“စာပေကောင်းလေးများ”

ကြိုးစားကြပါ ၊ ဟားတိုက်သံဟာ အောင်မြင်တဲ့ တစ်နေ့ လက်ခုပ်သံဖြစ်သွားပါလိမ့်မယ်။ မိမိကိုယ်တိုင် မသွားနိုင်ဘူးဆိုရင် နောက်မှ တက်လာသူကို အသာအယာ လမ်းဖယ်ပေးလိုက်ပါ… သူဟာ အရည်အချင်းနဲ့ပြည့်ဝသူဆိုရင် အဲ့ဒီနေရာဟာ သူနဲ့ထိုက်တန်မှာပါ။ ဘ၀မှာ ဖြစ်နိုင်ဘူး ဆိုတဲ့ အတွေမျိုး ခဏခဏ မတွေးပါနဲ့ ကြာရင်ဘာမှမလုပ်ရဲတဲ့ ဘ၀ရောက်သွားမယ်။ နာရီဆိုတာ အချိန်တွေကို ပြဖို့သက်သက် ရွေ့လျားနေတာ အဟုတ်ဘူး တကယ်တော့ ကိုယ်အိပ်စကဖို့ တူးဆွနေတဲ့ အရာတစ်ခုပါ။ လောကဓံဆိုတဲ့ မုန်းတိုင်းတွေထန်ပါစေ အသိပညာဆိုတဲ့ အောင်မြင်မှုဆိုတဲ့ ကမ်းတစ်ဖက်ကို ငါ ရောက်အောင်သွားမယ်။ ဘေးကျပ် နံကျပ်ကြုံလာသောအခါ အမြင့်ဆုံးကို ပျံတက်နိုင်အောင် ကြိုးစားပါ။

“ကျွန်တော်ဘာလို့ အထီးကျန်နေအုံးမှာလဲ…. ?”

တိုက်ဆိုင်မှုရှိခဲ့လျှင်…. တစ်ခါတလေမှာ… ကိုယ့်ရဲ့အလေးနက်စကားတစ်ခွန်းကို မထီမြဲ့မြင်ပြုခံခဲ့ရတာတွေရှိမယ် တစ်ခါတလေမှာ.. ကိုယ့်ရဲ့စကားတစ်ခွန်းမဆုံးခင် နားမထောင်ဘဲ တစ်ဖက်ကိုအာရုံစိုက်သွားတာမျိုး   တစ်ခါတလေမှာ.. ကိုယ့်ကိုရှောင်ဖယ်ထားကြတာမျိုး တစ်ခါတလေမှာ.. ကိုယ့်ကို ဟန်ဆောင်ပြီး ပက်သက်နေကြတယ်လို့ ခံစားမိတဲ့အခါမျိုးမှာပေါ့….   ဒီလိုမျိုးလေးတွေ မကြာခဏ ကြုံခဲ့ရတိုင်းလည်း တစ်ခါတလေ အလိုလိုနေရင်း အထီးကျန်မိသလိုလို၊ ကိုယ့်ကိုကိုယ် ၀မ်းနည်းနေမိသလိုလိုနဲ့ သိပ် ခံစားရခက်ပါတယ်။ တကယ်တမ်းကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်ကြည့်မိတဲ့အခါ ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေကိုမှ ကိုယ်က ဂရုစိုက်နေမိတာ က အဓိက ပြဿနာဖြစ်နေတာပါ   ကျွန်တော်တို့ရဲ့နောက်ကွယ်မှာ…. မိဘတွေရှိမယ်၊ ညီအကိုမောင်နှမတွေရှိမယ် သူတို့နဲ့စကား စ,မြည်ပြောနိုင်တယ်   ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်တွေမှာ… မိတ်ဆွေအပေါင်းသင်း၊ သူငယ်ချင်းတွေရှိသေးတယ် အဝေးက အချစ်ဆုံးသူငယ်ချင်းဆီကို သတိရကြောင်း မကြာမကြာဖုန်းဆက်လို့ရတယ် Messageလေး ပို့ကြည့်မယ်.. သတိရတဲ့အကြောင်းပေါ့   […]

