“မပေါင်းသင်းအပ်သော ဂဏန်းနဲ့တူတဲ့ လူသုံးမျိုး “

( ၁ ) အလိုက်သင့်ပေါင်းပြီး အတွင်းကျိတ် မကောင်းကြံလေသူ ( ၂ ) ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး ပြောင်းလဲဆက်ဆံတတ်သူ ( ၃ ) တစ်ဖက်သားကို ချောက်တွန်းပြီးမှ မိမိကောင်းစားရေးကို လုပ်ဆောင်တတ်သူ ထိုသူတွေက ဂဏန်းနဲတူတဲ့ လူတွေဖြစ်တယ်။ ဂဏန်းတွေဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက်ဘဲရှိမယ် “ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန်ကြပါတယ်။ တစ်ခါက လူငယ်တစ်ယောက်ကမ်းခြေတစ်ခုကို သွားရင် အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေတဲ့လူကြီး တစ်ယောက်ကို တအံ့တသြံ ဖြစ်ခဲ့ဘူးတယ်။ဒီကောင်းလေးက “အကိုကြီး၊ ခင်ဗျား ပလိုင်းပေါက်နဲ့ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊ အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား”လို့ ပြောတယ်။ လူကြီးက “ညီ။ မင်း […]

“တစ်ကြိမ်မှာတစ်ခု”

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေး ဆီမှာ လူတစ်ယောက် လှမ်းမြင်ရသည်။နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲလွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။ကျွန်တော်တို့မိတ်ဆွေ သူ့အနားရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့ မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ “မသိလို့ မေးပါရစေဗျာ၊ […]

“အကြံရှိတာလား.. ဥာဏ်ရှိတာလား..???”

တစ်ခါက ဆိုကရေးတီးကို သူ့ကျောင်းက တပည့်တစ်ယောက်မေးတယ်။ ” ဆရာကြီး အကြံနဲ့ဥာဏ်ကို တွဲပြီးတော့ ရေးသားထားတာတွေ့ရတယ် အဲဒီတော့ အကြံနဲ့ ဥာဏ်ဟာ ဆိုလိုရင်း တူတူပဲပေါ့နော် ” လို့မေးတယ်။ ဆိုကရေးတီးက ဘာမှမပြောဘဲ အနားမှာရှိတဲ့ ကျောက်တုံးနှစ်တုံးကို ကောက်လိုက်တယ်။ ပြီးတော့ အဲဒီကျောက်တုံးနှစ်တုံးကို အရှိန်ပြင်းပြင်းနဲ့ ထိရိုက်ပြတယ်။ ကျောက်တုံးက မီးစ မီးပွားလေးတွေ ဖြတ်ခနဲ ဖြတ်ခနဲ ထွက်လာတယ်။ဒါကို ပြပြီးတော့ ဆိုကရေးတီးက ” အကြံဆိုတာ ဒီကျောက်တုံးလိုပဲ မီးမဖြစ်နိုင်ဘူးလို့ ထင်ပေမယ့် ခတ်လိုက်တဲ့ အခါ တဖြတ်ဖြတ် ပွင့်လာတဲ့ မီးပွားလေးတွေလိုပဲ အကြံဆိုတာ တစ်ချက်တစ်ချက် ရလာတဲ့မီးပွားလေးနဲ့တူတယ် လင်းတယ်။အမှောင်ထဲမှာ လက်တယ်။ ဒါပေမယ့် ကြာကြာမခံဘူး ” အဲဒီနောက်မှာတော့ ဆိုကရေးတီးက ကောက်ရိုးပုံနားကို သွားတယ်။ […]

“ဘာအခက်အခဲမှ မရှိရင် ဘာရင့်ကျက်မှုမှ မရှိနိုင်”

