ဒဿန စာလေးများ

သင့်ရဲ့ အချိန်တွေကို ဖြေရှင်းချက်တွေပေးရင်နဲ့ မကုန်လွန်ပါစေနဲ့။ ဘာလို့လဲဆိုတော့ သူတွေက သတို့ကြားချင်တာတွေကိုပဲ ရွေးပြီး နားထောင်ကြတာပါ။   လှေကားတွေ မြင့်လာလေလေ ပိုမိုခက်ခက်ခဲခဲ ဖြစ်လာလေပဲ။ဒါပေမဲ့ စိတ်မလျော့နဲ့ အားတင်းပြီး ဆက်လျှောက် ဘာလို့ လဲဆိုတော့ မြင့်မြင့်ရောက်လေလေ များများမြင့်ရလေလေပဲ။ မမြင်ချင်တဲ့လူတွေ ကတော့ ဆက်ပြီးတော့ တတ်ဖို့ မကြိုးစာသလို တက်နေတဲ့လူတွေ ကိုဆွဲချတတ်တယ်ဆိုတာ အမေ့နဲ့။ တစ်ခုခုကို မရွေးချယ်ခင် သင့်မှာ ထိုအရာနဲ့ ပတ်သတ်ပြီး စဉ်းစာပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့် မျှော်လင့်ပိုင်ခွင့်တွေ အများကြီးရှိပါတယ် တကယ်လို့သင်ဟာ သင်ဘာဖြစ်ခင်တယ်ဆိုတာကို သေချာသိပြီး ပြတ်ပြတ်သားသား ဆိုးဖြတ်ချက်ချလိုက်တဲ့ အရာပေါ်မှာ သစ္စာရှိဖို့တော့ လိုတယ်။ အမြင့်ကို လှမ်းမယ်ဆိုတိုင်း အောက်ကို တစ်ချက်လောက် ပြန်ကြည့်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ သူများဘဝတွေ ပါနေမှာစိုးလို့ပါ။ မင်းကောင်းတာတွေပဲ […]

မိဘများ မှားလေ့ရှိသော အမှားများ

ကလေးများကို သင်ကြားတဲ့နေရာမှာ မိဘတော်တော်များများ မှားလေ့မှားထ ရှိတဲ့ အမှားအယွင်းအချို့ ရှိပါတယ်။ အဲဒီအမှားတွေဟာ ကလေးများရဲ့ ပညာရေးကို ဆုတ်ယုတ်စေတတ်တဲ့အပြင် ယုံကြည်မူနဲ့ စိတ်နေသဘောထားကို ပါ ထိခိုက်နိုင်စေတဲ့အတွက် ကလေးများရဲ့ အနာဂတ်တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ မိဘတစ်ဦးအနေနဲ့ သင်ကော အဆိုပါအမှားများကို ကျူးလွန်မိဖူးပါသလား၊ ၁။ ကလေး အတန်းထဲက ရတဲ့အဆင့်ကို ခဏခဏ မေးမြန်းခြင်း၊ တစ်ခါတစ်လေ မေးမိတာကို မဆိုလိုပါ။ ခဏခဏ မေးမြန်းပြီး ကလေးရတဲ့အဆင့် အပေါ် မူတည်ပြီး ကလေးကို ဆုံးဖြတ်တာကို ဆိုလိုတာပါ။ မင်းနည်းနည်းတော်လာပြီ၊ မင်းနည်းနည်း ညံ့သွားပြန်ပြီ၊ မင်းအသုံးမကျတဲ့ကောင် စသည်ဖြင့် ကောက်ချက်ချ ခြင်းကို ဆိုလိုပါတယ်။ အဆင့် ( ၁ ) မရနိုင်တဲ့ ကလေးတစ်ယောက်ကို အဆင့် (၁ […]

