“ထိုင်ပါရစေ” (မင်းလူ) 
“မြန်မာလူမျိုးတွေဟာ အားရင် လက်ဖက်ရည်ဆိုင်ပဲ ထိုင်နေကြတာပဲ”ဆိုသောစကားကို မကြာခဏ ကြားရသည်။ နိုင်ငံခြားသားတွေက ပြောခြင်းတော့မဟုတ်။ မြန်မာအချင်းချင်းက ပြန်ပြောခြင်းသာဖြစ်၏။ အထူးသဖြင့် အလုပ်နှင့် လက်မပြတ်အောင် လုပ်ရင်း တိုးတက်ကြီးပွားဖို့ အမြဲကြံစည်နေသူများနှင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖူးသူတချို့က ပြောကြခြင်းဖြစ်၏။နိုင်ငံခြားသားတွေကတော့ မြန်မာများ လက်ဖက်ရည်ဆိုင်ထိုင်ကြခြင်းနှင့်ပတ်သက်၍ ကဲ့ရဲ့ရှုံ့ချတာမျိုး သိပ်မရှိလှဘူး ထင်၏။ ရှိချင်းရှိလျှင် လက်ဖက်ရည်ဆိုင်မှာ အေးအေးဆေးဆေးထိုင်နိုင်လောက်အောင် အချိန်တွေချမ်းသာနေသော မြန်မာတွေကို အားကျခြင်း၊ မနာလိုခြင်းတို့သာ ဖြစ်နိုင်ဖို့များသည်။ သူတို့ခမျာ တစ်နေကုန် မနားမနေ အလုပ်လုပ်နေကြရှာတာမဟုတ်လား။လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအလေ့အထသည် နိုင်ငံခြားယဉ်ကျေးမှုမှ ကူးစက်လာခြင်းဟု အတိအကျ စွပ်စွဲလို့မရ။ မြန်မာ့ယဉ်ကျေးမှုစစ်စစ်ရယ်လို့လည်း အခိုင်အမာမပြောနိုင်။ ဆက်နွယ်ပတ်သက်မှုတော့ရှိသည်ဟု ဆိုကောင်းဆိုနိုင်သည်။ရှေးအစဉ်အဆက်ကတည်းက လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနှင့် ခပ်ဆင်ဆင်တူသော အလေ့အထတစ်ခုရှိခဲ့၏။ တောရွာများတွင် အိမ်ရှေ့တွေမှာ ကွပ်ပျစ်ကြီးတွေ ထားတတ်သည်။ ညဘက် လသာချိန်ကျလျှင် လူကြီးပိုင်း၊ လူလတ်ပိုင်းတို့သည် […]
“အောင်မြင်ဖို့လိုနေတာ ရင်ထဲက ဆန္ဒပါ”
တောမြို့လေးတစ်မြို့ရဲ့ လမ်းမပေါ်မှာ ပူဖောင်းရောင်းတဲ့ လူတစ်ယောက်ဟာ အ၀ါရောင်ပူဖောင်းတစ်လုံးကို ကြိုးဖြတ်ပြီး လွှတ်လိုက်လို့ ပူဖောင်းဟာ တဖြည်းဖြည်း မိုးပေါ်ပျံတက်သွားတယ်။ အနားတစ်ဝိုက်က ကလေးတွေဟာ သဘောကျလို့ သူ့ဆီပြေးလာကြပြီး ပူဖောင်းတွေကို အလုအယက်ဝယ်ကြတယ်။ သူဟာ ကလေးတွေ ၀ိုင်းအုံလာတိုင်း ပူဖောင်း အနီ၊ အပြာ၊ လိမ္မော်ရောင် စတာတွေကို လွှတ်တင်ပေးနေတယ်။ ပူဖောင်းတစ်လုံး လွှတ်တင်လိုက်တိုင်း ကလေးတွေက သူ့ဆီက ပူဖောင်းတွေ ၀ယ်ကြတယ်။ ပူဖောင်းရောင်းသူဟာ ပူဖောင်းတစ်လုံးကို ဓာတ်ငွေ့ဖြည့်သွင်းနေတုန်းမှာ သူ့ပုဆိုးစကို တစ်ယောက်ယောက်က လာဆွဲနေလို့ ငုံကြည့်လိုက်တယ်။ (၆)နှစ်အရွယ် ကလေးမလေးတစ်ယောက် ဖြစ်နေတယ်။ သူက ဘာလဲလို့ မေးလိုက်တော့ ကလေးမလေးက သူ့ကို မော့ကြည့်ရင်း “ ဦးကြီး အမဲရောင် ပူဖောင်းကို ကြိုးဖြတ်ပြီး လွှတ်လိုက်ရင်ရော မိုးပေါ်ပျံတက်နိုင်သလား” လို့ […]
“အပြစ်တင်ခြင်းထက် အရေးကြီးသော အရာများ”
( #နွေးထွေးသာယာသောမိသားစုဆိုသည်မှာ…) ကျွန်တော့်အမေက ဟင်းချက်အရမ်းကောင်းတယ်ဗျ။ အမြဲတမ်းလည်းပဲ စားလို့ကောင်းမယ့် ဖွယ်ဖွယ်ရာရာလေးတွေ ချက်လေ့ရှိတယ်။ . တစ်ညနေမှာတော့ အမေဟင်းချက်တာ အရမ်းတူးနေတယ်ဗျာ။ မသိမသာလေး တူးနေတာမဟုတ်ဘူး။ မြင်ရုံနဲ့တင် တူးနေမှန်း သိရလောက်အောင်ကို တူးနေတာ။ တူးနံ့တွေလည်း ထွက်လို့ပေါ့။ . ကျွန်တော်လည်း ညနေစာ ထမင်းဝိုင်းမှာ အဖေဘာပြောမလဲဆိုတာ စိုးရိမ်ရင်းပေါ့။ . ဒါပေမယ့် အဖေက ကျွန်တော် ထင်ထားသလို မဟုတ်ဘူးဗျ။ . အဖေဟာ တူးမှန်းသိရက်ကြီးနဲ့ ဟင်းတွေကို ခါတိုင်းလိုပဲ မြိန်ရေရှက်ရေ စားလိုက်တယ်။ စားနေရင်းနဲ့မှ “မိန်းမရေ.. မင်း ဒီနေ့အဆင်ပြေရဲ့လားကွာ.. တစ်ခုခုဖြစ်ရင်လည်း ငါ့ကိုပြောဦးနော်” အဲ့လိုအစချီပြီး အမေ့ကို ကြင်ကြင်နာနာ စကားတွေပြောရင်း ညနေစာထမင်းဝိုင်းလေး ပြီးသွားရောပေါ့။ . ပြီးတော့မှ ကျွန်တော့် အဖေ့ကို […]
“စဉ်ဆက်မပြတ်_လေ့လာပါ “
ကြီးပွားအောင်မြင်ရေးအကျင့် (၁၃) # အခု ၂၁ ရာစုခေတ်မှာ ခေတ်စားနေတဲ့ စကားလုံးတစ်ခု ရှိပါတယ်။ အဲဒါက Continual Learning ဆိုတဲ့ အင်္ဂလိပ်စာလုံးပါ။ စဉ်ဆက်မပြတ် လေ့လာခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမဲ့ ဒီစကားရဲ့ အဓိပ္ပါယ်က အဲဒီထက်မက ပိုပါတယ်။ မိမိကိုယ်ကို ပိုပြီးတိုးတက်အောင် အမြဲတမ်း ကြိုးစားလုပ်ဆောင်မနေတဲ့လူ သို့မဟုတ် ကုမ္ပဏီဟာ ၂၁ ရာစုခေတ်မှာ ကျဆုံးသွားလိမ့်မယ်လို့ ဆိုလိုတာပါ။ကုမ္ပဏီအကြီးကြီးတွေမှာ R & D (Research & Development) သုတေသနနဲ့ ဖွံ့ဖြိုးရေးဋ္ဌါနဆိုတာ ရှိတယ်။ အဲဒီဋ္ဌာနတွေက ဘာလုပ်သလဲ။ သူတို့ကုမ္ပဏီက နောက်ဆုံး ဖြစ်ပေါ်နေတဲ့ နည်းပညာတွေကို သုံးပြီး ထုတ်လုပ်တဲ့ ပစ္စည်းကို ပိုကောင်းသထက် ကောင်းအောင်၊ ပိုဈေးသက်သာအောင်၊ လူကြိုက်ပိုများအောင် […]
“အာရုံစူးစိုက်လုပ်ပါ”
ဒီနေ့ခေတ်မှာ multi-tasking ဆိုတဲ့ စကားလုံးဟာ အတော်လေး ခေတ်စားနေပါတယ်။ လူတစ်ယောက်ဟာ တပြိုင်နက်ထဲမှာ အလုပ်အများကြီး လုပ်နိုင်ခြင်းကို ဆိုလိုတာပါ။ ကုမ္ပဏီတွေမှာ လူတစ်ယောက်ဟာ အလုပ် ၄ – ၅ မျိုး လုပ်တတ်တဲ့အတွက် ဝန်ထမ်းအများကြီး မခန့်တော့ဘဲ လူနည်းနည်းနဲ့ ကြဲကြဲဝိုင်းလုပ်တဲ့ သဘောပါ။ ဒါပေမဲ့ multi-tasking ကို အောင်မြင်ကြီးပွားသူတွေ လုံးဝမသုံးကြပါ။ ဘာကြောင့်လဲဆိုတော့ အလုပ်တစ်ခုထက်မကပဲ အလုပ် ၃ – ၄ မျိုးကို တပြိုင်နက်ထဲ လုပ်တတ်သူဟာ ဘယ်အလုပ်ကိုမှ ရာနူန်းပြည့် အာရုံစိုက်မလုပ်ဘဲ အရည်အသွေးမီတဲ့ အလုပ်ဖြစ်အောင် မလုပ်နိုင်ကြလို့ပါ။ ဥပမာ ပြောပြပါမယ်။ လူတစ်ယောက်ဟာ သတင်းစာဖတ်ရင်း တီဗီကြည့်တယ်ဆိုပါစို့။ သတင်းစာကိုလည်း ဖတ်ပြီးသွားပြီ။ ကြည့်နေတဲ့ တီဗီအစီအစဉ်လည်း ပြီးသွားပြီ ဆိုပါစို့။ […]
” သူငယ်ချင်းများသို့ “
ကျနော်ဟာ တစ်ခါတစ်လေ သူငယ်ချင်းအရင်းခေါက်ခေါက်ကိုတောင်မှ စိတ်ပျက်မိတတ်ပါတယ်။ သူ့ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေနဲ့ တုံ့ပြန်မူတွေက ကိုယ်နဂိုက ထင်ခဲ့တဲ့ ပုံစံအတိုင်း မဟုတ်ဘူးလေ။ တစ်နည်းပြောရင် ကိုယ်စိတ်ထဲမှာ လိုချင်တဲ့အတိုင်း ဖြစ်မလာလို့ပါ။ ကိုယ်လိုချင်တဲ့ပုံစံဆိုတာ ကိုယ့်မသိစိတ်က တောင်းဆိုနေတဲ့ပုံစံလေ။ဒါပေမဲ့ နောက်ပိုင်းမှာ ဆင်ခြင်မိတာက သူငယ်ချင်းဆိုတာ တောင်းဆိုလို့မှ မရပဲ။ ကိုယ့်မှာ အဲဒီလိုချင်ပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် မရှိဘူးလေ။ ကျနော်တို့ တကယ်တောင်းဆိုနိုင်တာ ကျနော်တို့ကို်ယ်တိုင်ပဲရှိတယ်။သူငယ်ချင်းနဲ့ ပတ်သက်လာရင်… ကျနော်တို့ ခွင့်လွတ်အောင် ကိုယ့်ကိုယ်ကို တောင်းဆိုလို့ရပါတယ်။ ဒါဟာ ရွေးချယ်မူတစ်မျိုးပါ။ ကျနော်တို့ဟာ နှင်းဆီပန်းရဲ့ ဆူးစူးတာကို ခွင့်လွတ်လို့ရတယ်။ နှင်းဆီရဲ့ အလှနဲ့အနှံ့က ကောင်းလွန်းနေတာကိုး။ ပင်လယ်သမုဒ္ဒရာရဲ့ လိုင်းသံလေသံကို ခွင့်လွတ်လို့ရတယ်။ သမုဒ္ဒရာကြီးက ကျယ်ပြောလွန်းတယ်၊ စွဲမက်စရာ ကောင်းလွန်းတာကိုး။ သူငယ်ချင်းရဲ့ မှားယွင်းမူ၊ မပြည့်စုံမူကိုလည်း […]
တိမ်​ကို​ဖောက်​​သော အလင်း
ဘဝ မှာ လိုချင်​တာ​တွေ မရခဲ့​တော့ လိုအပ်​တာ​တွေ ရဖို့ ကြိုးစား​နေမိတယ်​ ​လျှောက်​မိတိုင်းက လမ်းမဟုတ်​​ပေမယ့်​ အကောင်းဆုံးလမ်းကို ​ရွေး​နေမိတယ်​ အပျံသင်​စငှက်​က​လေးလို အ​တောင်​မနိုင်​စဉ်​က မကြာခဏ ပြုတ်​ကျဖူးတယ်​ အ​တောင်​တစ်​စုံရဲ့တန်​ဖိုးကို ခဲမှန်​မှသိတယ်​ ​ပျော်​ရွင်​ခြင်းရဲ့ အရသာကို ငို​ကြွေး​ဖူးမှသိတယ်​ လက်​​တွေမဲညစ်​ပါ​စေ သူများမျက်​ရည်​နဲ့မ​ဆေး​ကြောဖို့ လိုတယ်​ ကျွဲ​ခေါင်းသီးပြုတ်​လို အ​ပေါ်ယံမဲနက်​​နေ​ပေမယ့်​ ​ပေးဆပ်​မယ့်​ အသားမှာ ဖြူစင်​​နေတယ်​ အမြင်​ဆိုတာ အ​ပေါ်ယံကြည့်​​နေရုံနဲ့အားလုံးမမှန်​ဖူး​လေ ဆား လည်းဖြူတယ်​ သကြားလည်း​ဖွေးတယ်​ သူ့​အလိုက်​အထိုက်​ပဲ​ကောင်းတယ်​ ဟင်းအိုးထဲ ဆားများများထည့်​ရင်​ စားမရဖြစ်​တယ်​ ​ကော်​ဖီခွက်​ထဲ သကြားများများထည့်​ရင်​ ရင်​ကြပ်​တယ်​… လိုအင်​ဆန္ဒ ဆိုတာ လူတိုင်းရှိတယ်​ လိုအင်​ဆန္ဒ ကိုဖြည့်​ဆည်းရင်းနဲ့ လို​နေတာ​တွေ ဖြည့်​​နေမိတယ်​ ဘဝဆိုတာ မပြည့်​ဝတဲ့အိုးလိုပဲ ဘယ်​​လောက်​ဖြည့်​ဖြည့်​ ပြည့်​ဝတယ်​မရှိဘူး ဒီတစ်​ခုရလည်း ဟိုတစ်​ခုကို လိုချင်​တယ်​ ဟိုတစ်​ခုရပြန်​​တော့လည်း […]
ယုံကြည်ခြင်း ရှိဖို့က အရေးကြီးဆုံး
