ငါလည်း ပိုက်​ဆံ မရ​တော့လို့
မလာနိုင်​တာ​ပေါ့ကွာ ” လို့ ပြန်​​ပြောတာ​ပေါ့

အဲ့ဒီအချိန်​မှာပဲ ​မောင်း​ကြေးနင်းသံနဲ့အတူ
မူးကြီးမတ်​ရာ​တွေ မြင်းပြိုင်​ပွဲ အတွက်​ 
ကြေငြာတဲ့အ​ကြောင်း

” ဘုရင့်​​နေပြည်​​တော်​တွင်​ မြင်းအ​ပြေးပြိုင်​ပွဲ
ပြုလုပ်​မည်​ ဖြစ်​ပါသဖြင့်​ ပထမဆု ရရှိသူအား
ဆု​တော်​​ငွေ တစ်​​ထောင်​ ချီးမြှင့်​မည်​ ” ဒူ

အို​ကေ ရုက္ခစိုးက အကြံရပြီ

” ​ဟျောင့်​ င​တေ
ငါက ဒီ​ညောင်​ပင်​​စောင့်​ ရုက္ခစိုးကွ အဲ့ဒီ​တော့
ငါက မြင်းတစ်​​ကောင်​ ဖန်​ဆင်းပြီး ငါ့တန်​ခိုးနဲ့
အနိုင်​ရ​အောင်​လုပ်​မယ်​ ဆု​ငွေရရင်​ 
ဆေး​ခြောက်​ဝယ်​ပြီး မင်းပြန်​လာခဲ့” ​ပေါ့

ဒီလိုနဲ့ ပြိုင်​ပွဲမှာ ရုက္ခစိုးက မြင်းဖြစ်​ပြီး
င​တေက ဝင်​ပြိုင်​တာ​ပေါ့

ပြိုင်​ပွဲတာလွှတ်​ပြီဆိုတာနဲ့ ရုက္ခစိုးက
သူ့တန်​ခိုးနဲ့ အမြန်​​ပြေးပြီး
ပထမဆု ဆွတ်​ခူးလိုက်​တာ​လေ

ဘုရင်​က အရမ်းသ​ဘောကြပြီး
ဆု​တော်​​ငွေ ချီးမြှင့်​တာ​ပေါ့ ။
ဒါအပြင်​ ဒီမြင်းမျိုးကို သ​ဘောကြပြီး 
လောဘတက်​လာ​ရော

” မင်းကြီးများ

ဒီမြင်းကို ငါ အရမ်းသ​ဘောကြတယ်​ကွဲ့
အဲ့ဒီ​တော့ ဒီမြင်းရဲ့မျိုးကို ငါလိုချင်​တယ်
ဒီမြင်းရဲ့မျိုးဆက်​ကိုရ​အောင်​စီစဉ်​ကြစမ်း ” လို့.. အမိန့်​​တော်​ ထုတ်​သတဲ့

ဒါနဲ့ ” ဟဲ့င​တေ မင်းမြင်းကို ယူခဲ့ပါ
မင်း မြင်းရဲ့မျိုးကိုယူရမယ်​” လို့​ခေါ်​တော့
င​တေလည်း ​ခေါ်လာရတာ​ပေါ့

အဲ့ဒါနဲ့ ကြည့်​လိုက်​​တော့
မြင်းက မြင်းမကြီး ဖြစ်​​နေပါ​ရောတဲ့

” ဟဲ့ င​တေ ဒါ ဘုရင့်​အမိန့်​ဖြစ်​တဲ့အတွက်
မင်းမြင်းကို ထားခဲ့ရမယ်​ သား​ပေါက်​ပြီးချိန်​မှ မင်းမြင်းကို လာယူရမယ်​လို့
” အမိန့်​​တော်​ ချမှတ်​လိုက်​တယ်​တဲ့​လေ

သွားပြီ ဒွတ်​ခ​တော့ ​ရောက်​ပြီ ရုက္ခစိုးလည်း

ပိုက်​ဆံရချင်​​ဇောနဲ့ မြင်းဖြစ်​ပြီး​ရော
ဖန်​ဆင်းလိုက်​တာ ကိုယ့်​ကိုကိုယ်
ဘာဖြစ်​သွားမှန်း မသိလိုက်​ဖူး

အခု​တော့ ရုက္ခစိုး ရှုံးပွဲချ ငိုပြီ​လေ

” အမ​လေး င​တေ​ရေ ငါရုက္ခစိုးလည်း
င​တေနဲ့​ပေါင်းမှ ကိုယ်​ဝန်​ရ​တော့တယ်​ဟဲ့ ”

Credit#

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *