ကျရှုံးမှာကို မကြောက်နဲ့ တကယ်တော့ ကျွန်တော်တို့ဟာ လူမှန်းမသိခင်အချိန်ကတည်းက အကြိမ်ပေါင်းများစွာကျရှုံးခဲ့ဖူးတယ်။ လမ်းမလျှောက်တတ်ခင်မှာ အကြိမ်ပေါင်းများစွာ လဲကျခဲ့ဖူးတယ်။ ရေမကူးတတ်ခင်မှာ အကြိမ်ပေါင်းများစွာ ရေနစ်ခဲ့ဖူးတယ်။ စက်ဘီးမစီးတတ်ခင်မှာလည်း အကြိမ်ပေါင်းများစွာ စက်ဘီးမှောက်ခဲ့ဖူးမယ်။ တကယ်ဆို ဘဝမှာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးပေမယ့် ဘယ်ကျရှုံးမှုကမှ ကျွန်တော်တို့ကိုအခုချိန်ထိ အဆုံးသတ်အောင် အလဲမထိုးနိုင်သေးဘူး။ ဟုတ်တယ် မဟုတ်လား။ အခုအချိန်မှာ ကျွန်တော် လမ်းလျှောက်နိုင်တယ်။ ရေကူးနိုင်တယ်။ စက်ဘီးစီးနိုင်တယ်။ သေချာတွေးကြည့်ရင် ကျရှုံးမှုဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ကို ဘယ်လိုလူလဲ… ဘယ်လောက်ဖန်တီးနိုင်တဲ့လူလဲ… ဘယ်လောက် ရုန်းထွက်နိုင်သလဲ… ဆိုတာကို မှတ်ကျောက်တင်ပေးမယ့် အရာတစ်ခုပဲ။ နံရံတွေဆိုတာ ကျွန်တော်တို့ရဲ့ထွက်ပေါက်တွေကို ပိတ်ဆို့ထားတဲ့ အဆီးအတားတွေ မဟုတ်ဘူး။ ကျွန်တော်တို့ အောင်မြင်ချင်စိတ် ဘယ်လောက် ပြင်းပြင်းနဲ့ ရိုက်ချိုးမလဲဆိုတာကို တိုင်းတာတဲ့ အရာတွေသာဖြစ်တယ်။ အားနည်းစိတ်ပျော့တဲ့ လူတွေကိုတော့ […]
Month: December 2017
ဘာတွေလိုပြီးဘာတွေပိုနေလဲ
ရှင်သန်ရာ ဘဝတွေမှာ လိုအပ်ချက်တွေရှိနေတတ်ကြတယ် လိုအပ်ချက်တွေကြောင့်ပဲ လူတွေဟာကြိုးစားရုန်းကန်တတ်ကြတယ် ဒီလိုအပ်ချက်ပြည့်မီမှုပေါ်မူတည်ပြီးပျော်ရွှင်ကြတယ် ဝမ်းနည်းကြရတယ် စိတ်တက်ကြွရတယ် စိတ်ဓါတ်ကျရတယ် ဆိုတော့ ဒီလိုအပ်ချက်ဆိုတဲ့အရာက ကျနော်တို့ဘဝမှာတော်တော်အရေးပါနေတာကိုတွေ့ရတယ် လူငယ်တွေအတွက်ရော လူကြီးတွေအတွက်ပါ အရေးကြီးနေတယ် ဒီစာဖတ်ရင်ဖြေကြည့်ပါ ကျနော်တို့ရဲ့အလိုတွေပြည့်ပြီလား ပျော်ရွှင်ရရဲ့လား မပြည့်သေးသူများရော ဘယ်တော့ရောပြည့်မှာလဲ ဒီပြဿနာကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ အလိုတွေပြည့်ဖို့နည်းလမ်းနှစ်ခုရှိတယ် တစ်ခုကအလိုဟူသမျှပြည့်အောင်ကြိုးစားဖို့ပါပဲ နောက်တစ်မျိုးက ဘာမှမလိုချင်အောင်အလိုမရှိအောင်လုပ်ဖို့ပါပဲ လွယ်ပါ့မလား သေချာတာတစ်ခုကတော့ ဒီနည်းလမ်းနှစ်ခုလုံးကိုတစ်ယောက်မှမလုပ်နိုင်မလိုက်နာနိုင်ပါဘူး. အစွန်းရောက်သလိုမျိုးဖြစ်နေတယ်လေ အလိုမရှိအောင်လုပ်ကြလို့ပြောတာလည်းကြုံဖူးမှာပါ ဒီစကားဟာ အသုံးတည့်ရဲ့လား ကျနော်တို့သာမန်လူအတွက်တော့ သေချာပေါက်အသုံးမတည့်ဘူး ဆိုတော့ ဗုဒ္ဓဘုရားအတွက်ရော အသုံးတည့်နိုင်မလား ဗုဒ္ဓဘုရားအတွက်ရော ဘာမှမလိုဘူးလား မဟုတ်ပြန်ဘူး ဗုဒ္ဓနဲ့သံဃာတော်တွေမှာ အသက်ရှင်ရပ်တည်ဖို့ ပရိက္ခရာ ၈ ပါး လိုအပ်တယ် ဒါဟာလူတစ်ယောက်အသက်ရှင်ရပ်တည်နေချိန်မှာ အနည်းဆုံးလိုအပ်ချက် ဖြစ်လိမ့်မယ် ဝတ်ဖို့အတွက် သင်္ကန်း ၃ ထည် စားစရာထည့်ဖို့ […]
အောင်မြင်လား ကျရှူံးလား
လူတစ်ယောက်ဟာ အမြဲတမ်းအောင်မြင်ခြင်းမှာ ရပ်မနေဘူး လူတစ်ယောက်ဟာ အမြဲတမ်းကျဆုံးခြင်းမှာ နစ်မွန်းမနေဘူး နေရာအလိုက် အနိမ့်အမြင့် အတက်အကျရှိတယ် ကျွန်တော်မှာ ဒီလိုမကောင်းတဲ့အားနည်းချက်ရှိနေတယ် ဒါဟာအရမ်းတော်တဲ့လူ..ဥပမာတစ်ခုပေါ့ ကျွန်တော်မှာ aidsလို့ခေါ်တဲ့ ခုခံအားကျဆင်းတဲ့ရောဂါရှိပါတယ်လို့ပြောလာခဲ့ရင် သင့် စိတ်ထဲက ဘာဖြစ်သွားမလဲ အနည်းဆုံးတော့သူကိုထိတွေ့ဖို့ တွန့်ဆုတ်သွားမယ် သနားတာက သနားတာပဲ ကိုယ့်ကိုယ်ကို ကာကွယ်မှုတွေလုပ်ပြီးမှသာ သူ့ကိုထိတွေ့ကိုင်တွယ်ကြတာ အဲ့မှာစဉ်းစားကြည့်လိုက် ပြောလိုက်တဲ့လူရဲ့ စိတ်ထား… လူတိုင်းမဖြစ်ချင်တဲ့အရာကိုသူခံစားနေရပေမယ့် သူထားတဲ့ ကိုယ်ချင်းစာစိတ်.. သူပြောမှဝန်ခံမှသိရမယ်အရာ တချို့နေရာတွေက ကောင်းတဲ့လူတွေက အားနည်းချက်ရှိတဲ့သူတွေထက်စိတ်ဓာတ် နိမ့်ပါးလွန်းတယ် ဖေးမချင်စိတ်ရှိပေမယ့် တွေးကြောက်တယ် ငါသာ သူလို့ဆိုတဲ့ ကိုယ်ချင်းစာစိတ်ရှိပေမယ့် အမှန်ကိုမလုပ်ရဲ မဖွင့်ဟရဲကြဘူး လက်တွေ့မပါတဲ့အားပေးမှုက အထီးကျန် သူကိုအကျည်းတန်စေတယ် ဒါဟာလွယ်လွယ်တွေးရင်သူ့ကျူးလွန်လို့ သူခံစားရတာ… တချို့သောနေရာတွေမှာ ကိုယ်တိုင်မကျူးလွန်ပဲ ကံဆရာရဲ့လှည့်စားမှုမှာ ပေးဆပ်လိုက်ရတာတွေရှိတယ် […]
