နေရာမှန်

  တခါတုန်းက ကုလားအုပ် သားအမိဟာ သစ်ပင်တစ်ပင်အောက်မှာ လဲလျောင်းနေတယ်… ကုလားအုပ်ပေါက်ကလေးက သူ့အမေကို မေးတယ် “ ဘာကြောင့် ကုလားအုပ်တွေမှာ ဘို့တွေ့ရှိနေရတာလဲ မေမေ” သူ့အမေဟာ စဉ်းစားပြီးတော့ အခုလိုပြောတယ် “ငါတို့ဟာ ကန္တာရမှာနေတဲ့ သတ္တဝါတွေဖြစ်တယ်၊ ရေတွေကို သိုလှောင်ဖို့အတွက် ငါတို့မှာ ဘို့တွေရှိနေတာ… ဒါကြောင့် ရေနည်းနည်းရှိပေမယ့် ငါတို့အသက်ရှင်နိုင်တယ်” ကလားအုပ်ပေါက်ကလေးဟာ ခဏတာတွေးနေပြီး ဒီလိုဆက်မေးတယ် “ဟုတ်ပါပြီ မေမေ… ကျွန်တော်တို့ရဲ့ ခြေထောက်တွေဟာ ရှည်ပြီးတော့ ခြေချောင်းတွေဟာ ဘာလို့ လုံးတုတ်နေတာလဲဟင်” သူ့အမေက အခုလိုပြန်ပြောတယ် “အိုး… သားငယ်… ဒါတွေဟာ ငါတို့ကို သဲကန္တာရမှာ လမ်းလျှောက်နိုင်အောင် ဖန်တီးပေးထားတာပဲ” သားငယ်လေးဟာ ခဏရပ်ပြီး အခုလို ဆက်မေးပါတယ် “ဘာကြောင့် ကျွန်တော်တို့ မျက်တောင်မွှေးတွေဟာ ရှည်နေရတာလဲ… […]

John Maxwell ပြောသောစကားလေး

John Maxwell ကပြောတယ် သင်တစ်ယောက်တည်း ထိပ်မှာရောက်နေပြီဆိုရင်တော့ သေချာတယ် သင်တစ်ခုခုမှားနေပြီ… တစ်ယောက်ဆိုတာဟာ ကြီးမားတဲ့ရလဒ်တွေကို ရယူဖို့အတွက် မလုံလောက်ပါဘူး.. တနည်းပြောရရင်… တစ်ယောက်တည်းလုပ်အားနှင့်တော့ အစစ်အမှန်အောင်မြင်ခြင်းတန်ဖိုးကို မရနိုင်ဘူး.. ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ လုပ်နိုင်စွမ်းအားဟာ အကန့်အသတ်ရှိတယ်… ဒါပေမယ့် တက်ညီလက်ညီရှိတဲ့ Team တစ်ခုနဲ့သာလုပ်မယ်ဆိုရင်တော့ အဆများစွာအောင်မြင်အောင် လုပ်နိုင်မှာအသေအချာပါပဲ… အဲဒါကြောင့် ကျွန်တော်တို့တွေဟာ အမြင့်ရောက်နေပြီဆိုရင် ကိုယ့်အောက်မှာရှိတဲ့သူတွေရဲ့ အရည်အချင်းတွေပါမြင့်တက်လာအောင် ဆင်းပြီးလက်တွဲခေါ်ဖို့လိုပါတယ်… အဲဒါမှသာ Team ရဲ့အားကောင်းလာပြီး စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာပါ… အားလုံးပဲ စည်းလုံးညီညွတ်တဲ့ Team တစ်ခုကို ဖန်တီးနိုင်ကြပါစေ… < unicode version > John Maxwell ကပြောတယ် သင်တစ်ယောက်တည်း ထိပ်မှာရောက်နေပြီဆိုရင်တော့ သေချာတယ် သင်တစ်ခုခုမှားနေပြီ… တစ်ယောက်ဆိုတာဟာ ကြီးမားတဲ့ရလဒ်တွေကို ရယူဖို့အတွက် […]

“ဘာကြောင့်”က ဒီလောက်တောင် အရေးပါခဲ့သလား??