လူ့ဘဝဆိုတာ

၁။ မွေးဖွားတာရှိရင် သေဆုံးတာရှိမှာပဲ၊ အသက်ရှင်နေသေးသ၍တော့ အကောင်းဆုံးပုံစံနဲ့ အသက်ရှင်တတ်ဖို့ လိုပါတယ်။ ၂။ အများအားဖြင့် ဆုံးရူံးတဲ့အချိန်ကျမှ ပိုင်ဆိုင်ခဲ့ဖူးတာကို သတိရတတ်ကြပါတယ်။ ပိုင်ဆိုင်တုန်းကတော့ တန်ဖိုးထားရမှန်းမသိခဲ့ကြပါဘူး။ ၃။ မှတ်မိသင့်တာကို မှတ်မိရမယ်။ မေ့သင့်တာကို မေ့ပစ်ဖို့လိုတယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲရမယ်။ မပြောင်းနိုင်ခဲ့ရင် လက်ခံနိုင်အောင် ကြိုးစားရပါမယ်။ နောက်ဆုံးလုံးဝလက်မခံနိုင်ရင်တော့ ရှောင်တတ်ရမယ်။ ၄။ ဘယ်သူ့အတွက်နဲ့မှ မငိုသင့်ပါ။ သင်ငိုဖို့ ထိုက်တန်တဲ့သူကလည်း သင့်ကို ငိုစေချင်မှာ မဟုတ်လို့ပါ။ ၅။ လူတွေဟာ ချစ်ကြိုက်တုန်းက ပါးစပ်သုံးပြီး နမ်းကြတယ်။ ရန်ဖြစ်တဲ့အခါ ကျပြန်ရင်လည်း အဲဒီနမ်းတဲ့ ပါးစပ်နဲ့ပဲ အထိခိုက်ဆုံးဖြစ်အောင် ပြောဆိုတတ်ကြတယ်။ ၆။ လူဘ၀မှာ ဖြေဆိုဖို့ မေးခွန်းကြီး ( ၄ ) ခုရှိပါတယ်။ ပညာရေး၊ အလုပ်အကိုင်၊ […]

ကျောင်းပညာရေးထက် အရေးကြီးသော အရည်အသွေးများ 

ပညာသင်ကြားတယ်ဆိုတာ ဘ၀မှာ ကြုံတွေ့ ရမဲ့ စိန်ခေါ် မူများကို ရင်ဆိုင်ဖို့ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးက ၀မ်းတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ အလွန်မှန်ပါတယ်။ ဘ၀စိန်ခေါ် မူကိုရင်ဆိုင်ဖို့ ဘွဲ့ဒီဂရီထက် အရေးပါတဲ့ အရည်အသွေးများစွာ လိုအပ်ပါတယ်။ အဲဒီအရည်အသွေးများကို ပျိုးထောင်ဖို့ မိဘများက အဓိက ကျပါတယ်။ ဆွေးနွေးကြည့်ကြရအောင်…. ၁။ အမျော်အမြင် ရှိဖို့.. ကလေးများ အမျော်အမြင်ရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီက ကလေးများဟာ ရည်ရွှယ်ချက်ကြီးကြီးမားမား မစဉ်းစားရဲကြတာများပါတယ်။ ဆရာဝန်ဖြစ်ချင်တာထက်ဆေးရုံကြီး တည်ဆောက်ချင်တဲ့ ရည်ရွယ်ချက်မျိုး၊ ဗိုလ်ကြီး လုပ်ချင်တာထက် စစ်သူကြီး ဖြစ်ချင်တဲ့ အိမ်မက်မျိုး၊ သူဋ္ဌေးဖြစ်ချင်တာထက် စွန့်ဦးတည်ထွင်လုပ်ငန်းရှင်ကြီး ဖြစ်ချင်တာမျိုး စဉ်းစားရဲ အောင် လမ်းကြောင်းပေးရမှာဖြစ်ပါတယ်။ ကလေးများ ငယ်ငယ်ကတဲကစပြီး လေထဲမှာ တိုက်အိမ်ဆောက်ရဲအောင် သိပ္ဗံပုံပြင်စာအုပ်ဖတ်ပြခြင်း၊ […]

