“ဘဝ​နေနည်း”
☑ မျက်ရည်ကျတဲ့ အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့။ မှားတတ်လို့ပါ။ အဲ့ဒီအချိန်မှာ အဆိုးမြင်စကားပြောခြင်းကိုလည်း နည်းနိုင်သမျှနည်းအောင် ထိန်းပါ။ ☑ အခက်ခဲ ကိစ္စတစ်ခုကို အမြဲတွေးတော မနေပါစေနဲ့။ ခံစားချက်တိုင်းကို သင်ဆီမှာသောင်မတင်ပါစေနဲ့။ သင်မှာတိုင်ပင်စရာ သူငယ်ချင်းတွေ၊ မိဘတွေ ရှိသေးတယ်ဆိုတာ သတိရပါ။ ဘယ်လိုတွေပဲ အခက်ခဲတွေပဲကြုံခဲ့ နောက်ဆုံးပြန်စဉ်းစားကြည့်တဲ့ အခါမှာ သိပ်အရေးမကြီးတော့တာကို ခံစားရပါလိမ့်မယ်။ ☑ မှားမှာကို မကြောက်ပါနဲ့ ။ မှားခဲ့ရင်တောင် တွေးတော့ပူပန်မနေပါနဲ့ ။လူဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတာပါ။ သင်ခန်းစာယူပြီး အကောင်းဆုံးရှေ့ဆက်သွားနိုင်ရင် ရပါပြီ။ ☑ အဆိုးမြင်စိတ်ဆိုတာ လူတွေမှာ အမြဲရှိတတ်ပါတယ်။ စိတ်ခံစားချက်ကို ဦးစားမပေးဘဲ အကောင်းမြင်စိတ်လေး အစားထိုးပေးမယ်ဆိုရင် အားလုံးအဆင်ပြေအောင်မြင်သွားမှာပါ။ ☑ တစ်ယောက်ယောက်က သင့်ကို အဆက်သွယ်လုပ်ခြင်း၊ မလုပ်ခြင်း ၊ စကားပြောခြင်း၊မပြောခြင်း သာမာန်ကိစ္စတစ်ခုလို့ပဲ […]
“အောင်မြင်မှုအတွက် အသက်အရွယ်ဟာ အဓိမကျပါဘူး”
  သင့်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အသက်ကြီးသွားပြီ၊ အချိန်နှောင်းသွားပြီဆိုတာ ဘယ်တော့မှမရှိပါဘူး။ စွန့်ဦးတီထွင်ဖန်တီခြင်း ဆိုတာ အသက်အရွယ်အပိုင်းအခြားနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ လူတော်တော်များများ အသက်အရွယ်အတိုင်းအတာတစ်ခုရောက်လာရင်တွေးမိကြတယ်။ “ငါ အသက်ကကြီးသွားပြီ မလုပ်နိုင်တော့ဘူး ” “ငါ့ဆန္ဒတွေတော့ပြည့်ပြီ” စသည်ဖြင့်ရောင့်ရဲတတ်ကြတယ်။ အဲလိုမျိုးအတွေးမျိုးတွေရှိရင် ရပ်တန့်ပစ်သင့်ပါတယ်။ တကယ်တော့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ အသက်အရွယ်က အရေးမကြီးပါဘူး။ သင့်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ နောက်ကျသွားပြီလို့ သင်ထင်နေပါသလား။ အောက်တွင်ဖော်ပြထားသောပုံကိုကြည့်လိုက်ပါ။ နာမည်ကြီး Boeing / Intel / Lenovo / HTC တို့အပါအ၀င် အောင်မြင်သောစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ တည်ထောင်သူတွေဟာ သူတို့လုပ်ငန်းတွေကို အသက် ၃၅ နှစ်ကနေ ၃၉ အတွင်းမှာမှ စတင်ခဲ့ကြတာဖြစ်ပါတယ်။ Forbe Magazine ရဲ့ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၁၀၀ စာရင်းမှာပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေရဲ့တည်ထောင်သူတွေရဲ့အသက်အရွယ်ကို လေ့လာခြင်းအားဖြင့် […]
