အမကြီးပီသရင် အမေပါပဲ

အမကြီးဆိုတာ ဒုတိယ အမေဖြစ်သလို
မောင်လေး ညီမလေးတွေ အတွက် ဘုရားကပေးတဲ့ ဆုလာဒ်ပါ။

မောင်လေး ညီမလေးတို့၏ ဒုတိယအားကိုရာ ဖြစ်သလို
မိခင်ကြီး၏ အားအကိုးအရဆုံး သမီးကြီးပါ။

အငယ်တွေအတွက် အနစ်နာခံတတ်သလို
မိသားစုအတွက် အမိုးအကာတစ်ခုလို့လည်း ပြောလို့ရပါတယ်။

အမကြီးပီသရင် အငယ်တွေအတွက် စံပြဖြစ်သလို
မိသားစုရဲ့ ဂုဏ်ဆောင်ပါ။

အမကြီးဆိုတာ အငယ်တွေအတွက် အမြဲလိုလိုဖြည့်တွေးတတ်ပီး
အငယ်တွေရဲ့ ဆိုးမွေကောင်းမွေကို မိဘကိုယ်စား ခါးစီးခံနေတတ်သူပါ။

အစားအစာကို ဦးစားပေးကျွေးသလို အသုံးအဆောင်ကိုလည်း
အငယ်တွေနဲ့ယှဉ်ရင် အမြဲလိုလို နောက်လျှိုနေတတ်သူပါ။

လိုအပ်ရင် မိသားစုစားဝတ်နေရေးအတွက် မိဘများနဲ့ တန်းတူ
ရုန်းကန်နေပီး အငယ်တွေပညာရေးအတွက် မိမိကိုယ်ကို
အနာခံတတ်သူမှာလည်း အမကြီးတွေပါပဲ။

အိမ်၏ မိးဖိုချောင်ကိစ္စအပြင် မိဘနှစ်ပါးနှင့် အငယ်တွေရဲ့ဝေယျာဝစ္စ
ကို မျက်နှာမမဲ့စတမ်း လုပ်ကိုင်ပေးနေတာလည်း အမကြီးတွေပါပဲ။

တစ်ချို့သော မိသားစုများတွင် အငယ်တွေကို ဦးစားပေးရင်းနဲ့
အပျိုကြီးဖြစ်နေတတ်တာလည်း အမကြီးတွေပါပဲ။

အမကြီးပီသသော အမကို ပိုင်ဆိုင်ထားသော အငယ်တွေအနေဖြင့်
“အမေ”အရင်း နှစ်ယောက်ပိုင်ဆိုင်ထားသည်ဟု ချဲ့ကားပြောဆိုလို့ရပီး
်အမကြီးဆိုတာ ဒုတိယအမေ ပဲဖြစ်ပါတယ်။

အမကြီးပီသသူအားလုံးသည် အငယ်တွေရဲ့ ဒုတိယအားကိုးရာ
ရင်ခွင်တစ်ခုဖြစ်ပီး အငယ်တွေရဲ့ ခံစားချက်ကို မိဘတွေထက်ပင်
နားလည်နွေးထွေးနှစ်သိမ့်ပေးနိုင်သော၊ ကြင်နာတတ်သော
နှလုံးသားပိုင်ရှင်များ ဖြစ်နေပါတော့တယ်။

တကယ်တော့…
အမကြီးပီသရင် အမိ ဖြစ်သလို အမိတစ်ယောက်လို အငယ်တွေ
အပေါ်မှာ တာဝန်ကျေပီး အနစ်ခံတတ်သော သူတွေပါ။
အမကြီးပီသ သူကို ပြစ်မှားမိသော သူသည် မိခင်အပေါ်ပြစ်မှားမိ
သလို ဖြစ်နေတတ်တယ်ဆိုတာကို သတိရပေးပါနော်။

လေးစားစွာဖြင့်
ဇင်းနစ်​ မကွေး

Post Author: MM Book City

Leave a Reply

Your email address will not be published. Required fields are marked *