နှုတ်ဆိတ်နေတိုင်းဝန်ခံတာမဟုတ်ပါ
နှုတ်ဆိတ်နေတိုင်းဝန်ခံတာမဟုတ်ပါဘူး ဘယ်လောက်ရှင်းပြရှင်းပြနားလည်မှာ မဟုတ်တဲ့သူတွေကိုအပင်ပန်းခံပြီး မရှင်းပြချင်လို့ ငြိမ်နေတဲ့ သဘောပါ။ တစ်ခါတစ်ရံ ဘာမဟုတ်တာလေးကို ငြင်းခုန်ဖြေရှင်းရတာမျိုးတွေရှိတတ်တယ် တစ်ခါတစ်လေကြပြန်တော့လည်း စီးပွားရေး လူမှု့ရေး ကိစ္စတစ်ချို.တွေကြောင့် နားလည်မှု့အလွဲတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုအရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မိမိရဲ့ သိက္ခာ ထိခိုက်မှု့ စာရိတ္တပိုင်းဆိုင်ရာ ညစ်နွမ်းစေတဲ့အထိ မထိခိုက်နိုင်တဲ့ အကြောင်းအရာမျိုးတွေဆိုရင်တော့ ပြန်လည်ချေပငြင်းခုန်ခြင်း တုပပြောဆိုခြင်းတွေ မပြုလုပ်မိပါစေနဲ။ တစ်ဖက်လူဒေါသကြီးနေတဲ့အချိန်နားလည်ခွင့်လွှတ်ပေးပြီး ခတ္တခဏငြိမ်သက်နေပေးလိုက်ပါ အခြေအနေအားလုံးငြိမ်သက်သွားမှ မိမိရဲ့ အမှန်တရားကိုပြောဆိုဆွေးနွေးပါ အမှန်တရားပေါ်လာတဲ့အထိဖြေရှင်းပါ မိမိစေတနာသိနားလည်အောင် ပြောပြပါ တစ်ဖက်လူလည်း မည်သည့်ကိစ္စမဆို ဆင်ခြင်တုံတရားရရှိလာပါလိမ့်မယ်။ Credit;မေတ္တာစာ
ကမ္ဘာကျော် ပညာရှင်ကြီး ရှိတ်စပီးယားရဲ့ မှတ်မှတ်သားသားစကားလေးများ
ဓားနှင့် ခုတ်ထွင်းခြင်းထက် ပြုံးခြင်းက ပို၍ ခရီးရောက်သည်။ အခြားသူရဲ့ ခံစားချက်တွေကို ဘယ်တော့မှ မကစားနဲ့ ဘာလို့လဲ ဆိုတော့ ထိုကစားပွဲကို သင်နိုင်ကောင်းနိုင်မှာပါ။ ဒါပေမယ့် အဲ့ဒီလူကိုတော့ သင်ထာဝရ ဆုံးရှုံးရဖွယ်ရှိတယ်။ အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်၊ တခြားသူတွေထက် ပိုသိရမယ် တခြားသူတွေထက် ပိုကြိုးစာရမယ် အဲ့တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။ ပြုံနေတယ်ဆိုတိုင်း သူ့မှာ စိတ်ညစ်စရာ မရှိတာ မဟုတ်ဘူး