ဆရာအောင်သင်း ပြောခဲ့သမျှ တသသ
အိမ်ထောင်ပြုခြင်း ယောင်္ကျားတစ်ယောက် အိမ်ထောင်ပြုလိုက်ခြင်းဟာ လုပ်ဆောင်ဖွယ် ကိစ္စတော်တော်များများထဲကအရေးကြီးတဲ့ ကိစ္စတစ်ခုကိုပြုလိုက်တာပဲ။ (မြန်မာတို့ရ့ဲ လူ့အဖွဲ့စည်း ပြဠာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာဟာ အရေး အကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ရတာ ဖြစ်နေတယ်။ အသိပညာနှင့် ထိန်းကွပ်သောအလှ မိန်းကလေးတစ်ယောက်ဟာ မွေးသည်ကစပြီး သေသည်အထိ သုံးစွဲသွားနိုင်တာဟာ ရုပ်ရည်မဟုတ်ဘူး။ အသိပညာသာလျှင် ဖြစ်တယ်ဆိုတာကိုလည်းသိတယ်။ လှပတဲ့ရုပ်ရည်ကို ပညာနဲ့ ကွပ်ပေးလိုက်တဲ့အခါမှာ အလှဟာ ပိုပြီးတောက်ပြောင်လာတယ် ဆိုတာကိုလည်း သိတယ်။ ဒါကြောင့် အပေါင်းအသင်း ပတ်ဝန်းကျင်ကစပြီး သတိကြီးစွာနဲ့ဆင်ခြင်နေထိုင်တယ်။ အဲဒီမိန်းကလေးမျိုးဟာ ရှားတာတော့အမှန်ပဲ။ ဒါပေမဲ့ပတ်ဝန်းကျင်ကကိုပဲ ပြန်ပြီးလေးစားရိုသေခြင်း၊ ချစ်ခင်ခြင်းခံရတာကတော့ အဲဒီမိန်းကလေးမျိုးတွေသာလျှင်ဖြစ်ပါတယ်။ လူ့ဘ၀တွင် အရာရောက်လှသောအရာ ပြန်ပြီးတစိမ့်စိမ့် စဉ်းစားကြည့်လိုက်တော့ လူ့ဘ၀တွင်ဘယ်သူကမှ တရားဝင်အခွင့်အရေးမပါဘဲလျှက် အရာရောက်နေသည်မှာ အချစ်ဆိုသောကိစ္စပင်ဖြစ်သည်။ အချစ်နှင့်မျက်စိ အချစ်မှာ မျက်စိမရှိဘူးနော်၊ မှန်တယ်။ […]
အသက် ၃၀ မတိုင်ခင် သိရှိထားသင့်တဲ့ သင်ခန်းစာ ( ၇ )ခု 
ဘဝမှာ သင်လည်း အမှားတွေ အများကြီးလုပ်ခဲ့ဖူးမှာပါ။ အမှားတွေဟာ တကယ်တော့ ကြောက်စရာကောင်းတဲ့ အရာတွေမဟုတ်ပါဘူး။ အမှားတွေဟာ ကျွန်တော်တို့ တိုးတက်ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ သင် အသက် ၃၀ မပြည့်ခင်မှာတော့ ရင့်ကျက်တဲ့ အရွယ်တစ်ခု ရောက်နေဖို့လိုအပ်ပါတယ်။ အသက် ၃၀ မပြည့်ခင် ကျွန်တော်တို့ လုံးဝသိထားဖို့လိုအပ်တဲ့ ဘဝအတွက် အရေးကြီး သင်ခန်းစာတွေကတော့ – ၁။ ကျောင်းပညာရေးက သင့်ကို အကုန်သင်ပေးလိုက်မှာ မဟုတ်ပါဘူး။ ကျောင်းပြင်ပ ပညာရေးတွေဟာ သင့်ကို ရည်ရှည်အောင်မြင်ဖို့အတွက် အကူအညီပေးမှာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ပညာရပ်တွေ အမြဲဖြည့်တင်းနေခြင်းက သင့်ကို ဘဝမှာ အောင်မြင်ဖို့အတွက် အကူအညီပေးမှာ ဖြစ်ပြီး ကောလိပ်ဒီဂရီတွေနဲ့တင် မလုံလောက်ပါဘူး။ ၂။ တစ်ခြားလူတွေရဲ့ အမြင်တွေကို အရမ်း […]
“လူငယ်နှင့်အချိန်”
