“”တရုတ်ပညာပေးစာများကို ဘာသာပြန်ဆိုထားသည်””

တကယ်လို့မင်းက သိမ်းငှက်တစ်ကောင်ဆိုပါစို့၊ ဘယ်သူမှ လက်ခုပ်မတီးလည်း မင်း အမြင့်ပေါ်မှာပျံသန်းနေရမယ်။ တကယ်လို့မင်းက မြက်ကလေးတစ်ပင်ဆိုရင် ဘယ်သူမှ တန်ဖိုးလာမထားလည်း မင်းရှင်သန်ရမယ်။ တကယ်လို့မင်းက ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်ဆိုရင် ဘယ်သူမှ လာမွှေးမယ့်သူမရှိလည်း မင်း မွှေးကြိုင်သင်းပျံ့နေရမယ်။ တကယ်လို့မင်းက ဒီဇိုင်နာဆိုရင် ဘယ်သူမှ အားပေးမှုမရှိလည်း မင်းရဲ့ဖန်တီးမှုကိုအမြဲပြုလုပ်နေရမယ်။ အလုပ်လုပ်တာ လူတိုင်းအားပေးမှ မင်းအလုပ်လုပ်ရမှမဟုတ်ပါဘူး အကောင်းဆုံးရေကုန်ရေခမ်းလုပ်ဖို့သာမင်းတာဝန်ပါ။ အသက်ရှင်ရပ်တည်ဖို့ လူတိုင်းအချစ်ခံဖို့မလိုပါဘူး အရိုးစင်းဆုံးနေသွားဖို့သာ မင်းတာဝန်ပါ။ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် တပါးသူရဲ့ပြက်ရယ်လှောင်ဖွဲ့ခြင်းကိုခံရမယ်၊ အဲတော့ ဘာဖြစ်လဲ၊ သူတို့ပြက်ရယ်ကို အောင်မြင်မှုဆီတပါတည်းခေါ်သွားပြီး အလှဆင်လိုက်ပေါ့၊ စိတ်အားကျနေစဉ် မျက်နှာမှာမပေါ်လွင်နေစေပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမမြင်ချင်လို့ပါ။ ဆင်းရဲကျပ်တည်းနေလည်း ပါးစပ်က ထုတ်မပြောပါနဲ့ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ အလကားပိုက်ဆံမထုတ်ပေးပါ။ အလုပ်အကိုင် အရမ်းပင်ပန်းနေလည်း ထုတ်ဖော်မညဉ်းညူလိုက်ပါနဲ့ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမင်းအစားထိုးမလုပ်ပေးပါ။ အသက်ကြာကြာမရှင်ရတော့လည်း မကောင်းမှုကိုမပြုပါနဲ့ […]

“ကိုယ့်ပတ်ဝန်းကျင်မှာ ပျော်ပျော်နေတတ်တဲ့ ပေါတောတော သူငယ်ချင်းလေးတွေရှိရင် သူတို့ကို တန်ဖိုးထားပါ.”

ကိုယ့်ပတ်ဝန်းကျင်မှာ ပျော်ပျော်နေတတ်တဲ့ ပေါတောတော သူငယ်ချင်းလေးတွေရှိရင် သူတို့ကို တန်ဖိုးထားပါ… ဘာဖြစ်လို့လဲဆိုတော့ Leadership တို့၊ Management တို့လို ပညာတွေကို မတတ်ဘူးဆိုရင် သင်ပေးလို့ရတယ်၊ အဲ့ဒီအတွက် သင်တန်းတွေရှိတယ်…သို့သော် စတတ်၊ နောက်တတ်တဲ့ အတတ်ပညာတို့ ပျော်တတ်ပါးတတ်တဲ့ အကျင့်စရိုက်တို့ ပြောင်စပ်စပ်မျက်နှာပေးလေးတွေတို့ ပေါတောတော လုပ်ရပ်လေးတွေတို့ ရွှတ်နောက်နောက် စကားလေးတွေတို့ ကြောင်တောင်တောင် အတွေးအခေါ်လေးတွေတို့ ချစ်စရာကောင်းတဲ့ ဟာသဉာဏ်လေးတွေတို့ ကိုယ့်အပျော်ကို တစ်ပါးသူဆီပါ ကူးစက်စေတဲ့ စေတနာလေးတွေတို့ စတဲ့အရာတွေကလေ သုံးလပြတ်သင်တန်းတစ်ခု သွားတက်ပြီး ရှာလာလို့ မရပါဘူး… အဲ့ဒါတွေက တကယ်တော့ ပါရမီထူးတွေပါ အထူးသဖြင့် လောကကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်တဲ့သူ အများစုမှာပဲ ရှိတတ်တဲ့ အထုံပါ… စဉ်းစားကြည့်လေ သူတို့ရဲ့တန်ဖိုးက ကြီးလေပဲ၊ ဥပမာ ခရီးတစ်ခုထွက်တယ်၊ ဟိုလူကလည်း […]