သူဒီလိုပြုံးနိုင်တာဟာ စိတ်ညစ်စရာတွေကို ရင်ဆိုင်နှိင်တယ်ဆိုတဲ့ သဘောသက်ရောက်တာပါ။ စာမဖတ်သောနေ့ကို အမင်္ဂလာနေ့ ဟုဆိုနိုင်သည်။ သေးငယ်သော ပုဆိန် ပင် ဖြစ်စေကာမူ အချက်ပေါင်းများစွာ ခုတ်ထစ်သောခါ မာကျောသော ဝက်သစ်ချပင်ကြီးပင် လဲပြိုရလေသည်။ အားလုံးကို ချစ်ပါ အနည်းငယ်ကို ယုံကြည်ပါ ဘယ်သူ့အပေါ်မှ အမှားမလုပ်နဲ့။ ငါအမြဲတမ်း ပျော်ရွှင်မှုကိုခံစားရတယ် ဘာကြောင့်လဲသိလား […]
အမှား
ဘ၀မှာ အမှားကင်းစွာနေဖူးတဲ့သူ ဘယ်လောက်များများရှိနိုင်မှာလဲ သူတစ်ပါးထိခိုက်အောင် မထိခိုက်အောင် နည်းမျိုးစုံနဲ့ မှားယွင်းဖူးတဲ့သူတွေချည်းပါပဲ အမှားမလုပ်ခဲ့ဖူးသူ မရှိသလောက်ပါပဲ။ သိစိတ်က မှားယွင်းခဲ့မှု့ မသိစိတ်က မှားယွင်းခဲ့မှု့ လူသိအောင်မှားယွင်းခဲ့မှု့၊ လူမသိအောင်မှားယွင်းခဲ့မှု့ဘယ်လိုပုံစံနဲ့ပဲ မှားယွင်းခဲ့ပါစေ ဖြစ်ခဲ့တဲ့ ပြုလုပ်ခဲ့တဲ့အမှားကတော့ မိမိစိတ်နဲ့ အတူလိုက်ပါနေစမြဲပါ။ ပုထုဇဉ်လူသားဖြစ်နေရပြီမို့ စားဝတ်နေရေးအတွက် ရုန်းကန်ကြိုးစားရင်း ဘ၀မှာ သူတစ်ပါးအပေါ်စိတ်မသန့်ရှင်းပဲ ပေါင်းသင်းဆက်ဆံနေရတတ်ပါတယ်။ မလုပ်ချင်တဲ့ အကုသိုလ် လုပ်ချင်တဲ့ အကုသိုလ် တရားတွေနဲ့ အမည်းရောင်လူသားမဖြစ်ဖူးတဲ့လူ မရှိနိုင်ပါဘူး။ ထိုထိုကိစ္စများမြောင်ငြားသော်လည်း မိမိတတ်နိုင်သည့်အားလျော်စွာ စိတ်မိုက်စိတ်ရိုင်းကို နိုင်အောင်တိုက်ခိုက်ပါ။ အမည်းရောင်လူသားဘ၀မှလွတ်မြောက်ခွင့်ရရှိနိုင်အောင်မြတ်သောအကျင့် ကိုမကြံဆောင်နိုင်ရင်တောင်လက်ရှိမှားခဲ့ဖူးတဲ့ အမှားမျိုးတွေနောက်တစ်ခေါက်ရောက်မလာရအောင်စိတ်သန့်ရှင်းစွာနေ ထိုင်နိုင်အောင် ကြိုးစားကြည့်ပါ။ ဘယ်သူမပြု မိမိမှု့ပင် မဟုတ်ပါလား လူသားတို့ရဲ့ပင်ကိုယ်မနောစိတ်အဖြူကို အမှောင်မကျနိုင်အောင် ကြိုးစားရင်း အမှားတွေ နည်းသထက်နည်းအောင် ပြုမှုနိုင်ကြပါစေ။ Credit;မေတ္တာစာ
နောင်တစ်ချိန်မှာ
