ဘဝခရီးမှာ ဘာသင်ခန်းစာတွေ ရလိုက်ပြီလဲ

➡️အကောင်းမြင်တတ်ပြီလား လူ( ၂ ) ယောက် တစ်ပြိုင်တည်း ပြူတင်းပေါင် အပြင်ကို ကြည့်လိုက်ပါတယ်။ တစ်ယောက်က ကောင်းကင်ပြာကိုမြင်တယ်။ နောက်တစ်ယောက် ရွှံ့ နွံအိုင်ကို မြင်တယ်။ သင်ကော ဘာကိုမြင်သလဲ။ ➡️သဘောထားကြီးတတ်ပြီလား ကောင်းတဲ့ဘက်ကို ရွေးမြင်တတ်တယ်။ ကျယ်အောင် ဆွဲတွေးတတ်တယ်။ ပြစ်တင်တာထက် ခွင့်လွတ်တာကို အရင်ဦးစားပေးတယ်။ ဒါ သဘောထားကြီးတာပါပဲ။ ➡️ပါးစပ်ပိတ်တတ်ပြီလား ကျွန်တော်ကတော့ စကားပြောတတ်အောင် ( ၂ ) နှစ်ပဲ သင်လိုက်ရတယ်။ ပါးစပ်ပိတ်တတ်ဖို့ တစ်သက်လုံး ကြိုးစားနေရတယ်။ အခုထိ ထိန်းသိမ်းနေရဆဲပါ။ ပြောပြောပြီးချင်း နောင်တပြန်ရနေတတ်တယ်။ သင်ကော ပါးစပ်ပိတ်တတ်နေပြီလား၊ ➡️ကျေးဇူးတင်တတ်ပြီလား ကျေးဇူးတင်တယ်ဆိုတာ အသိအမှတ်ပြုခြင်းပါ။ တန်ဖိုးထားတတ်ခြင်းပါ။ အတင်ခံရတဲ့လူထက် ကျေးဇူးတင်တဲ့လူကို ပိုမိုအကျိုးဖြစ်ထွန်းဖြစ်စေပါတယ်။ ကျေးဇူးသိတတ်သူဟာ အကျိုးခံစားရသူ ဖြစ်ပါတယ်။ ➡️“ […]

သင်ယူမှတ်သားထားသင့်တဲ့ “ဂျူး”လူမျိုးတို့ရဲ့စကားပုံများ

  ၁။ ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ်။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး။ ၂။ ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ၊ စိတ်အတွင်းထဲက အိမ်မက်နဲ့ ဦးနောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။ ၃။ မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ်။ လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ နှစ်မွန်းသွားတတ်တယ်။ ၄။ လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး။ ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် ကံဆိုးခြင်း ဖြစ်လာမှာပါ။ ၅။ တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ်။ ၆။ […]

နိယာမကဲ့သို့ မှန်ကန်သော စကားလုံးများ

၁။ လူတိုင်းမှားနေတယ်လို့ ယူဆရင် သင်မှားနေပါပြီ။ ၂။ အနာပေါ် မျက်ရည်ကျတာနဲ့ အနာပေါ် ဆားဖြူးတာ နာပုံချင်းက အတူတူပါ။ ၃။ လူဆိုတာ လူစိမ်းများရဲ့ အောင်မြင်မူ အပေါ် မနာလို မဖြစ်တတ်ပါ။ အချင်းချင်းထဲက အောင်မြင်သွားရင်သာ မနာလို ဖြစ်မိတတ်ပါတယ်။ ၄။ သူများသင့်ကို အသုံးချတာကို မကြောက်ပါနဲ့၊ အသုံးမချမှာကိုသာ ကြောက်စမ်းပါ။ ၅။ လူတွေရဲ့ အမှားဆုံးအပြုအမူကတော့ လူစိမ်းများအပေါ် အရမ်းယဉ်ကျေးပြီး ရင်းနီးတဲ့လူကို လစ်လျူရူ့ တတ်ခြင်းဖြစ်တယ်။ ၆။ သူများသင့်ကို ဘယ်လိုဝေဖန်တယ်ဆိုတာ သိပ်ပြီး စပ်စုစရာ မလိုပါ။ သင်သူများကို ဘယ်လိုဝေဖန်တာကို ပြန်လေ့လာကြည့်ရင် အဖြေတွေ့ ရမှာပါ။ ရ။ ကောလာဟလ ဆိုတာ ရေပေါ် မှာရေးထားတဲ့ စာသားနဲ့ တူပါတယ်။ ကြာကြာမခံပါ။ […]

