သင်ဟာ ရှုံးနိမ့်မှာကို ကြောက်တတ်သူလား၊ ဒါလေးကို ဖတ်ကြည့်ပါ

လူတိုင်းကတော့ ရှုံးရမှာကို ကြောက်တတ်သူတွေ ချည်းပါပဲ။ ဘယ်သူမဆို ပြိုင်ရင်လည်း နိုင်ရမှ၊ လုပ်ငန်းတစ်ခုခု လုပ်ရင်လည်း ဖြစ်ဖြစ်မြောက်မြောက် ဖြစ်ရမှကို ကျေနပ်ကြသူတွေပါ။ ဒါပေမဲ့ ရှုံးမှာ၊ အဆင်မပြေဖြစ်မှာကို ကြောက်လို့ အစကတည်းက မကြိုးစားဘဲ လက်လျှော့မယ်ဆိုရင်တော့ ဘယ်ဖြစ်ဦးမလဲ။ အောင်မြင်တဲ့ သူတွေမှာလည်း လူသိနည်းခဲ့တဲ့ ရှုံးနိမ့်မှုတွေ ရှိပါတယ်။ ဘတ်စ်ကတ်ဘော ချန်ပီယံ မိုက်ကယ်ဂျော်ဒန်ဆိုရင် ဘတ်စ်ကတ်ဘော သမိုင်းတလျှောက်မှာ အကောင်းဆုံးစာရင်းဝင် အားကစားသမားတစ်ဦးပါ။ ဒါပေမဲ့ သူဟာ အထက်တန်းကျောင်းတုန်းက ဘတ်စ်ကတ်ဘော အသင်းကနေ ထုတ်ပယ်တာ ခံခဲ့ရဖူးပါတယ်။ အကြောင်းအရင်းကတော့ သူ့ နည်းပြ အမြင်မှာ မိုက်ကယ်ဂျော်ဒန် ဟာ အရည်အချင်း မပြည့်မီတဲ့ အားကစားသမား ဖြစ်နေလို့ပါ တဲ့။ မိုက်ကယ်ဂျော်ဒန်သာ စိတ်ဓာတ်ကျပြီး ဘတ်စ်ကတ်ဘောအားကစားကို စွန့်လွှတ်ခဲ့ရင် ဘယ်လို […]

အိုင်းစတိုင်းပြောတဲ့ လက်တွေ့ဘ၀သင်ခန်းစာ( ၇ ) ခု

(၁) သိလိုစိတ်ပြင်းပြနေပါစေ။ ကျွန်တော့်မှာ ထူးထူးခြားခြား ပင်ကိုစွမ်းရည်ပါရမီ ဘာမှမရှိပါဘူး။ ပြင်းပြင်းထန်ထန်သိလိုစိတ်၊ စူးစမ်းလိုစိတ်ပဲ ရှိတာပါ။ (အိုင်းစတိုင်း)ကျွန်တော်တို့ဟာ အမြဲသိလိုစိတ်၊ စူးစမ်းလိုစိတ်ပြင်းပြနေရမှာဖြစ်ပြီး အတွေးတစ်ခုခု၊ သိလိုတာတစ်ခုခု ရုတ်တရက်ပေါ်လာပြီဆိုရင်လည်း ထုတ်ဖော်ပြောဆိုရဲ၊ မေးခွန်းထုတ်ရဲရပါမယ်။ သင့်ရဲ့သိလိုစိတ်ပြင်းပြမှုကို ဘယ်အရာကမှမတားဆီးနိုင်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ သိလိုစိတ်၊ သင်ယူလိုစိတ် ပြင်းပြမှု ရှိမရှိပေါ်မှာမူတည်ပြီး ကွာခြားသွားကြတာပါ။ သင့်ရဲ့ရည်မှန်းချက်တွေကိုဖော်ထုတ်ပါ၊ စိတ်ထဲကသိလိုတဲ့မေးခွန်းတွေအားလုံးရဲ့ အဖြေကို ရအောင်ရှာဖွေပါ။ — (၂) ဇွဲ၊ လုံ့လ၊ ၀ိရီယ ထက်သန်မှုဟာ အဖိုးမဖြတ်နိုင်ပါဘူး။ ကျွန်တော်က ထူးချွန်တဲ့ လူတော်တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်က ဖြေရှင်းရမယ့် ပြဿ နာတွေနဲ့ အကြာကြီးနေနိုင်တာပါ။ (အိုင်းစတိုင်း)သင်သာ လုံ့လ၀ီရိယရှိတဲ့လူတစ်ယောက်ဆို သင်မဖြေရှင်းနိုင်တဲ့ပြဿနာ၊ သင်မလုပ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး။ ဒါကြောင့်ဖြေရှင်းမရတဲ့ပြဿ နာတွေကို ဘယ်တော့မှအရှုံးမပေးပါနဲ့။ — (၃) အမှားတွေလုပ်ပါ။ […]

