ကွက်​လပ်

အချိန်​ကို​လေးစားပါ…မကိုးကွယ်​နဲ့ ဘယ်​အရာမှမမြဲဘူး…. ​လေ့လာပါ…မစပ်​စုနဲ့ အတတ်​ပညာတိုင်း…တစ်​ချိန်​အသုံးဝင်​ကြတယ်​ စကားကို​ပြောပါ…မငြင်းပါနဲ့ စကား​တွေက နူးညံ့သလို..မြားလိုလည်းပြင်းသည်​ နာရီကိုမကြည့်​နဲ့…အချိန်​ကိုကြည့်​ပါ ကြည့်​တတ်​မှမြင်​​နိုင်​​သောအရာများအတွက်​… နှလုံးသားသုံးပါ ရဲတင်းစွာလုပ်​ပါ..တစ်​ဖက်​လူအ​ပေါ်မရိုင်းပြပါနဲ့ ​လေဆိုတာ ​နေရာအနှံ​ရောက်​တယ်​ မှန်​ကြည့်​ပါ …ညမ​မှောင်​​စေနဲ့ ဘာမထီဘွား…အ​တွေးစာစု​လေးများ

ပုံရိပ်​ကွဲ

ပုံရိပ်ကွဲ သင့်အခက်ခဲကိုထိုင်တွေးနေပါသလား အခက်ခဲမရှိသောလူဟူ၍မကြားဖူးသေးပါ တွေ့ဆုံဖူးသောလူတိုင်းတွင် အခက်ခဲသည်ရှိကြစမြဲဖြစ်သည် ကံ ဥာဏ် ဝီရိယ သည် အခက်ခဲကိုကျော်လွှားဖို့ အကောင်းဆုံး လက်နက်ဖြစ်သည် ကံသည်အလုပ်ဖြစ်သည် အလုပ်ဟုဆိုရာတွင် အတိတ်က ပြုလုပ်ခဲ့သောအလုပ် ယခု လက်ရှိလုပ်နေသောအလုပ် ဥာဏ် လူတိုင်းတွင် ဦးနှောက်ကြီး.. ဦးနှောက်ငယ်ဖွဲ့စည်းပုံခြင်းတူတယ် ဒါပေမယ့် ဦးနှောက်ကိုအသုံးချပုံခြင်းမှာ ကွာခြားကြတယ် ရေးတွင်းထဲကို ရေပုံးကိုကြိုချည်ပစ်ချ တစ်ချက်ခြင်း ဆွဲတင်နေတဲ့သူထက် ရေတွင်းနံဘေးမှာ တိုင်စိုက်စက်သီးလိုအရာမျိုးတွေနဲ့ ဆွဲတင်ရအဆင်ပြေအောင် အပင်ပန်းခံလုပ်ဆောင်သူကို ရူးတယ်လို့ပြောကြပေမယ့် ရေရှည်မှာ သက်သာပုံခြင်းကွာခြားလွန်းတယ် အသိဥာဏ်ဆိုသည်မှာ အဆင့်၊အတန်းနှင့်မဆိုင်ပါ အကြောင်းအကျိုး အကောင်းအဆိုး ဝေဖန်ပိုင်းခြားတတ်ခြင်းကို ပညာဥာဏ်ဟုခေါ်တယ် ဝီရိယ သူများထက်ပိုသော အားစိုက်မှု မဆုတ်မနစ်သော ကြိုးစားမှုတွေပါတယ် ဘာတွေဘယ်လိုပဲဖြစ်နေပါစေ သေဆုံးခြင်းထက်သည်းသောအခက်ခဲသည် လုံးဝမရှိပါ။ ဘာမထီဘွား…အတွေးစာစုလေးများ    

အ​သေးဆုံးမှ

ကိုယ်​​လေ့လာထားတဲ့ အရာ​တွေအ​ပေါ် ​ပေါ့ပျက်​ပျက်​​သ​ဘောထားရင်​ တစ်​​နေ့ပျက်​ဆီးရတတ်​တယ်​…။ ဘဝမှာအ​တွေ့အကြုံ ဆိုတာလည်း အ​လေးထားမှရရှိတာမျိုးပါ ​ရေများတိုင်းမသန့်​သလို ​လုပ်​​ဆောင်​မှု​တွေများတိုင်းလည်း မမှန်​ဘူး…။ ဘယ်​အသက်​အရွယ်​ပဲ​ရောက်​​ရောက်​ ​တွေ့ကြုံမှု​တွေကိုအ​လေးမထားရင်​ အ​တွေ့အကြုံဆိုတာဖြစ်​လာစရာမရှိဘူး…။ အ​မှောင်​ထုဘယ်​​လောက်​ကြီးကြီး အလင်းစက်​ငယ်​​လေး​တွေကို​တောင်​ ဖုံးနိုင်​စွမ်းမရှိဘူး…။ ​သေးငယ်​တဲ့အ​တွေ့အကြုံပဲရှိပါ​စေ ကြီးမားတဲ့အခက်​ခဲကိုတစ်​စိတ်​တ​​​ဒေသထိ အကျိုးပြုတယ်​…။ ဘယ်​​လောက်​ကြီးမားတဲ့အပင်​ဖြစ်​ပါ​စေ ​သေးငယ်​ခြင်းက စတင်​ရတယ်​…။ ဘယ်​​လောက်​ကြီးမားတဲ့​အောင်​မြင်​မှုမျိုးဖြစ်​ပါ​စေ ​သေးငယ်​ခြင်းကစတင်​ရတယ်​..။ ဘာမထီဘွား…အ​တွေးစာစု​လေးများ  