မိဘများ အပေါ် ရှောင်ကျင်သင့်သော စကားလုံးများ

တကယ်လို့ သင့်မိဘများဟာ လူအိုပိုင်း ၀င်လာပြီဆိုရင် သူတို့နဲ့ စကားပြောဆိုတဲ့အခါ သူတို့ရဲ့ အသက်ကြီးလို့ သိမ်ငယ်လာတဲ့စိတ်ကို ဂရုပြုမိဖို့လိုပါတယ်။ အောက်ပါစကားများဟာ သားသမီးဖြစ်တဲ့သူများက အမူမဲ့ အမှတ်မဲ့ ပြောဆိုလိုက်ပေမဲ့ လူကြီးရဲ့ သိမ်ငယ်နေတဲ့စိတ်ကို ထိခိုက်နိုင်ပါတယ်။ မိဘ ( ၂ ) ပါးကိုယ်စား “ အမေ ”လို့ပဲ ရေးသားပြီး သားသမီးအစား “ သား” လို့ပံ ဖေါ် ပြလိုက်ပါတယ်။ ၁။ သိပြီ၊ သားသိပြီ၊ အရမ်းရှည်တာပဲ အလုပ်ရူပ်တဲ့အခါမှာ မိဘဖြစ်သူက အကြောင်းအရာ တစ်ခုတည်းကို ထပ်ခါထပ်ခါ ပြောနေရင် စိတ်မရှည်နိုင်တော့ပဲ ပြောမိတဲ့စကားဖြစ်တတ်ပါတယ်။ ၂။ ကိစ္စရှိသေးလား အမေ၊ မရှိရင် သားဖုန်းချလိုက်တော့မယ်။ မိဘက ကိစ္စများများမရှိပေမဲ့ သားသမီးနဲ့ စကားများများ ပြောချင်တယ်လေ၊ […]

မိဘများ အပေါ်ရှောင်ကျင်သင့်သော စကားလုံးများ

တကယ်လို့ သင့်မိဘများဟာ လူအိုပိုင်း ၀င်လာပြီဆိုရင် သူတို့နဲ့ စကားပြောဆိုတဲ့အခါ သူတို့ရဲ့ အသက်ကြီးလို့ သိမ်ငယ်လာတဲ့စိတ်ကို ဂရုပြုမိဖို့လိုပါတယ်။ အောက်ပါစကားများဟာ သားသမီးဖြစ်တဲ့သူများက အမူမဲ့ အမှတ်မဲ့ ပြောဆိုလိုက်ပေမဲ့ လူကြီးရဲ့ သိမ်ငယ်နေတဲ့စိတ်ကို ထိခိုက်နိုင်ပါတယ်။ မိဘ ( ၂ ) ပါးကိုယ်စား “ အမေ ”လို့ပဲ ရေးသားပြီး သားသမီးအစား “ သား” လို့ပံ ဖေါ် ပြလိုက်ပါတယ်။ ၁။ သိပြီ၊ သားသိပြီ၊ အရမ်းရှည်တာပဲ အလုပ်ရူပ်တဲ့အခါမှာ မိဘဖြစ်သူက အကြောင်းအရာ တစ်ခုတည်းကို ထပ်ခါထပ်ခါ ပြောနေရင် စိတ်မရှည်နိုင်တော့ပဲ ပြောမိတဲ့စကားဖြစ်တတ်ပါတယ်။ ၂။ ကိစ္စရှိသေးလား အမေ၊ မရှိရင် သားဖုန်းချလိုက်တော့မယ်။ မိဘက ကိစ္စများများမရှိပေမဲ့ သားသမီးနဲ့ စကားများများ ပြောချင်တယ်လေ၊ […]

လွတ်ချလိုက်ပါ

ဘ၀နေထိုင်မူမှာ လွတ်ချတတ်ခြင်းဟာ လွတ်မြောက်မူ တစ်မျိုးဖြစ်တယ်။ အသိတရား တိုးခြင်းတစ်မျိုး ဖြစ်တယ်။ စိတ်နေစိတ်ထားရဲ့ ရွေးချယ်မူတစ်မျိုးဖြစ်တယ်။ ဥာဏ်ပညာ တစ်မျိုးလည်း ဖြစ်တယ်။ လူဆိုတာ အနှစ်တစ်ရာ မနေရပေမဲ့ အမူ့တစ်ရာ နဲ့ တွေ့ရတတ်တယ်။ နေ့စဉ်ဘ၀မှာ ကျွန်တော်တို့ဟာ ပျော်စရာတွေ၊ စိတ်ညစ်စရာတွေ၊ စိုးရိမ်စရာတွေ၊ ကြောက်လန့်စရာတွေ၊ ပူပင်စရာတွေ အားလုံးအားလုံး စိတ်ထဲမှာပဲ သိုလှောင်ထားကြတယ်။ အဲလို စိတ်ထဲမှာ စုဆောင်းထားတာများလာလေ၊ စိတ်ရူပ်မူတွေ များလာလေ ဖြစ်တယ်။ မလိုအပ်တဲ့ စိတ်ဖိစီးမူ အချို့ ကို လွင့်ပစ်လိုက်ပါ။ စိတ်ကို လွတ်ချတတ်အောင်ကြိုးစားပါ။ ပြသနာတစ်ခု ရင်ဆိုင်ရတိုင်း ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခွန်းထုတ်လိုက်ပါ။ ဒီပြသနာ အဆိုးစွန်ဆုံး ဘယ်လောက်ထိဖြစ်သွားမှာမို့လို့လဲ၊ ငါအခု ဖြစ်ပေါ် နေတဲ့ စိတ်ခံစားမူကြောင့် အခြေအနေ ဘာထူးခြားလာမှာလဲ…… တကယ်လို့…………………. […]

