ဘီလျံနာဝါရင်းဘတ်ဖက်ရဲ့ အထင်ကရစကား ၆ ခွန်း
ဝါရင်းဘတ်ဖက်ဟာ အမေရိကန် စီးပွားရေးသမား လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သလို ပရဟိတသမား တစ်ယောက်လည်း ဖြစ်တယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ၊ ကမ္ဘာ သူကြွယ်မှတ်တမ်းမှာတော့ သူဟာ အမေရိကန် ဒေါ်လာ ၉၁ ဒသမ ၆ ဘီလီယံ ချမ်းသာတယ်လို့ ဆိုထားတဲ့။ သူကြွယ်အဆင့်အရတော့ ကမ္ဘာနဲ့ အမေရိကန်မှာ တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။ ငွေရေးကြေးရေး၊ ရင်းနှီး မြုပ်နှံ့မှုနဲ့ စီးပွားရေးအမြင်ကျယ်မှုနဲ့ ပတ်သက်ပြီး မှော်ဆရာ၊ နိမိတ်ဟော ဆရာ၊ ပညာရှိလို့ အမွှန်းတင်ခံရတဲ့ သူဟာ တစ်နေ့ကို ဒေါ်လာတစ်သိန်းနှုန်း သုံးသွား ရင်တောင် နှစ်ပေါင်းနှစ်ရာလောက် သုံးရတဲ့အထိ များပြားလှတဲ့ ငွေကြေး ပမာဏကို ပိုင်ဆိုင်ပေမဲ့ အလွန်အသုံးအစွဲ နည်းတယ်လို့ ထင်ရှားပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကအိမ်ဟောင်းမှာပဲနေ၊ကားဟောင်းကိုပဲမောင်းနေဆဲလို့ […]
အခုလက်ရှိသုံးနေတဲ့ Facebook အကောင့်ကို ရုတ်တရက် deactivate လုပ်ပြီး တိတ်တိတ်ကလေး ပျောက်သွားကြည့်
အခုလက်ရှိသုံးနေတဲ့ Facebook အကောင့်ကို ရုတ်တရက် deactivate လုပ်ပြီး တိတ်တိတ်ကလေး ပျောက်သွားကြည့် … ဒါမှမဟုတ် ရုတ်တရက် မင်း​ပျောက်​ဆုံးသွားလို့ မင်း Facebook အကောင့်က အသက်မဲ့သွားတယ်​ထား.. အချိန်ကြာတဲ့အခါ မင်းကို အားလုံး အလိုလိုမေ့သွားကြပါလိမ့်မယ် … တချို့တွေ အမှတ်မထင် Mention ခေါ်ဖို့ ကြိုးစားတော့မှ မင်းမရှိမှန်းသိသွားမယ် … အရေးတကြီးမင်းဆီက အကူအညီလိုမှ မင်းကို Hi ဖို့ကြိုးစားတဲ့အခါ မင်းမရှိမှန်း သိသွားကြမယ် … မင်း timeline ပေါ် တစ်ခုခုတက်ရေးဖို့ မင်းနာမည်ကို search box မှာရိုက်ကြည့်မှ မင်းရှိမနေတော့ဘူးဆိုတာ သိသွားကြမယ် … မင်းတင်ဖူးတဲ့ … မင်းရေးဖူးတဲ့ ဓာတ်ပုံတစ်ခုခု … status တစ်ခုခုကို ပြန်ကြည့်ချင်တော့မှ […]
ယုံကြည်​ရင်​​ပေါ့ 
