ကျွန်တော်တို့ရဲ့ သဘောထား

တစ်ခါက မိုးပျံပူပေါင်းတွေကို ဈေးပွဲမှာရောင်းပြီးအသက်မွေးသူတစ်ယောက်ရှိပါတယ်။ သူ့မှာ အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင် တွေအပါအ၀င် မိုးပျံပူပေါင်းရောင်စုံရောင်းပါတယ်။ သူဟာ ဈေးရောင်းမကောင်းတဲ့အခါတိုင်း ဟီလီယံဓာတ်ငွေ့ဖြည့်ထားတဲ့ မိုးပျံပူပေါင်းတွေကို ကလေးတွေရှေ့မှာ ကောင်းကင်ကိုလွှတ်တင်ပြပါတယ်။ အဲဒါကိုမြင်တဲ့ကလေးတွေဟာ မိုးပျံပူပေါင်းတွေကို ၀ယ်ချင်လာပါတယ်။ ကလေးတွေလာဝယ်ကြတဲ့အခါမှာ သူဟာ ဈေးရောင်းကောင်းလာပြန်ပါတယ်။ဒီလိုနည်းနဲ့သူ တနေကုန်အောင်ရောင်းချပါတယ်။ ဒီလိုနဲ့ မိုးပျံပူပေါင်းရောင်းသမားရဲ့အိတ်ဟာ တစ်နေ့အရောက်မှာ ဖောင်းလာရပါတယ်။ – သူဈေးလှည့်ရောင်းနေတဲ့ တစ်နေ့မှာ ကောင်လေးတစ်ယောက်ကသူ့ကိုမေးတယ်။ “ဈေးသည်ကြီး၊ အနက်ရောင်ပူပေါင်းကို လွှတ်တင်လိုက်ရင်လည်း မိုးပေါ်ကိုပျံမှာပဲလား၊ သားမသိလို့” လို့မေးလာပါတယ်။ – အဲဒီအခါမှာ မိုးပျံပူပေါင်းရောင်းတဲ့ ဈေးသည်ကြီးဟာ ကလေးငယ်ကို ဂရုဏာသက်စွာနဲ့ အခုလိုဖြေပေးပါတယ်။“သားငယ်လေးရေ၊ မိုးပေါ်ပျံတက်ဖို့ရာ အရေးကြီးတာ ပူပေါင်းရဲ့အရောင်အဆင်းမဟုတ်ပါဘူး။ ပူပေါင်းအတွင်းထဲမှာ ထည့်ထားတဲ့အရာပါ။” – ကျွန်တော်တို့တွေရဲ့ဘ၀တွေဟာလည်း ထိုနည်းတူစွာပါပဲ။ အတွင်းပိုင်းမှာ ရှိသောအရာကပဲ အရေးပါတာပါ။ အတွင်းပိုင်းမှာရှိတဲ့ […]

အဖိုးတန်သောနေ့ရက် ဆီသို့

တစ်နေ့မှာ လူရွှင်တော်ကြီး ချာလီချက်ပလင်ဟာ သူ့ပွဲကို လာကြည့်တဲ့သူတွေကို တန်ဖိုးရှိတဲ့ အတွေးအခေါ် တစ်ခု ပေးလိုက်ချင်တယ်။ အဲဒါနဲ့ သူဟာ ပွဲပြီးခါနီးလောက်မှာ အရမ်းရယ်ရတဲ့ ပြက်လုံးတစ်ခု လုပ်လိုက်တယ်။ လာကြည့်တဲ့ လူတွေအားလုံးနီးပါးက ခွက်ထိုးခွက်လန် ရယ်ကြတာပေါ့… လူတွေ အရယ်တိတ်သွားတဲ့ အချိန်မှာ သူဟာ အဲဒီပြက်လုံးကို ပဲထပ်ပြက်တယ်။ အဲဒီအချိန်မှာ လူအချို့ပဲ ရယ်ကြတော့တယ်။ အဲလိုနဲ့ တတိယအကြိမ် အဲဒီဟာသပဲ ထပ်ပြက်တယ်။ အဲဒီအခါမှာတော့ အဲဒီဟာသ ဟာ ရိုးသွားပြီး ဘယ်သူမှ မရယ်ကြတော့ဘူးတဲ့။ အဲဒါနဲ့ ပွဲလာ ပရိတ်သတ်ကို မေးလိုက်တယ်။ ခင်ဗျားဘာလို့ ထပ်မရယ်ကြတာလဲ။ ကျနော်သိတာပေါ့ ရိုးသွားလို့ မရယ် ကြတော့တာပေါ့။ ဟုတ်တယ်မလား။ ဒါပေမဲ့ ခင်ဗျားတို့ဟာ ဝမ်းနည်းစရာ တစ်ခုအတွက်တော့ ထပ်ခါခါ ဝမ်းနည်းကြ […]

