မောင်ငယ်နှင့် ပျောက်ဆုံးသော အနာဂတ်

အိမ်နီးချင်း မိသားစု တစ်ခုမှာ အခင်မင်ရင်းနှီးဆုံး သူငယ်ချင်း လင်းထိန် အမည်ရ လူငယ် တစ်ဦး ရှိပါတယ်။ နေထိုင်တာက နယ်မြို့ လေး တစ်ခုဆိုတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိပါဘူး။ လင်းထိန် က စာတော်ပါတယ်။ စာတော်ဆိုလို့ စာမှာ အမှတ်ပြည့်ရသူတော့ မဟုတ်ပါဘူး။ အတန်းဆရာတွေဆီမှာရော၊ အပြင်မှာရော ကျူရှင် မတတ်နိုင်တော့ သူတော်တယ်ဆိုတာ အတန်းထဲမှာ အလယ်အလတ်လောက်ပဲ ဖြစ်ပါတယ်။ ဒါတောင် သူ့မှာ စာကျက်ချိန် လုံလုံလောက်လောက် မရှိပါဘူး။ အိမ်က ဈေးထဲမှာ လက်ဘက်ခြောက်ရောင်း တော့ ကျောင်းအားတဲ့အချိန်ဆို စာအုပ်တစ်ဖက်နဲ့ ဆိုင်သွားစောင့်ပါတယ်။ လူတစ်ယောက် တော်တယ်ဆိုတာ ကျောင်းစာ အမှတ်ကိုပဲ ကြည့်တာ မဟုတ်ဘူးလေ။ ကိုယ်တွေ စာအားရပါးရကျက်နေချိန် သူက အလုပ်လုပ်နေပြီး စာမေးပွဲနီးမှ ကောက်ကျက်တယ်၊ […]

‎တက်စီပေါ်မှ‬ ဘ၀ သင်ခန်းစာ

တစ်နေ့ မှာ လူတစ်ယောက်က လေဆိပ်ကို တက်စီ တစ်စီးကို ငှားပြီး သွားနေတုန်း လမ်းအကွေးတစ်ခု အရောက်မှာ ရုတ်တရက်ကားတစ်စီးဟာ လမ်းကြားထဲကနေ ထိုးဝင်လာပြီး တက်စီနဲ့ တိုက်မလို ဖြစ်သွားခဲ့တယ်။ တက်စီသမားကတော့ ချက်ချင်း ဘရိတ်ကို အုပ်လိုက်ပြီး အချိန်မီပဲ ကားကို ရပ်နိုင်လိုက်ပါတယ်။ ကားနှစ်စီးကတော့ တိုက်ခါနီး လက်မအနည်းငယ်လောက်ပဲ ကွာပါတယ်။ အဲ့ဒီမှာ တစ်ဖက်က မောင်းချလာတဲ့ ကားသမားက ခေါင်းပြူ ထွက်လာပြီး တက်စီသမားကို အော်ဆဲပါတယ်။ တက်စီသမားကတော့ ခပ်ပြုံးပြုံးလေးပါပဲ။ ခုနက ကားသမားကို လက်ထောင်ပြီး ဝေ့ပြလိုက်တယ်။ဆောရီးပါ ဆိုတဲ့ သဘော။ သူ့ ပုံစံ ကြည့်ရတာ တစ်ဖက်က ကားသမားကို တော်တော်ကြီး ရင်းနှီးတဲ့ ပုံပါပဲ။ အဲ့ဒီမှာ တက်စီမှာ ပါလာတဲ့ ခရီးသည်က […]