အကောင်းဆုံး အတွေးအခေါ် (၁၅)ခု

(၁) အခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာရယူပါ။ သင့်အနေနဲ့ အမှားတွေအားလုံး ကိုယ်တိုင် လိုက်လုပ်ကြည့်ရလောက်အောင် အသက်မရှည်နိုင်ပါဘူး။ (၂) လူတစ်ယောက်ဟာ အလွန်အမင်း မရိုးသားသင့်ပါဘူး။ ဖြောင့်တန်းတဲ့သစ်ပင်တွေဟာ အရင်ဆုံး အခုတ်ခံရသလို ရိုးသားတဲ့ လူတွေဟာလည်း အရင်ဆုံး ရှင်းထုတ်ခံရတတ်ပါတယ်။ (၃) မြွေတစ်ကောင်ဟာ အဆိပ်မရှိလျှင်ပင် အဆိပ်ရှိချင်ယောင် ဆောင်နေရပါမယ်။ (၄) မိတ်ဆွေဖြစ်ခြင်းရဲ့ နောက်ကွယ်မှာ ကိုယ့်ကျိုးကြည့်မှုအချို့ ရှိနေတတ်ပါတယ်။ ကိုယ့်ကျိုးမကြည့်တဲ့ မိတ်ဆွေစိတ်ဆိုတာ မရှိပါဘူး။ ဒါဟာ လက်ခံရန် ခက်ခဲလွန်းပေမယ့် ပကတိ အခြေအနေမှန်ပါပဲ။ (၅) အလုပ်တစ်ခုခု မစတင်မှီ မိမိကိုယ်ကို အမြဲတမ်း မေးခွန်းသုံးခု မေးပါ။ “ဒီအလုပ်ကို ဘာကြောင့် လုပ်နေတာလဲ။ အကျိုးရလဒ်တွေက ဘာတွေလဲ။ အောင်မြင်နိုင်ပါ့မလား။” ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး လေးလေးနက်နက်စဉ်းစား၊ ကျေနပ်လောက်တဲ့ အဖြေတွေ့မှသာ […]

“မိတ်ဆွေ”

၁။ မပျင်းပါနဲ့ ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။   ၂။ ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့ ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်းလှန်ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမှာပါ။   ၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့ အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။   ၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့ အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။   ၅။ ဟန်မဆောင်ပါနဲ့ လူတွေဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးပူပြီး […]

“သတ္တိရှိသောဘ၀”

“မနက်ဖြန် ဘာဖြစ်လာမလဲ မသိတဲ့အတွက် ဒီနေ့မှာ အကောင်းဆုံး ရှင်သန်မယ်” ဒါက သတ္တိရှိတဲ့သူတွေရဲ့အတွေး။ “မနက်ဖြန် ဘာဖြစ်လာအုံးမလဲ မသိဘူး။ စိတ်ညစ်ပါတယ်ကွာ” ဒါက သတ္တိမရှိတဲ့သူတွေရဲ့အတွေး။ ပြဿနာတွေ၊ဒုက္ခတွေဟာ သတ္တိရှိသူအတွက် သင်ခန်းစာလှေကားထစ်တွေပဲ။ ဒါတွေကို နင်းဖြတ်ပြီး အမြင့်ကို တတ်ကြတယ်။သတ္တိမရှိသူအတွက် ပြဿနာတွေ၊ ဒုက္ခတွေဟာ အတားအဆီးတွေပဲ။ ဖြတ်ကျော်ဖို့ မကြိုးစားပဲ ငုံ့တိုးဖို့၊ ရှောင်ကွင်းဖို့ပဲ ကြိုးစားကြရင်း အောက်ကို ရောက်သွားကြပါတယ်။ တစ်ကယ်တော့ ဘယ်လောင်ကြီးမားတဲ့ ပြဿနာတွေပဲဖြစ်ဖြစ် တစ်နေ့တာကိုတော့ အကောင်းဆုံး ဖြေရှင်းနိုင်ကြတာပါပဲ။ သတ္တိရှိသူရော၊သတ္တိမရှိသူပါ တစ်ချိန်မှာ သေဆုံးကြရမှာပါ။ သတ္တိရှိသူတွေက တစ်ခါပဲ သေပြီး သတ္တိမရှိသူတွေက အခါခါ သေဆုံးနေရတယ်။ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ လှပအောင် ဖန်တီးမပေးနိုင်ပါဘူး။ ကိုယ်သာလျှင် ဘ၀ရဲ့ပဲ့ကိုင်ပါ။သတ္တိရှိသူတွေမှာ မျှော်လင့်ချက် ရှိတယ်။မှီခိုစိတ်မရှိဘူး။ သတ္တိမရှိသူတွေမှာ […]