အရှုံးမပေးကြသူများ

  KFC အပါအဝင် အလုပ်ပေါင်း ၃၀ ကျော်က အငြင်းခံခဲ့ရ Harvard တက္ကသိုလ် ဝင်ခွင့် ၁၀ ကြိမ် ပယ်ခံရ စာမေးပွဲတွေကျ သူ့ရဲ့ အနာဂါတ် အစီအစဉ်ကို ယုံကြည်သူ တစ်ယောက်မှ မရှိ တရုပ်ပြည်ရဲ့ နံပါတ် ၂ အချမ်းသာဆုံး သူဌေးဖြစ်လာ ဂျက်မား ( Jack Ma ) ပိုင်ဆိုင်မှု – ၂၈ ဘီလျံ ­သာမန်လယ်သမားလေး တစ်ယောက် မိသားစု အတွက် နွားနို့ညှစ် ရောင်းခဲ့ရ သတင်းစာတွေပို့ခဲ့ရ ကမ္ဘာအကြီးဆုံး ကုန်တိုက်ကြီးကို ပိုင်ဆိုင်ခဲ့ ဆမ်ဝေါ်တန် ( Sam Walton ) Founder of WAlMART ပိုင်ဆိုင်မှု – ၂၃.၇ […]

ဒဿန စာလေးများ

✔ အလိုမကျတိုင်း ရန်ရှာနေရင် လူမိုက် ဖြစ်သွားလိမ့်မယ်။ ✔ စိတ်ညစ်တိုင်း အရက်သောက်နေရင် အရက်သမား ဖြစ်သွားတတ်တယ်။ ✔ အခက်အခဲတွေ့တိုင်း ညည်းတွားနေရင် အောင်မြင်မှုဆိုတဲ့လမ်း ပျောက်သွားတတ်တယ်။ ✔ အရာရာကို မကောင်းမြင်နေရင် အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်။ ✔ အကောင်းမြင်စိတ် ထားတာပါဆိုပြီး မကောင်းတာကို အကောင်းလုပ်ပြောနေရင်လည်း ငပေါကြီး ဖြစ်တတ်တယ်။ ✔ ကောင်းတာလေးတွေကို ချီးမွမ်းပြီး မကောင်းတာတွေကို ဖုံးကွယ်ထားပြန်လည်း “မတရားသောဘက် လိုက်သူ” လို့ ပြောခံရလိမ့်မယ်။ ✔ ငါလုပ်ဖို့ စောနေသေးတယ်, အချိန်အများကြီး ကျန်ပါသေးတယ်. . . . တွေးနေရင်လည်း နောက်ကျသွားတတ်တယ်။အရာရာဟာ နောက်ကျသွားပြီ, ဘာမှမလုပ်နိုင်ဘူး ခံယူလိုက်တာကလည်း ဘဝကို အရှုံးပေးလိုက်ရာ ကျတယ်။ ✔ ဘဝဆိုတာ ဝမ်းနည်းစရာပဲလို့ […]

အချိန်အခါ

နယူးယောက်အချိန်ဟာ ကယ်လီဖိုးနီးယာ အချိန်ထက် ၃ နာရီစောပါတယ်။ ကယ်လီဖိုးနီးယားဟာ အဲဒီအတွက်နဲ့ နောက်ကျမသွားပါဘူး၊ အချို့ လူများဟာ အသက် ၂၂ နှစ်မှာကတဲက ဘွဲ့ ရပြီးသား၊ ဒါပေမဲ့ ငါးနှစ်ကြာမှ အလုပ်ရသွားတယ်။အချို့ ကျတော့ အသက် ၂၅ မှာ CEO ဖြစ်သွားတယ်။ ဒါပေမဲ့ အသက် ၅၀ မှာ သေသွားတယ်။ အချို့ လည်း အသက် ၅၀ မှ CEO ဖြစ်တယ်။ အသက် ၉၀ အထိ အသက်ရှင်သွားတယ်။ အချို့ ဟာ အသက် ၄၀ အထိ လူပျိုကြီးဖြစ်နေသေးပေမဲ့ အချို့ ကျတော့လည်း အသက် ၁၈ နှစ်နဲ့ အိမ်ထောင်ပြုသွားတယ်။ အိုဗားမားဟာ အသက် ၅၅ […]