အမေ………

အမေ ကျနော့် အသက်တွေကြီးလာပေမဲ့ ကျနော့ နှလုံးသားထဲမှာ အမေ မအိုသေးပါဘူး အမေ.. ။ အမေ ကျနော့် အပေါ်မျာ အမေ့ကျေးဇူး ကြီးမားပေမဲ့ ကျနော် ကြေအောင် မဆက်နိုင်သေးဘူး အမေ……။ အမေ ကျနော်နဲ့ ဒီသံသရာမှာ ဆုံဖြစ်ပေမဲ့ သံသရာ တဖက်ကမ်းကို လမ်းမပြနိုင်သေးဘူး အမေ .. (ခွင့်လွှတ်ပေးပါ နော် ) အမေ .. ကျနော့် နှလုံးသားရပ်ဝန်းမှာ ကြယ်စင်တွေ ပတ်ပတ်လည်ရှိပေမဲ့ အားလုံးဟာ လမင်း မေမေကို မမှီနိုင်ပါဘူး မေမေ.. အမေ အမေ့ဂုဏ်ကျေးဇူးအတွက် ခိုင်းနှိုင်းစရာတွေရှိပေမဲ့ ပမာပြုပြီး တင်စားရတာ ကျနော် အားမရဘူး အမေ .. အမေ .. အမေနဲ့အတူ အမေ့အတွက် သီးသန့် […]

ပိတုန်းလို လူလား ဆင်လိုလူလား

သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်းဟာလေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။ သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။ ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပျံသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။ သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတာပါ။ နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ထိုးကာ ခိုင်းကြပါတယ်။ တကယ်က ဆင်ကိုချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက်ရုန်းလိုက်ရင် သံကြိုးပြတ်ပြီး အနှောင်အဖွဲ့က လွတ်မြောက်သွားနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဆင်တွေအနေနဲ့ မရုန်းကြည့်ကြပါဘူတဲ့။ သူတို့ရုန်းလဲ လွတ်မယ် မထင်လို့ပါတဲ့။ ဘာလို့သူတို့အဲလိုထင်လဲဆိုတော့ […]

ပိတုန်းလို လူလား ဆင်လိုလူလား

သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်းဟာ လေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။ သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။ ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပျံသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။ သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတာပါ။ နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ထိုးကာ ခိုင်းကြပါတယ်။ တကယ်က ဆင်ကိုချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက်ရုန်းလိုက်ရင် သံကြိုးပြတ်ပြီး အနှောင်အဖွဲ့က လွတ်မြောက်သွားနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဆင်တွေအနေနဲ့ မရုန်းကြည့်ကြပါဘူတဲ့။ သူတို့ရုန်းလဲ လွတ်မယ် မထင်လို့ပါတဲ့။ […]

ပညာရှိပေးသော ဥပမာ

  တခါတုန်းက သူဌေးကြီး တစ်ဦးမှာ ဆုံးမဖို့ခက်ပြီး အကျင့်ဆိုးတွေရှိတဲ့ သားငယ်တစ်ယောက်ရှိတယ်။ အဲဒါနဲ့ သူကိုယ်တိုင် မဆုံးမနိုင်တဲ့ အဆုံး ပညာရှိကြီး တစ်ယောက်ဆီ ခေါ်သွားပြီး လူငယ်ကို လိမ်မာလာအောင် သင်ကြားပြသပေးဖို့ အကူအညီတောင်းတယ်။ ပညာရှိကြီးကလည်း သင်ကြားပေးမယ်ဆိုပြီး လက်ခံလိုက်တယ်။ နောက်နေ့ မနက်မှာ ပညာရှိကြီးက လူငယ်ကို ဥယာဉ်ထဲ ခေါ်သွားပြီး အပင်ငယ်လေး တစ်ခုကို ဆွဲနူတ်ခိုင်းတယ်။ လူငယ်က လက်တဖက်ထဲနဲ့ အသာအယာပဲ ဆွဲနူတ်လိုက်တယ်။ ခဏနေတော့ နောက်တစ်နေရာ ထပ်သွားပြီး ဒီထက် နဲနဲ ပိုကြီးတဲ့ အပင်ကို ဆွဲနူတ်ခိုင်းတယ်။ ဒီတစ်ကြိမ်မှာတော့ လူငယ်ဟာ လက်နှစ်ဖက်နဲ့ တော်တော်ခက် ခက်ခဲခဲ ဆွဲနူတ်ရတယ်။ နောက်ဆုံး အားကုန်သုံးပြီး ခြေကန်နူတ်မှ အပင်ဟာ ကျွတ်ထွက်လာတယ်။ အဲလိုနဲ့ ခဏနားခိုင်းပြီး တစ်နေရာ […]

အားတင်းထား

ဒီအချိန်မှာ ခေါင်းငုံ့နေရတာ နောင်တစ်ချိန်မှာ ခေါင်းမော့နိုင်ဖို့။ ဒီအချိန်မှာ နေပူထဲရောက်နေတာ နောင်တစ်ချိန်မှာ နေရိပ်ထဲနေနိုင်ဖို့။ ဒီအချိန်မှာ ခါးသီးနေရတာ နောင်တစ်ချိန်မှာ ချိုမြိန်နိုင်ဖို့။ ဒီအချိန်မှာ ပင်ပန်းဆင်းရဲနေတာ နောင်တစ်ချိန်မှာ ချမ်းသာကြွယ်ဝနိုင်ဖို့။ ဒီအချိန်မှာ ကြိုးစားနေရတာ နောင်တစ်ချိန်မှာ အသီးပွင့်တွေ ခံစားနိုင်ဖို့။ အားတင်းထားလိုက်ပါ…..

