၁ ဒီဂရီ ပဲ လိုပါတယ် 

နယ်ကမိတ်ဆွေတစ်ယောက် သူများငွေတွေကို အတိုးနဲ့ ယူပြီး စီးပွားရေးလုပ်တယ်။ လုပ်ငန်း အောက်သက် မကြေတော့ အလှမ်းကျယ် အလယ်လပ်ပြီး အခက်အခဲတွေ ဖြစ်ကုန်တယ်။ ဒီတော့ အကူအညီ လာတောင်းတယ်။ သူ လာတောင်းတာက လုပ်ငန်း အခက်အခဲတွေကို ဖြေရှင်းဖို့ မဟုတ်ဘူး။ ဒီအသိုင်းအဝိုင်းကနေ အပြီးရှောင်ထွက်သွားဖို့ ။ အခြေအနေ အားလုံးနားထောင်ပြီးတော့ အရိုးခံ အကြံပေးမိတယ်။ ခုလိုတဲ့ ပမာဏကိုကူညီမယ်။ ရှောင်တော့ မထွက်ပါနဲ့ ။ စီးပွားရေး ဆိုတာ ကြွေတလှည့် ကြက်တစ်ခုန်ပါပဲ။ အတိုးနဲ့  ယူထားတဲ့ သူတွေကို သွားတွေ့ ပြီး ရှင်းပြလိုက်ပါ။ အခက်အခဲ ဖြစ်သွားတယ်။ ကြေအောင် ပြန်ဆပ်ပါမယ်။ အတိုးတွေတော့ ရပ်ပေးပါ။ အရင်းတွေကို အရစ်ကျ ခွဲဆပ်ပါမယ် လို့ တောင်းပန်။ […]

ဝန်​ ထုတ်​ ဝန်​ ပိုး

ဘယ်​​လောက်​ပဲ စိတ်​ဓာတ်​ကြံ့ခိုင်​ပါတယ်​​ပြော​ပြော တစ်​ကြိမ်​တခါ​တော့ စိတ်​ဓာတ်​ကျဖူးတယ်​ ယုံကြည်​ခြင်း​တွေ ထွက်​​ပြေးဖူးကြတယ်​…။ မိသားစု ​ရေး​ကြောင့်​ ကိုယ့်​ကို အားကိုးမှီခိုသူ​တွေ​ကြောင့်​ ဖိအား​တွေများလာပြီး စိတ်​ခွန်​အား​လျော့ပါးချိန်​တွင်​ ကိုယ့်​ကိုယ်​ကို အားငယ်​တတ်​လာပြီး သိမ်​ငယ်​စိတ်​ ကို စတင်​ဖြစ်​​ပေါ်​စေတတ်​တယ်​…။ အ​ပြေးသမားတစ်​​ယောက်​ ပြိုင်​ပွဲဝင်​ဖို့ ပုံမှန်​​လေ့ကျင်​မှု​တွေ လုပ်​ရသလို တစ်​ရက်​ထက်​တစ်​ရက်​ သူဘယ်​​လောက်​ တိုးပြီး လုပ်​​ဆောင်​နိုင်​မလဲ ဆိုတာကို ​လေ့ကျင်​ရတယ်​…။ ဘဝ ဆိုတဲ့ ဖြတ်​သန်းမှုက အားကစားသမားတစ်​ဦးလို ​အမြဲ​လေ့ကျင့်​​လေ့လာ ​နေဖို့လို့ ပုံမှန်​​လေ့ကျင်​မှု​တွေ ရပ်​လိုက်​တာနဲ့အမျှ သူလုပ်​နိုင်​စွမ်း​တွေ​လျှော့ကျသွားတယ်​..။ ပုံမှန်​လုပ်​​နေကျအလုပ်​​အောင်​ တခါတ​လေလိုအပ်​ချက်​​တွေ မထင်​မှတ်​တာ​တွေ ဖြစ်​တတ်​​သေးတာ….စိတ်​အားငယ်​မှုဆိုတာလည်း ဖိအား​တွေ စိတ်​ပင်​ပန်းနွမ်းနယ်​ချိန်​မှာ ရှိတတ်​ပါတယ်​ ဒါကို​ဖြေ​ဖျောက်​ဖို့ မိမိကိုယ်​တိုင်​ပြန်​တည်​​ဆောက်​ရမယ်​ ကိုယ်​ကအ​ကောင်းဆုံး လုပ်​​ပေမယ့်​ လုပ်​ချင်​မှ​ကောင်းလိမ့်​မယ်​ ​မျှော်​လင့်​ချက်​ကို ကြီးကြီးထားသလို တန်​ပြန်​မှုကိုလည်း ခံနိုင်​ရည်​ရှိ​အောင်​ ကြိုတင်​ပြင်​ဆင်​ ထားသင့်​တယ်​… သက်​ကယ်​မိုးထားတဲ့ […]