ဆရာမအကောင့်ကို ကျွန်တော် ဘလော့ခဲ့မိတယ် ( မျက်ရည်မခိုင်က မဖတ်ရ )

ကျွန်တော့် friend listထဲမှာ ဘယ်တုန်းကရောက်နေလဲ မသိဘူး။ ဒေါ်အုန်းကြည် တဲ့။ အင်္ဂလိပ်လို Daw Own Kyi ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်။ သေချာကြည့်လိုက်တော့ ကျွန်တော် မူလတန်းတုန်းက ဆရာမ။ တိတိကျကျ ပြောရ ရင် သူငယ်တန်းကနေ လေးတန်းအထိ ရင်ခွင်ပိုက်စနစ်နဲ့ ကျွန်တော်တို့အတန်းကို တောက်လျှောက် အတန်းပိုင်လုပ်လာတဲ့ဆရာမ။ တစ်မြို့ထဲပေမယ့် ရပ်ကွက်ချင်း ဝေးပါတယ်။ ဆရာမက အပျိုကြီး။ ခုတော့ အသက်ကြီးနေပါပြီ။ ငယ်ငယ်ကတည်းက သွားခေါခေါနဲ့။ ခု ပိန်တော့ သွားက ပိုငေါထွက်နေတယ်။ ဆရာမက ရုပ်တော်တော်ဆိုးပါတယ်။ တတုံတုံနဲ့ messengerက စာတွေဝင်နေတယ်။ ဆရာမဒေါ်အုံးကြည်ပဲ နေမှာ။ တစ်နေ့ကလည်း ပြောပြီးပြီကို။ သူမေးတာတွေအကုန်ဖြေပြီးပြီလေ။ အခု ကျွန်တော် ကွန်ပြူတာတက္ကသိုလ်တက်နေတဲ့အကြောင်း။ ကောင်မလေးရည်းစား မရှိကြောင်း မထားကြောင်းလည်း […]

“မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ် အနိမ့်မှာနေရင် လှံစိုက်ခံရမယ်”

မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ် အနိမ့်မှာနေရင် လှံစိုက်ခံရမယ် အလယ်မှာနေရင် မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ် ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ် ။   မင်းကမနေနိုင်လို့လုပ်ပေးတော့ အရူးထနေတာလို့ပြောကြမယ် မင်းဘာမှမလုပ်ပဲနေတော့ မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။   ဒီမှာ မင်းကို မင်းရဲ့ပတ်ဝန်းကျင်က ချီးမွန်းတဲ့စကားထက် မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့ မင်းရဲ့ မှားကွက်ကို စောင့်နေကြတယ် ။   မင်းအောင်မြင်နေတဲ့အချိန် မင်းကိုကပ်ဖားပြီး မင်းကျရှုံးတဲ့အချိန် မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။ ။ မျက်နှာဖုံးစွပ်တွေများတဲ့လောကကြီးထဲမှာ မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ် ။ မင်းမှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင် ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။   မင်းစားနေတဲ့ထမင်းလုပ်အတွက် မင်းကိုယ်တိုင် ကိုယ့်ဒူးကိုယ်ချွန်နေတာမို့ မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ် ။ ။ အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့ […]

မြန်မာ လူမျိုးတွေ အပေါ် ပညာရှင်တစ်ဦး၏ ဖြေကြားချက်

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်။ ဒါပေမယ့် ဘာလို့ အများစု ဆင်းရဲနေကြသလဲ??? ကောင်းလိုက်တဲ့ မေးခွန်း။ ဒါကို ပညာရှင် တစ်ယောက်က ဒီလို ဖြေသွားပါတယ်။ (၁) မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ် ဘူး။ (၂) ဘေးကနေ သွေးခွဲရ လွယ်တယ်။ (၃) မနာလိုစိတ် များတယ်။ (၄) အချင်းချင်း ထဲ ကိုယ့်ထက် သာသွားမှာ မလိုလားဘူး။ သာရင် လည်း မနာလိုဘူး။ (၅) သူများကို ချီးကျူးရင် မကြိုက်ဘူး။ ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူး စေချင်တယ်။ (၆) မုဒိတာ မပွါးနိုင်ဘူး။ (၇) ကြိုးစားရမယ့် နေရာတွေမှာ တက်တက်ကြွကြွ မရှိဘူး။ (၈) သူများမလုပ်ရင် မလုပ်ချင်ဘူး။ (၉) […]