တခါတုန်းက လူရွယ်တစ်စုဟာ ကုန်သွယ် စီးပွားရှာဖို့ တောကြီးတစ်ခုကိုဖြတ်ရတယ် ဒီလိုနဲ့ ည အိပ်စက်ဖို့ နေရာရှာရင်း လွင်ပြင်တစ်ခုမှာ အိပ်စက်ဖို့ဆုံးဖြတ်လိုက်တယ် အဲ့အချိန်မှာ မိုးစက်လေးတစ်ချို့ကျလာတယ် ဒါနဲ့ အဖွဲ့ထဲက လူတစ်ယောက်က ဒီလွင်ပြင်မှာ အရိပ်ရပင်လေးတွေရှိရင်ကောင်းမှာဆိုပြီး မျိုးစေ့ သုံးစေ့ကို နေရာခွဲပြီးစိုက်လိုက်တယ် နောက်နေ့မနက်လင်းတော့ ခရီးဆက်ထွက်ကြရင်း ချောင်းတစ်ခုတွေ့ကြပြန်တယ် ဒါနဲ့ အားလုံးက ဒုက္ခ ပါပဲ ဟိုဖက်ကမ်းကိုကူးဖို့ တံတားရှိမှဖြစ်မှာ ကျုပ်တို့ပါတဲ့ကုန်တွေက ရေထိလို့ အဆင်မပြေဘူး….ဆိုပြီး တံတားတစ်စင်း ထိုးလိုက်ကြတယ် ဟိုဖက်ကမ်းကိုကူးပြီး ခဏနား ခရီးဆက်ထွက်ကြတာပေါ့ နောက်ဆုံးတစ်နေရာအရောက်မှာ ကျောက်တောင်ပြိုကျပြီး ကျောက်တုံးကြီးတစ်တုံးဟာ လမ်းမှာပိတ်ဆို့နေတာတွေ့တော့ အားလုံးတိုင်ပင်ကြတယ် ငါတို့ လမ်းဖောက်ကြမလားဒါမှမဟုတ် ဒီကျောက်တုံးဟိုတစ်ဖက်သွားလို့ရအောင် ကျောက်တုံးလေးတွေ စီပြီးသွားကြမလား တစ်ယောက်ကမေးတယ် လမ်းဖောက်ရင်ဘယ်လောက်ကြာမှာလဲ အနည်းဆုံးတစ်ရက်ကြာမယ် တောင်ကိုပတ်ပြီးဖောက်ရမှာ ဒါဆိုဒီအတိုင်းရအောင်ရှေ့ဆက်မယ်ဆိုရင်ရော နေ့တစ်ဝက်မကြာဘူး ဟိုဖက်ကိုရောက်နိုင်တယ် ဒါဆို ဒီအတိုင်းပဲသွားကြမယ် […]
အရိပ်ကလေးရယ်
အနိုင်လိုချင်လို့ အရှုံးပေးခဲ့တာမဟုတ်ဘူး ဘဝရဲ့သင်ယူစရာတွေထဲမှာ ပေးဆပ်ရင်းဘေးထွက်ခဲ့ရလို့ တခါတလေ ခပ်ပြုံးပြုံးလေး ရှုံးစေခဲ့တာ အမှားမှန်းသိနေပေမယ့် စိတ်ပျော်ရွင်မှုအတွက် လိုရာသုံးဖို့ ဂျို ကာ လိုအပြုံးနဲ့ ငြူ စူသမျှကိုချေဖျက် တိုးတိုးလေး ကျိတ်ငိုနေမိတယ် ပိုင်ဆိုင်ခွင့်မရှိရင်တော့ ကြိုးစားခွင့်နဲ့အတူ ဖြေသိမ့်ခွင့်ရှိတယ် ရယူခွင့်မရှိရင်တော် ငေးမျှော်မှုနဲ့ တမ်းတခွင့်ရှိတယ် ရှေ့ဆက်ခွင့်မရှိရင်တောင် ရောက်တဲ့နေရာမှာအကောင်းဆုံးမှတ်တိုင်တစ်ခု စိုက်ထူခွင့်ရှိတယ် ဘဝမှာကြိုးစားတို်င်းလည်း အရာအားလုံးမရနိုင်ဘူး ဘဝလည်းမလိုချင်ဘဲ ပိုင်ဆိုင်ရတာတွေလည်းရှိမယ် ခန့်မှန်းခြေနဲ့ဖြတ်သန်းနေလည်း တစ်ဖက်ကန်းနေသမျှ လိုအပ်ခြင်းကွင်းပြင်ထဲ အရိပ်ဆို ကိုယ်မစိုက်သရွှေ့ မသေချာဘူး။ ဘာမထီဘွား..အတွေးစာစုလေးများ