“​ကောင်​​လေး သို့မဟုတ်​ ​ကောင်​မ​လေး ဖတ်​ဖို့”

~~ဘဝဆိုတာ အချိုးအ​ကွေ့များတဲ့လမ်းတစ်​ခုလိုပဲ ​ဖြောင့်​ဖြူးတဲ့အချိန်​ရှိသလို ခက်​ခဲတဲ့အချိန်​လည်း ရှိတယ်​ ​အေးချမ်းတဲ့ အချိန်​ရှိသလို ​မောပန်းရတဲ့အချိန်​လည်းရှိတယ်​ သာယာတဲ့အချိန်​ရှိသလို ပူ​လောင်​ရတဲ့အချိန်​လည်းရှိတယ်​ ဘယ်​အ​ခြေအ​နေ မှာမဆို ကိုယ်​​ရောက်​​နေတဲ့ဘဝကို လက်​ခံနိုင်​ရမယ်​ ~~မင်း​အောင်​မြင်​​နေချိန်​မှာ လက်​ခုပ်​တီးအား​ပေးမယ့်​သူရှိသလို မင်းမ​ကောင်း​ကြောင်းသတင်းလွှင့်​မယ့်​သူလည်းရှိမယ်​ မင်းရှုံးနိမ့်​ချိန်​မှာ ကူညီ​ဖေးမမယ့်​သူရှိသလို စိတ်​ချမ်းသာ​နေမယ့်​သူ​တွေလည်း ရှိမယ်​ ဘယ်​လိုလူမျိုးနဲ့ကြုံ ကြုံ ဘယ်​အ​ခြေအ​နေ​တွေ​ရောက်​​ရောက်​ မင်းကိုယ်​မင်း ယုံကြည်​မှုအပြည့်​နဲ့ အားပြန်​​ပေးဖို့ရယ်​ ​ရောက်​​နေတဲ့​နေရာက​နေ ရပ်​တန့်​မ​နေဖို့ရယ်​က မင်းရဲ့ဝတ္တရားပဲ ~~အရှုံး​တွေကြုံ လာတိုင်း”ငါ့​လောက်​ကံဆိုးတဲ့သူရှိပါ့ဦးမလား”လို့ စိတ်​ပျက်​အားငယ်​​နေမယ်​ဆိုရင်​ မင်းရည်​မှန်းချက်​​တွေပြည့်​ပါ့ဦးမလား။ တစ်​ခါလဲကျတိုင်း ပန်းတိုင်​နဲ့ ပိုနီးလာပါလား ဆိုပြီး အားတင်း​ရှေ့​လျှောက်​စမ်းပါ။ ​ဝေဖန်​သံ ကဲ့ရဲ့သံ​တွေက အချိန်​အတိုင်းအတာ တစ်​ခုအတွင်းရပ်​တန့်​သွားကြမှာမို့ အသံတိုင်းကိုသာမင်းဂရုစိုက်​​နေရင်​ မင်းရဲ့စိတ်​ဓာတ်​​တွေ အမှိုက်​ထုပ်​လို ညစ်​ပတ်​နံ​စော်​​နေလိမ့်​မယ်​ ~~မင်းသိထားရမှာက “ကိုယ့်​ရဲ့​ပျော်​ရွှင်​မှု ဝမ်းနည်းမှု စိတ်​ချမ်းသာမှု​တွေဟာ ကိုယ်​တိုင်​ပဲ ဖန်​တီးလို့ရတဲ့အရာ​တွေပါ။သူတစ်​ပါး […]