ယခုနေထိုင်သည့် ၂၁ရာစုတွင် အရာရာလျင်မြန်စွာ ပြောင်းလဲနေသည်ကို ကျွန်တော်တို့လူငယ်များ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်လာနေသည်မှာ လိုက်၍ မမှီနိုင်လောက်အောင်ပင် မြန်ဆန်လှပါသည်။ ဤသို့ပြောင်းလဲနေသည် အလျောက်ကျွန်တော်တို့လူငယ်များကလည်းမိမိဘဝ၊ ပတ်ဝန်းကျင်၊ လူနေမှုအဆင့်အတန်း၊ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သည်မှာမိမိအသိပင်ဖြစ်သည်။ဤသို့ ဖြစ်စေရန်အတွက်မိမိတို့လူငယ်များသည် ကိုယ်ဝါသနာပါရာပညာရပ်တွင် အချိန်ကို ကောင်းမွန်စွာအသုံးပြုခြင်းအားဖြင့် ပြောင်းလဲတိုးတက်ရပါမည်။ ထိုသို့ပြောင်းလဲတိုးတက်ဖို့ရန် မိမိတို့၏ အချိန်ကို အသုံးချမှုပေါ်တွင် လွန်စွာအရေးပါနေကြောင်းကို မိမိတို့သိရှိရမည် ဖြစ်ပါသည်။ ပထမဦးစွာအနေဖြင့် ကျွန်တော်လူငယ်များ အကြားတွင် ‘မအားပါ’ ဆိုသည့် စကားကိုအားလုံးကြားဖူး၊ပြောဖူး ကြမည်ဟုထင်မိပါသည်။ သဘာဝတရားကြီးကလူတိုင်းကိုယ် စီကို ၂၄ နာရီအပြည့်ပေးထားပြီးမည်သူကိုမျှ ပိုပြီးမပေးထားပါ။ ဤသို့ ၂၄ နာရီအတွင်း မိမိ၏အချိန်ကို မည်သို့အကျိုးရှိစွာ အသုံးချသည့်အပေါ်တွင် တစ်ယောက်နှင့်တစ်ယောက်၏ အောင်မြင်မှု ကွာခြားသွားကြောင်းကို မိမိတို့စဉ်စားဖို့ လိုပါမည်။ ထို့ကြောင့် မိမိတို့ရရှိသည့် အချိန်ခဏတခိုက်တွင […]
“အ​တွေးမကျွံ​စေနဲ့ “
ဆရာဆရာမတိုင်း သိရှိထားသင့်သော နည်းလမ်းကောင်းများ
ဖတ်ရူ့ မူလွယ်ကူစေရန် ဆရာဆရာမ အစား “ ဆရာ ” ဟုသာ ရေးသားမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားအစား “ ကျောင်းသား” ဟုသာ ခေါ်ဝေါ် ပါမည်။ ၁။ မေတ္တာရင်းနီးမြုပ်နှံမူကို အလေးထားခြင်း ဆရာများ အမြဲတမ်းသတိရနေသင့်တဲ့ အချက်တစ်ခုရှိပါတယ်။ “ သင်ဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာထက်၊ သင်ကျောင်းသားများအပေါ် ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ကျောင်းသားများ ပိုမိုအလေးထားကြပါတယ်။ ” ဆရာများဟာ ကျောင်းသားများနဲ့ သူငယ်ချင်းဖြစ်ရမယ်လို့ မဆိုလိုပါဘူး၊ စာသင်ခန်းပြင်ပမှာ သင်သူတို့နဲ့ များများ ဆက်သွယ်ပါ။ သူတို့ကို အဟုတ်တကယ် စိတ်ဝင်စားပါ။ ထူးချွန်တဲ့ ဆရာတိုင်းသိကြပါတယ်၊ ကျောင်းသားများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းဟာ စာအသင်အပြအတွက် များစွာ အထောက်အကူပြုပါတယ်။ စဉ်းစားကြည့်ပါ။ တကယ်လို့ ဆရာတစ်ဦးဟာ မိမိသင်ပြတဲ့ […]