  (၁) တချို့က လှပတဲ့ ရှုခင်းကို မမြင်ရဘူး။ တချို့က အသံကို မကြားရဘူး။ တချို့က သီချင်းဆိုမရဘူး ၊ ဖွင့်ပြောလို့မရဘူး။ တချို့က ပန်းရနံ့ကို မရူရိုက်နိုင်ဘူး။ တချို့က ပြေးလွှားဆော့ကစားလို့ မရဘူး။ တချို့က ဖိနပ်စီးဖို့ ခြေထောက်မရှိဘူး။ ဒါနဲ့များ ဘာဖြစ်လို့ တိမ်အမြင့်ပေါ် ငှက်တစ်ကောင်လို ငါ မပျံသန်းနိုင်သလဲလို့ အမြဲညည်းတွားနေသေးလဲ…   (၂) လူတစ်ယောက်မှာ ပါးစပ်ပေါက် တစ်ပေါက်ပဲပါတယ်။ ဒါနဲ့များ ဘာဖြစ်လို့ ဒီလောက်များတဲ့ ပုံစံမတူ ကော်ဖီခွက်ကို လိုနေကြတာလဲ…   (၃) ကမ္ဘာမှာ ဘာဖြစ်လို့ ဒီလောက်များတဲ့ စစ်ပွဲတွေရှိရတာလဲ၊ ဘာဖြစ်လို့ အချင်းချင်း သတ်ဖြတ်ကြရတာလဲ၊ တီဗွီမှာ ဘာဖြစ်လို့ ကြောက်စရာကောင်းတဲ့ ရုပ်ပုံကိုပဲ ထပ်တလဲလဲ လွှင့်နေရတာလဲ၊ […]

“ဘဝခွန်အား ဒဿနစာစုများ”

စကားလုံး- စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားပါနဲ့။ စကားလုံးဆိုတာ ပညတ်တွေဖြစ်တဲ့ အတွက် ချစ်ရင် အကောင်းပြောကြမှာ ဖြစ်ပြီး၊ မုန်းရင်တော့ အဆိုးပြောကြမှာပါ။ တကယ်မြဲချင်ရင်- ရားထူဌာနန္တရတွေ မြဲဖို့အတွက် ဗေဒင်၊ ဓာတ်ရိုက်ဓာတ်ဆင်တွေ မလိုပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လိုပါတယ်။ ကိုယ့်ရဲ အကျင့်သီလမြဲဖို့ပဲ လိုပါတယ်။ ကိုယ်ကျင့်မြဲမှ ကိုယ်လည်းမြဲမှာပါ။ ကြည်ညိုတတ်ပါစေ- ဘယ်ပုဂ္ဂိုလ်က ဘယ်လိုကြည်ညိုစရာကောင်းတယ် ဆိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုစရာ ကောင်းနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်မှ သူများရဲ့ ကြည်ညိုမှုကို ခံနိုင်ပါမယ်။ အဲလိုမှ မဟုတ်ရင် သူများရဲ့ ကြည်ညိုခံမှုဟာ ခဏပဲဖြစ်မှာပါ။ ကိုယ်ဖြစ်ကိုယ်ခံ- ကိုယ်လုပ်သမျှ သူများတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသားပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို မညာမိဖို့ ကိုယ့်အလုပ်တွေကို ရိုးသားစွာ လုပ်ဖို့လိုပါတယ်။ […]