ခံစားခွင့်နှင့် အချိန်

တစ်ခါက.. တောဘုရင်ခြင်္သေ့မင်းကြီးတစ်ကောင်ရှိပါသတဲ့..။ သူ့မှာ အလွန်ယုံကြည်စိတ်ချရပြီး တာဝန်ကျေတဲ့ လူယုံတော်တစ်ယောက်လည်းရှိတယ်။ သူကတော့ ရှဥ့်တစ်ကောင်ပဲဖြစ်တယ်။ ရှဥ့်ကလေးဟာ ခြင်္သေ့မင်းကြီးခိုင်းသမျှကို မညဉ်းမညူဆောင်ရွက်ပေးလေ့ရှိတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း.. မြန်မြန်ပြီးတဲ့အပြင် အမှားအယွင်းမရှိသလောက်လည်း နည်းပါးတာကြောင့် ခြင်္သေ့မင်းကြီးက အင်မတန်မှပဲသဘောကျတယ်..။ ဒါကြောင့်လည်းခြင်္သေ့မင်းကြီးက ရှဥ့်ကလေးကို ဆင့်ခေါ်လိုက်ပြီး ဒီလိုပြောတယ်.. “မင်းဟာ အင်မတန်တော်တဲ့ကျေးကျွန် တစ်ယောက်ဖြစ်တဲ့အတွက် ငါကိုယ်တော်အင်မတန် သဘောတော်ကျသကွဲ့..။ ဒါကြောင့်လည်း.. မောင်မင်း အသက်အရွယ်ကြီးရင့်လို့ အငြိမ်းစားယူတဲ့အခါမှာတော့.. လှည်းတစ်စီးတိုက်ရှိတဲ့ မက်မွန်သီးတွေကို ဆုတော်လာဘ်တော်အဖြစ် ဂုဏ်ပြုပေးမယ်လို့ ငါကိုယ်တော် ကတိထားပါတယ်” လို့ပြောခဲ့တယ်။ ရှဥ့်ကလေးဟာ အရမ်းအံ့သြောဝမ်းသာသွားခဲ့ရတယ်..။ မက်မွန်သီးစေ့ဆိုတာက အခြားသာမန်ရှဥ့်တစ်ကောင်အတွက် တစ်သက်လုံးနေလို့မှ တစ်လုံးတစ်လေ ရဖို့တောင် ခက်ခဲမှာဖြစ်ပေမယ့် သူဟာ လှည်းတစ်စီးတိုက်ကြီးများတောင် ပိုင်ဆိုင်ရမယ့်အရေးကို တွေးပြီး ပြုံးပျော်လာခဲ့တယ်..။ ခြင်္သေ့ဘုရင်ကြီးဆီမှာ စစဦး တာဝန်ထမ်းဆောင်စဉ်ကတော့ […]

“လူငယ်တွေ အနေနဲ့ သိထားသင့်တဲ့ အချက် (၁၃)ချက်”