ရသ​လောက်​ တိုးမယ်

အရှုံး​တွေနဲ့ပြည့်​နှက်​ခဲ့တာမဟုတ်​ဘူး ကံကြမ္မာ ကိုက အနိုင်​ယူခွင့်​မ​ပေးခဲ့တာ ​မျှော်​လင့်​ချက်​​တွေနဲ့ ရှင်​သန်​​နေထိုင်​ခဲ့တယ်​ လက်​ဝယ်​ပိုင်​ဆိုင်​ခွင့်​မရှိတဲ့ ​မျှော်​လင့်​ချက်​​တွေ​ကြောင့်​ ​မျှော်​လင့်​ရမှာ ​ကြောက်​တတ်​လာတယ်​ မဖြစ်​နိုင်​ဘူးဆိုတာ မရှိဘူး မဖြစ်​​သေးတာပဲရှိတယ်​တဲ့ ဖြစ်​ချင်​တာ​တွေဖြစ်​ဖို့​တောင်​ ဖြစ်​သင့်​တာ​တွေကိုယ်​ဘက်​ရှိမ​နေဘူး ငို​ကြွေးမ​နေပါဘူး မကြာခဏ နာကျင်​ရလွန်းလို့ နှလုံးသားက အလိုလို ခံနိုင်​ရည်​ဝလာခဲ့တယ်​ တစ်​ဖက်​တည်းချည်​​နှောင်​ခံရတဲ့ ကြိုးတန်း​မှာ ​လျော့ပါးမှု​တွေနဲ့ ​မြေပြင်​မှာပုံလို့ ဖွင့်​ကြိုထားတဲ့ နှလုံးသားမှာ​ပျော်​ရွင်​စရာကိုလက်​ခံယူဖို့ ပြင်​ဆင်​ထား​ပေမယ့်​ ​ရောက်​မလာခဲ့ဘူး ကတိမတည်​တဲ့ ​​ပျော်​ရွင်​မှု​တွေ ရက်​စက်​​တဲ့ မျက်​ရည်​​တွေ ​လေလိုဖမ်းရခက်​တဲ့​အောင်​မြင်​မှု​တွေ ကိုယ့်​ဘက်​မှာကံတရားရှိမ​နေလည်း ကိုယ်​ပိုင်​ဆိုင်​ထား​တဲ့ ကြိုးစားမှု​တော့အဆုံးအရှုံးမခံနိုင်​ဘူး ပန်းအဝင်​မှာ ကြိုမယ်​သူကိုမ​မျှော်​လင့်​ဘူး လမ်းတစ်​​လျှောက်​မှာ ထူမယ်​သူကိုသာ​တောင်းတမိတယ်​ မတူညီစရိုက်​ကွဲ​တွေနဲ့ ​ခံစားချက်​​နေရာ​တွေကြားဟာ ဘဝဟာတိုက်​ပွဲဆို လိုက်​ပွဲမှာယူပြီး အခက်​ခဲကိုတိုက်​​နေတဲ့ငါက ဒူးညွန့်​သွားရ​ရင်​တောင်​ ဆက်​တိုက်​​နေဦးမှာပါ။ ဘာမထီဘွား…အ​တွေးစာစု​လေးများ 29.3.2018..(19:08)pm Unicode Version  အရှုံးတွေနဲ့ဲပြည့်နှက်ခဲ့တာမဟုတ်ဘူး ကံကြမ္မာ ကိုက […]

ပုဆိန်သွေးဖို့ မမေ့ပါနဲ

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသော ထင်းအရေအတွက်မှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်… အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကိုတွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။ ခြောက်ရက်မြောက်နေ့တွင် […]

အချိန် စောင့်လိုက်ပါ

တခါတုန်းက ပညာရှိ အဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို အတူထွက်လာခဲ့ကြတယ်။ လမ်းခရီးတစ်ခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့ အားလုံး ခဏနားကြတယ်။ သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက် မလှမ်း မကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။ အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင်ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့ အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။ ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။ အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ် ဆိတ်ဆိတ်နေတယ်။ နောက်တနာရီလောက် ကြာတဲ့အခါ တပည့်တွေကို ရေသွား ခပ်ခိုင်းပြန်တယ်။ ဒီတခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်က ရေ […]