“အတွေးခေါ်စာစုလေးများ”

.(၁)တွေးခေါ်မူတွေကိုအလေးထားလွန်းရင် လုပ်ဆောင်မူတွေရောင့်ရဲလာတတ်တယ်…။ (၂)..ဟေ့..လူလေး… ပျော်အောင်လည်းနေတော်အောင်လည်းကြိုးစားနော်… ဒါမှ.ထိပ်တန်းရောက်မယ်…။ (၃)ဆရာကတံခါးသာဖွင့်ပေးနိုင်ပါ၏ သို့ သော်—အခန်းထဲသို့ သင်ကိုယ်တိုင် ၀င်ရပေလိမ့်မည်..။ (၄)ရည်းစားစာသည်ပေးသူနှင့် လက္ခံသူတို့ မှအပ အခြားသူတို့ အဖို့ အဓိပ္ပါယ်မရှိ၊ရယ်ဖွယ်သာဖြစ်သည်…။ (၅)..မနေ့ ကအဖြစ်အပျက်သည်အတွေ့ အကြုံဖြစ်သည်။ ။ …မနက်ဖြန်သည်မျှော်လင့်ချက်ကိုသရုပ်ဆောင်၏။ ။ ယနေ့ သည်မနေက့ နှင့်မနက်ဖြန်သို့ အတတ်နိုင်ဆုံးကောင်းအောင် ကူပြောင်းပေးသည့်အရာပင်ဖြစ်သည်…။ (၆) …သင့်ကိုသင်ရိုးသားသူတယောက်ဖြစ်အောင် လုပ်လိုက်ရင်ကမ္ဘာပေါ်မှာလူဆိုးတယောက်လျော့သွားပြီဆိုတာ သေချာတယ်လို့ ယူဆနိုင်ပါလိမ့်မယ်..။ (၇)..အသိဥာဏ်မပါသောစိတ်ထက်သန်မူသည် အမှောင်ထဲမှာရှိသောလူတယောက်ကိုရှာဖွေခြင်းနှင့်တူ၏..။ (၈) ..ပညာဟူသည်အကောင်းဆုံးအကျိုးကိုရရှိရန် အကောင်းဆုံးနည်းဖြင့်ရှာဖွေခြင်းဖြစ်၏။ (၉) မိုက်မဲမူသည် မိမိကိုယ်ကိုမိမိရှာဖွေသော“ဒုက္ခ”ပင်တည်း။ ။ (၁၀) အတတ်ပညာတခုကိုလေ့လာသင်ကြားဆည်းပူးရာ၌လုပ်ငန်းစဉ်ကြီးနှစ်ခု ရှိသည်.. ပထမလုပ်ငန်းစဉ်သည်=စာတွေ့ကိုပိုင်နိုင်စွာလေ့လာခြင်း။ ဒုတိယလုပ်ငန်းစဉ်သည်=လက်တွေ့ ကိုပိုင်နိုင်စွာကျင့်သုံးခြင်းပင်ဖြစ်သည်..။ Credit to original ———————— < Unicode Version […]

“အရမ်းညံ့ခဲ့တဲ့ BENJAMIN”

ငါးတန်းကျောင်းသားဘန်ဂျမင် ဟာ သူ့ကိုယ်သူ အတန်း ရဲ့ အညံ့ဆုံး အထုံဆုံးလို့ ထင်တယ်။ အတန်းဖော်တွေကလဲ ဘန်ဂျမင် ဟာ တို့ အတန်း ရဲ့အညံ့ဆုံး။ အတန်းပိုင် ဆရာမ ရဲ့ အတွေးမှာလဲ ဘန်ဂျမင် ဟာ အထုံဆုံး ကျောင်းသား တစ်ယောက်။ နှစ်ဝက် အဆင့်ဖော်ပြတဲ့ကဒ်ကိုအိမ်ကိုပြရတော့ မှတ်ချက် ။ ။ “ထူးခြားစွာ တိုးတက်မှုမရှိ (ညံ့)” တဲ့။ ဘန်ဂျမင်ကတော့ ကဒ်ကိုကိုင်ရင်းစဉ်းစားနေတဲ့ သူ့ အမေ ကို လေပြေလေးနဲ့ပြောတယ်။ “ဒါပြသနာ သိပ်မရှိဘူး မဟုတ်လား မေမေ” ဘန်ဂျမင့် အမေ ရဲ့ အတွေးကတော့ ကွဲပြားတာအမှန်။ ၃ တန်းသာအောင်တဲ့ ဘန်ဂျမင့် အမေ aတွးတာက ” ငါ့သားတွေ ဆင်းရဲတွင်းထဲက […]