  လူလောကကြီးက အကုန်လုံးအတွက် တူညီသော အခွင့်အရေး ကို ပေးလိမ့်မယ်လို့ မထင်ပါ။ လူလောကကြီးအကြောင်း အသက် ၂၀ မတိုင်ခင်မှာတော့ မိဘတွေက သိပ်ပြီးပြောမှာမဟုတ်ပါ။ အသက် ၂၀ ကျော်လာပြီပြန်ရင်လည်း ကိုယ်ရဲ့သားသမီးကို လူ့လောကကြီးအကြောင်းကို သင်ပေးသူရှိသလို မသင်ပေးသူ လည်းရှိပါလိမ့်မယ်။ မသိသေးသောသူများအတွက် အသက် ၂၀ ကျော် အရွယ်မှာ ဘာကိုလုပ်သင့်သလဲဆိုတာ ကို ပြောပြပါရစေ။   ၀၁. အလုပ်က အရေးကြီးပါတယ်။ အလုပ်ရှိဖို့ဆိုတာ အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါတယ်။ ကျောင်းတတ်နေသေးရင်တော့ အလုပ်လုပ်ဖို့မလိုပင်မဲ့ ကျောင်းပြီးရင် တော့ အလုပ်ကို လုပ်ရပါတော့မယ်။ အလုပ်ဝင်တဲ့အချိန်ကနေစပြီး ကိုယ့်ရဲ့ဘဝကြီးက အလုပ်ထဲမှာပဲ အချိန်ကုန်နေတယ်လို့ မတွေးပါနဲ့။ ကိုယ်က စိတ်ပါဝင်စား လုပ်နိုင်တဲ့အလုပ်ကို ဖြစ်အောင်လုပ်ပါ။ ဒါမှသာလျှင် အလုပ်ကနေ ကိုယ့်ရဲ့တိုးတက်ရာ […]

“တစ်ခါကကျရှုံးခဲ့ဖူးတဲ့ အောင်မြင်သူများ”

၁) မိုက်ကယ်ဂျော်ဒန် (Michael Jordan) ကမ္ဘာကျော်ဘတ်စကတ်ဘောကစားသမားကြီးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ဟာ သူ့ရဲ့ အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းကနေ အပယ်ခံရပြီးတဲ့နောက်မှာ အခန်းတံခါးပိတ်ပြီး တစ်ယောက်ထဲ ငိုကြွေးခဲ့ရဖူးပါတယ်… ၂) စတိဗ်ဂျော့ (Steve Jobs) ကမ္ဘာကျော် Apple ကုမ္ပဏီကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ စတိဗ်ဂျော့ဟာ အသက် ၃၀ အရွယ်မှာ သူစတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ သူ့ကိုဖယ်ရှားခံလိုက်ရတဲ့အတွက် ဝမ်းနည်းအားငယ်ပြီး ယူကျုံးမရခံစားခဲ့ရဖူးပါတယ်…   ၃) ဝေါ့ဒစ္စနေး (Walt Disney) ဆန်းကြယ်ထူးခြားတဲ့ ဇာတ်ကောင်တွေကို ဖန်တီးလေ့ရှိတဲ့ ကမ္ဘာကျော်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်… animation ကာတွန်းဇာတ်ကောင်တွေကို ရှေ့ဆောင်တီထွင်သူ… Disneyland ကို တည်ထောင်သူ ဝေါ့ဒစ္စနေးဟာ သတင်းစာတိုက်တစ်ခုကနေ “စိတ်ကူးစိတ်သန်းမကောင်းခြင်း” နဲ့ “ပင်ကိုယ်အတွေးအခေါ်မရှိခြင်း” ဆိုတဲ့အကြောင်းပြချက်တွေနဲ့ အလုပ်ထုတ်ခံခဲ့ရဖူးပါတယ်…   ၄) ဘီတဲလ်စ် […]