 ဖားပုံပြင်

တချိန်က ဖားငယ်လေးတကောင်ဟာ ဘုန်းတော်ကြီး ကျောင်းနှင့်မနီး မဝေးမှာနေပြီး ဘုန်ကြီးတွေဆွမ်းခံ ကြွပြီးပြန်အလာ ဆွမ်းဘုန်းပေးတာကို ကြည့်ရင်း အတွေး တစ်ခုဝင်လာတယ် အင်း…ငါသာ ဘုန်းကြီး ဖြစ်ရင်သိပ်ကောင်းမှာပဲ… အလုပ်ဆိုလို့ ထွေထွေထူးထူးလုပ်စရာမလိုပဲ မိုးလင်းလမ်းလျှောက်ထွက်ရုံမျှနဲ့ တဝမ်းစာကို ပူပင်စရာမလိုပဲနေကြရတာကို တွေးပြီး အားကျနေမိတယ် ဆွမ်းဘုန်းပေးအပ်ပြီးမှာ ဘုန်ကြီးကျောင်းသားတွေကို မြင်ပြန်တော့ ကိုရွှေဖားက အတွေးပြောင်းပြန်တယ် ဘုန်းကြီးတွေလို အစောကြီးထစရာမလိုပဲအချိန်လျှင် ထစားရတဲ့ ဘုန်းကြီးကျောင်းသားတွေကို အားကျနေမိပြန်တယ်… ဘုန်ကြီးကျောင်းသားများ စားမကုန်တဲ့ ထမင်းဟင်းတွေကို ကျောင်းစောင့်ခွေးများကို ကျွေးတာ မြင်တော့လည်း ရှေ့နည်းတူကိုရွှေဖားက ခုံတလုံးမှ သိမ်းစရာမလို ပန်းကန်တလုံးမှ ဆေးစရာမလိုပဲ စားနေရတဲ့ခွေးတွေကို အားကျမိပြန်တယ်… ခွေးများစားပြီး မကုန်တဲ့ အရိုးအကပ်တွေကို လာစားတဲ့ ယင်ကောင်တွေ မြင်မိတော့လည်း သူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့ ခွေးလောက်တောင် မပင်ပန်းပဲ […]

တောက်​ပရမယ်

ဘဝမှာ ပိုင်​ဆိုင်​ချင်​စိတ်​​တွေနဲ့ ရုန်းကန်​​နေတာအမျှ ကိုယ်​တကယ်​ပိုင်​ဆိုင်​တဲ့အရာ​တွေ အရင်​ဆုံး စမ်းသပ်​ခံဖို့ ​လောကဓံကိုအရင်​​ပေးရတယ်​ ​ပျော်​ရွင်​ခြင်းရဲ့တန်​ဖိုး အနှစ်​သာရကိုသိဖို့ ဝမ်းနည်းခြင်း​တွေ စွန့်​လွှတ်​အနစ်​နာခံခြင်း​တွေ စတင်​ရင်းနှီးရတယ်​ ​အောင်​မြင်​မှုတစ်​ခုအတွက်​ ကြိုးစားခြင်း​ချွေးစက်​​တွေ ရှုံးနိမ့်​ခြင်းရဲ့နာကျင်​ဟန်​​တွေ ပြန်​လည်​တည်​​ဆောက်​ရတဲ့ စိတ်​ခွန်​အား​တွေ မလွယ်​ကူမှန်းသိ​နေ​ပေမယ့်​ ချလိုစု​ဆောင်းခြင်း​တွေနဲ့မနက်​ဖြန်​ မသာယာမပြည့်​စုံလည်း ​နောက်​​နေ့ ​နောက်​​နေ့ ယုံကြည်​မှု​တွေရဖို့ ကြိုးစားပြီးရိုးသားရတယ်​ မထယ်​ဝါတဲ့ ဘဝလမ်းမှာ ခဏနားရင်​လဲမယ်​ ​တွေးပူလည်း​ဖေးကူသူမရှိ ​ဒီ​ခြေ ဒီလက်​ ဒီနှလုံးသားကိုရင်း ဦး​နှောက်​တံတားခင်းရင်း ​နေပြန်​ထွက်​မနက်​ဖြန်​ ငါ​တောက်​ပရမယ်​။ ကိုယ့်​ကိုယ်​ကို ယုံကြည်​ခြင်းသည်​ ​အောင်​မြင်​ခြင်းရဲ့လမ်းစဖြစ်​ပြီး ယုံကြည်​မှုလွန်​ကဲမှုသည်​လည်း ကျဆုံးမှု၏ အစဖြစ်​သည်​။ ဘာမထီဘွား…..အ​တွေးစာစု​လေးများ (စာအုပ်မြို့တော်မှပြန်လည်မျှဝေပေးပါသည်)