လူတိုင်းမှာစိတ်ကောင်းရှိပါတယ်။ တစ်ခါတစ်လေ ဆိုးတဲ့စိတ်လည်း ဖြစ်ပါတယ် နော်။ သို့သော် စိတ်ကောင်းလေးကတော့ လူတိုင်းမှာ ရှိပါတယ်။ အဲ့ဒါလေးကို မေ့မထားဖို့ အရေးကြီးတယ်။ အားလုံးသဘောထားကြီးကြီး စိတ်ထားကောင်း ကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးအဆင်ပြေသွားမယ်။ အခက်အခဲတွေ ပိုပြီးအဆင်ပြေသွားမယ် ဆိုတဲ့စကားကိုပဲ တစ်ခါပြန်စဉ်း စားကြည့်ရင် အခက်အခဲ တွေရှိနေလို့ဆိုတဲ့ အဓိပ္ပာယ်လည်းပါသွားပြီ။ ဘ၀မှာအခက်အခဲတွေမရှိရင် ကောင်းမလားလို့မေးရင်ကော အမှတ်တမဲ့ တွေးကြည့်ရင် ဘ၀မှာဘာအခက်အခဲမှ မရှိရင်သိပ်ကောင်းမှာပဲလို့ တွေးကြမှာပဲ။ တစ်ချို့ ဆိုရင်ဆုတောင်းထဲမှာ ထည့်တောင်းလေ့ရှိတယ်။ “ လိုတရတဲ့ဘ၀မျိုး ဖြစ်ရပါလို၏။ ” အဲ့သလိုမျိုးဖြစ်နေတာ ဘယ်နှစ်ယောက်များရှိမလဲ။ မရှိပါဘူးနော်။ အခက်အခဲဆိုတာ…ဘ၀ရဲ့ သဘာဝပါပဲ။ ရှိနေမှာပဲ။ ဘုန်းကြီးလည်းငယ်ငယ်တုန်းက အခက်အခဲတွေအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်မတတ်နိုင်တော့တဲ့ အဆင့်မျိုးကို ရောက်ဖူးပါတယ်။ အဲ့သလိုမျိုးမှာ […]

“လောကထဲမှာ ပြုံးပြုံးကလေးနေနိုင်ဖို့အတွက်”

ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး အတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊ “ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်” …. သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိုင်တော့ပါဘူး… နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ် “ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်. ဦးမှပဲ” … သူကတော့ မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိုင်ခဲ့ပါတယ်…. ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့ […]

“ ကိုကာကိုလာ ကုမ္ပဏီ စီအီးအို၏ ၃၀ စက္ကန့်သာကြာသော မိန့်ခွန်း ”

ဘဝကို လေပေါ်မှာ ဘောလုံး (၅)ခု မကျအောင် ထိန်းနေရတဲ့ ဂိမ်းတစ်ခုလို့ ယူဆပါ။ ယင်းဘောလုံး (၅)ခုကတော့ ….. ၁။ အလုပ် ၂။ မိသားစု ၃။ ကျန်းမာရေး ၄။ သူငယ်ချင်း ၅။ စိတ်ဓာတ် တို့ ဖြစ်ပါတယ်။ အလုပ်ဆိုတဲ့ ဘောလုံးဟာ ရာဘာဘောလုံး နဲ့တူတယ်ဆိုတာကို သင်တစ်နေ့နားလည်လာပါလိမ့်မယ်။ သူဟာ မတော်လို့လွတ်ကျခဲ့ရင် ယင်းအားကြောင့် ပြန်လည်ခုန်တက်လာပါတယ်။ ကျန်တဲ့ ဘောလုံး(၄)ခုဖြစ်တဲ့ မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်း၊ စိတ်ဓာတ် စတာတွေကတော့ ဖန်ဘောလုံးနဲ့တူပါတယ်။ လွတ်ချလိုက်မိပြီဆိုရင် ထိမယ်၊ ရှမယ်၊ ကွဲမယ်၊ ပျက်ဆီးမယ်။ သူတို့ဟာ အမြဲတမ်းတူညီနေတော့မှာ မဟုတ်ပါဘူး။ သင်ဒါတွေကိုနားလည်းထား ရပါမယ်။ အလုပ်လုပ်ချိန်မှာ ကြိုးကြိုးစားစားလုပ်ပါ။ ပြီးတဲ့အခါမှာ ထားခဲ့ပါ။ ကျန်တဲ့အချိန်တွေကို […]

“ဘ၀အတွေ့အကြုံဟာ အကောင်းဆုံးဆရာပါ”