သင့်ကလေးကို သင်ဘယ်လောက်နားလည်ပါသလဲ
၁။ သူငယ်ချင်းရှိသလား သူတို့လေးတွေ သူငယ်ချင်းကော ရှိရဲ့လား၊ သူတို့နာမည် ဘာခေါ်ကြလဲ၊ သူတို့အနေအထား ဘယ်လိုရှိလဲ၊ မိဘတွေကော ဘာလုပ်တာလဲ၊ သားသမီးများရဲ့ သူငယ်ချင်းအကြောင်းကို ကောင်းကောင်းသိထားခြင်းဖြင့် သားသမီးအကြောင်းကို ပိုမို နှီးစပ် အောင် ခန့်မှန်းနိုင်ပါတယ်။ ၂။ သင့်ကလေး ဘာအကျင့်တွေ ရှိသလဲ အဲလိုမေးလိုက်ရင် မိဘတော်တော်များများ ငြီးညူ ကြတယ်။ ထမင်းကောင်းကောင်းမစားဘူး၊ အဆော့အရမ်းမက်တယ်။ အတန်းထဲမှာ ကောင်းကောင်းနားမထောင်ဘူး၊ အချိန်တအားဆွဲတယ်။ စသည်ဖြင့် ပြောတတ်ကြပါတယ်။ အကျင့်ကောင်းကော ဘာတွေရှိလဲ၊ ဂရုကော စိုက်မိ ရဲ့လား၊ အကျင့်ကောင်းကို ရ အောင်ရှာပါ။ အဲဒီအကျင့်ကောင်းကို ချီးကျူး ခြင်း၊ အသိအမှတ်ပြုခြင်းဖြင့် အကျင့်ကောင်းကို ပွားများပါ။ ၃။ ကလေး ဘာအစားအစာ နှစ်သက်သလဲ အသားအရမ်းကြိုက်တယ်။ ဟင်းရွက်သိပ်မစားတတ်ဘူး အဲဒါ […]
ဘယ်ကိစ္စမဆို အကောင်းဘက်က တွေးပါ
ငါက ကံကောင်းလေ့မှ မရှိတာ။ ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်တော့ထင်သားပဲ။ ငါ့ကျမှပဲ ဒီလိုအဆိုးတွေ ဖြစ်ရတယ်လို့။ ငါ့လိုတော့ ဘယ်သူမှ ဖြစ်မှာမဟုတ်ဘူး။ ငါက တသက်လုံး စိတ်ညစ်နေရမယ့် ကံ ပါတယ်နဲ့ တူတယ်။ ငါ့ဘဝမှာ ပျော်နေရတဲ့အချိန်ဆိုတာ မရှိသလောက် ပါပဲ။ လူတိုင်းလူတိုင်း အကျပ်အတည်း၊အခက်အခဲတွေ၊ ပြဿနာတွေ ရှိတာချင်း အတူတူ ကိုယ်က ဘာလို့ အဲဒီလို အတွေးမျိုး တွေးနေမှာလဲ။ မှားယွင်းတဲ့ ကိုယ့်ရဲ့ အယူအဆကြောင့် ကိုယ့်စိတ်ကို ဒုက္ခပေးရာ ရောက်ပါတယ်။ ဖြစ်ချိန်တန်လို့ ဖြစ်သွားတဲ့ကိစ္စတစ်ခုကို ဘယ်လို ဖြေရှင်းရမလဲ။ မဖြေရှင်းနိုင်ရင်လည်း ဘယ်လို ကျော်ဖြတ်ရမလဲ လို့ပဲ စဉ်းစားပါ။ ဒီပြဿနာရဲ့ ရှေ့က ပြဿနာတွေ၊ မဖြစ်သေးတဲ့ နောက် ပြဿနာတွေကိုပါ ထည့်မတွေးပါနဲ့။ ပြဿနာသေးသေးလေးကနေ […]
ရေပုံးအပေါက်နဲ့ ရေသယ်ကြသူများ