အတွေးအမြင်စာစု

  တခါက ဥက္ကဌကြီးမော်စီတုံးဟာ သမ္မတလျူရှောက်ချီ၊ ၀န်ကြီးချုပ်ချူအင်လိုင်းတို့နှင့် တွေ့တော့ မေးခွန်း တစ်ခုမေးတယ်။ ” ကြောင်တစ်ကောင်ကို ငရုတ်ကောင်းစားစေချင်တယ် ဆိုပါတော့၊ ခင်ဗျားတို့ဘယ်လိုကျွေးမလဲ ” ပထမဆုံး လျူကဖြေတယ် ” လွယ်ပါတယ်ဥက္ကဌကြီး ကြောင်ကိုမလှုပ်နိုင်အောင် လူတစ်ယောက်က သေသေချာချာချုပ်ထားမယ်၊ ပြီးရင် ပါးစပ်ကိုဖြဲ၊ ငရုတ်ကောင်းအစေ့ကို ပါးစပ်ထဲထည့် လည်ချောင်းထဲ ကျသွားအောင် တူနဲ့ထိုးချ ” သူ့စကားမဆုံးမီ မော်စီတုံးက ထိတ်လန့်ဟန်ဖြင့် လက်ပြတားလိုက်သည်။ ဒါက မော်စကိုမှာသုံးသည့် အကြမ်းပတမ်းနည်းမျိုးဖြစ်တယ်။ လျူပြောတာကို သူလက်မခံ။ ပြီးတော့ ငရုတ်ကောင်းဆိုသည်မှာ အမှုန့်ထောင်းပြီး စားရသောအရာ၊ အစေ့လိုက်ဆိုတော့ ငရုတ်ကောင်းစားတာနှင့် မတူပေ……. ” မဟုတ်သေးပါဘူးဗျာ၊ စားတယ်ဆိုတာ သူ့သဘောဆန္ဒနဲ့ သူ့ဘာသာ စားတာမျိုးပဲ ဖြစ်ရမှာပေါ့၊ အတင်းအဓမ္မ အင်အားသုံးတာမျိုးတွေ မလုပ်ပါနဲ့ဗျာ […]

ဆိုကရေတီးနှင့် အသဲကွဲလူငယ်

ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသောလူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။ လူငယ်…..ကျွန်တော် အသဲကွဲနေပါတယ်။ ဆိုကရေးတီး….အော်…ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်….လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရသလဲ…? လူငယ်….လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစား ရတဲ့ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နား လည်နိုင်မလဲ…။ တီး….ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ… ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။ လူငယ်…ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော်စောင့်နေတာပါ။ တီး….တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ […]

ဆိုကရေတီးနှင့် အသဲကွဲလူငယ်

ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသောလူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။ လူငယ်…..ကျွန်တော် အသဲကွဲနေပါတယ်။ ဆိုကရေးတီး….အော်…ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်….လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရသလဲ…? လူငယ်….လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစား ရတဲ့ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နား လည်နိုင်မလဲ…။ တီး….ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ… ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။ လူငယ်…ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော်စောင့်နေတာပါ။ တီး….တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ […]

ဘာသာရေးအသိရှိကြဖို့ပါ

အသောကမင်းကြီးကို ဗုဒ္ဓဘာသာဝင်ဖြစ်စေတဲ့ နိဂြောဓ သာမဏေဟာ ဗုဒ္ဓဘာသာဝင်မဖြစ်သေးတဲ့ အသောကကမင်းကြီးက ပလ္လင်ပေါ်ကနေ သင့်တော်တဲ့ နေရာ ထိုင်ပါဆိုတော့မထိုင်ပါဘူး။ ရပ်တော်မူလျက်သာနေပါတယ်။ အဲဒီတော့မှ ဘုရင်က ပလ္လင်ပေါ်က ဆင်းပေးမှပဲ နိဂြောဓ သာမဏေဟာ ပလ္လင်ပေါ်တက်ထိုင်ကာ တရားဟောတော်မူပါတယ် ။ နေရာ အရေးကြီးပါတယ်လေ။ ကျနော်ကတော့ရှင်သာမဏေများကို ပိုတန်ဖိုးထားပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ Posted- Nainglin Aung    

