“Steve Jobsရဲ့ နာမည်ကျော်မိန့်ခွန်း”

“တစ်ခါတစ်လေမှာ လောကကြီးက သင့်ကိုအုတ်ခဲနဲ့ ပေါက်လိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ယုံကြည်ချက်တွေတော့ မပျောက်သွား ပါစေနဲ့။ သင်တစ်ခုခုကိုတော့ ယုံနေမှဖြစ် မယ်။ သင့်ကိုယ်သင်၊ သင့်ယုံကြည် ချက်၊ သင့်ဘဝ၊ သင့်ကံကြမ္မာ ဘာပဲဖြစ်ဖြစ် သင့်မှာ ယုံကြည်ချက် တစ်ခုတော့ ရှိနေဖို့လိုတယ်။ ကျွန်တော့် တစ်ဘဝလုံး ကျွန်တော့်ကို ရှေ့ဆက်လျှောက်စေခဲ့တဲ့ အရာကတော့ ကျွန်တော် ချစ်မြတ်နိုးတာကို လုပ်ကိုင်ခဲ့ခြင်းပါပဲ။ သင်ကြိုက်နှစ်သက်တာကို သင်ရှာဖွေဖို့ လိုပါတယ်။ သင်နေရမယ့် အချိန်က အကန့်အသတ်ရှိပါတယ်။ အခြားလူ တစ်ယောက်ရဲ့ဘဝထဲမှာ ဟန်ဆောင်ပြီး မနေပါနဲ့။ အခြားသူတွေ သတ်မှတ်ထားတဲ့ဘောင် တွေထဲမှာ ပိတ်မိမနေပါစေနဲ့။ အခြားသူတွေရဲ့ အမြင်တွေကြောင့် သင့်စိတ်ဓာတ် မညှိုးနွမ်းပါစေနဲ့။ အရေးအကြီး ဆုံးကတော့ သင်ချစ်မြတ်နိုးတဲ့ အရာကို ရယူဖို့ သတ္တိရှိပါစေ။ အခြားအရာတွေ အားလုံးက […]

“ကောင်းလိုက်တဲ့ ဆုတောင်း”

တစ်ခါက အလွန်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်က ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ပါတယ်… ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘောပျက်သွားတာကြောင့် နှစ်ယောက်လုံး ရေကူးပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာကြပါတယ်… ကျွန်းပေါ်ရောက်တော့ သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူ ပိုကံကောင်းတယ်ဆိုတာ သိရအောင် ကျွန်း တစ်ခြမ်းစီမှာ သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ်…ပထမနေ့မှာ တစ်ယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင်တစ်ပင်ကို သူ့ကျွန်းဘက်ခြမ်းမှာတွေ့ပါတယ်။ ကျန်တစ်ယောက်ကတော့ သစ်သီးပင်မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေကိုပဲ စားရပါတယ်… နောက်နေ့မှာ ပထမတစ်ဦးကပဲ ဆုတောင်းတိုင်း ရရှိနေပါတော့တယ်။ မိန်းမအဖော်လိုချင်တယ်လို့ဆုတောင်းတော့ သင်္ဘောပျက်ပေါ်က အမျိုးသမီးတစ်ယောက်က သူ့ကျွန်းဘက်မှာ ရောက်လာပါတယ်။ အဲလိုပဲ အ၀တ်အစားတွေကို အစားအသောက်တွေပါ သူဆုတောင်းတိုင်း ရရှိပါတယ်…နောက်ဆုံးတော့ သူက သင်္ဘောတစ်စီးဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။ သင်္ဘောတစ်ကယ်ပဲရောက်လာတော့ […]

“မြင်းစီး ကြေးရုပ်များ ရဲ့ အဓိပ္ပာယ် “

.နိုင်ငံတကာ ခေါင်းဆောင် များ ရဲ့ မြင်းစီး ကြေးရုပ် ၊ ကျောက်ရုပ် တွေကို သွန်းလုပ်ချင် သလို ၊ ထုလုပ်ချင် သလို လုပ် ၍ မရ ပါဘူး တဲ့။ ထို့အတွက် အဓိပ္ပာယ် သတ်မှတ်ချက် စည်းမျဉ်းတွေ ထားရှိ ထား ပါတယ်။ အဓိပ္ပာယ် သတ်မှတ်ချက် တွေ ကတော့ …….. မြင်း ရဲ့​ရှေ့​ခွာ တစ်ခု အသာ​လေး​ ထောက်​ထား ပြီး မြင်းခေါင်း ကို အောက်သို့ စိုက်ထား လျှင် အဲဒီ ပုံ အ​နေအထား ဟာ ” မြင်း​ပေါ် က ပုဂ္ဂိုလ်​ ဟာ လုပ်​ကြံ သတ်​ဖြတ်​ ခြင်း ခံရ […]