ဘဝမှာ အတန်းပညာသင်ယူနေသူ၊ လုပ်ငန်းခွင်မှာ အလုပ်အတူတူလုပ်နေသူ၊ အတတ်ပညာတစ်ခုကို သင်ယူနေကြသူတွေ အားလုံးဟာ ကိုယ့်အတွက် အကျိုးရှိဖို့ကို ရည်ရွယ်ပြီး လုပ်ဆောင်နေကြတာပါ ပညာသင်ယူနေသူတွေကလည်း ကိုယ်သင်ယူရမယ့် သင်ခန်းစာတွေ ကိုယ်လေ့လာနေတဲ့ အတတ်ပညာတွေကို အချိန်ရှိတုန်း အာရုံစိုက်မသင်ပဲ ပေါ့ပေါ့လေးနေပြီး အချိန်တန်ရင် သူ့ဟာသူပြီးသွားမှာပါ ခုလက်ရှိအချိန်ကို သူများဘာလုပ်လဲ ဘယ်လိုလှနေလဲ ဘာပစ္စည်းတွေ အသစ်ထွက်လဲ Facebook မှာပဲ အပြိုင်အချိန်ပေးနေကြတာ သင်တန်းချိန်တွေပြီးဆုံးတဲ့ အချိန်မှာတော့ အရည်အတွက်ထဲမှာသာပါနေပြီး အရည်အချင်းရှိသူ စာရင်းမှာ မိမိမပါဝင်ဖြစ်ရမှာ ကြိုတင်သတိရှိစေချင်တယ် ရေပုံးအပေါက်နဲ့ ရေဆွဲလာမိသလိုပါပဲ ခရီးဆုံးမှာ ရေမပါတော့တဲ့အဖြစ်မျိုးပါ လုပ်ငန်းခွင်မှာလည်း အလုပ်ချင်းတူ အပြိုင်ဆိုင်တွေဖြစ်လာတဲ့အခါ ကိုယ့်လမ်းကိုယ် မှန်အောင်လျှောက်ကြရမှာ လိုအပ်တာတွေကို အချင်းချင်း တိုင်ပင်ဆွေးနွေးရမှာ အဲ့လိုမဟုတ်ပဲ သူငါ့ထက်သာသွားမလား ကိုယ့်အရည်အချင်းမျိုး သူများရသွားမှာ ကိုယ်နဲ့ယှဉ်လာရင် ကိုယ်ကသာ အတော်ဆုံးဖြစ်ချင်တဲ့ […]
အရမ်းကို ကောင်းလွန်းတဲ့ စာတိုလေး
တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊ သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။ ကုန်သည်လာတယ်၊ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´ မြင်းကခေါင်းခါပြီးပြောတယ်၊ `ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ… ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ? ´ စစ်သားလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´ မြင်းကခေါင်းခါပြီးပြောတယ်၊ `ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ… ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ? ´ မုဆိုးလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´ မြင်းကခေါင်းခါပြီးပြောတယ်၊ `ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ… ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ? ´ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့သေးချေ။ တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများကပ်ကာ လိုက်ရှာလေသည်၊ အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊ […]