ပျော့ညံ့ချိန်

လူတစ်ဦးမှာစိတ်တွေအမျိုးမျိုးပြောင်းလဲနေတတ်ကြတယ်. . . ဆိုကရေတီးကတော့. . . စိတ်နေစိတ်ထားရင့်ကျက်သန်မာရင်. . . အတွေးအခေါ်အကြောင်းကိုဆွေးနွေးကြတယ်. . . သာမန်စိတ်ကတော့ပေါ်ပင်အကြောင်းအရာကိုဆွေးနွေးတယ်. . . အားနည်းတဲ့စိတ်ကတော့. . . လူတွေအကြောင်းပြောတယ်လို့ဆိုတယ်. . . တစ်ခါတစ်ရံလည်း. .အတွေးအခေါ်တွေပြောပေါ့. . . တစ်ခါတစ်ရံလည်းပေါ်ပင် တွေပြော. . . တစ်ခါတစ်ရံလည်း ပုဂ္ဂိုလ်ရေးတွေပြောပေါ့. . . လူဆိုတာတော့. .အမြဲသန်မာလို့တော့မနေဘူးပေါ့လေ. . . ဒါပေမယ့်. . . ဆိုကရေးတီးဖွင့်ဆိုမသွားတဲ့. . .အရာတစ်ခုရှိတယ်. . . ဒါကတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ FB စကားနဲ့ဆို. PA ( Personal attack ) လုပ်တာ. […]

ရှဉ့်ပုံပြင်

  ဆရာကြီးနန္ဒာသိန်းဇံရဲ့ “အသွင်သဏ္ဌာန်တို့၏ နောက်ကွယ်၌”ဆိုတဲ့ စာအုပ်ထဲမှာ ပါတာပါ။ ဦးဇင်းကတော့ အဲဒီပုံပြင်ကို အတော်သဘောကျတယ်။ ဒါကြောင့် ချစ်ဆွေတို့လည်း ဖတ်ချင်သပဆိုရင် ဖတ်လို့ရအောင် ပြန်ရေးပြမှာပါ။ ပြန်ရေးပြတယ်ဆိုတာက သီချင်းလိုပြောရရင်တော့ ကာဗာဆောင်း(Cover Song)ပေါ့။ ကာဗာဆောင်းဆိုတာက ပြန်ဆိုတေးမဟုတ်ဘူး။ ပြန်ပြင်တေးလို့ ပြောရင် ရမယ်ထင်ပါတယ်။ ကော်ပီမဟုတ်ဘူး။ ရီမစ်လည်း မဟုတ်ဘူး။ ကာဗာဆောင်းကို မြန်မာလို မူဟန်သွယ်သွယ်လို့ ပြောမလားပဲ။ သူက သီချင်းစားသာတော့ တူတယ်။ တီးလုံးအနည်းငယ်ကွဲတယ်။ သံစဉ်အနည်းငယ်ကွဲတယ်။ ဆိုပုံဆိုပေါက် ကွဲတယ်။ အော်ရီဂျင်နယ် သီချင်းကို တုပခိုးယူပြီး ဆိုတာမျိုး မဟုတ်ဘဲ သူ ခံစားမိတဲ့ဘက်ကနေ ပြန်ဆိုတာမျိုးပေါ့။ မြန်မာပြည်မှာဆို ဟို မုဆိုးမခြံစည်းရိုးလို သွားတက် ကျိုးတိုကျဲတဲနဲ့ ချစ်စရာကောင်းတဲ့ ဂျူဝယ်လ်ဆိုတဲ့ ကလေးမလေး ပါတဲ့ The […]