ဆောင်းပါး

စာအုက်ဆိုတာ ဝယ်ယူဖတ်ရှု လေ့လာဆည်ပုးလို့ရတယ် အတွေအကြုံပိုတော့ ဝယ်ယူလို့မရဘူး ကိုယ့်ရဲ့အတွေအကြုံးကိုလည်း ရောင်းလိုမရဘူး ဘဝအတွက် ​ဥာဏ်​ရှိသလို​တော့ အသုံးချလို့ရတယ် ဘာမထီဘွား…အ​တွေးစာစု​လေးများ ကိုယ်ကမှန်တာလုပ်ရင် မှားတဲ့သူက ကိုယ့်ကိုမုန်းလိမ့်မယ်။ မှားတာလုပ်ရင် မှန်တဲ့သူက ကိုယ့်ကိုမုန်းလိမ့်မယ် မှားတဲ့သူမုန်းချင်မုန်းပါစေ မှန်တဲ့သူ မမုန်းပါစေနဲ့။ ​တောင်​ ခက်​ခက်​ခဲခဲ တက်​ရပြီး ​သေ​သေချာချာ ဆင်းရတယ်​ ​အောင်​မြင်​မှု ခက်​ခက်​ခဲခဲ ကြိုးစားရပြီး ​သေ​သေချာချာ ထိန်းသိမ်းရတယ်​။ ဘာမထီဘွား…အ​တွေးစာစု​လေးများ

 မင်းဘဝလား

သူငယ်​ချင်း လဲကျ​နေတာလား ငို​လေ…နာကျင်​မှု​တွေရှိ​နေမှာ။ ဘဝဆိုတာ လဲကျမှတိုးတက်​တာမဟုတ်​ပါဘူး လဲကျသွားတဲ့စိတ်​ကိုပြန်​ပြီး ကြိုးစားတည့်​မတ်​နိုင်​မှ လူ​တော်​ဖြစ်​တာ။ စုတ်​ပြတ်​သွားတဲ့ဒဏ်​ရာကိုကြည့်​ ဒီ​နေရာကို​ရောက်​ဖို့မင်းဘာ​ပေးဆပ်​လိုက်​ပြီနဲ့ အလကားမဖြစ်​​စေနဲ့…။ ​ပေါ့​ပေါ့​လေး​နေရင်​ ​​ပေါ့ပျက်​ပျက်​ပဲဖြစ်​မှာ..။ ကိုယ့်​ဘဝကိုယ်​မ​လေးစားလည်းရတယ်​ သူတပါးဘဝကို အထင်​မ​သေးလိုက်​နဲ့ သူတပါးကိုအထင်​​သေးမိလိုက်​တာနဲ့ မင်းဘဝကသူထက်​နိမ့်​ပါးသွားပြီ..။ ဘဝမှာလှပဖို့မလိုဘူး ရိုးရှင်းဖို့ပဲလိုတယ်​ဆို​ပေမယ့်​ ရိုးရှင်​စေဖို့ ဆိုတာ အမြင်​မှာပိုလှဖို့​တော့လိုတယ်​။ ဘာမထီဘွား..အ​တွေးစာစု​လေးများ  

စာဖတ်ခြင်းအကျိုး(7)မျိုး

စာဖတ်ခြင်းအကျိုး(၇)မျိုး ၁။ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။ ၂။စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်။ ၃။မှတ်ဥာဏ်ကို တိုးမြင့်ပေးနိုင်တယ်။ ၄။ဘဝနေထိုင်နည်းကို ပိုကျန်းမာပြီး အောင်မြင်စေတယ်။ ၅။အာရုံစူးစိုက်စေတယ်။တွေးတောစေတယ်။ ၆။မသက်မသာ ခန္ဓာကိုယ်ကို ခဏတာ အာရုံလွဲစေနိုင်တယ်။နာကျင်မှုကို ဖျေဖျောက်တယ်။ ၇။စိတ်ဓာတ်ကျ အားငယ်မှုတွေကို ကုစားပေးတယ်။ စိတ်ကောင်းရှိဖို့ စာဖတ်ရပါသည်။ လောကဓံကို ခံနိုင်ရည်ရှိဖို့ စာဖတ်ရပါသည်။ စိတ်ဖိစီးမှုသက်သာဖို့ စာဖတ်ရပါသည်။ ကိုယ်ချင်းစာစိတ်ဖြစ်လာဖို့ စာဖတ်ရပါသည်။ လူညံမဖြစ်ဖို့ စာဖတ်စေချင်ပါသည်။ လူတော်လူကောင်းဖြစ်ဖို့ စာဖတ်စေချင်ပါသည်။ လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်စေချင်သည်။ credit …kaungKaung