ခေါင်းစဉ်​မရှိ​သော အ​တွေးစများ
လူတစ်ချို့က ကိုယ့်မှာ အားနည်းချက် ရှိရဲ့သားနဲ့ အခြားသူရဲ့ အားနည်းချက်ကို လက်ညှိုးထိုးတတ်ကြတယ်။ ကိုယ့်ကို နားလည်ပေးပီး မြတ်မြတ်နိုးနိုးချစ်သောသူကို ပိုင်ဆိုင်ရခြင်းက ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ရခြင်းပါပဲ။ မိန်းကလေးအများစုရဲ့ အားနည်းချက်က စိတ်ဆိုးစိတ်ကောက်ခြင်း ဖြစ်ပီး ယောက်ျားအများစုရဲ့အားနည်းချက်က ချော့ရမှာကို စိတ်မရှည်တတ်ခြင်းပါပဲ။ အဲ့ဒီအလွဲနှစ်ခုကြောင့်ပဲ ချစ်ရသူတွေ လမ်းခွဲနေကြရတယ်။ လူတစ်ယောက်ကို ယုံပီးမှ ချစ်ပါ ချစ်ပီးမှ ယုံကြည်မှူ မတည်ဆောက်ပါနဲ့။ ဗီဇဆိုးကို ကိုယ့်လက်ထဲရောက်မှ ပြင်လို့ရမယ်လို့ ဘယ်တော့မှ မတွေးပါနဲ့ ဝက်အမြီးကို ဖြောင့်ဖို့ကြိုးစားနေမယ်ဆိုရင် ကောက်နေတဲ့အမြီးက ဘယ်တော့မှ ဖြောင့်မလာနိုင်ပါဘူး။ လူတိုင်းက မွေးလာကတည်းက မတော်ပါဘူး သင် ပေးလို့ တတ်မြောက်သူရယ် ၊ သင် ပေးလို့ မတတ်မြောက်သူ ရယ်ဆိုတာပဲ ရှိတယ်။ အမှားတစ်ခုခုကြုံတိုင်း တာဝန်မယူဘဲ သူတစ်ပါးကို […]
တစ်​ခါက ​ကျောင်းဆရာတစ်​​ယောက်​ စာကျက်ေ​န သည်​ကို မြင်​​တွေ့သွား​သော လူလတ်​အရွယ် ​ ​ယောကျာင်္း ​လေးနှစ်​​ယောက်​က အံသြသွားသလို ဟာသတစ်​ခုအဖြစ်​ ဖန်​တီး​ပြောဆို​နေကြပါတယ်​။ “ဆရာ…..ဘာလုပ်​​နေတာလဲဟင်​” “စာကျက်​​နေတာ​ပေါ့ တပည့်​​လေးရယ်​” “ဟားဟားဟားဟားဟားဟားဟား…….” “တကယ်​ရယ်​ရတာပဲကွာ….​ကျောင်းဆရာဖြစ်​ပြီး က​လေးတွေကိုစာသင်ဖို့အတွက် ​​စာပြန်​ကျက်​” နေရတယ်​လို့ မထင်​ရဘူး…. မထင်​ခဲ့ဘူး.. “ဟားဟားဟားဟားဟားဟားဟား…….: “ဆရာ…. စာလဲမတက်​ဘဲ ဆရာလုပ်​​နေတာ… ဒါ​ကြောင့်​တို့နိုင်​ငံ​တော်​ကြီး မတိုးတက်​တာ​ပေါ့ကွာ..” “မြန်​မာတစ်​နိုင်​ငံလုံးက ဆရာဆရာမ​တွေအားလုံးက စာမတက်​ကြဘူးထင်​တယ်​…..” “အေးကွာ….ဆရာဖြစ်​ပြီး စာပြန်​ကျက်​​နေမှ​တော စာမတက်​ကြလို့​ပေါ့ကွာ…….” “ဒါဆို ငါတို့လဲ ဆရာလုပ်​လို့ရတာ​ပေါ့ကွာ…..” “ဒါ​ပေါ့ကွာ….ဒါ​ပေါ့…. ငါတို့က စာကျက်​စရာမှမလိုတာ ဟားဟား ဟားဟား……….” သူငယ်​ချင်းနှစ်​​ယောက်​ အလုပ်​ကအပြန်​ ​ကျောင်း ဆရာဖြစ်ကာစ ​ဆရာအသစ်​​လေး၏ ​ကျောင်းသားများကို စာပြရန်​အတွက်​ စာတ​ချို့အား အလွတ်​ကျက်​မှတ် ​ တွက် ​ချက်​​နေသည်​ကို မြင်​​တွေ့ခဲ့သည့်​အချိန်​မှစ၍ […]