မင်းဟာ

မင်းဟာ…. အမြင့်မှာနေရင် လေတိုက်ခံရမယ် အနိမ့်မှာနေရင် လှံစိုက်ခံရမယ် အလယ်မှာနေရင် ပုခုံးချင်းယှဉ်တိုက်လိမ့်မယ် ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ် မင်းကမနေနိုင်လို့လုပ်ပေးတော့ အရူးထနေတာလို့ ပြောကြမယ် မင်းဘာမှမလုပ်ပဲနေတော့ မင်းကို ငပျင်းလို့ပြောကြ လိမ့်မယ်။ ဒီမှာ.. မင်းကို မင်းရဲ့ပတ်ဝန်းကျင်က ချီးမွန်းတဲ့စကားထက် မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့ မင်းရဲ့ မှားကွက်ကို စောင့်နေကြတယ်။ မင်းအောင်မြင်နေတဲ့အချိန် မင်းကိုကပ်ဖားပြီး မင်းကျရှုံးတဲ့အချိန် မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ်။ မျက်နှာဖုံးစွပ်တွေများတဲ့လောကကြီးထဲမှာ မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ်။ မင်းမှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင် ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။ မင်းစားနေတဲ့ထမင်းလုပ်အတွက် မင်းကိုယ်တိုင် ကိုယ့်ဒူးကိုယ်ချွန်နေတာမို့ မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ်။ အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့ မှားယွင်းနေတဲ့ လူတွေနဲ့ ဆုံစည်းနေရတာထက် တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ်။ ရုန်းကန်လှုပ်ရှားရအကောင်းဆုံးအရွယ်မှာ ဇိမ်ခံသက်သာတဲ့လမ်းကို မင်းမရွေးပါနဲ့! တစ်သက် လုံး […]

မ​မေ့ပါနဲ့

လူတစ်​​ယောက်​က ဗူးစင်​​လေးတစ်​စင်​ထိုးလိုက်​တယ်​ တဖြည်းဖြည်း ဗူးပင်​​လေးက စင်​​ပေါ်ပြည့်​သွား​တော့ ​အေးမြတဲ့အရိပ်​တစ်​ခု ဖြစ်​လာတာ​ပေါ့ ဗူးပင်​​လေးက သူ့ကိုယ်​သူအမြဲဂုဏ်​ယူ​လေ့ရှိတယ်​ ငါ့​ကြောင့်​သူတို့​အေးမြ​နေတာ ငါ့​အရိပ်​​ကြောင့်​ သူတို့ သာသာယာယာ​နေလို့ရတာ ငါမရှိဘဲ သူတို့​အေးမြမှုကို ခံစားလို့မရဘူးဆိုပြီး မာန်​တက်​လာတယ်​ အဲ့လိုနဲ့ ဘဝင်​မြင့်​​ကောင်း​နေတုန်း တိုင်​တစ်​တိုင်​ကျိုးကျသွားတယ် ​ တိုင်းနဲ့အတူ ဗူးပင်​က​လေးလည်း​မြေ​ပေါ်ကျသွားတယ်​ အဲ့အချိန်​မှာ အပင်​စိုက်​တဲ့လူ​ရောက်​လာပြီး ဗူးပင်​​တွေကြားက တိုင်​ကထုတ်​ ငြိ​နေတဲ့ ဗူးနွယ်​​တွေကိုဖြတ်​ပြီး တိုင်​အသစ်​တစ်​တိုင် ​ လဲလိုက်​တယ်​ဗူးပင်​​လေးဟာ ဘယ်​​တော့မှ မာန်​မတက်​ရဲ​တော့ဘူး ဘာလို့လဲဆို​တော့ သူဟာ တပါးသူကိုမှီခိုပြီးမှ အမြင့်​​ပေါ် ​ရောက်​​နေရတာသိသွားလို့​လောကကြီးမှာ ငါမရှိမှ ငါ့တန်​ဖိုးနားလည်​မယ်​လို့​တွေးထင်​ထားရင်​ ကိုယ်​ဟာ အသုံးချခံပစ္စည်းလို့ ကိုယ့်​ကိုယ်​ကိုသက်​မှတ်​ထားလို့ပါ တာဝန်​များများယူရတဲ့ သူ​တွေဟာ ခံစားချက်​များစွာနဲ့ လုံးပန်း​နေရတယ်​ အဲ့လိုလူ​တွေကမှ တိုင်​ဖြစ်​တယ်​ အဲ့လိုတိုင်​​တွေကိုမှီခိုပြီးမှ အရိပ်​​ပေးနိုင်​တဲ့ ဗူးပင်​​တွေဟာ အထင်​ကြီးစရာမရှိဘူး ​မြေ​ပေါ်​ရောက်​ရင်​အနင်းခံရမှာပဲ […]