IQ မြင့်မှ အောင်မြင်မှာလား

ဖိအားတွေများလှတဲ့ တိုင်ပင်ခံအလုပ်ကနေထွက်ပြီးတဲ့နောက်မှာ Angela Lee Duckworth ဟာ ကလေးငယ်လေးတွေကို စာသင်ပေးတဲ့အလုပ်ကိုပဲ လုပ်ဖြစ်ခဲ့ပါတယ်။ ခုနစ်တန်းအရွယ် ကလေးတွေကို စာသင်ပေးရတဲ့အလုပ်က အရင်ကတိုင်ပင်ခံအလုပ်ထက်စာရင်တော့ ဖိအားတွေ သက်သာနိုင်တယ်လေ။ ဒါ့ကြောင့်ပဲ New York မှာရှိတဲ့ Public School တစ်ခုမှာ သင်္ချာသင်ရတဲ့ ဆရာမအဖြစ် ဝင်လုပ်ဖြစ်ခဲ့တယ်။ ကလေးတွေကို စာသင်ပေးရင်းနဲ့ပဲ သူမ သတိထားမိတာတစ်ခုကတော့ကျောင်းသားတစ်ယောက်ရဲ့ အောင်မြင်နိုင်ချေဟာ IQ တစ်ခုတည်းပေါ်မှာပဲ မူမတည်နေဘူးဆိုတာပါပဲ။ . အောင်မြင်ရေးတစ်ခုရဲ့ နောက်ဆုံးပန်းတိုင်မှာ လူတစ်ယောက်ဟာ ဘယ်လောက်တောင် ဥာဏ်ရည်ထက်မြက်တယ်၊ ဘယ်လောက်တောင် ပါရမီပါတယ်ဆိုတာနဲ့ မတိုင်းတာပါဘူး။ ဘယ်လောက်တောင် သူခရီးနှင်ခဲ့သလဲဆိုတာနဲ့ပဲ တိုင်းတာပါတယ်။ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲဆိုတာနဲ့ပဲ အကဲဖြတ်ပါတယ်။ Thomas Edison ဟာ မီးလုံးတစ်လုံးဖြစ်ဖို့ အကြိမ်ပေါင်း တစ်သောင်းထက်မနည်း စမ်းသပ်ခန်းထဲမှာ […]

နရသူမင်း နှင့် ဓမ္မရံကြီးဘုရား

နရသူဟု ဆိုလိုက်လျှင် သူရဲ့နာမည်နောက်တစ်မျိုးဖြစ်တဲ့ ကုလားကျမင်း ကိုပြောမှန်း အားလုံးသိကြမှာပါ။ သူဟာ မြန်မာ့သမိုင်းတလျှောက် အဆိုးဝါးဆုံးမင်းတွေထဲက တစ်ပါးလည်း ဖြစ်ပါတယ်။ ထီးနန်းစည်းစိမ်ကို မြန်မြန်အလိုရှိတာကြောင့် နာမကျန်းဖြစ်နေသော ခမည်းတော်အလောင်းစည်သူမင်းကြီးအား မြန်မြန်ကွယ်လွန်စေချင်သည့်အတွက် နန်းတွင်းတွင်မထားပဲ အခြွေအရံ အပြုအစုကင်းမဲ့သော ရွှေဂူကြီးဘုရားသို့ ပို့ထားလိုက်ပါတယ်။ ခမည်းတော်ကြီး သတိမေ့လျော့နေရာမှ သတိပြန်ရလာသည်ဟု ကြားတဲ့အခါ ကိုယ်တိုင်သွားပြီး အဝင်ဖြင့် ပါးစပ်ကိုဆို့ကာ လုပ်ကြံသတ်ဖြတ်ပစ်လိုက်ပါတယ်။ အလောင်းစည်သူမင်းကြီး နတ်ရွာစံကြောင်း သားတော်ကြီး ဖြစ်သူ မင်းရှင်စော ကြားတဲ့အခါ အခုခေတ် မန္တလေးနယ်ဘက်ကနေ စစ်တပ်နဲ့ ပုဂံကိုချီတက်လာခဲ့ပါတယ်။ ဒီအကြောင်းကို နရသူကြားတော့ သူကိုယ်တိုင်ကလည်း နောင်တော်လို အရည်အချင်းမရှိတော့ ခံတိုက်ဖို့ မလွယ်တဲ့အပြင် တိုင်းသူပြည်သားတွေကလည်း မင်းရှင်စောကိုသာ ချစ်ခင်ကြတဲ့အတွက် အကောက်ကြံပါတော့တယ်။ သာသနာပိုင်ဖြစ်တဲ့ ပံသကူမထေရ် ကိုချဉ်းကပ်ပြီး “အရှင်ဘုရား နောင်တော်ကြီး […]