“ကြိုးစားပြီးမှ နောင်တရ ရင် ရ ပါစေ၊ မကြိုးစားပဲ လွှဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး”

၁။ ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ်။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး။ ၂။ ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ပိုက်ထဲကို ၀င်ပြီးတဲ့ အစာ၊ စိတ်အတွင်းထဲက အိမ်မက်နဲ့ ဦးနောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။ ၃။ မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ်။ လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ နှစ်မွန်းသွားတတ်တယ်။ ၄။ လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး။ ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် စိန်ခံနေရင် ကံဆိုးခြင်း ဖြစ်လာမှာပါ။ ၅။ တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ်။ ၆။ သင့်ရဲ့ […]

“အိမ်မက်တွေကို တိုက်စားတတ်တဲ့မနက်ဖြန်”

မနက်ဖြန်ဆိုတာ အရမ်းပေးလို့ကောင်းတဲ့ ဆင်ခြေတစ်ခုပါ။ လူတိုင်းလည်း မနက်ဖြန်မှလုပ်မယ်ဆိုတဲ့ ဆင်ခြေပေးဖူးမှာ ပါ။ ကျွန်တော်လည်း ပေးဖူးပါတယ်။ ဒါပေမယ့် မနက်ဖြန်နဲ့ ကိုင်ပေါက်တာများနေပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက်မပြီး သေးဘူးဆိုရင်တော့ သင်စိုးရိမ်သင့်ပါပြီ။ လူဆိုတာ ပျင်းတတ်တဲ့အမျိုးပါ။ ပုံမှန်ပျင်းတာ ဘာမှမဖြစ် သေးပါဘူး။ ဒါပေမယ့် အပျင်းရောဂါကပ်သွားပြီဆိုရင်တော့ ပျောက်အောင်ကုဖို့အချိန်ကြာတတ်ပါတယ်။ ဘာမှလည်း မလုပ်ချင်။ တစ်ခုခုလုပ်တော့လည်း စိတ်မပါ။ လုပ်လိုက် သမျှလည်း အရာမထင် နောက်ဆုံးတော့ ပြန်ပျင်းသည်။ ဒီလိုနဲ့ အပျင်းသံသရာစက်ဝိုင်းထဲမှာ လည်ပတ်ပြီးပြန်ထွက် မရတဲ့သူဖြစ်သွားတတ်ပါတယ်။ ဒါဟာ အမှန်ပြောရရင် ကြောက်ဖို့ကောင်းပါတယ်။ အခုအချိန်မှာ သိပ်ပြီးတော့ ထင်ထင်ရှားရှား မရှိသေးပေမယ့် အချိန်ကြာလာတာနဲ့ အမျှ နောက်မှာကျန်ခဲ့ပြီး Depression တွေဝင်လာတတ် ပါတယ်။ တကယ်က အပျင်းဆိုတဲ့ အနာစပေါက်ချိန်မှာ မနက်ဖြန် ဆိုတဲ့ ဆေးပဲ […]

“မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ”

  မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ ဖတ်သင့်မှတ်သင့်တဲ့ စာစုလေးတွေပါ။ (၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့ အခါ တစ်ယောက်တည်းသီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။ (၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေမလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။ (၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။ တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီးစိတ်ထိခိုက်စေတယ်။ (၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ အချစ်တစ်ခုတော့ရှိလိမ့်မယ်။ “ငါ မဆိုးဘူး” ဆိုပြီး ကိုယ့်ကိုယ် ယုံကြည်မှုတစ်ခုတော့ပေးပါ။ (၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။ ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင် […]

“အရင်လို သိပ်မငြင်းတတ်တော့ဘူး.”

