လက်ဖက်ရည်ခွက်လေးများကပြောတဲ့ဘ၀ဒသန
တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာအတူတူတက်ခဲ့တဲ့ သူငယ်ချင်းသုံးယောက်ရှိပါသတဲ့။ တစ်နေ့တော့ သူတို့သုံးယောက်ပြန်ဆုံမိကြပြီး စကားလက်ဆုံကြရာကနေ ပင်စင်ယူသွားပြီး ဖြစ်တဲ့ သူတို့ရဲ့ တက္ကသိုလ်တုန်း ကဆရာကြီးဆီ အလည်သွားဖို့ အကြံရသွားပါတယ်။ သူတို့သွားလည်တော့ ဆရာကြီးကနွေးထွေးစွာကြိုဆိုပါတယ်။ သူတို့အားလုံးစကားပြော ရာကနေသူတို့ဘ၀မှာ၊ အလုပ်မှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေအကြောင်းရောက်သွားပါတယ်။ ဆရာကြီးက လာလည်တဲ့ သူ့တပည့်တွေကို လက်ဖက်ရည်ဧည့်ခံဖို့ မီးဖိုချောင်ထဲကိုထသွားပါတယ်။ ခဏအကြာမှာ လက်ဖက်ရည်အိုးနဲ့အတူ ခွက်များကိုကိုင်ပြီးထွက်လာပါတယ်။ ဆရာကြီးသယ်လာတဲ့ခွက်များထဲမှာတော့ ကြွေခွက်၊ပလပ်စတစ်ခွက်၊ ဖန်ခွက်၊ စသည်ဖြင့်အစုံအလင်ပါပဲ။ တစ်ချို့ခွက်များကတော့ သာမန်ပုံတုံးခွက်များဖြစ်ပြီး တစ်ချို့ခွက်များ ကတော့ ဈေးကြီးပြီး လက်ရာလည်းအတော်မြောက်ပါတယ်။ ဆရာကြီးက တပည့်တွေကို လက်ဖက်ရည်ကြမ်း သုံးဆောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တပည့်တွေလက်ဖက်ရည်ခွက်များကိုယူသောက်ချိန်မှာတော့ ဆရာကြီးကစကားစပြောပါတယ်။ “မင်းတို့တွေအားလုံး ပုံစံခပ်တုံးတုံးခွက်တွေကိုမသုံးပဲနဲ့ လှပတဲ့ခွက်တွေကိုပဲ ရွေးချယ်ကြတာကို သတိထားမိကြလား? အဓိကမင်းတို့မှာ ဖိအားတွေဝင်လာတဲ့အကြောင်း အရင်းကတော့ မင်းတို့တွေ ဟာအချိန်တိုင်းမှာအကောင်းဆုံးတွေပဲလိုချင်ကြပြီး မင်းတို့အတွက်တကယ်အသုံးဝင်လား၊ […]
အသက် (၈၀) အဘိုးအို တစ်ယောက်ရဲ့ ဘဝသင်ခန်းစာများ
၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။ ၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။ ၃။ ရေချိုးစဉ် သီချင်းဆိုပါ။ ၄။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။ ၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။ ၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။ ၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။ ၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။ ၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။ ၁၀။ လေချွန်ပါ။ ၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။ ၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။ […]
သိထားပါ
နွေ​ကြောင့်​ ပန်းတို့​ကြွေ တာလား ​ကြွေချိန်​တန်​လို့​ ​ကြွေ ရတာလား ဘဝမှာ တခါတ​လေ ကိုယ်​ပိုင်​ ဆုံးဖြတ်​ချက်​မပါဝင်​ဘဲ အညံ့ခံလိုက်​ရတာ​တွေရှိတယ်​ ​ရေရည်​ အတွက်​ ခဏတာ မျိုသိပ်​ ထားရင်း တစ်​စတစ်​စ ပိုများသွားတယ်​ တချို့ အရာ​တွေက ​မေ့​ပျောက်​သွားတယ်​ အနည်းငယ်​​သော ခံစားချက်​​တွေက မ​နေ့တစ်​​နေ့ကလို ဓားဖြစ်​လို့ အ​သွေးခံတယ်​ဆိုပြီး​တွေးထင်​ထားရင်​ ဓားဖြစ်​လို့ ​မာ​ကျောမှုကို ဖြတ်​​တောက်​နိုင်​တယ်​ဆိုတာပါ သိထားဖို့လိုတယ်​ ကိုယ့်​ရဲ့​ဆုံးဖြတ်​ချက်​ သုံးသပ်​ချက်​ကသာ ကိုယ့်​ရဲ့ ခံစားမှုကို သက်​သာ​ပျောက်​ကင်း​စေတယ်​ ဒဏ်​ရာ လူတကာပြသ​နေတာထက်​ ဒဏ်​ရာ​ပျောက်​​အောင် ​ ပြုလုပ်​​ပေးနိုင်​တဲ့​နေရာကိုသွားသင့်​တယ်​ ​နေဝင်​တာကို ဝမ်းမနည်းဘူး လမသာ တာကိုလည်းစိတ်​မပျက်​ဘူး ဒါ​တွေကို ကိုယ်​မ​ပြောင်းလဲဘူး ကိုယ့်​ကိုယ်​ကို ​ပြောင်းလဲသင့်​တဲ့​နေရာမှာ မ​ပြောင်းလဲနိုင်​ရင်​​တော့ ကိုယ့်​ကိုယ်​ကို စိတ်​ပျက်​သင့်​ပြီ။ ဘာမထီဘွား…အ​တွေးစာစု​လေးများ < Unicode Version […]
သား
“သား”တဲ့။ ပါဠိလိုတော့ “ပုတ္တ”လို့ခေါ်တယ်။ အညာမှာတော့ “ဖိုးတွတ်” သမီးဆိုရင် “မိတွတ်”။ ဓနုနယ်မှာဆိုရင် “မောင်မောင်”၊ သမီးဆိုရင်”မိမိ”။ အရာတော်ဘက်မှာ “မောင်နီ”၊ သမီးဆိုရင် “မနီ”။ ကောလင်းဘက်မှာ သားကို “အစီနောင်”၊ သမီးဆိုရင် “အစီမ”။ ကလေးဘက်မှာ အဲလေး၊ အဲမ။ မုံရွာဘက်မှာ မောင်တာ၊ မိတာ။ အချို့ ဖိုးသား၊ ဖိုးခွား။ ချစ်စရာတွေချည်း။ လှပလွန်းတဲ့ သညာတွေချည်း။ သားသမီးကို ဘယ်လိုပဲ သညာပြုပြု ချစ်သံအပြည့်ပါတဲ့ နာမည်တွေချည်း။ ဘိုးတော်ဘုရားလက်ထက် ရဟန်းလူထွက် ကိုပညာရေးသည့် “သားရွှေဥ ဆုံးမစာ”မှာ သားသမီးကို ခေါ်တဲ့ စကားလုံးတွေက မျက်ရှုကြေးမုံ, မျက်ရှုဒါလီ မျက်ရှုခမည်း, မျက်ရှုမညိုး မျက်ရှုထုံသင်း, မျက်ရှုသက်လှယ် မျက်ရှုသည်းပွတ်, မျက်ရှုမယ့်ပန်း မျက်ရှုမြပွင့်, မျက်ရှုလူလှ မျက်ရှုဇော်တ, […]