“Marketing”

ယုန်ဖြူလေးက တောင်ခြေက လှိုဏ်ဂူတစ်ခုရှေ့မှာစာရေးနေတယ်။ မြေခွေးတစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ” ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လို သတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်က မြေခွေးကိုလှိုဏ်ဂူထဲခေါ်သွားတယ်။ ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲကပြန်ထွက်လာတယ်၊ စာဆက် ရေးတယ်။ တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ” ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က တောဝက်ကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကိုလှိုဏ်ဂူထဲခေါ်သွားတယ်။ နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီးထိုင်နေတယ်၊ အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်.. <ဝန်ထမ်းတစ်ဦးရဲ့စွမ်းရည်က သူဌေးအပေါ်လည်းအများကြီးမူတည်ပါတယ် > ဒဿန ~~ […]

“ဘယ်လိုအချိန် ကျွေးမလဲ “

“ငါ့သား၊ အဖေ့သူငယ်ချင်း အသုဘကို ငါသွားချင်တယ်၊ လိုက်ပို့” ပြီးခဲ့တဲ့နေ့က အဖေ ကျွန်တော့် အိမ်ရောက်လာပါတယ်။ သူ့ သူငယ်ချင်း ဆုံးလို့ အသုဘကို လိုက်ပို့ပေးချင်ကြောင်း လာပြောပါတယ်။ ကျွန်တော့် အဖေနဲ့ ရွယ်တူဆိုတော့ အသက် ၇၀ ကျော်ပါ။ ကျွန်တော့်ရဲ့ကားပေါ်မှာ အဖေနဲ့ စကားပြောဖြစ်ကြတယ်။ “အဖေ… အဖေ့သူငယ်ချင်းက သားသမီးတွေ မရှိဘူးလား” “သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်” “အတူမနေကြဘူးလား” “မနေကြဘူးကွ” “ဘာဖြစ်လို့လဲ အဖေ” “ဒီလိုကွ၊ ဒီကောင်ကြီးက နောက်မိန်းမယူထားတာ။ သားသမီးတွေက သူ့ကို အမြင်မကြည်ဘူး။ ဒါကြောင့် သားသမီးတွေနဲ့ ဒီကောင် အဆင်မပြေဘူး။ အခုသေတော့လည်း သူ့သားနဲ့ သမီးဆီကို ငါပဲ အကြောင်းကြားထားတယ်” “သူက ဘာဖြစ်လို့ နောက်မိန်းမယူတာ လဲ အဖေ” “ဒါတော့ […]

`မေမြို့ခေါ် ပြင်ဦးလွင် ဖြစ်ပေါ်လာပုံ´

မေမြို့ရဲ့အတိတ်တွေဆီ ပြန်မြင်ယောင်ကြည့်ရအောင် ————————————————————- မေမြို့၊ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့ဟူသောအမည်နာမများစွာ ပိုင်ဆိုင်သည့်မြို့ကလေးသည် မြန်မာနိုင်ငံသားတော်တော်များများရောက်ဖူး ကြသလို ကမ္ဘာလှည့်ခရီးသည်များနှစ်သက်သောမြို့လည်း ဖြစ်သည်။ ပြင်ဦးလွင်ကလူစိတ်ဝင်စား ရသည်ကို ညွှန်းရမည်ဆိုလျှင်ပြင်ဦးလွင် ပိုင်ဆိုင်သောဂုဏ်ပုဒ်များစွာရှိနေပါသည်။ မေမြို့ပန်းနှင့်ဂန္ဓမာထွက်သောမြို့၊ ဆွယ်တာမြို့၊စံဂျူးမလိုင်မြို့၊ ဟင်းသီးဟင်းရွက်မြို့၊ကော်ဖီနှင့်ယိုမျိုးစုံထွက်သောမြို့၊ ဗိုလ်လောင်းမြို့၊ ရထားလုံးရှိသောမြို့၊ အလှဆုံးပန်းခြံရှိသောမြို့၊ဘော်ဒါကျောင်း၊ နွေရာသီတွင်လူတိုင်းတောင့်တ သောတောင်စခန်းမြို့၊ မြန်မာနိုင်ငံ၏ Hollywood မြို့စသည်တို့ဖြစ်သည်။ ပြင်ဦးလွင်မည်သို့ဖြစ်ပေါ်လာပါသနည်း။ 1850 ခုနှစ်တွင်မြန်မာနန်းတွင်းအရာရှိတို့ သည် ပြင်စာရွာနှင့်ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကိုရောက်ရှိခဲ့စဉ် ထိုရွာကိုပြင်ဦးဟုခေါ်ခဲ့သည်။ ကုန်းမြင့်လွင်ပြင်ထက်တွင်တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက် ပြီးနောက် 1887 ခုနှစ် တွင်အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည်ပြင်ဦးလွင်ရွာတွင် စစ်အခြေစိုက်တပ် ထိုင်ရသည်။ ပြင်ဦးလွင်၏ ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် […]