အနိုင်​မယူသူရဲ့အပြုံး 

တစ်​ခါတ​လေ ကိုယ်​မှန်​​နေမှန်း သိရက်​နဲ့ အ​လျော့​ပေးခဲ့ရ​ ပေမယ့်​ စိတ်​ထဲမှ​တော့ နာကျင်​​နေမိတယ်​ ။ “အရူးစိတ်​ချမ်းသာရင်​ တိုင်းပြည်​တစ်​ဝက်​ ​အေးချမ်းတယ်​” ဆိုတဲ့ စကား​လေးကို မှတ်​မိ​တော့လည်း စိတ်​ထဲအလိုလို ပြုံး​နေမိတယ်​။ တစ်​ခါတ​လေ အ​လျော့​ပေး​နေလို့ ရောင့်တက်နေသူ​တွေ ကြုံ​တွေ​နေရ​တော့ စိတ်​ထဲ ဘဝင်​မကျဖြစ်​မိ​တယ်​။ “ကိုယ်​​တွေလည်း လူထဲက လူတစ်​​ယောက်​ပဲ​လေ ” ဆိုတဲ့ အ​တွေးနဲ့ ဖြည့်​​တွေးခဲ့​ပေမယ့်​ စိတ်​ထဲ​တော့ အလိုလို ပြုံးမိလာတယ်​။ “မလိုရင်​တစ်​မျိုး လိုရင်​တစ်​မျိုး ” ဆက်​ဆံတတ်​တဲ့ လူအချို့ရဲ့ အပြုအမူ​တွေ​ကြောင့်​ စိတ်​ထဲ ​​အလိုမကျဖြစ်​နေ​မိတယ်​။ တိတ်​ဆိတ်​​နေခြင်းဟာ ​ထောင်​တန်​တယ် ဆိုတဲ့ စကားေ​လး အတိုင်း တုံ့ပြန်​ချင်​​ပေမယ့်​ ထိန်းချုပ်​ကာ စိတ်​ထဲမှာ​တွေးရင်း အလိုလို ပြုံး​နေမိတယ်​။ သီးခံခြင်းဟာ ​အောင်​မြင်​ခြင်း တစ်​မျိုး ဆိုတဲ့ ​စကားအတိုင်း […]

စာသားကောင်းလေးများ

ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ပြင်ပဖြစ်ပျက်မှုအချေအနေတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး ကိုယ့်စိတ်ခံယူမှုသဘောထားကပဲ အဓိက ကျပါတယ်။ အရေးကြီးဆုံး အချိန်ဟာယခုလက်ရှိပစ္စုပ္ပန်တည့်တည့်ပဲ အရေးကြိးဆုံးလူဟာ သင်နှင့်ယခုရှိနေတဲ့သူပဲ အရေးကြီးဆုံးအလုပ်ဟာအဲ့ဒီလူအတွက် ကောင်းကျိုးကိုလုပ်ဆောင်ပေးဖို့ပါ။ ရိုးသားတဲ့မျက်လုံး ဖြူစင်တဲ့အပြုံး မှုသားမပါတဲ့စကားလုံး တွေဟာ ဘယ်အချိန်မှာပဲ သုံးသုံး တစ်လောကလုံးကို သာယာစေပါတယ်။    

ကျွန်တော့အဖေပြောတဲ့ လူတွေ

တစ်ခါက ကလေးလေးတစ်ယောက်ဟာ အဖေလုပ်သူကို မေးခွန်းလေးတစ်ခု မေးတယ်။ “လောကမှာ လူဘယ်နှစ်မျိုး ရှိသလဲ” တဲ့။ အမြဲတမ်း ကြံကြံဖန်ဖန် မေးတတ်တဲ့ ကလေးလေးကို ကြည့်ရင်း အဖေ လုပ်သူက ပြုံးပြတယ်။ မေးခွန်းတွေဟာ ကလေးလေးရဲ့ ဉာဏ်ရည် ဉာဏ်သွေးနဲ့ လက်ရှိ စိတ်အခြေအနေကို ထင်ဟပ်စေတယ်ဆိုတာ နားလည်တဲ့ အဖေလုပ်သူက ရှင်းပြဖို့ ကလေးလေးကို ခေါ်လိုက်တယ်။ အဖေလုပ်သူဟာ ကလေးလေးနားလည်လွယ်တဲ့ စကားလုံး အဖြေတွေ စုပုံထားတဲ့ အဘိဓာန်စာအုပ်ကြီးလို့ ကလေးလေးကလည်း ယုံကြည်တယ်လေ။   ထုံးစံအတိုင်း အဖေလုပ်သူက ကလေးလေးကို သူ့ရဲ့ ဧည့်ခန်းထဲကို ခေါ်လာခဲ့တယ်။ ပြီးတော့ တစ်နေရာကို လက်ညှိုးထိုးပြီး ဘာမြင်ရသလဲတဲ့။ မြင်ရတဲ့ ပုံရိပ်က ကလေးလေးကိုယ်တိုင် ဖြစ်နေတယ်။ ဒါဟာ မှန်တစ်ချပ်ပေါ့။ မှန်ထဲက […]