ဒုလ္လဘဟူသည်
ဒုလ္လဘဟုဆိုလျှင် အချို့က ခဏဝတ်သော ရဟန်း၊ သာမဏေများကိုသာ ဆိုသည်ဟု အထင်ရောက်တတ်ကြ၏။ အမှန်အားဖြင့် ဒုလ္လဘဟူသည် ရခဲခြင်း၊ ခက်ခက်ခဲခဲ ရရှိခြင်းဟု အဓိပ္ပါယ်ရ၏။ ခဲခဲရင်းရင်း ခက်ခက်ခဲခဲ ရရှိသည့် ဘဝဖြစ်သဖြင့် ရဟန်းဘဝ ရောက်ရှိလာကြသည့် သူများကို ဒုလ္လဘဟု ဆိုကြခြင်းဖြစ်၏။ ယခုနောက်ပိုင်းတွင် ထိုသို့ခက်ခဲစွာရရှိလာသည့် ရဟန်းဘဝ အနှစ်သာရပျောက်ကာ အချို့သော ခဏဝတ် ရဟန်းသာမဏေများသည် သာသနာဘောင်တွင် သင်္ကန်းဝတ်၍ လုပ်ချင်သလို လုပ်နေသည့် သဘောဖြစ်နေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရ၏။ မနက်ပိုင်းသိမ်ဝင် ညနေပိုင်း လဘက်ရည်ဆိုင်ထိုင်၊ ညစာစား၊ ဝိနည်းသိက္ခာကို ထင်သလို ကစားနေကြသလို ဖြစ်နေကြ၏။ အချို့သော ဒုလ္လဘများသည် ရဟန်းဝတ်သည်မှာ (၇)ရက်ခန့်သာရှိ၏။ ပြန်ထွက်သွားသည့်အခါ အာပတ်များကား မရေမတွက်နိုင်အောင် ယူသွားသလို ဖြစ်နေကြ၏။အချို့ကျောင်းများကလည်း ခဏနေတာပဲဟုဆိုကာ သိပ်ပြီးတင်းတင်းကြပ်ကြပ် […]
ကျေနပ်အောင် နေတတ်တဲ့ စိတ်ဟာ ချမ်းသာတယ် ~
မြတ်ဗုဒ္ဓက “သန္တုဋ္ဌီ ပရမံ ဓနံ -ရောင့်ရဲခြင်းဟာ အကောင်းဆုံး ချမ်းသာ” လို့ ဟောတော်မူတယ်။ ရောင့်ရဲတာကို အပျင်းကြီးတာနဲ့ သွားရောလို့ မရဘူး။ သန္တုဋ္ဌီဆိုတဲ့ ရောင့်ရဲခြင်းရဲ့ သဘောက အကြောင်းတရားကို မလျှော့ဘူး၊ အကျိုးတရားအပေါ်မှာ မတုန်မလှုပ်လက်ခံနိုင်တဲ့ စိတ်ထားမျိုးကို ပြောတာ။ ကြိုးစားအားထုတ်ရမယ့် အကြောင်းတရားကို မလျှော့ဘဲကြိုးစားတယ် ၊ ကြိုးစားတဲ့အတိုင်း ဖြစ်လာရင်လည်း ဖြစ်လို့ဆိုပြီး မာန်မတက်ဘူး၊ ကြိုးစားတဲ့အတိုင်း မဖြစ်လာတဲ့အခါလည်း မဖြစ်လို့ဆိုပြီး တုန်လှုပ်ခြောက်ခြား ခံစားမနေဘူး။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်အကောင်းအဆိုးကြားမှာ ဗျာမများဘဲ လက်ခံနိုင်တဲ့ စိတ်မျိုးဟာ သန္တုဋ္ဌီရဲ့သဘောပဲ။ ကျေနပ်အောင်နေတယ်ဆိုတာ ဒီသဘောမျိုးကို ပြောတာပါပဲ။ လက်မခံနိုင်လို့ လိုက်ခံစားမိရင်တော့ မကျေနပ်တာတွေ ဖြစ်တော့တာပဲ။ မကျေနပ်ရင် စိတ်မချမ်းသာတော့ဘူး။ စိတ်မချမ်းသာရင် ကျန်တာတွေ ဘယ်လောက်ပဲ အဆင်ပြေပါစေ၊ နေရတာ […]