အကြွေးရှင်တွေကလည်း သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေကြတယ်။ ကုန်သည်တွေကလည်း ပစ္စည်းဖိုးတွေချေဖို့ နားပူနားဆာလုပ်နေကြပြီ။ ဒီတော့ အကြံအိုက်နေတဲ့ သူဌေးကြီးဟာ ပန်းခြံလေးတစ်ခုထဲက . ခုံလေးပေါ်မှာ ထိုင်ပြီး ခေါင်းတစ်ကုတ်ကုတ်နဲ့ စဉ်းစားနေတော့တယ်။ သူ့စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး နာလန်ထူလာအောင် ဘယ်လိုများ လုပ်ရပါ့မလဲ ဆိုပြီးပေါ့။ . ရုတ်တစ်ရက်ဆိုသလိုပဲ အဖိုးအိုကြီး တစ်ယောက်ဟာ သူ့နောက်ကနေ ရောက်လာပြီး “မင်းတစ်ခုခု ပြဿနာတက်နေတယ် ဆိုတာ ငါသိတယ်ကွ” ဆိုပြီး ပြောပါတယ်။ . သူဌေးကြီးက အကြောင်းစုံ ရှင်းပြပြီးတဲ့အခါ အဖိုးအိုက “ငါမင်းကို ကူညီနိုင်တယ် ဆိုတာ ငါ့ကိုယ်ငါ ယုံကြည်တယ် ဟေ”့ ဆိုပြီး ချက်လက်မှတ်တစ်စောင် ရေးလိုက်ပါတယ်။ ပြီးတော့ ချက်လက်မှတ်ကို သူဌေးကြီးဆီ ကမ်းပေးရင်း . “ဒီငွေတွေကို ယူသွားလိုက်၊ ဒီနေ့ကနေ […]
ဂိမ်း
“ဓားသွား​တွေမပဲ့စေနဲ့”
ဘဝမှာ တစ်​ခါတ​လေ ကိုယ်​လုပ်​​နေကြ သွား​နေကြ ​ပြော​နေကြဆိုပြီး လုပ်​လိုက်​တာ​တွေရှိတယ်​ ကိုယ့်​အတွက်​ဘာရယ်​မဟုတ်​ဘူး အသားကျ​နေတဲ့ ဖြတ်​သန်းမှုမျိုး ​ပြောဆိုမှုမျိုးဆို​ပေမယ့်​ ခံရသူရင်​ထဲမှာ တစ်​ခါတ​လေ အခန့်​မသင့်​ရင်​ များစွာပူ​လောင်​ရတယ်​ စကားဆိုတာဓားတဲ့ တစ်​ခါတုန်းက လူတစ်​​ယောက်​ ဓားတစ်​လက်​ကို​သေချာ​သွေးပြီး ဝါးရုံ တစ်​အုံကိုရှင်းဖို့လုပ်​တယ်​ ပထမဆုံး မျှစ်​စို​ပေါက်​​တွေကိုခုတ်​ရှင်းတယ်​ ​အောက်​ကပါတူးထုတ်​တယ်​ ​နောက်​ဝါးဖျံ​တွေကိုရှင်းတယ်​ ပြီး​တော့ တစ်​နှစ်​သား​ကျော်​​ကျော်​ဝါး​တွေကိုခုတ်​တယ်​ ​နောက်​ဆုံအလယ်​မှာ​တော့ နှစ်​ကြာပြီး ရင့်​မာ​နေတဲ့ဝါး​တွေခုတ်​ရင်း ဓားဟာ ဝါးမြစ်​ကို ခုတ်​မိပါများ​တော့ ပဲ့ထွက်​သွားတယ်​ ထက်​မြက်​တဲ့ ဓားနဲ့ခုတ်​​နေ​ပေမယ့်​ ဝါးမြစ်​ရဲ့မာ​ကြောမှုကို ခုတ်​တဲ့ပုံစံမဟုတ်​ရင်​ ဓားသွားလည်း တွန့်​လိတ်​ကြရတယ်​ စကားလည်း ​ပြောတဲ့​နေရာမှာ ​ပြောသင့်​မှန်းမသိ မ​ပြောသင့်​မှန်းမသိရင်​ ကိုယ့်​ဘဝထဲက တစ်​စုံတစ်​ခု ထွက်​ခွာသွားတတ်​တယ်​ ဒါ​ကြောင့်​ ဓားသွားလည်းမပဲ့​စေနဲ့ စကား​တွေလည်း အမှားမများ​စေနဲ့။ ဘာမထီဘွား…အ​တွေးစာစု​လေးများ < Unicode Version > […]