ဘဝမှတ်​စု 
ဘဝ ကို မှတ်​စုစာအုပ်​လို့ နှိုင်းရင်​ ​ရှေ့ဆုံးစာမျက်​နှာ နဲ့ ​နောက်​ဆုံးစာမျက်​နှာက ပုံနှိပ်​လိုက်​ကတည်းက ပါလာပြီး သား ဖြစ်​ပါသတဲ့ ။ ဒါကို​တော့ ​မွေးဖွားခြင်းနဲ့ ​သေဆုံးခြင်း လို့ ​ခေါင်းစဉ်​ တပ်​ထားပါတယ်​။ အလယ်​က စာမျက်​နှာ​တွေက​တော့ အဖြူ ​ရောင်​ အလွတ်​​တွေပါပဲ။ ခင်​များတို့ ကျ​နော်​တို့ ဖြတ်​သန်းရတဲ့ ရက်​​တွေလ​တွေနှစ်​​တွေမှာ ကြုံ ​တွေ့ရသဗျ ကို ​ရေး​နေကြတယ်​​ပေါ့။ ​ခေါင်းစဉ်​​တွေက လည်း အစုံအလင်​ပါပဲ ​မျှော်​လင့်​ခြင်းတို့ ​ပျော်​ရွှင်​ခြင်းတို့  စသဖြင့်​ ပါနိုင်​သလို ​ဒေါသဖြစ်​ခြင်း ဝမ်းနည်းခြင်း ရှုံးနိမ့်​ခြင်း ​တွေကလည်း မပါမဖြစ်​ ပါ​နေမယ့်​ ​ခေါင်းစဉ်​​တွေပဲ ဖြစ်​ပါတယ်​။ လူတစ်​​ယောက်​နဲ့ တစ်​​ယောက်​ ဘဝမှတ်​စု​တွေမှာ ​ရှေ့ဆုံးနဲ့ ​နောက်​ဆုံးက တူနိုင်​​ပေမယ့်​ အလယ်​စာမျက်​နှာ​တွေက​တော့ လုံးဝမတူ […]
လူ့ဘဝမှာ မစောင့်သင့်တဲ့အရာ (၈) ခု
(၁) ဆင်းရဲနွမ်းပါးသွားမယ့်အချိန်ထိ မစောင့်ပါနဲ့…. အချိန်ကြာလာတာနဲ့အမျှ ဆင်းရဲနွမ်းပါးရတာအကျင့်ဖြစ်သွားတတ်လို့ပါ။ (၂) စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်ကိုမစောင့်ပါနဲ့…. ကြိုးစားအားထုတ်မှုနောက်ကျသွားတဲ့အခါ အသက်ကြီးလာတာနဲ့အမျှ စိတ်ကူးအိပ်မက်တွေ အရောင်လွှင့်သွားတတ်လို့ပါ။ (၃) သင်ယူလေ့လာဖို့ အချိန်ကိုမစောင့်ပါနဲ့…. သင်ယူတာနည်းလေ စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ အရည်အချင်းနည်းလေဖြစ်တတ်လို့ပါ။ (၄) ကျန်းမာရေးအတွက် အချိန်ကိုမစောင့်ပါနဲ့… ခန္ဓာကိုယ်ယိုင်လဲရင် လူ့ဘဝအရာအားလုံး ပြိုပျက်သွားတတ်လို့ပါ။ (၅) ပညာသင်ကြားရေးအတွက် အချိန်ကိုမစောင့်ပါနဲ့…. အညှောင့်စောင်းရင် ကြီးပြင်းလာတဲ့အပင်ကို တည့်မတ်ရခက်တတ်လို့ပါ။ (၆) ပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့…. သင်ကြီးပြင်းလာတာနဲ့အမျှ မိဘတွေအိုမင်းသွားလို့ပါ.. နောက်မှပြုစုစောင့်ရှောက်မယ်ဆိုတဲ့ အခွင့်အရေးမရှိတတ်လို့ပါ။ (၇) လူကိုခင်မင်ဖို့ အချိန်ကိုမစောင့်ပါနဲ့…. ခင်မင်ရင်းနှီးမှုမရှိတော့တဲ့အခါ အဖော်မဲ့အထီးကျန်ခြင်းက အလိုလိုဝင်ရောက်လာတတ်လို့ပါ။ (၈) (ခန္ဓာကိုယ်၊ အသားအရေ၊ ကျန်းမာရေး)ပြုပြင်ထိန်းသိမ်းဖို့ အချိန်ကိုမစောင့်ပါနဲ့…. နုငယ်ပျိုမျစ်ခြင်းတွေ ကုန်ဆုံးသွားတဲ့အခါ ငွေကြေးဘယ်လောက်ပေးလည်း ပြန်ဝယ်ယူလို့မရနိုင်တော့လို့ပါ။ Credit;Nine Nine […]