တမင်အပြစ်ရှာနေတဲ့ သူကို ဘယ်လိုစကားမျိုးပဲပြောပြော အပြစ်လွတ်မှာ မဟုတ်ပါဘူး

မိမိ အကျိုးစီးပွားကို ပျက်စီးအောင်ဆိုပြီး မသမာသူတွေက လုပ်ကြံဖန်တီးထားတဲ့ အခြေအနေမျိုးကို မြင်နိုင်ဖို့ဟာ ခက်လှပါတယ်။ အဲဒီ အခြေအနေမျိုးမှာ စကားဆိုဖို့ ခက်မှာပါ။ အပြစ်မရှိဘဲနဲ့ အပြစ်ရှာ ၊ အကြောင်းမရှိဘဲနဲ့ အကြောင်းရှာပြီး ကိုယ့်ကို ဖျက်ဆီးဖို့ ကြိုးစားနေသူမျိုးကို စကားဆိုရမှာ သိပ်ခက်ပါလိမ့်မယ်။ တစ်ခါတုန်းက ဆိတ်တစ်ကောင်ဟာ အဖော်တွေနဲ့ကွဲပြီး ကျန်ခဲ့ရှာပါတယ်။ အဖော်တွေနောက်ကို လိုက်မယ်လဲ လုပ်ရော သူ့ရှေ့မှာ ကျားသစ်တစ်ကောင် သူ့ကို စားဖို့ စောင့်နေတာ တွေ့ရတယ်။ ဆိတ်ဟာ ချောင်ပိတ်မိနေတော့ ပြန်လှည့်ပြီး ပြေးဖို့ မတက်နိုင်ဘူးဖြစ်နေတယ်။ ကျားသစ်ကို သာသာယာယာ တောင်းပန်စကား ဆိုရင်း အသက်ဘေးက လွတ်လေမလားလို့ ဆိတ်ကတွေးပြီး “ဦးရီး . . ဦးရီး ကို အမေက နေကောင်းရဲ့လား ၊ […]

ဆရာတော် ဦးဇောတိက၏ အတွေးစာစုများ

“ခွင့်လွှတ်ပါ” ခွင့်လွှတ်ခြင်းဟာ ပျော့ညံ့တဲ့ လက္ခဏာ မဟုတ်ဘူး မသိဟန် ဆောင်မနေပါနဲ့ သူတစ်ပါးကို လိုက်လျောရတာဟာ ရှုံးတာမဟုတ်ပါဘူးနော် အမှန်တော့ မြတ်တာပါ   အချိန် မရှိဘူးလို့ မပြောပါနဲ့   သတိလေးနဲ့ နေလိုက်ပါ Credit- Original Creator ကျေးဇူးတင်ပါတယ် စာချစ်သူတို့ရေ ။ စာချစ်သူတို့ အတွေးလေး တစ်ခုရသွားရင် ကျေနပ်ပါတယ် 

နေတတ်သွားတာပါ

ကိုယ်​တိုင်​ခံစားရတာများ​လာ​တော့ ကိုယ်​ချင်းစာမှုကို မြတ်​နိုးတတ်​လာတယ်​ ကိုယ်​တိုင်​လဲကျဖူး​တော့ နာကျင်​ရမှုကို သနားတတ်​လာတယ်​ ကိုယ်​တိုင်​စွန့်​ပစ်​ခံရဖူး​တော့ အထီးကျန်​တဲ့သူ​တွေကို နားလည်​​ပေးနိုင်​တယ်​ ကိုယ်​တိုင်​ကြိုးစားရုန်းကန်​​နေရ​တော့ ကြိုးစားရုန်းကန်​မှုရဲ့ပင်​ပန်းမှုကို စာနာတတ်​လာတယ်​ ကိုယ်​တိုင်​​မျှော်​လင့်​ချက်​​တွေကျိုးပျက်​ခဲ့ဖူး​တော့ ​လေလွင့်​သွားတဲ့ခံစားချက်​ကိုလက်​ခံနိုင်​တယ်​ ကိုယ်​တိုင်​ယုံကြည်​မှုကိုအလွဲသုံးစားလုပ်​ခံခဲ့ရဖူး​တော့ ယုံကြည်​​ပေးမှု ​ကြောင့်​ရတဲ့​ဝေဒနာကိုနှစ်​သိမ့်​​ပေးလာမိတယ်​ ကိုယ်​တိုင်​ကြုံဖူးခဲ့​ပေမယ့်​ ကိုယ်​တိုင်​ကြုံမှ ခံစား အရာထင်​ကြတာ​တော့ ဘာမှ မ​ပြောတာပဲပို​ကောင်းပါတယ်​ဆိုတဲ့စိတ်​နဲ့ ခပ်​​အေး​အေး​လေး နေတတ်​သွားတာပါ။ ဘာမထီဘွား….အ​တွေးစာစု​လေးများ (စာအုပ်မြို့တော်မှပြန်လည်မျှဝေပေးပါသည်)