ပို၍လှသောမနက်ဖြန်

သူငယ်ချင်းရေ…… ဘဝမှာ တစ်ယောက်တည်းအထီးကျန်မှုတွေ ရှိတဲ့အခါမျိး အားမငယ်ပါနဲ့… ဘယ်လောက်ဘဲ ကိုယ့်အပေါ်ခင်တွယ်တွယ် မခွဲဘူးလို့ပြောပြော သူကကိုယ်မဟုတ်တဲ့အတွက် တစ်နေ့မဟုတ်တစ်နေ့. အကြောင်းကြောင်းကြောင့် ဝေးကွာခွဲခွာရစမြဲပါ” လက်ခံသင့်တဲ့ အရာမျိးကို လက်ခံပြီး စွန့်လွတ်သင့်တဲ့အခါမျိးမှာလည်း ရဲရဲသာစွန့်ပစ်တတ်အောင် ကြိုးစားထားပါ…. သူငယ်ချင်း ရေ….. ဘဝမှာ စိတ်တတ်ကျအားငယ်မှုတွေ ကြုံတဲ့အခါတိုင်း အရမ်းကြီး မတုန့်လှုပ်ပါနဲ့. ဘယ်လောက်ဘဲ ဆိုးဝါးတဲ့ ကံကြမ္မာဘဲဖြစ်ဖြစ် အမြဲတမ်း မတည်ရှိနေပါဘူး အချိန်ခဏသာမျှပါ မုန်တိုင်းတွေရဲ့နောက် လေပြေတွေလည်း ရှိတတ်စမြဲပါ လှဲကြတဲ့အခါမျိးပြန်ထပြီး ကိုယ်လမ်းကိုကိုယ်တိုင် ဆက်လျောက်ဖို့ သတိရပါနော်…. သူငယ်ချင်း ရေ….. ဘဝမှာ မကင်းနိုင်တဲ့ ဒဏ်ရာတွေရတိုင်း မငိုကြွေးမိပါစေနဲ့ ပြန်ပြင်မရတဲ့ အမှားတွေက ကိုယ်အတွက်အမြတ်ကျန်အောင် ပြင်ဆင်သင့်တာတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး ရယူသင့်တာကို အရယူနိုင်ရမယ် အမှားတွေသာမရှိခဲ့ရင် အမှန်ဆိုတာ ဘယ်တော့မှ မသိလာနိုင်ဘူး […]

အမေရိကားတိုက်ကိုရှာဖွေတွေ့ရှိသူ Columbus ရဲ့ ပညာပေးလေးတစ်ခု

ကိုလံပတ်စ်(Columbus)… အမေရိကားတိုက်ကိုရှာဖွေတွေ့ရှိသူ… တစ်နေ့ကြတော့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဘုရင်ကြီးကပွဲတစ်ခုကို ခမ်းခမ်းနားနားကျင်းပပါတယ်… ။ မင်းမျိုးမင်းနွယ် နဲ့ ဂုဏ်သရေရှိလူကြီးမင်းတွေအများကြီးတက်ရောက်ကြတယ်… သူတို့က ကိုလံပတ်စ်ကို အဆင့်အတန်းမရှိ မျိုးရိုးဂုဏ်မရှိလို့ နိမ်ခြင်ကြပါတယ်…။ စားပွဲးရှည်ကြီးမှာထိုင်ပြီးအတူတူထမင်းစားကြတော့ ကိုလံဘတ်စ်ရှေ့မှာတင် တီးတိုးပြောပြီးအပုပ်ချကြတယ်…အမေရိကတိုက်ကိုရှာတာများ ဒီပင်လယ်ကိုဖြတ်ရင်တွေ့မှာပဲ လွယ်လွယ်လေးများ…ရေးကြီးခွင်ကျယ်လုပ်နေသေးတယ်…ဘာညာနဲ့အတင်းအုပ်ကြပါတယ်။ အစပိုင်းတော့မသိချင်ယောင်ဆောင်နေပေမယ့် ပိုပိုဆိုးလာလို့ အကြောင်းသိအောင်ပညာလေးပြလိုက်ဦးမှဆိုပြီး… ကိုလံပတ်စ်က ကြက်ဥ တစ်လုံးကိုကောက်ကိုင်ကာ… “ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား….. အသင်တို့ထဲမှာ ဒီကြက်ဥကို ဘာအကူအညီမှမပါပဲ ဒေါင်လိုက်ထောင်အောင်လုပ်နိုင်တဲ့သူရှိပါသလား…. လုပ်နိုင်တဲ့သူကိုကျွန်တော် ကျွန်ခံပါ့မယ်… ” လို့စိန်ခေါ်လိုက်ပါတယ်…။   အားလုံးကလည်းလုပြီးလုပ်ကြတာပေါ့…ဒါပေမယ့် ဘယ်လိုထောင်ထောင် ထောင်လို့မရပါဘူး….။ နောက်ဆုံးတော့ မင်းသားတစ်ပါးက “ဒါကတော့ မဖြစ်နိုင်ဘူး ခင်ဗျားကောလုပ်နိုင်သလား…” လို့မေးလိုက်တယ်…. ကိုလံပတ်စ်က ကြက်ဥတစ်လုံးကို ချက်ချင်းကောက်ကိုင်ကာ ကြက်ဥရဲ့ထိပ်ကိုစားပွဲစွန်းနဲ့ ခေါက်ပြီးကြေအောင်လုပ်လိုက်ပြီးတော့ စားပွဲပေါ်မှာထောင်ပြလိုက်တယ်… ၊အဲဒီတော့မှ .ဟားတွေ ဟင်းတွေ ထွက်ပြီး […]