ရှုထောင့်မတူရင် အမြင်မတူနိုင်တာမို့.. တိတ်တဆိတ်ပဲ နေဖြစ်သွားတယ်…. အရင်လို သိပ်မရှင်းပြချင်တော့ဘူး…. ကိုယ့်ဆီက အဖြေတွေပဲလိုချင်တာလား ကိုယ်ဖြူရင် မဲဖို့အသင့်ရှိနေတာလား ခွဲခြားသုံးသပ်ရင်း တိတ်တဆိတ်ပဲ နေဖြစ်သွားတယ်…. အရင်လို ဆတ်ဆတ်ထိမခံ မတုန့်ပြန်ချင်တော့ဘူး…. သည်းခံနိုင်သလောက် သည်းခံရင်း သည်းမခံနိုင်ရင် မျက်နှာလွှဲထားရင်း ရင်ဘတ်ထဲမှာ ဒေါသမဖြစ်အောင် တိတ်တဆိတ်ပဲ နေဖြစ်သွားတယ်…. အရင်လို တနုံ့နုံ့တွေးပြီး ဒေါသထွက်မနေတော့ဘူး… ဖြစ်ပျက်သမျှသခါင်္ရမို့ ဘာဖြစ်ဖြစ်တစ်ချိန်တော့ပြီးသွားမှာပဲလို့တွေးရင်း တိတ်တဆိတ်ပဲ နေသွားဖြစ်တယ်…. အရင်လို ကိုယ်ကပဲနစ်နာတယ်လို့ သိပ်မတွေးဖြစ်တော့ဘူး…. လောကနိယာမအရ… အနစ်နာခံတဲ့လူဟာ နောက်ဆုံးတကယ် မနစ်နာတတ်ဘူး… အကြွေးရှိရင် ဆပ်ရမှာသိလာတဲ့နောက် တိတ်တဆိတ်ပဲ နေသွားဖြစ်တယ်… ထိပ်တိုက်ရင်ဆိုင်ရဲမှ သတ္တိရှိတယ်လို့ ပြောနိုင်တာ မဟုတ်သလို…. ငြင်းလည်းအပို၊ ရှင်းလည်းအပို ဖြစ်နေတဲ့အခြေအနေမှာ ဘယ်လိုနည်းနဲ့မှ မတုန့်ပြန်တော့ပဲ တိတ်တဆိတ်နေလိုက်တာလည်း ရှုံးတာမှမဟုတ်ပဲလေ…. Crd;KO Zaw […]

“မျှော်လင့်ချက်တွေမပျောက်ဆုံးစေနဲ့ “

တကယ်တမ်းတော့ လူဆိုတာ နှာခေါင်းနဲ့အသက်ရှုပြီး မျှော်လင့်ချက်နဲ့အသက်ရှင်ကြတာပါ။ အောက်ဆီဂျင် တွေရှုသွင်းနေပေမယ့် အချို့သူတွေဟာ တကယ်တမ်း တော့ အသက်ရှင်နေကြတာမဟုတ်တော့ပါဘူး။ လူ တစ်ယောက်ဟာ တကယ်တော့ မျှော်လင့်ချက်ဆိုတဲ့ အရာလေးနဲ့ အသက်ရှင်ကြတာပါ။ ဘာကိုမျှော်လင့် သလဲ မေးရင်တော့ တစ်ယောက်နဲ့တစ်ယောက်မတူ ကြပါဘူး။ ဒါပေမယ့်သေချာတာက Hopeတော့ ရှိနေ မှဖြစ်မယ်။ Hopeမရှိရင် စိတ်ဓာတ်ကျပြီး လူ့ဘဝကြီး ကို စိတ်ကုန်လာတတ်ပါတယ်။ မျှော်လင့်ချက်ရိုက်ချိုးခံရတဲ့အချိန်ဟာ ဘဝရဲ့အဆိုး ဆုံးအချိန်တွေက တစ်ခုပါ။ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးပါတယ်။ လူတွေဟာ အခက်အခဲဆုံး အချိန်တွေမှာ ဦးနှောက်က ပုံမှန်တွေးတောနိုင်လေ့ မရှိကြပါဘူး။ မျှော်လင့်ချက်မရှိတော့ပဲ စိတ်ဓာတ် အောက်ဆုံးကို ထိုးကျနေတဲ့ သူတစ်ယောက်ဟာ အရာရာကို အဆိုးမြင်လာတတ်ပါတယ်။ သူအဆိုး မြင်တာလည်း အကြောင်းရှိပါတယ်။ သူ့ဘဝမှာ အကောင်းဆိုတာ မကြားဖူးသလောက်ကိုရှားပါး […]