အ​ဟောင်းပုံကြားမှာ

နားမလည်​ခဲ့တဲ့အရာ​တွေအတွက်​..မီးမပျိုးချင်​လို့ တခါတ​လေ ဟုတ်​မှာပါဆိုတဲ့စိတ်​​လေးနဲ့ နားလည်​​ပေးလိုက်​ရတာ​တွေရှိတယ်​ တချို့စကားလုံးကြမ်းကြမ်း​တွေကို ​ချေပချင်​​ပေမယ့်​ မဖြစ်​သင့်​ပါဘူး​လေဆိုပြီး မသိချင်​​ယောင်​​ဆောင်​​ပေးလိုက်​ရတာ​တွေလည်းရှိတယ်​ အတ္တအနည်းအများသားကွာတဲ့လူအချင်းချင်းပဲ ​ခေါင်း​တစ်​လုံးပိုချင်​တာ မထူးဆန်းဖူး​ ကိုယ်​လိုချင်​တာရရှိဖို့ သူများကိုညာ​နေရတာထက်​ ကိုယ့်​ကိုယ်​ကို ညာ​နေချိန်​ကပိုများကြတယ်​ နာရီလည်းမရပ်​တန့်​သလို အသက်​အရွယ်​လည်းမရပ်​တန့်​ဘူး ဘာမှမသိတဲ့ က​လေးဘဝတုန်းကဖြူစင်​အပြစ်​ကင်းခဲ့သ​လောက်​ သိလာ​လေပိုမှား​လေဖြစ်​လာတယ်​ အလုပ်​များများလုပ်​ရင်​ များများမှားရမယ်​လို့မ​တွေးထားနဲ့ အမှားနည်း​လေ​ကောင်း​လေပါ မင်း​ကျယ်​ကျယ်​​အော်​ရင်​မြန်​မြန်​ပဲ့တင်​သံမင်းပြန်​ကြားရမယ်​ ဒါဟာအသစ်​ဆိုပြီးလိုချင်​တပ်​မက်​မှုဖြစ်​တိုင်း အ​ဟောင်း​တွေသူ့​ရှေ့မှာရှိ​နေတယ်​ဆိုတာသတိရပါ အသစ်​ဆိုတာ အ​ဟောင်းကြားထဲကပဲထွက်​တယ်​ အမှား​တွေကို ​ကျောခိုင်းနိုင်​သူရဲ့ အမှန်​တရားဟာပိုခိုင်​မြဲပါတယ်​။ ဘာမထီဘွား…အ​တွေးစာစု​လေးများ

လက်​ခံပါ

ဈေးနူန်းကိုကြည့်​မိသလား… ဒါဆိုသူရဲ့အသုံးဝင်​မှုကိုလည်း​လေ့လာပါ လှပမှုကိုကြည့်​မိသလား ဒါဆို သူရဲ့ ခံနိုင်​ရည်​ကိုလည်းသိ​အောင်​လုပ်​ပါ စိတ်​ထဲတစ်​ခုခုထင့်​​နေသလား ဒါဆို ​သူကို​သေချာစစ်​ကြည့်​ပါ သံသယ ဝင်​​နေသလား ဒါဆိုမသုံးပါနဲ့ စွန့်​ပစ်​​တော့မှာလား ငါးဆိုတာ ​ရေထဲ​မှာ​နေရင်​ကြီးထွားလာမှာပဲ ကိုယ်​မလိုအပ်​လို့လွှင့်​ပစ်​တဲ့ပုလင်းခွံတစ်​လုံး က​လေးတစ်​​ယောက်​အတွက်​ မုန့်​ဖိုးဖြစ်​တာမဆန်းဘူး​လေ ​မြေ​တော့​မြေပဲ ​မြေတိုင်းသီးနှံမဖြစ်​ဘူး လူ​တော့လူ​ပဲ လူတိုင်းလူမပီသ​တော့ဘူး ကိုယ်​လိုချင်​တာရဖို့ နင်း​လျှောက်​ခဲ့တဲ့လမ်း​တွေမှာ အနည်းနဲ့အများအစွန်းအထင်းရှိကြတယ်​ မင်းမှာအမှား​တွေရှိသလို ငါမှာလည်းမတရား​တာ​တွေရှိတယ်​ မင်းရဲ့ လက်​ညှိုးထိုး ခြင်းကိုကြိုဆိုပါတယ်​ ငါ့ရဲ့အပြုံးကိုလည်းမင်းလက်​ခံနိုင်​ပါ​စေ။ ဘာမထီဘွား…အ​တွေးစာစု​လေးများ