နေ့စဉ် စဉ်းစားသင့်တဲ့ အချက်လေးတွေ

#လောကမှာ လူတစ်ယောက်ရဲ့ ရသင့်ရထိုက် ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးကို မပေးပဲ ထားတဲ့သူဟာ လူလိမ်ပါပဲ။ #အတွေးအခေါ်ကောင်းတစ်ခုရှိပြီဆိုရင် သင့်ရဲ့အနာဂါတ်အိမ်ဟာ ဘယ်တော့မှ တဲဘုတ်ကလေးအဖြစ်ရှိနေမှာမဟုတ်ပါဘူး။ #အချစ်ဆိုတဲ့သူ ကျွန်တော်တို့ရဲ့ အနီးဆုံးနေရာမှာရှိနေပါလျက် ပြသနာတွေကိုဆုံးဖြတ်တဲ့အခါ အမုန်းဆိုတဲ့သူကို တကူးတကဖိတ်ခေါ်ပြီး အဖြေရှာမိကြတယ်။ #အောင်မြင်တဲ့လူတစ်ယောက်နဲ့တွေ့တဲ့အခါ သူဘယ်လိုအောင်မြင်ခဲ့သလဲဆိုတာထက် သူဘာတွေကျရှုံးခဲ့သလဲဆိုတာကို အဓိကလေ့လာရမယ်။ #ကိုယ့်ရဲ့ပြိုင်ဖက်တစ်ယောက်က ကိုယ့်ကိုကဲ့ရဲ့ပုတ်ခတ်နေတဲ့အချိန်မှာ နှစ်ခြိုက်စွာပြုံးလိုက်ပါ။ ကိုယ့်အတွက် သူ့အချိန်တွေပေးထားတာဖြစ်လို့ သူ့အတွက် ပြင်ဆင်ချိန်လျော့နည်းသွားပါပြီ။ #လူတစ်ယောက်မဖြစ်မနေကြိုးစားကျင့်ကြံရမယ့် အလုပ် ၂ မျိုးရှိတယ်။ (၁)ဘယ်လိုနေရမလဲ ၊ (၂)ဘယ်လိုသေရမလဲ ။ #လူတစ်ယောက် ကျွန်တော့်ကို အပြင်းအထန်ဝေဖန်ပြောဆိုနေချိန်မှာ ကျွန်တော်က အလုပ်တစ်ခုကို ကောင်းစွာအဆုံးသတ်နိုင်လိုက်ပါပြီ။ GPS Tracker များဝယ်ယူလိုပါက 09789 0000 81 #ယနေ့ကျွန်တော်တို့ရဲ့အမူအကျင့်တွေဟာ ကျွန်တော်တို့ကိုယ်တိုင် သင်ယူတတ်မြောက်ခဲ့တာတွေပါ။ မည်သူတစ်ဦးတစ်ယောက်၌မှ အပြစ်မရှိ။ […]

Jack Ma ဟာ သူ့ရဲ့ မယုံနိုင်လောက်တဲ့ ဘ၀ အကြောင်းကို ပြောပြခဲ့ပါတယ်

Alibaba ဆိုတာဟာ တရုတ်ပြည်ရဲ့ အကြီးမားဆုံးသော Online ဈေးရောင်း ဈေးဝယ် Website ကြီးဖြစ်ပြီး သူ့ရဲ့ လူဝင်နှူန်းဟာ Amazon နဲ့ Ebay တို့ ပေါင်းခြင်းထက် များပြားပါတယ် ။ ဒီ Alibaba Group ကြီးကို ပိုင်ဆိုင်တဲ့ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ Jack Ma ဟာ သူ့ရဲ့ မယုံနိုင်လောက်တဲ့ ဘ၀ အကြောင်းကို ပြောပြခဲ့ပါတယ် ။ သူ့ရဲ့ ဘ၀ဟာဆိုရင် ကျဆုံးခြင်းတွေ အငြင်းပယ် ခံရခြင်းတွေနဲ့ ပြည့်နက်နေပြီး ဒါတွေကြားထဲက သူ ဘယ်လို ရုန်းထွက်ခဲ့လဲ ဘာသင်ခန်းစာတွေ ရလဲ ဆိုတာကိုတော့ အောက်မှာ ဖတ်ရှူနိုင်ပါတယ် ။   ၁ ။ […]