” ဂျပန်လူမျိုး များ အလုပ်အပေါ် ထားသော စိတ်ဓါတ် “

(အတုယူစရာပါ) . သူငယ်ချင်း တစ်ယောက်က ‘ဟေ့ကောင် မင်းမရှက်ဘူးလား’ တဲ့ ဟ.. ငါက ဘာကိုရှက်ရမှာလဲ ‘မင်း အဲ့ဒီမှာ ပန်းကန် ဆေးခဲ့ ရတာကို Facebook ပေါ်တင်တာလေ’ အဲဒါ ရှက်စရာလား ဆိုတော့ အေးလေ ရှက်စရာ ပေါ့ မင့်အစား ငါရှက်တယ် တဲ့ ‘ဟ ရှက်ခြင်းရှက် မင့်ကိုယ်မင်း ရှက်ရမှာ မိဘ ချမ်းသာရဲ့နဲ့ ကိုယ်ပိုင် စီးပွားရေး မလုပ်ပဲ အခု အသက် ၃၀ ထိ လက်ဖြန့်တောင်းသုံး နေရတုန်းလေ’ လို့ ပြောလိုက်တော့ ‘အတော်ပြောရ လက်ပေါက်ကပ်တဲ့ကောင်’ ဆိုပြီး လိုင်းပေါ်က ဆင်းသွားလေရဲ့။ ကျွန်တော့ ဆောက်လုပ်ရေးက အလုပ်ခေါင်းဆောင် ကိုမေးကြည့်ခဲ့ဖူးတယ်. ‘ ဟိနုမ စံ […]

ကိုယ်ချင်းစာမိလား

ကိုယ့်​ရင်​ထဲ ခဏ​လေးဝင်​လာပြီး အပြီးအပိုင်​ထွက်​သွားသူအတွက်​ ဝမ်းနည်း​နေမယ်​ဆိုရင်​ ကိုယ့်​ကိုရင်​ထဲ​ထွေး အမြဲအရိပ်​တစ်​ကြည့်​ကြည့်​နဲ့ ​ကျောပြင်​ကိုကြည့်​ပြီး လွမ်း​နေသူ​တွေအတွက်​​ရော သင်​ကိုယ်​ချင်းစာမိရဲ့လား ဘာမထီဘွား….အ​တွေးစာစု​လေးများ

ဒီ​နေ့

ဒီ​နေ့မ​ရေရာလည်း​သေချာတယ်​ ဒီ​နေ့ကို မင်းဖြတ်​သန်းလိုက်​ရပြီ…။ နာကျင်​စရာ​တွေဒီ​နေ့မှာရှိခဲ့လည်း ကြည်​ဖြူ လိုက်​ပါ ခွင့်​လွှတ်​​ပေးတယ်​ဆိုတာ ကိုယ်​ရဲ့ပူ​လောင်​မှုကိုငြိမ်းသတ်​လိုက်​တာပါ…။ ​ပျော်​ရွင်​ခြင်း​တွေဒီ​နေ့မှာရှိခဲ့လား တစ်​စိမ့်​စိမ့်​​တွေးပြီး ​ပျော်​မ​နေပါနဲ့ အခက်​အခဲနဲ့​ပျော်​ရွင်​မှုဟာ တစ်​ရက်​တည်းနဲ့မကုန်​ဆုံးဘူး…။ ငို​ကြွေးမှု​တွေဒီ​နေ့ကြုံခဲ့ရလား မျက်​ရည်​နဲ့အမှန်​တရားကိုသက်​​သေမပြုနဲ့ ​သေချာမှတ်​သားထားလိုက်​ပါ မျက်​ရည်​က ​အောင်​မြင်​မှုကိုမ​ပေးနိုင်​ဘူး..။ ကိုယ့်​ကိုတွန်းတိုက်​သူ​တွေနဲ့ဒီ​နေဆုံမိလား ​လေဒဏ်​၊မိုးဒဏ်​၊အပူဒဏ်​ ကြံ့ကြံ့ခိုင်​နိုင်​မှ သစ်​ပင်​​ကောင်းဖြစ်​တာ သစ်​တစ်​ပင်​​ကောင်းရင်​လုပ်​နိုင်​သ​လောက်​ဖြစ်​တယ်​။ ဘာမထီဘွား….အ​တွေးစာစု​လေးများ