“ပုရွက်ဆိတ်ဒဿန”

ကမ္ဘာ့ အံ့ဖွယ် သတ္တဝါ တစ်မျိုးအကြောင်းပြောပါ ဆိုရင် ပုရွက်ဆိတ်တွေ အကြောင်းပြောရမှာပါ…ပဲ.။ သူတို့ဟာ ကမ္ဘာပေါ်မှာ ရှိနေခဲ့ကြတာ နှစ်ပေါင်း ၉၂သန်း တောင်ရှိကြပြီ ..တဲ့..။ သူတို့မှာ အုပ်ချုပ်ရေး စနစ်ရှိတယ် (Administration System).. တည်ဆောက်ရေးစနစ် (Construction System) ရှိတယ်.. ရိက္ခာစုဆောင်းရေး နဲ့ သယ်ယူပို့ဆောာင်ရေး စနစ်ရှိတယ် (Logistics System). ကာကွယ်ရေး စနစ်ရှိတယ် (Defence System).. မျိုးဆက်ပြန့်ပွားရေး စံနစ် (Breading System)ရှိတယ် ။သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဘုရင်မ (Queen) ကဦးဆောင်တယ်..။ မျိုးဆက်ပြန့်ပွားရေးကို Drone လို့ခေါ်တဲ့ ပုရွက်ထီးတွေက တာဝန်ယူတယ်..။ လုပ်သားပုရွက်ဆိတ်တွေက တည်ဆောက်ရေးတို့ သယ်ယူရေးတို့ လုပ်ရတယ်..။ ထောက်လှမ်းရေး နဲ့ ကာကွယ်ရေးကို […]

“သားမွေးတိုင်း မိန်းမမြတ် မဟုတ်သလို သမီးမွေးတိုင်း မိန်းမယုတ် မဟုတ်ကြပါဘူး”

တချို့က ပြောကြတယ် ဘုန်းကံမရှိလို့ သမီးမိန်းခလေးမွေးတာတဲ့ ကျွန်မတော့အဲ့ဒါကိုလက်မခံပါဘူး ပေတေလေလွင့်ပြီး ဆိုးသွမ်းနေတဲ့သားတွေကို မွေးထားမိတဲ့မိခင်တွေဆို ငါဟာမိန်းမမြတ်လို့ ဂုဏ်ယူနိုင်မယ် မထင်ပါဘူး သားယောက်ျားလေးမွေးရင် သာသနာဘောင်သွတ်သွင်းခွင့်ရမယ်ဆိုပြီး မြင့်မြတ်တဲ့မိခင်တွေလို့ သတ်မှတ်ကြတာပါတကယ်လက်တွေ့ဘဝမှာ မြင့်မြတ်တယ် မမြင့်မြတ်ဘူးဆိုတာထက် သားယောက်ျားလေး ထက် မိခင်ကို ပိုစာနာတတ်တာ မိခင်အနားမှာအချိန်များများရှိနေတာဟာသမီးမိန်းခလေးတွေပါ လောကမှာ သားဆိုး တွေရှိသလိုသမီးဆိုးတွေလည်းရှိကြပါတယ် သားမွေးတိုင်း မိန်းမမြတိ မဟုတ်သလို သမီးမွေးတိုင်း မိန်းမယုတ် မဟုတ်ကြပါဘူး အကျင့်သီလ နဲ့ပြည့်စုံအောင် ပြုစု ပျိုးထောင်စောင့်ရှောက်ခဲ့ပြီး လူတွေအတွက် လောကအတွက် အကျိုးပြုတဲ့ လူသားလေးတွေ အကျင့်သီလပြည့်စုံတဲ့ သူတော်ကောင်းလေးတွေ မွေးထုတ်ပေးနိုင်တဲ့ မိခင်တိုင်း မြင့်မြတ်ကြပါတယ် (Ps: သူများတော့မသိဘူး ကျွန်မ တော့ အမေကို စိတ်ညစ်အောင်လုပ်တဲ့သူမှန်သမျှ အရမ်း မုန်းပါတယ် ပုံထဲကလို ကျွန်မ အမေကိုမျက်ရည်ကျအောင် […]