မှန်ပေမယ့် လက်တွေ့ကျင့်သုံးဖို့ ခက်ခဲတဲ့ (၃) ချက်
(၁) မိဘ ၊ အချိန် နဲ့ အခွင့်အရေး ဒီသုံးခုဟာ ပြန်အစားထိုးလို့မရတဲ့ အရာတွေဖြစ်တယ် ။ ဒါပေမယ့် အရာအားလုံးကို လွန်ခဲ့ပြီးမှ ကျွန်တော်တို့တွေ နောင်တ ရကြတာ များတယ် ။ (၂) ဘဝအတွက် တန်ဖိုးအရှိဆုံးအရာ သုံးခုရှိတယ် ။ အချစ်ဆိုတဲ့အရာရယ် ၊ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိဖို့ရယ် ၊ သူငယ်ချင်းကောင်းရယ် ။ ဒါပေမယ့် ကျွန်တော်တို့ ရှာဖွေဖို့ ခက်ခဲတယ် ။ (၃) ကျွန်တော်တို့မှာ မျော်လင့်ချက်တွေ ရှိကြတယ် ။ ရိုးသားမှုကိုလည်း မြတ်နိုးတယ် ။ တစ်ဦးနဲ့တစ်ဦး မနာလိုခြင်း မရှိ ၊ ဟန်ဆောင်မှုကင်းကင်းနဲ့ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲ နေထိုင်ဖို့အတွက် တောင်းတကြတယ် ။ ဒါပေမယ့် လုပ်ဆောင်ကြတဲ့ […]
စာဖတ်ခြင်း၏အကျိုး(၇)မျိုး
၁။ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။ ၂။စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်။ ၃။မှတ်ဥာဏ်ကို တိုးမြင့်ပေးနိုင်တယ်။ ၄။ဘဝနေထိုင်နည်းကို ပိုကျန်းမာပြီး အောင်မြင်စေတယ်။ ၅။အာရုံစူးစိုက်စေတယ်။တွေးတောစေတယ်။ ၆။မသက်မသာ ခန္ဓာကိုယ်ကို ခဏတာ အာရုံလွဲစေနိုင်တယ်။နာကျင်မှုကို ဖျေဖျောက်တယ်။ ၇။စိတ်ဓာတ်ကျ အားငယ်မှုတွေကို ကုစားပေးတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #စိတ်ကောင်းရှိဖို့ စာဖတ်ရပါသည်။ #လောကဓံကိုခံနိုင်ရည်ရှိဖို့ စာဖတ်ရပါသည်။ #စိတ်ဖိစီးမှုသက်သာဖို့ စာဖတ်ရပါသည်။ #ကိုယ်ချင်းစာစိတ်ဖြစ်လာဖို့ စာဖတ်ရပါသည်။ #လူညံ့မဖြစ်ဖို့ စာဖတ်စေချင်ပါသည်။ #လူတော်လူကောင်းဖြစ်ဖို့ စာဖတ်စေချင်ပါသည်။ #လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်စေချင်သည်။ _______________________________________________ စာဖတ်ရခြင်းအကျိုး ~~~~~~~~~~~~ တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။ မေး- “ ခင်ဗျား […]