မှတ်မိစေချင်တဲ့ စကားလုံးများ

ထီးမပါတဲ့ ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်တတ်ပါတယ်။ ဦးတည်ချက်မရှိတဲ့လူဟာ ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်။ ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်၊ အရည်အချင်းဆိုတာ ငွေတံဆိပ်၊ လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ။ အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်။ လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး။ ယော့က်ျား ကောင်းဟာ မြူစွယ်မူဒဏ်ကို ကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို ၊ မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်။ လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး၊ စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ်။ အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး၊ မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်။ သင်ကိုယ်တိုင် ဘ၀အခက်အခဲကို ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင် သင်အတွက် ရဲရင့်ပေးမဲ့လူ မရှိပါဘူး။ ပြသနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ။ ၀မ်းချုပ်တိုင်းတာ ကမ္ဘာ့မြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင် […]

စိတ်ဓာတ်ခွန်အားကို မြှင့်တင်နည်း

သီတင်းတစ်ပတ်ရဲ့ တနင်္လာနေ့တိုင်းမှာ ဒါမှမဟုတ် နှစ်သစ်တစ်နှစ်ရဲ့အစမှာ အခုချိန်ကစပြီး ဘာတွေလုပ်မယ်ဆိုပြီး ဆုံးဖြတ်ဖူးပါသလား။ ဥပမာပြောရင် ဒီနေ့ကစပြီး ငါ ၀ိတ်ချမယ်၊ ဆေးလိပ်ဖြတ်မယ်၊ စသဖြင့်ပေါ့။ ဒီလိုစိတ်ပိုင်းဖြတ်ပေမယ့် အချိန်တစ်ပတ်လောက်ကြာပြီးတဲ့နောက်မှာ အရာအားလုံးဟာ ဘာမှထူးခြားမလာပဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားတာမျိုး ဖြစ်ဖူးမှာသေချာပါတယ်။ ဘာကြောင့်များ ဒီလို စိတ်ပိုင်းဖြတ်မှုတွေ ပျောက်ဆုံးသွားရတာပါလဲ။ အဖြေကတော့ အပျင်းကြီးလို့၊ ပြောင်းလဲချင်စိတ်မရှိလို့ ဆိုတာတွေထက် စိတ်ဓာတ်ခွန်အား စိတ်စွမ်းအား မရှိလို့ပဲဖြစ်ပါတယ်။ စိတ်ခွန်အားနဲ့ပတ်သက်ပြီး သင်သိထားရမယ့်အရေးကြီးအချက်နှစ်ခု ရှိပါတယ်။ – စိတ်ခွန်အားဟာ အကန့်အသတ်နဲ့ပဲရှိတဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ကိစ္စတစ်ခုအတွက် စိတ်စွမ်းအားအကုန် ထုတ်သုံးလိုက်ရင် နောက်ကိစ္စတစ်ခုအတွက် အာရုံစိုက်နိုင်ဖို့ စိတ်ဓာတ်ခွန်အားကင်းမဲ့သွားနိုင်ပါတယ်။ – စိတ်ခွန်အားဟာ ခန္ဓာကိုယ်ကြွက်သားတွေလိုပဲ။ သန်မာလာအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ စိတ်ခွန်အားဟာ ဘာကြောင့်အရေးကြီးတာပါလဲ??? စိတ်ခွန်အားဟာ မကောင်းတဲ့အလေ့အကျင့်တွေ၊ ပဋိပက္ခတွေ၊ လူမှုဆက်ဆံရေးကိစ္စတွေနဲ့ လုပ်ငန်းခွင်အတွင်းမှာ […]