ငယ်​​တော့တဲ့ အရွယ်​မဟုတ်​​ပေမယ့်​ တခါတ​လေ စိတ်​ရဲ့​ခေါ်​ဆောင်​ရာမှာ Kg တန်းက က​လေး​တွေလို လွတ်​လပ်​​ပေါ့ပါးမှုကို ​တောင်းတ​နေတုန်းပါ အပူအပင်​​တွေကြားမှာ ဆုံ​တွေ့ဖို့ မ​သေချာတဲ့ ​ကော်​ဖီခုံတန်း​လေးကို စိတ်​ကူးယဉ်​ ရင်း ဆုံ​တွေမှုရဲ့​နောက်​ကျမှုကို ပြစ်​တင်​​နေမိ​သေးတယ်​ ရင်​နာစရာ​တွေရှိခဲ့​ပေမယ့်​ အမှတ်​မရှိတဲ့ ​မျှော်​လင့်​မှုက သူ မ​ဖျော်​တိုက်​​သေးတဲ့ ​ကော်​ဖီတစ်​ခွက်​ကို ​ရူးသွပ်​​နေမိတယ်​ စကား​တွေအပြန်​အလှန်​ ​ပြောဆိုကြရင်း မသက်​သာတဲ့ ကိုယ့်​ရင်​ဖွင့်​မှု​တွေ သူ​ပြောပြတဲ့ ရင်​နင့်​စရာ​တွေ ဘဝဆိုတာ လဲကျသူရဲ့ နာကျင်​မှုကိုခံစားလို့မရ​ပေမယ့့် ကိုယ်​ချင်းစာစိတ်​နဲ့ နာကျင်​​ပေးလို့ရတယ်​ ငယ်​​တော့တဲ့အရွယ်​မှမဟုတ်​တာ သစ်​ရွက်​​ကြွေတိုင်းရင်​မခုန်​​တော့​ပေမယ့်​ ​လေညင်းတိုက်​တိုင်း ​တော့ လှုပ်​ခတ်​​နေတုန်းဆိုတာ ကိုယ့်​ကိုယ်​ကို သိတယ်​ ​ကောက်​​ကြောင်း​တွေ ကြည့်​ပါ ​နောက်​​ကြောင်း​တွေလည်း သိ​အောင်​လုပ်​ပါ အရာအားလုံးကိုလက်​ခံ​ပေးဖို့မ​ပြောလိုဘူး ငယ်​​တော့တဲ့အရွယ်​မှမဟုတ်​တာ ယုံကြည်​ရင်​ မင်းအတွက်​ကြီးပဲ​လေ အမှားမရှိဘူးလို့ မ​ပြောဖူး​ မှားခဲ့ဖူးလို့ ​လေတိုးသံကြားတိုင်း ရင်​ခုန်​​နေရတာပါ။ […]
လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်
ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။ ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။ အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က “ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” […]
ကျကွဲသွား​သော မီးသီး​လေး
သစ်​ပင်​တစ်​ပင်​ဖို့ ဖြစ်​ဖို့ ​ရေလိုတယ်​ လူထဲက လူဖြစ်​ဖို့ ကိုယ်​ချင်းစာစိတ်​လိုတယ်​ ကြိုး တစ်​​ချောင်းဖြစ်​ဖို့ ကျစ်​ယူရတယ်​ အ​တွေ့အကြုံရရှိဖို့ ​လေ့လာယူရတယ်​ ညီညာတဲ့ လမ်း​ကောင်းတစ်​ခုဖြစ်​ဖို့ဖိနှိမ့်​ခံရတယ်​ ​ဖြောင့်​ဖြူးတဲ့ ဘဝ တစ်​ခုဖြစ်​ဖို့ မတူညီတာ​တွေကို ညှိယူတတ်​ရမယ်​ ခိုင်​မာတဲ့အ​ဆောက်​အဦးဖြစ်​ဖို့ ​မတူညီတာ​တွေနဲ့ ဖွဲ့စည်းတည်​ ​ဆောက်​ရတယ်​ ခိုင်​မာတဲ့ဘဝ ဖြစ်​ဖို့ ​ဇွဲ ၊ လုံ့ လ ၊ ဝီရိယ စတာ​တွေနဲ့ စနစ်​တကျ တည်​​ဆောက်​ရတယ်​ စိန်​ ဆိုတာ​သွေးမှ အ​ရောင်​ထွက်​တယ်​ လူ ဆိုတာ ​ပေါင်းသင်းကြည့်​မှ အ​ကြောင်းသိတယ်​ တိုင်​တိုင်းလည်း မခိုင်​ဘူး လူတိုင်းလည်း မ​ကောင်းဘူး ညတိုင်းလည်း လမသာဘူး လူတိုင်းလည်း အမှားမကင်းဘူး ​ရေတိုင်းလည်း မသန့်​ရှင်းဘူး လူတိုင်းလည်း စိတ်​မလှဘူး ​ရွှေဆိုတာ သိမှကျင်​ယူလို့ရတာ ကိုယ်​ချင်းစာစိတ်​ဆိုတာ […]