တစ်​ခါတုန်းက ​ခြ​င်္သေ့ တစ်​​ကောင်​ဟာ ​ရေစပ်​မှာ ​ရေသာက်​​နေတဲ့ သမင်​တစ်​​ကောင်​ကို လိုက်​ရင်းလွတ်​သွားတယ်​ ဒါကို ​ကောင်းကင်​မှာ ဝဲ​နေတဲ့ သိန်းငှက်​ကမြင်​​တော့ ခြ​င်္သေ့ကို​ပြောတယ်​ ဒီမှာ အ​ဆွေ …အ​ဆွေမှာ ကြံ့ခိုင်​သန်​စွမ်း​တဲ့ ​ခြေ​တွေလက်​​တွေရှိတယ်​ ပြည့်​ဝတဲ့ ခွန်​အား​တွေရှိတယ်​ အစွမ်းထက်​လှတဲ့ ​ခြေသည်း လက်​သည်း​တွေရှိတယ်​ ဒါ​ပေမယ့်​ ကျုပ်​လိုမပျံသန်းနိုင်​​တော့ ​ခုလိုမျက်​​ခြေပြတ်​သွားတဲ့ သား​ကောင်​ကို အ​ဆွေ ရှာမ​တွေ့​တော့ဖူး​ပေါ့ ကျုပ်​ဆို ခဏ​လေး ​ကောင်းကင်​​ပေါ်ဝဲလိုက်​တာနဲ့ သား​ကောင်​ကိုမြင်​နိုင်​စွမ်းရှိတယ်​ ခြ​င်္သေ့က ဘာမှမ​ပြောပဲ ​ရေထဲဆင်းသွားတယ်​ အ​ဆွေသိန်းငှက်​ ကျုပ်​လို ​ရေထဲ ဆင်းပြပါဆို​တော့ သိန်းငှက်​က ​ပြောတယ်​ ကျုပ်​ ​ရေ​နေသတ္တဝါမဟုတ်​ပါဘူး ကျုပ်​အ​တောင်​​တွေ ​ရေစိုသွားရင်​ ပျံသန်းရခက်​တယ်​ ​ခြ​င်္သေ့က ပြန်​​ပြောတယ်​ ဒီ သ​ဘောတရားကို သိရင်​ရပြီ အ​ဆွေသိန်းငှက်​ ​လောကမှာ အလွယ်​ကူဆုံးက သူတပါးရဲ့ […]
ဒဿနစာလေးများ
ဘာမှမရှိသော ကျောက်တုံးနှစ်တုံးတောင်မှ အဆက်မပြတ် ပွတ်တိုက်ပေးလျှင် မီးဆိုတာ ရသေးတယ် ဦးနှောက်ရှိတဲ့လူပဲ၊ အဆက်မပြတ် အလုပ်လုပ်နေလျှင် လိုချင်တာဘာလို့မရနိုင်မှာလဲ။ ဘဝကို နောက်ဆုံးအချိန်အထိ အဓိပ္ပါယ်ရှိရှိ ဘယ်လိုနေရမယ်ဆိုတာ သိဖို့ လိုတယ်….အဲ့ဒီလို မသိရင် ကြာလေ အသုံးမကျ လေဖြစ်လာတတ်တယ်။ ကိုယ်ဘာကို ခံစားနေရသလဲ ကိုယ်အကြိုက်ဟာ ဘာလဲဆိုတာ သိချင်ရင် တစ်ယောက်ထဲ အချိန်ယူပြီးတော့ ကိုယ့်စိတ်ကိုကိုယ် သေသေချာချာ စမ်းစစ်ကြည့်ရမယ်။ အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင် အဖော်ကောင်း မိတ်ဆွေကောင်း ဖြစ်အောင်နေလိုက်ပါ။ လူမှာ လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေ အများကြီးရှိတယ် အဲ့ဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးရမှ အဲ့ဒီလူဟာ ဘဝကို ကျေနပ်မှုရမယ်။ ဘယ်လိုအလုပ်မျိုး လုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်က ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းကို ဖော်ထုတ်ခွင့် သုံးခွင့်ရတဲ့ […]