အရိပ်ကလေးရယ်
အနိုင်လိုချင်လို့ အရှုံးပေးခဲ့တာမဟုတ်ဘူး ဘဝရဲ့သင်ယူစရာတွေထဲမှာ ပေးဆပ်ရင်းဘေးထွက်ခဲ့ရလို့ တခါတလေ ခပ်ပြုံးပြုံးလေး ရှုံးစေခဲ့တာ အမှားမှန်းသိနေပေမယ့် စိတ်ပျော်ရွင်မှုအတွက် လိုရာသုံးဖို့ ဂျို ကာ လိုအပြုံးနဲ့ ငြူ စူသမျှကိုချေဖျက် တိုးတိုးလေး ကျိတ်ငိုနေမိတယ် ပိုင်ဆိုင်ခွင့်မရှိရင်တော့ ကြိုးစားခွင့်နဲ့အတူ ဖြေသိမ့်ခွင့်ရှိတယ် ရယူခွင့်မရှိရင်တော် ငေးမျှော်မှုနဲ့ တမ်းတခွင့်ရှိတယ် ရှေ့ဆက်ခွင့်မရှိရင်တောင် ရောက်တဲ့နေရာမှာအကောင်းဆုံးမှတ်တိုင်တစ်ခု စိုက်ထူခွင့်ရှိတယ် ဘဝမှာကြိုးစားတို်င်းလည်း အရာအားလုံးမရနိုင်ဘူး ဘဝလည်းမလိုချင်ဘဲ ပိုင်ဆိုင်ရတာတွေလည်းရှိမယ် ခန့်မှန်းခြေနဲ့ဖြတ်သန်းနေလည်း တစ်ဖက်ကန်းနေသမျှ လိုအပ်ခြင်းကွင်းပြင်ထဲ အရိပ်ဆို ကိုယ်မစိုက်သရွှေ့ မသေချာဘူး။ ဘာမထီဘွား..အတွေးစာစုလေးများ
လေ့လာမှတ်သားသင့်တဲ့ စကားလုံးများ
၁။ ကိုယ့်မျက်စိနဲ့ သေသေချာချာ မတွေ့ခဲ့ဘူးဆိုရင် ပါးစပ်နဲ့ အလျင်စလို သက်သေမပြချင်ပါနဲ့၊ ၂။ ကိုယ်မသိတဲ့ ကိစ္စတစ်ခုကို “ မသိဘူး ” လို့ တိုက်ရိုက်ဖြေဆိုလိုက်တာ အပေါ့ပါးဆုံးပါ။ ၃။ တစ်ယောက်ယောက်က သင့်ကို ကျောက်ခဲနဲ့ ပေါက်ခဲ့မယ်ဆိုရင်၊ ပြန်မပေါက်နဲ့တော့၊ အုပ်မြစ်တည်ဖို့ စုဆောင်းထားလိုက်ပါ။ ၄။ လူဆိုတာ ကျော်ကြားလာရင်တော့ အတင်းများမှာပဲ၊ အဲဒီ အတင်းတွေကို ကြောက်ရင် မကျော်ကြားနဲ့ပေါ့၊ ၅။ သီးခံနိုင်ရင် သီးခံပါ။ သီးမခံနိုင်ရင် ပြောင်းလဲပါ။ ပြောင်းလဲလို့မှ မရရင် ကုသိုလ်အဖြစ် သတ်မှတ်လိုက်ပါ။ ၆။ ပြသနာကြုံရင်၊ ခဏဆိုင်းထားလိုက်၊ စကားပြောရင် ခဏရပ်ကြည့်လိုက်၊ ကိစ္စတော်တော်များများ ကြည့်လင်လာလိမ့်မယ်။ ၇။ မိမိအရောင်တောက်ပပါစေ။ သူများဆီမီးကိုလည်း သွားမငြိမ်းမိပါစေနှင့်၊ ၈။ ကလေကခြေတွေနဲ့ သွားရန်မလုပ်နဲ့၊ […]