“သင့်ကို အကျည်းတန်စေတဲ့ အပြုအမူများ”

အလှတရားနဲ့ အကျည်းတန်ခြင်းဆိုတာ သင့်အရေပြားတစ်ထောက်စာမှာပဲ ရှိနေတာမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်နှလုံးထဲမှာလည်း ရှိနေသလို၊ သင့်ရဲ့အပြုအမူတွေကြားမှာလည်း အလှတွေ၊ အကျည်းတန်မှုတွေ ဖြစ်နေပါတယ်။ . ဒီတော့ သင့်ကို အရုပ်ဆိုးစေတဲ့ အပြုအမူတွေကို ရှောင်ရှားစေနိုင်ဖို့ အချက်အလက်တစ်ချို့ စုစည်းတင်ပြလိုက်ရပါတယ်။ . (၁) အတင်းပြောခြင်း အထူးသဖြင့် ဒီပြသနာဟာ မိန်းကလေးတွေကြားမှာ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးစစ်တမ်းတွေအရတော့ အတင်းပြောတာဟာ စိတ်ကျန်းမာရေးအတွက် တစ်စိတ်တစ်ဒေသ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အပြုအမူအရတော့ သင့်ကို အရုပ်ဆိုးစေပါတယ်။ အတင်းပြောတာဟာ သင့်ကို အကျင့်တစ်ခုသဖွယ် ဖြစ်သွားစေပါတယ်။ ကိုယ်ခင်မင်ရတဲ့သူနဲ့အတင်းပြောရင်းနဲ့ကမှ အကျင့်ပါသွားပြီး တခြားသူတွေနဲ့တွေ့တဲ့အခါမှာပါ သူများအကြောင်း မကောင်းပြောတတ်တဲ့သူအဖြစ် အကျင့်စွဲသွားတတ်ပါတယ်။ ဒီတော့ သူများအကြောင်းမပြောရမနေနိုင်လည်း သူများကောင်းကြောင်းတွေကိုသာ ပြောတတ်တဲ့အကျင့်ကို မွေးမြူပါ။ . (၂) လိမ်ညာခြင်း လူအတော်များများဟာ […]

“ဘာသာစကားတစ်ခုကို အမြန်တတ်မြောက်စေမည့် လျှို့ဝှက်ချက်များ”

ဘာသာစကားတစ်ခုကို အမြန်တတ်မြောက်စေမည့် လျှို့ဝှက်ချက်များ Matthew Youlden ဆိုသူမှာ ဘာသာစကား ၉ မျိုးကို ကျွမ်းကျင်စွာ ပြောတတ်ပြီး ဒါဇင်ကျော်သော ဘာသာစကားများကို နားလည်ပါတယ်။ ကျွန်တော်က သူနဲ့ ဘာလင်မြို့မှာ တစ်ရုံးတည်း အတူ အလုပ်လုပ်ပါတယ်။ ဒါကြောင့် သူက ဘာသာစကားတစ်မျိုးကနေ တစ်မျိုးကို ပုတ်သင်ညို အရောင်ပြောင်းသလို လွယ်လွယ်ကူကူ ပြောင်းပြောနေတတ်တာကို ကြားနေကျ ဖြစ်ပါတယ်။ သူက အင်္ဂလိပ်လူမျိုးတစ်ယောက် ဖြစ်တယ်ဆိုတာတောင် အချိန်တော်တော် ကြာတဲ့အထိ ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော်က ဒုတိယ ဘာသာစကားတစ်ခုကို သင်ကြားဖို့တောင် အတော်ခက်ခဲတဲ့ အကြောင်းပြောပြရာ သူက အောက်ပါ အကြံဥာဏ်များကို ပေးခဲ့ပါတယ် ။ (၁)ကိုယ်ဘာလုပ်နေတယ် ဆိုတာ သိအောင်လုပ်ရပါမယ်။ ငါ ဒီ စကားကို ပြောတတ်ချင်တယ်။ဒီ စကားကို […]