လူရယ်လို့ ဖြစ်လာကြပြီဆိုရင် ချမ်းသာ၊ဆင်းရဲ မရွေး ဘဝက ပေးတဲ့ သင်ခန်းစာတွေကို ခံစားကြရပါတယ်။ လူတွေနေ့ စဉ်ဖြတ်သန်းကြုံတွေ့နေကြရတဲ့ အကောင်း၊အဆိုးတွေဟာ လူတွေရဲ့ ဘဝသင်ခန်းစာတွေဘဲဖြစ်ပါတယ်။ တစ်ချို့က ဒီလိုနေ့စဉ်သင်ခန်းစာတွေက သင်ယူလေ့လာပြီး မိမိဘဝအတွက် ဆောင်ရန်၊ရှောင်ရန်အဖြစ် ကြိုးစားဆောင်ရွက်သွားကြ သူတွေရှိသလို တစ်ချို့က နောက်ပြန်လှည့် အရှုံးပေးသွားကြသူတွေလည်းရှိပါတယ်။ ဘဝမှာ အတွေ့အကြုံဆိုတာ အကောင်းဆုံးသင်ပြပေးနေတဲ့ဆရာတစ်ဆူလိုပါဘဲလို့ လူကြီးသူမတွေရဲ့ပြောစကားကို ငယ်ရွယ်ချိန်တုန်းက နားမလည်ခဲ့ပေမယ့် အရွယ်ရောက်လို့ လက်တွေ့ဘဝတွေမှာ ကျင်လည်ဖြတ်သန်းလာရတဲ့အခါ ကောင်းကောင်းနားလည်လာခဲ့ရပါတယ်။ တကယ်တော့ လူတွေမှာ မိမိကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေထဲက လေ့လာမှတ် သားစရာတွေကို မှတ်သား၊ ရှောင်စရာတွေကို ဆင်ခြင်ရှောင်ကြည်ခြင်းဖြင့် ဘဝကို အမှားတွေနည်းအောင် အေးချမ်းမှုကိုပိုမိုခံ စားရရှိနိုင်အောင်ကြိုးစားပိုင်ခွင့်ရှိကြပါတယ်။လူတွေမှာ တစ်ဦး နဲ့ တစ်ဦး ဘဝပေးကံကြမ္မာ မတူညီကြပေမယ့် မိမိကိုယ်ကိုအေးချမ်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကိုတော့ သဘာဝတရားက တန်းတူအခွင့်အရေးပေးထားပါတယ်။ ဒါတွေကို […]

“ကိုယ့်လမ်းကို မှန်အောင်လျောက်ပါ “

ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိတယ် “ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ် တခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတာ ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ မရေမတွက်နိုင်အောင်ရှိနေတာ ဘယ်လိုများလမ်းလျှောက် သလဲမသိဘူး တော်တော်ထူးဆန်းတာပဲ ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်းဟိုခြေထောက်က နောက်မှလမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူ ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး” ………………………… အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ် “ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ မင်း ဘယ်လို လမ်းလျှောက်သလဲ ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ ဘယ်လိုမှ တွေမရဘူး ခြေထောက်တစ်ချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ” “ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ ဒီကိစ္စနဲ့ပတ်သတ်ပြီး […]

“မှတ်သားဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်”

တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ သူ့ရဲ့  အိမ်နီးချင်း ကောင်ကလေးတစ်ယောက်နဲ့ပတ်သက်၍ အဲဒီကောင်ကလေးဟာ သူခိုးလေးတစ်ယောက်ဖြစ်ပါတယ်ဆိုပြီး ကောလဟာလဖြန့်လိုက်ပါတယ်။ အဲဒီရလဒ်အနေနဲ့ ကောင်ကလေးကို သူခိုးဆိုပြီး ဖမ်းဆီးလိုက်ကြတယ်။ ရက်အတန်ကြာစစ်ဆေးပြီးတဲ့ အခါမှာတော့ အဲဒီကောင်လေးမှာ အပြစ်မရှိဘဲ အပြစ်ကင်းစင်သူတစ်ယောက်သာဖြစ်တယ်ဆိုတာ သိရပြီး တရားသေလွှတ်ပေးလိုက်ကြပါတယ်။ နောက်တော့ ကောင်းလေးက အဖိုးကြီးကို မှားယွင်းစွာစွပ်စွဲပြောဆိုခဲ့မှု၊ အသရေဖျက်မှု အတွက် တရားစွဲပါတော့တယ်။ တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အခါ အဖိုးကြီးက တရားသူကြီးကို အောက်ပါအတိုင်း လျှောက်လှဲပါတယ်။ “အဲဒါက ထင်မြင်ချက်လေးပဲ ပေးခဲ့မိတာပါ။ ဘယ်သူ့ကိုမှ နာကျင်ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး” လို့ လျှောက်လှဲတော့တာပေါ့။ တရားသူကြီးမှ အဖိုးကြီကို ပြစ်ဒဏ်မချမှတ်မှီ အောက်ပါအတိုင်းပြောလိုက်ပါတယ်။ “ခင်ဗျား…. ဒီကောင်ကလေးနဲ့ ပတ်သတ်ပြီးပြောဖြစ်ခဲ့တာတွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးပါ။ ပြီးရင် တစ်စဆီ စုတ်ဖြဲပြစ်လိုက်ပြီး အိမ်အပြန်လမ်းမှာ လွှင့်ပစ်ခဲ့လိုက်ပါ။ […]