အရှုံးဟာ အဆုံးမဟုတ်ပါ

ဘ၀မှာ ကျရှုံးတယ်ဆိုတာကို ဘယ်လိုသတ်မှတ်သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ကြိမ်ရှုံးတာလည်း ရှုံးတာပဲ။ နှစ်ကြိမ် ရှုံးတာလည်း ရှုံးတာပဲပေါ့။ ဟုတ်ပါလိမ့်မယ်။ သို့ သော် ဒီလောက် အရှုံးလေးနဲ့ တော့ ဘ၀ကို ဆုံးတယ်လို့ မသတ်မှတ်နဲ့ လို့ ပဲ မှာပါရစေ။ အရှုံးသမားဆိုတာ လောကမှာ လူတိုင်း ဒီနာမည်တပ်ခံရဘူးပါတယ်။ ဒါပမယ့် လက်မြှောက် ကျဆုံးခြင်းတော့ အဖြစ်မခံပါနဲ့ ။ တစ်ခဏတာ အရှုံးပါ။ ဒီလောက်နဲ့ တော့ ဘ၀ကို အဆုံးမခံကြနဲ့ ပေါ့။ ကိုယ့်မှာ နောက်ထပ် ကြိုးစားပိုင်ခွင့်တွေ ရှိပါသေးတယ်။ ပထမတစ်ကြိမ်ရှုံးလည်းပဲ ဒီနေရာကနေ သင်ခန်းစာယူဖို့ ဆိုတာ တွေးလိုက်ပါ။ ကိုယ်လိုအပ်တဲ့ နေရာတွေကို ပြန်လည်ဖြည့်စွတ် ပြီး ဒုတိယခြေလှမ်းကို ဆက်လှမ်းဖို့ ကြိုးစားပါ။ […]

ပိုက်ဆံမရှိတဲ့အခါနဲ့ ပိုက်ဆံရှိလာသောအခါ

ပိုက်ဆံမရှိတဲ့အခါ အိမ်မှာပဲ သက်သတ်လွတ် စားတယ် ပိုက်ဆံရှိလာတော့ ဆိုင်ကောင်းကောင်းမှာ သက်သတ်လွတ် သွားစားတယ် ပိုက်ဆံမရှိတဲ့အခါ စက်ဘီး စီးတယ် ပိုက်ဆံရှိလာတော့ လေ့ကျင့်ခန်းလုပ်တဲ့ စက်ပေါ်မှာ စက်ဘီး သွားနင်းတယ် ပိုက်ဆံမရှိတုန်းက အစာရှာဖို့ လမ်းလျှောက်ရတယ် ပိုက်ဆံရှိလာတော့ အဆီချဖို့ လမ်းလျှောက်ရပြန်တယ် အို လူတွေ လူတွေ ကိုယ့်ကိုကိုယ် လှည့်စား နေကြတာပါပဲလား ပိုက်ဆံမရှိတုန်းကတော့ အိမ်ထောင်ပြုချင် နေကြပြီး ပိုက်ဆံရှိလာပြန်တော့ ကွာရှင်းဖို့ စဉ်းစားကြပြန်ရော ပိုက်ဆံမရှိတဲ့အခါ ကိုယ့်မိန်းမကိုပဲ အတွင်းရေးမှုး ပြန်ခန့်ထားရပေမယ့် ပိုက်ဆံချမ်းသာလာတော့ အတွင်းရေးမှုးက မိန်းမ ဖြစ်လာ တယ် ပိုက်ဆံမရှိစဉ်တုန်းက ချမ်းသာချင်ယောင် ဆောင်ခဲ့ပြီး ပိုက်ဆံလည်းရှိလာရော ဆင်းရဲချင်ယောင် ဆောင်ရပြန်တယ် လူတွေ အို လူတွေ တစ်ခါမှကို အမှန် မပြောနိုင်ကြပါလား […]