ဂျင်

ဘဝက မြင်းတစ်​​ကောင်​ဖြစ်​ခဲ့ရင်​ ​အ​ကောင်းဆုံး ​ပြေးလွှား​နေချင်​တယ်​ ဘဝက ငါးတစ်​​ကောင်​ဖြစ်​ခဲ့ရင်​ ​အ​ကောင်းဆုံး ကူးခတ်​​နေချင်​တယ်​ ဘဝက ငှက်​တစ်​​ကောင်​ဖြစ်​ခဲ့ရင်​ အ​ကောင်းဆုံးပျံသန်း​နေချင်​တယ်​ ဘဝက ကျားတစ်​​ကောင်​ဖြစ်​ခဲ့ရင်​ အ​ကောင်းဆုံး သား​ကောင်​လိုက်​​နေချင်​တယ်​ ဘဝက ​မြေ​ခွေးတစ်​​ကောင်​​ဖြစ်​ခဲ့မယ်​ဆိုရင်​ အ​ကောင်းဆုံးဥာဏ်​နီဥာဏ်​နက်​သုံး​နေချင်​တယ်​ ဘဝ က လူဖြစ်​ခဲ့​တော့ မြင်းတစ်​​ကောင်​လို အသန်​မာဆုံးအားနဲ့​ပြေးရတယ် ​ ငါးတစ်​​ကောင်​လို လှုပ်​ရှား​နေရတယ်​ ငှက်​တစ်​​ကောင်​လို့ ပျံသန်း​နေရတယ်​ ကျားတစ်​​ကောင်​လို ​လိုအပ်​ချက်​​နောက်​လိုက်​​နေရတယ်​ ​မြေ​ခွေးတစ်​​ကောင်​လို ဥာဏ်​နီဥာဏ်​သုံး​နေရတယ်​ လူထဲကလူပီသဖို့ ကိုယ်​ချင်းစာစိတ်​ရှိဖို့လိုတယ်​။ ဘာမထီဘွား…အ​တွေးစာစု​လေးများ < unicode version > ဘဝက မြင်​းတစ်​​ကောင်​ဖြစ်​ခဲ့ရင်​ ​အ​ကောင်​းဆုံး ​ပြေးလွှား​နေချင်​တယ်​ ဘဝက ငါးတစ်​​ကောင်​ဖြစ်​ခဲ့ရင်​ ​အ​ကောင်​းဆုံး ကူးခတ​်​​နေချင်​တယ်​ ဘဝက ငှက်​တစ်​​ကောင်​ဖြစ်​ခဲ့ရင်​ အ​ကောင်​းဆုံးပျံသန်​း​နေချင်​တယ်​ ဘဝက ကျားတစ်​​ကောင်​ဖြစ်​ခဲ့ရင်​ အ​ကောင်​းဆုံး သား​ကောင်​လိုက်​​နေချင်​တယ်​ ဘဝက […]

ဖြေသိမ့်နိုင်စေဖို့

ဆူညံမှုများ ရဲ့ ​နောက်​ကွယ်​က တိတ်​ဆိတ်​မှု ကို သင်​ ရှာ​ဖွေကြည့်​ဖူးပါသလား ? “သာမန်​ တိတ်​ဆိတ်​မှု ထက်​ ပိုပြီး နက်​ရှိုင်းတဲ့ ငြိမ်​သက်​မှုကို ​တွေ့မှာပါ ” ခဏခဏ လို့ ​ပြော​ပြော​နေကြ​ပေမယ့်​ တစ်​ဘဝတာ ကြာရှည်​သွားမယ်​ရင်​ သင်​ ယုံကြည်​ပါ့မလား ? ” မကြာပါဖူးလို့ ​ပြောမိတိုင်း ကြာရှည်​သွားတဲ့ အ​ကြောင်းကို သင်​ ပိုပြီး သိလာမှာပါ ” အမှား​တွေ အမှား​တွေ လို့ သင်​ ​ရေရွတ်​​နေမယ့်​အစား အမှန်​တစ်​စ ကို သင်​ဆွဲထုတ်​ဖူးပါသလား? ” အမှား​တွေလို့ ဆိုမိတိုင်း ဆိုမိတိုင်း အမှန်​ဆိုတာကို မြင်​​တွေ့မိရင်​ သင်​ အစဆွဲမိ မှာ အ​သေအချာပါ ” အသက်​ရှုမဝဖူး မွန်းကြပ်​​နေတာပဲလို့ ညည်းညူ […]