စာသားကောင်းများ

ရင့်ကျက်တည်ငြိမ်မလာတဲ့ လူတစ်ယောက်က နှလုံးသားကို ဦးစားမပေးတော့ဘူး အရာရာတိုင်းကို ဦးနှေက်နဲ့ပဲ စဉ်းစားပြီး ရွေးချယ်တယ်။ ရချင်စိတ်တွေများရုံနံ့ လိုချင်တာအရဘူး ဘယ်လိုယူရမလဲဆိုတံ့ နည်းလမ်းကို ရှာဖွေရမယ် လိုချင်တယ်ဆိုပြီးအော်နေလို့ ကိုယ်ဆီရောက်မလာဘူး လိုချင်တာကိုရဖို့ ခြေမလှုတ် ပါးစပ်မလှုတ်ပဲနမရဘူး။ မယုံကြည်နိုင်လောက်အောင် မျှော်လင့်ချက်တွေ ပျက်စီးသွားလည်း ယုံကြည်စိတ်နဲ့အကောင်းဆုံး ပြန်တည်ဆောက်မယ် အောင်မြင်မှု ကျရှုံးမှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ ကိုယ်လက်ထဲမှာပါ။ အချိန်တို့သည် ရပ်တန့်မှု မရှိ စီးမျောနေပေသည် ပြီးဆုံးမှုသည် ရွက်ကြွေသလို ပြန်လည်တပ်ဆင်၍ အရပေ။ လူတစ်ယောက်ဟာ မိုးပျံအောင်တော်နေပါစေ သူ့မှာ တာဝန်ယူလိုစိတ်မရှိရင် ဘယ်နေရာမှ အသုံးမဝင်ဘူး။  

မိမိသည်သာလျှင် မိမိအားကိုးအားထားရာဖြစ်သည်

အတ္တာဟိ အတ္တနော နာထော မိမိသည်သာလျှင် မိမိအားကိုး အားထားရာဖြစ်သည် ဗုဒ္ဓ ကိုယ်ရသင့်ရထိုက်တာထက် ပိုမယူနဲ့….. ပိုယူရင် ယူမိတာဟာ တစ်ချိန်ကျရင် အဆိပ်ပဲ Eagle Breeze ငါဟာ ငါ့တပည့်ရဲဘော်တွေကို သွန်သင်သလို ငါကိုယ်တိုင်လဲ လိုက်နာတယ်ဆိုတာ မှတ်ထားပါ ဗိုလ်ချုပ်အောင်ဆန်း  

ငါတို့ဘာအမှားမှမလုပ်ခဲ့ဘူး ဒါပေမယ့် ငါတို့ကျရှုံးခဲ့တယ်

ကမ္ဘာမှာ Nokia ကျရှုံးသွားတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ သူ့ရဲ့CEO နောက်ဆုံးမိန့်ခွန်းမှာပြောသွားတဲ့ စကားလေး သိပ်ကောင်းတယ် တွေးစရာတွေပါတယ် We didn’t do anything wrong, but somehow we fall. ငါတို့ဘာအမှားမှမလုပ်ခဲ့ဘူး ဒါပေမယ့် ငါတို့ကျရှုံးခဲ့တယ် Rajeev Suri (CEO of Nokia) တခါတလေ လောကမှာ ကျွန်တော်တို့ ဘာအမှားမှမလုပ်ဘူး ကိုယ့်skill တွေလည်း မလျော့သွားဘူး ဒါပေမယ့် ပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ ယနေ့ခေတ်ကြီးမှာ အမှားမလုပ်ရုံနဲ့အောင်မြင်မှုမရနိုင် ဘူးဆိုတာကို Nokia က သက်သေပြလိုက်တာပဲ အသစ်အဆန်းတွေ ဖန်တီးနိုင်ဖို့ စဉ်ဆက်မပြတ်သင်ယူ ကြဖို့ ကိုယ့်skill ကို ဒီထက်တိုးအောင်လုပ်ဖို့လို လာပါပြီ ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ အောင်မြင်မှု မှတ်တိုင်ကလေးတွေကို တစ်တိုင်ပြီးတစ်တိုင် […]

အသိ​တွေ

လူတစ်​​ယောက်​လမ်း​လျှောက်​​နေရင်း မ​တော်​တဆ ခလုပ်​တိုက်​ပြီးလဲကျသွား​တော့ အနားမှာရှိတဲ့ လူ​တွေ တစ်​​​ယောက်​တစ်​မျိုးစီ ​အသံထွက်​လာတယ်​… အမ​လေး​သေပါပြီ.. လဲပြီဟ.. နည်းတဲ့အရှိန်​လား.. နည်း​တောင်​နည်း​သေးတယ်​..ဘာ​တွေ​ငေးလာလဲမှ မသိတာ အ​တော်​နာရှာမှာပဲ။ ဘာမှမ​ပြောတဲ့ တစ်​​ယောက်​က အ​ပြေးအလွှားလေး​ပြေးထူတယ်​ အသံ​တွေထက်​…လက်​​တွေ့ကထိ​ရောက်​တယ်​ မျက်​လုံး​တွေထက်​.. ထူမလိုက်​တဲ့လက်​က​နွေး​ထွေးတယ်​ အကြည့်​​တွေထက်​..အသိ​တွေကပိုအ​ရေးကြီးတယ်​။ ဘာမထီဘွား….အ​တွေးစာစု​လေးများ