ဆုံးမ စာလေးများ (၂)

အချက်အလက် ကိန်းဂဏန်းမြင်တိုင်း အမှန်မထင်နဲ့ ဒီကိန်းဂဏန်းတွေက လှည့်လို့ရတယ်။ ရေရှည်ရောင်းကောင်းချင်လား..တွန်းမရောင်းနဲ့ အကြံကောင်းပေးပြီးရောင်း။ လူအများကြီး သဘောကျတာထက် လူတစ်ချို့ ချစ်ခင်နှစ်သက်တာ ပိုတန်ဖိုးရှိတယ်။ ကိုယ်ကိုယ်ကိုတိုင်းတယဖို့ လက်ရှိဆောင်ရွက်ချက်နဲ့၊ ရေရှည်ရလဒ် ကိုကြည့်ရတယ်။ လူတွေကို တစ်ယောက်မှမကောင်းဘူးလို့သာ စကတည်းက သတ်မှတ်ထား၊ နောက်မှ ဖြည်းဖြည်း ကောင်းကွက်ကို ရှာယူ။ နှစ်ခုထဲက တစ်ခုရွေးရတော့မယ် အခြေအနေကြုံတိုင်း မှတ်ထား၊ တစ်ခြား ရွေးစရာတွေ ကျိမ်းသေရှိသေးတယ်။ ငွေနဲ့ ပျော်ရွင်မှုကို ဝယ်မရဘူးဆိုတာ အလကား လျှေက်ပြောတာ..ဝယ်တတ်ဖို့ပဲလိုတယ်။ လူတွေက သူတို့အကျိုးအတွက် မင်းကို အလေးထားကြတာ၊ အဲ့ဒါပုံမှန်ပဲ။ “လူတွေငါ့ကို ဘယ်လိုမြင်မြင် ဂရုမစိုက်ဘူး” ဆိုတာ ရယ်စရာအကောင်းဆုံး မဟုတ်တမ်းတရား စကားပဲ။ ကိုယ်ရည်ကိုယ်သွေးဆိုတာ ပြင်ယူလို့ရတယ်။ ဘာမှ ဖြစ်မလာမယ့်သူတွေပဲ” ဒီနှစ် ငါဘာဖြစ်ရမယ်” လူသိအောင် ကြေငြာမောင်း ခတ်ကြတာ။ အကျိုးကြောင်း မသိချင်တဲ့သူကို အကျိုးသင့် အကြောင်းသင့် […]

ကိုယ်​တိုင်​အသိဆုံး

တပါးသူရဲ့ ​လေးစားခံရခြင်းထက်​ မိမိကိုယ်​ကို ​လေးစားခြင်းကပိုတန်​ဖိုးရှိသည်​ လူဆိုတာ ကိုယ့်​ကိုယ်​ကို ပိုသိသည်​ သူတပါးက ဘယ်​​လောက်​ပဲ​လေးစားပါတယ်​​ပြော​ပြော မိမိကိုယ်​ကို ​လေးစားလို့ရ မရ သိသည်​ အများမသိတဲ့​နောက်​ကွယ်​..ကိုယ်​ဘာ​တွေကျူးလွန်​ထားလဲ ကိုယ်​ဘာ​တွေ လုပ်​ကိုင်​​နေလဲ ကိုယ်​စိတ်​ထား​တွေဘယ်​လိုဖြစ်​​နေလဲ ကိုယ်​တိုင်​ပဲသိတယ်​ မီးအလင်း​ရောင်​​အောက်​ ရပ်​​နေလို့လည်း စိတ်​​ဓာတ်​​တွေမမြင်​ရဘူး မှန်​​ရှေ့ရပ်​လိုက်​လို့လည်း စိတ်​ထားနိမ့်​ကျခြင်း​တွေ မှန်​မှာမ​ပေါ်လွင်​ဘူး ဟန်​​ဆောင်​​ကောင်းတဲ့မျက်​နှာဖုံး​တွေကြားမှာ ကိုယ့်​မျက်​နှာဖုံးကိုယ်​​သေချာဂရုစိုက်​ပါ သင်​ဟာ ​​လောကဓံရဲ့သား​ကောင်​ဆိုရင်​ အတ္တရဲ့ကျားရဲ​တွေရန်​ကိုသတိပြုပါ ဘယ်​​လောက်​ပဲ မိတ်​ကပ်​​တွေနဲ့ ကာလာစုံခြယ်​သပါ​စေ မူလအ​ရောင်​အဆင်းကို​တော့သင်​ကိုယ်​တိုင်​သိတယ်​ တပါးသူရဲ့ ​လေးစားခြင်းကိုသာယာမိခြင်းထက်​ ကိုယ့်​ကိုယ်​ကို ​လေးစားသင့်​ရဲ့လား ​ဝေဖန်​သုံးသတ်​ကြည့်​လိုက်​ပါ… ။သင့်​အ​ကြောင်းအား သင့်​ထက်​ပိုပြီး ကျွန်​ပ်​ပိုမသိနိုင်​။ ဘာမထီဘွား…အ​တွေးစာစု​လေးများ