ဒဿနစာလေးမာျး
သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဟုတ်ပဲ လမ်းပြသူ ဖြစ်နိုင်အောင် ကြိုးစားပါ။ သင့်မျက်နှာမှာ အပြုံးတစ်ပွင့် တပ်ဆင်ထားလိုက်ပါ အောင်မြင်းခြင်း ပျော်ရွှင်ခြင်းတို့အတွက် လှေကားထစ် တစ်ခုဖြစ်လာပါလိမ့်မယ် နာကျင် ၀မ်းနည်းနေရင်ချိန်မျာတောင် ပြုံးနိုင်ရင်တော့ သင်ဟာ ရင့်ကျက်သူ တစ်ယောက် ဖြစ်လာပါပြီ အောင်မြင်မှုဆိုတာ အချိန်နဲ့ နေရာပေါ် မမူတည်ပါဘူး၊ အားကိုးထိုက်သူ ဖြစ်အောင် နေမျ သင့်လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူ ဖြစ်လာမှာပါ။ ထာဝရ ရပ်တည်နိုင်ဖို့ သင့် ကြိုးစားမှုပေါ်မှာပဲ မူတည်ပါသည် အရှုံးတွေနဲ့ တွေ့ရလို့ စိတ်မညစ်ပါနဲ့ အဲ့ဒီ အရှုံးတွေက ရခဲ့တဲ့ သင်ခန်းစာတွေက နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။ ဘာကိုမှ စိတ်ဓတ်မကျပါနဲ့။ အခက်အခဲ တွေကို ရင်ကော့ပြီး ရင်ဆိုင်ပြစ်လိုက်ပါ။ အတင်းပြောကဲ့ ရဲ့ခဲရမှာကို စိတ်ညစ်နေပါသလား ကိုယ့်လိပ်ပြာကိုယ်လုံရင် […]
ငါ့တိုက်​ပွဲ 
အားလုံးရဲ့ ဆန့်​ကျင်​ဖက်​မှာ ရှိ​နေရင်​​တောင်​ အမှားမခံယူဘူး ဆုံးဖြတ်​ပြီးမှာ စိတ်​ခံစားရာကို လမ်း​ဖွင့်​​ပေးခဲ့တာ ဦး​နှောက်​ရဲ့ အကူအညီ သန့်​သန့်​​နဲ့​ပေါ့ စနစ်​တကျ လုပ်​​ဆောင်​မှုကို အမှားလို​ခေါ်ချင်​​ခေါ်ကြပါ​စေ ကိုယ့်​အတွက် ​ ​နောင်​တရှိ​နေမှာမဟုတ်​ဘူး ကိုယ်​ ​လျှောက်​ခဲ့တာ…ကိုယ်​​ရောက်​ခဲ့တာ ကိုယ်​ လုပ်​​ဆောင်​ခဲ့တာမို့…ကိုယ်​သာ သိ​နေမှာပါ ကိုယ့်​ဘက်​က ရှိမ​နေနဲ့ ကံတရားကို မုန်းဖို​မကြိုးစားဘူး လက်​ခံနိုင်​​အောင်​ပဲ သင်​ယူထားတယ်​ တခါတ​လေ သူ့အတွက်​ဘာမှမဟုတ်​တာ​လေးက ကိုယ့်​အတွက် ​ ကမ္ဘာကြီး တစ်​ခုဖြစ်​​နေတာ ကိုယ်​သာ အသိဆုံးပါ မှားယွင်းတဲ့ လက်​တစ်​ဖက်​ဆိုရင်​​တောင်​ ကျန်​တစ်​ဖက်​မှာ အမှန်​တရား ရှိ​နေမယ်​ လွဲမှားတဲ့ ​ခြေတစ်​ဖက်​ဖြစ်​​နေရင်​​တောင်​ မှန်​ကန်​စွာ​လျှောက်​မယ့်​ ​နောက်​တစ်​ဖက်​ရှိတယ်​ လူတိုင်းအမှားမကင်းကြဘူး အမှားတိုင်းလည်း မှားလို့မ​ကောင်းဘူး သနားလို့ လက်​​ပေးကိုင်​တာ ​ခေါင်းကိုရန်​မရှာပါနဲ့ ကျွန်​​တော်​မှာလည်း ရည်​ရွယ်​ချက်​ ​တွေရှိ​နေပါတယ်​။ ဘာမထီဘွား…အ​တွေးစာစု​လေးများ < […]
အထီးကျန်ခြင်း