“သင်သိတာကို မျှဝေပါ”
သင် သိထား တတ်ထားသမျှကို မျှဝေပါ။ အဲဒီထက် ပိုတဲ့ အသိပညာ အတတ်ပညာတွေ သင့်ထံ ပြန်လာပါလိမ့်မယ်။ ငယ်ငယ်တုံးက ကျောင်းခန်းထဲမှာ ဆရာမက စာလုပ်ခိုင်းတော့ ဘေးက အတန်းဖေါ် မြင်မှာစိုးလို့ လက်မောင်းနဲ့ ကာပြီး စာရေးခဲ့တဲ့ ကလေးတွေ မြင်ဖူးကြမှာပါ။ ဒါမှမဟုတ် သင်ကိုယ်တိုင်လည်း ဖြစ်ချင် ဖြစ်နေခဲ့မှာပါ။ အလုပ်ထဲမှာလဲ ရှိတယ်။ “တခြားလူတွေကို မသိစေနဲ့။ သူတို့သိသွားရင် သူတို့ပဲ နာမည်ယူကြလိမ့်မယ်”တဲ့။ တွေ့ဖူးတယ် မဟုတ်လား။ ဒါမှမဟုတ် သင် ကိုယ်တိုင်လည်း ဖြစ်ချင် ဖြစ်နေမှာပါ။ အဲဒီလို ကိုယ်သိထား တတ်ထားတာကို တခြားသူကို မမျှဝေပဲ တစ်ယောက်ထဲပဲ သိမ်းဆည်းထားရင် မိမိသိထား တတ်ထားတာကနေ ပိုတိုးပြီး တတ်သိဖို့ အခွင့်အလမ်း မရှိတော့ပါဘူး။ အသိဉာဏ်ဟာ အဲဒီလောက်နဲ့ပဲ […]
“ပစ္စုပ္ပန်မှာ လုပ်သင့်တာ လုပ်ပါ”
ရစ်ချတ်ဘရင်ဆန်က သူ့မိဘတွေ ငယ်စဉ်က ပြောပြခဲ့တဲ့ စကားတစ်ခွန်းကို မှတ်သားလိုက်နာလေ့ရှိတယ်။အဲဒီစကားက . . . “ပစ္စုပ္ပန်မှာ လုပ်သင့်တာကို လုပ်ရင် အနာဂတ်က မင်းကို တာဝန်ယူသွားလိမ့်မယ်” ပစ္စုပ္ပန်မှာ လုပ်သင့်တာဆိုတာ ဘာလဲ။ ပညာရှာသင့်တဲ့ အချိန်မှာ ပညာကို ကြိုးစားရှာမယ်။ စီးပွားရှာသင့်တဲ့ အချိန်မှာ ကြိုးစားရှာမယ်။ ဒါဆိုရင် အနာဂတ်မှာ လူဆင်းရဲ စိတ်ဆင်းရဲ မနေရတော့ဘူး။ တကယ်လို့ အဲဒါ လုပ်သင့်တာတွေကို မလုပ်တဲ့သူကိုတော့ အနာဂတ်က သနားလိမ့်မယ် မထင်ပါနဲ့။ ဒါနဲ့ ရစ်ချတ်ဘရင်ဆန်ဆိုတာ မသိသူများအတွက် အမြည်းလေး ရေးပေးလိုက်တယ်။ အင်္ဂလန်နိုင်ငံက ရစ်ချတ်ဘရင်ဆန်ဟာ ၁၉၅၀ ခုနှစ်မှာ ယာမြေစိုက်ပျိုးတဲ့ မိဘနှစ်ပါးက မွေးဖွားခဲ့တယ်။ သူ့မှာ ငယ်စဉ်ကတဲက စာရေးစာဖတ်ခက်တဲ့ ဒစ်စလက်ရှာ (dyslexia) ရောဂါရှိခဲ့တယ်။ […]
“သင့်စိတ်ထဲမှာ အမှိုက်လာသွန်ခြင်း”
တနေ့မှာ လူတယောက်ဟာ အထုပ်ကြီးတခုကို ပုခုံးမှာထမ်းပြီး အိမ်ထဲဝင်လာတယ်။.ပြီးတော့ ဘာမပြော ညာမပြောနဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကို ဧည့်ခန်းကကြမ်းပြင်ပေါ်ကို သွန်ချလိုက်တယ်။ ထွက်ကျလာတာတွေက ဘာတွေလဲဆိုတော့ အမှိုက်သရိုက်တွေပါ။ ဒီတော့ သင်ဘာလုပ်မလဲ။ “ဟေ့ လူ ဒါဘာလုပ်တာလဲ။ အဲဒီအမှိုက်တွေကို ချက်ခြင်းပြန်ကောက်လိုက်။ မကောက်ဘူးဆိုရင်တော့ မင်းကိုငါ သတ်ပစ်မယ်ဆိုပြီး ဓါးဖြစ်ဖြစ် သေနတ်ဖြစ်ဖြစ် သွားယူပါလိမ့်မယ်။အဲဒီလူကလဲ ချက်ခြင်းပဲ အမှိုက်တွေကို အိပ်ထဲပြန်ထဲ့တယ်။ အမှိုက်တစ မကျန်အောင် သေချာကောက်ပြီးထဲ့တယ်။ ဒါတင် မကသေးပဲ သူ့ဘောင်းဘီအိပ်ထဲက အဝတ်စတခုကို ဆွဲထုတ်ပြီး ကြမ်းကို သေချာပြောင်အောင် ပြန်သုတ်ပေးလိုက်တယ်။ ပြီးတော့ ဘာစကားမှ မပြောပဲ အိမ်ပြင်ကို သူ့အမှိုက်ထုပ်ကြီးတမ်းပြီး ပြန်ထွက်သွားတယ်။ ကြမ်းပေါ်မှာအမှိုက်သရိုက် အစအနလေး တစက်တောင်မကျန်ခဲ့ဘူး။ ကြမ်းဟာ အရင်အတိုင်း ပြန်ဖြစ်သွားပေမဲ့ သင့်ရဲ့စိတ်အခြေအနေကတော့ အရင်လိုမဟုတ်တော့ပါဘူး။ […]
” အကြောဖွင့်ပေးမယ် “
တစ်ခါတုန်းက လူပျင်းညီအစ်ကို လေးယောက် ရှိသတဲ့။ တစ်နေ့တော့ သူတို့ဖခင်က လယ်တောမှာ စပါးရိတ်ဖို့ သူတို့လေးယောက်ကို လွှတ်လိုက်ပါတယ်။ ညီအစ်ကိုလေးယောက်ဟာ ဖခင်ရဲ့စကားကို မလွန်ဆန်ဝံ့လို့သာ လယ်တောကို ထွက်လာကြတာ စပါးရိတ်ဖို့တော့ စိတ်ကူးတောင် မရှိဘူးတဲ့။ ဒါနဲ့ လယ်တောရောက်တော့ လယ်ခင်းဘေးက သစ်ပင်အောက်မှာ စိတ်တူလက်တူ အိပ်လိုက်ကြတယ် ဆိုပဲ။ အိပ်တာကလဲ ထူးထူးဆန်းဆန်း တစ်ယောက်နဲ့ တစ်ယောက် ခြေထောက်တွေ ယှက်လိမ်အိပ်သတဲ့။ ဖခင်က သားတွေအကြောင်းကို သိတော့ နောက်က လိုက်လာတာပေါ့လေ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ သင်းတို့ကို မြင်တော့ ဒေါသက အလိပ်လိုက်ထွက်လာရော..။ “မအေပေးကောင်တွေ၊ စပါးရိတ်ဖို့ လွှတ်လိုက်တာကို သည်လို အိပ်နေရသလား”သားတွေကလဲ ဖခင်ရဲ့ ကြိမ်းမောင်းသံကို ကြားတော့ လန့်နိုးလာကြတာပေါ့။ “ဟုတ်ကဲ့အဖေ.. ကျွန်တော်တို့ အခုပဲ ထပြီး […]
“အပြစ်ကင်းသူ”
လူတစ်ယောက်ဟာ တစ်ည သူ့အိမ်မှာ ဘီယာတွေ အလွန်အကျွံသောက်ပြီး မိန်းမနဲ့ အကြီးအကျယ် စကားများ ရန်ဖြစ်ကြတယ်။ နောက်တော့ မူးပြီး အိပ်ပျော်သွားတယ်။ မနက် အိပ်ယာထတော့ အမူးပြေသွားပြီ။ ညက မိန်းမနဲ့ စကားများ ရန်ဖြစ်တာကို နောင်တရနေတယ်။ဒါကြောင့် ညက သောက်ထားတဲ့ ဘီယာပုလင်းခွံတွေ ထည့်ထားတဲ့ စက္ကူပုံးကို အိမ်ပြင်ကို သယ်ထုတ်လာပြီး ပုလင်းတွေကို အိမ်နံရံကို ပစ်ပေါက်ခွဲနေတယ်။ – “ငါ့မိန်းမနဲ့ ရန်ဖြစ်တာ မင်းကြောင့်” ဆိုပြီး ပထမဆုံးပုလင်းကို ပစ်ပေါက်ခွဲလိုက်တယ်။ – “ငါ့ကလေးတွေ ငါ့ကို မချစ်တော့တာ မင်းကြောင့်” ဆိုပြီး ဒုတိယပုလင်းကို ပစ်ပေါက်ခွဲလိုက်တယ်။ – “ငါ့မှာ အလုပ်ကောင်းကောင်း မရတာ မင်းကြောင့်” ဆိုပြီး တတိယပုလင်းကို ပစ်ပေါက်ခွဲလိုက်တယ်။ စတုတ္ထပုလင်းကို ပစ်ခွဲဖို့ […]