ဆုံမစားလေးများ(၁)

အလိုလိုတော်နေတဲ့ မွေးရာပါ ပါရမီရှင်ဆိုတာ မရှိဘူး ကြိုးစားအားထုတ်မှုတော့ ပါရတာချည်းပဲ တစ်ခုခုမှာ ထူးချွန်ဖို့ဆိုရင် အဲ့ဒီတစ်ခုခုမှာ အမှန်တစ်ကယ် စိတ်အာထက်သန်နေဖို့ လိုတယ် အလွန်ကျွံ့ အဆိုးမြင်တာ မကောင်းသလို အလွန်အကျွံ့ အကောင်းမြင်တာလည်း မကောင်းဘူး ကိုယ်နားမလည်တိုင်း မကောင်းဘူးမပြောနဲ့ မပစ်ပယ်နဲ့ သူများတွေ သဲသဲလှုပ်နေတာကို ကိုယ်မလှုပ်တာ ဘာမှမဖြစ်ဘူး၊ ပုံမှန်ပဲ စိတ်အားထက်သန်မှုမှာ အကန့်အသတ်ရှိတယ် အရေးမပါတာတွေမှာ စိတ်အားထက်သန် မနေနဲ့ တစ်ကြိမ်မှာ ရည်မှန်းချက် တစ်ခုနှစ်ခုကိုပဲ သေချာ အာရုံစိုက်ထား မျှတယုံဆိုတာ ဟိုမရောက်ဒီကရောက်တွေရဲ့ အလေ့အကျင့် ထိုးထွက်ချင်ရင် မျှတယုံလောက်နဲ့ မရဘူး မိတ်ဆွေအရင်း သူငယ်ချင်းအရင်း ဆိုပေမယ့်လည်း ပါမလာရင်ချန်ခဲ့ ရမှာပဲ ကိုယ်ထက်အောင်မြင်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း ရှိမှာပဲ..ထုံးစံပဲ … အဲဒါကိုကြည့်ပြီး ပူမနေနဲ့ မိတ်ရင်းဆွေရင်း မရှိလို့ ဘာမှမဖြစ်ဘူး […]

ဘဝဆိုတာ ခဏလေးပါ

  ဘဝလမ်းခရီးကို လျှောက်လှမ်းတဲ့ အခါ အဆင်ပြေတဲ့အခါ ရှိသလို အဆင်မပြေတဲ့အခါ ရှိတယ် အမြဲတမ်းအဆင်ပြေ တယ်ဆိုတာ မရှိသလို အမြဲတမ်းအဆင်မပြေဘူးဆိုတာလဲ အရှိပါဘူး အားလုံးဟာ ခဏတာ ယာယီပါပဲ။ အမြင်မတူလို့ ရန်သူလို့မထင်နဲ့ သူမမြင်က ကိုယ့်ထက်ကောင်းရင် ရအောင်ယူ။ မိဘကိုလုပ်ကျွှေးမှ ရနိုင်တဲ့ ကုသိုလ်ဟာ မိဘသက်ရှိ ထင်ရှား ရှိနေတုန်းမှာဘဲ ရနိုင်မယ် မိမိကိုယ်တိုင် လုပ်ကျွှေးမှဘဲ ရနိုင်မယ်၊ ဆုတောင်းယုံနဲ့ ရနိုင်တဲ့ ကုသိုလ်မဟုတ်။ မှန်ကန်သောစကားသည် ကောင်း ၏ သို့သော် မှန်ကန်လွန်းသောစကားတိုင်သည် အန္တာယ်ဖြစ် တတ်သည်။