ကျနော့်အမေမှာ အကျင့်တစ်ခုရှိပါတယ် TV ကို ၂၄နာရီ ဖွင့်ထားတတ်တာပါ ။ ထိုင်ကြည့်နေတာမျိုးမဟုတ်ဘဲနဲ့ ဖွင့်ထားပြီး လုပ်စရာရှိတာကို လုပ်နေတာမျိုးပါ ။ ကျနော် အိမ်ရောက်တဲ့အခါ ကြည့်မယ့်သူမရှိဘဲ ဖွင့်ထားတာမို့ ကျနော်က ပိတ် , အမေက ပြန်ဖွင့်နဲ့ မကြာခဏ စကားများလေ့ရှိပါတယ်… အဲဒါနဲ့ ပတ်သတ်ပြီးနောက်ဆုံး အမေ ပြောနေကျက “နင် တို့နားမလည်ပါဘူး” တဲ့ … ကျနော်အဲဒီတုန်းက တကယ်နားမလည်ခဲ့တာပါ .. တစ်ရက် … ကိစ္စတစ်ခုနဲ့ တစ်ယောက်ထဲ ခရီးထွက်ဖြစ်တယ် မိုင် (၄၀၀) လောက်ဝေးတဲ့ခရီးကို အသွားမှာ မောင်းနေတုန်းက ဘာမှမဖြစ်ပေမယ့် အပြန်ခရီးမှာတော့ တစ်ယောက်ထဲ ကားမောင်းရတာဟာ သိပ်ငြီးငွေ့လာပါတယ် ။ အပျင်းပြေလို ပြေငြား ဆေးလိပ်သောက် ပီကေ၀ါးပေမယ့်လည်း ကားမောင်းနေရတာဟာ […]
ပြုစုပျိုးထောင်နိုင်ကြပါစေ
ငွေကြေးပြည့်စုံတဲ့ မိဘတွေဟာ သူတို့ရဲ့ရင်သွေးတွေကို အစစ အရာရာ လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးကြတယ်။ဖြည့်ဆည်းပေးတာနဲ ပြုစုပျိုးထောင်ပေးတာဟာ ဘယ်လိုကွာခြားချက်ရှိသလဲဆိုတာကို ရှင်းပြချင်မိတယ်။ တခါတုန်းက ရွာတစ်ရွာမှာအဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့ အိမ်နီးချင်း ခြံချင်းကပ်ရပ် နေထိုင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စလုံး ခြံ၏ထောင့်တစ်ဖက်စီတွင် မျိုးတူ အပင်ပေါက်တစ်ပင်စီကို အတူတကွ စိုက်ပျိုးခဲ့ကြတယ်။ လူငယ်ကတော့ သူရဲ့အပင်များကို ရေများများလောင်း၊ မြေသြဇာအများအပြားကျွေးလေ့ရှိပြီး၊ အဘိုးအိုကတော့ ရေနှင့် မြေသြဇာအနည်းငယ်ကိုသာ အပင်များကို ပေးလေ့ရှိတယ်။ လူငယ်ရဲ့ အပင်တွေကတော့ စိမ်းလန်းစိုပြည်ပြီး အရွက်ဝေဆာတောင့်တင်းသော အပင်များအဖြစ် ကြီးထွားလာပါတယ်။ အဘိုးအိုရဲ့ အပင်များကတော့ သာမန်လောက်သာကြီးထွားသော်လည်း လူငယ်၏အပင်များထက် ပိုမိုကြံ့ခိုင်သန်စွမ်းနေပါတယ်။ တစ်ညတွင် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းများတိုက်ခတ်လေသည်။ နောက်တစ်နေ့မနက် သူတို့နှစ်ယောက်လည်း အပင်များ၏အခြေအနေကို နှစ်ယောက်လုံးတူတူထွက်ကြည့်ကြလေသည်။ လူငယ်မှာ သူ၏အပင်များမှာအမြစ်မှကျွတ်ထွက်ကုန်ပြီးသူ၏အိမ်နီးချင်းရဲ့ အပင်များမှာ အပျက်အစီးမရှိကြောင်း အံ့သြဖွယ်တွေ့ရလေသည်။ လူငယ်လဲ အဘိုးအို၏ […]