“Nokia”

ကမ္ဘာမှာ Nokia ကျရှုံးသွားတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့ စကားလေးက သိပ်ကောင်းတယ် ။ ….တွေးစရာ ကောင်းတယ် ။ We did’t do anything wrong , but somehow we fall. “ငါတို့ အမှားမလုပ်ခဲ့ဘူး ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်” ။ #Rajeev Suri (CEO Nokia) ….တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့ ဘာအမှားမှ မလုပ်ဘူး ….။ .ကိုယ့် Skill တွေလည်း မလျော့သွားဘူး ။ ….ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ယနေ့ခေတ်ကြီးမှာ …., ” အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို […]

“”တံငါသည်နှင့်သားနှစ်ယောက်””

တစ်ခါက . . . တံငါသည်ကြီး တစ်ယောက် ရှိသတဲ့။ သူ့မှာ သားနှစ်ယောက်လည်း ရှိတယ်။ သူက သူ့ရဲ့ ရွာမှာတင် မဟုတ်ဘူး ၊ ပတ်ဝန်းကျင် တံငါရွာတွေမှာကို နာမည်ကျော် တစ်ယောက် ဖြစ်တယ်။ သူ ဘာလို့ နာမည်ကျော်ရလဲ ဆိုတော့ သူများတွေ တစ်နေကုန် ငါးဖမ်းလှေလေးနဲ့ ပင်လယ်ပြင်ကို အန်တုကာ ငါးဖမ်းပြီးလို့ ပြန်လာတာတောင်မှ လှေဝမ်းထဲမှာ ငါးက တဝက်ထက် ပိုမပါကြဘူး။ ဒါပေမဲ့ တံငါသည်ကြီးကတော့ သူ့လှေဝမ်းထဲမှာ ငါးအပြည့် ပါလာလွန်းလို့ လှေနှုတ်ခမ်းက ရေပြင်နဲ့ ထိလုမခန်း နီးကပ်နေတတ်တယ်။သူများတွေ ငါးဖမ်းလှေနဲ့ ငါးများများရအောင် မနက်စောစော ထွက်တဲ့ အချိန် တံငါသည်ကြီးကတော့ အိပ်လို့ ကောင်းနေတုန်း။ သူများတွေ ညနေ နေတော်တော်စောင်း […]

ဘ၀အတွက် အာဟာရစကားများ(၂၃)ခွန်း

(၁)*မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ။ (၂)*သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ။ (၃)*လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲဆိုတာ မရှိပါဘူး။ (၄)*ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ။ (၅)*မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင်အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ။ (၆)*ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာလုံးဝမရှိတာထက်စာရင်တော်ပါသေးတယ်။ (၇)*ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး။ (၈)*စေတနာသည် ကံတရား၏အရင်းအမြစ် ဖြစ်သည်။ (၉)*သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ။ (၁၀)*ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ။ (၁၁)*ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ်။ (၁၂)*လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှအလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။ (၁၃)*လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ။ (၁၄)*ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ။ (၁၅)*ဒုက္ခအနီးတွင် သုခရှိ၏။ (၁၆)*ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့။ (၁၇)*ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ်။ (၁၈)*ဘ၀ဆိုတာ အစမ်းသဘောအဖြစ် နေထိုင်ခွင့်မရှိတဲ့ အရာပါ။ (၁၉)*ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပါပဲ။ (၂၀)*အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပါပဲ။ (၂၁)*နားလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ။ (၂၂)*ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ။ (၂၃)*ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ။ မေတ္တာဖြင့်… #TKW ( 21 Feb 2017 ) #Credit […]