ကိုယ်​ရှိခြင်း 

ကိုယ့်​ ဘဝအတွက်​ ကိုယ်​ရှိ​နေရင်​ပြည့်​စုံတယ်​ဆို​ပေမယ့်​ တန်​ဖိုးရှိတဲ့ ရပ်​တည်​မှုမျိုး ဖြစ်​ဖို့လိုတယ်​ ကိုယ့်​ဘဝအတွက်​ ကိုယ်​ရှိ​နေပါလျှက် ​ မှားယွင်း​နေပြီဆို အဓိပ္ပါယ်​ တချို့ မဲ့သွားတယ်​။ လူအ​တော်​များများဟာ စာတစ်​အုပ်​ဖတ်​​တော့မယ်​ဆိုရင်​ ​ခေါင်းစဉ်​ ​လေးကို အရင်​ကြည့်​တယ်​ ဆွဲ​ဆောင်​မှုရှိမရှိ အရင်​​လေ့လာကြည့်​တယ်​ အဲ့ထက်​​ကောင်းမှပြီး​အောင်​ ဖတ်​​လေ့ရှိကြတယ်​။ ဘဝ မှာ လူချင်းချင်းဆက်​ဆံရတဲ့အခါမှာ သူရဲ့သွင်​ပြင်​ ​ပြောပုံဆိုပုံ အဲ့​နောက်​မှာ သူစိတ်​ဓာတ်​​လေးကဘယ်​လို ဆိုပြီး ဆုံးဖြတ်​ကြတယ်​ ရင်​ထဲက​နေရာ​ပေးတယ်​။ အမှားဆိုတာ ဘယ်​သူမှမကင်းသလို လူတိုင်းမှာလည်း အားနည်းချက်​​တွေရှိကြတယ်​ ဒါကို တစ်​ဖက်​သတ်​ ခံစား​နေရရင်​​တော့ ဒါဟာ သူ့အ​ပေါ်ထားတဲ့ ကိုယ့်​စိတ်​​ကြောင့်​ဖြစ်​တယ်​ဆို​ပေမယ့်​ ကိုယ့်​ကိုယ်​ကို အပြစ်​​ပေးခြင်းတမျိုးပဲ။ သူ့​ကြောင့်​ကိုယ့်​အချိန်​​တွေ​ပေးမိတယ်​ ကိုယ်​ကနားလည်​မှုများများ​ပေး​လေ သူကအ​ဝေးထွက်​​ပြေး​လေ ပါ။ သီအိုရီမဟုတ်​​ပေမယ့်​ ​နားလည်​​ပေးကြသူတိုင်း နာကျင်​ကြရတယ်​။ ​နောက်​ဆုံးတကယ်​နားလည်​သူ​တွေကြ​တော့ နာကျင်​မှု​တော့ ​လျော့ပါးသွားတယ်​ ခံစားချက်​​တွေ […]

အခုလက်ရှိသုံးနေတဲ့ Facebook အကောင့်ကို ရုတ်တရက် deactivate လုပ်ပြီး တိတ်တိတ်ကလေး ပျောက်သွားကြည့်

အခုလက်ရှိသုံးနေတဲ့ Facebook အကောင့်ကို ရုတ်တရက် deactivate လုပ်ပြီး တိတ်တိတ်ကလေး ပျောက်သွားကြည့် … ဒါမှမဟုတ် ရုတ်တရက် မင်း​ပျောက်​ဆုံးသွားလို့ မင်း Facebook အကောင့်က အသက်မဲ့သွားတယ်​ထား.. အချိန်ကြာတဲ့အခါ မင်းကို အားလုံး အလိုလိုမေ့သွားကြပါလိမ့်မယ် … တချို့တွေ အမှတ်မထင် Mention ခေါ်ဖို့ ကြိုးစားတော့မှ မင်းမရှိမှန်းသိသွားမယ် … အရေးတကြီးမင်းဆီက အကူအညီလိုမှ မင်းကို Hi ဖို့ကြိုးစားတဲ့အခါ မင်းမရှိမှန်း သိသွားကြမယ် … မင်း timeline ပေါ် တစ်ခုခုတက်ရေးဖို့ မင်းနာမည်ကို search box မှာရိုက်ကြည့်မှ မင်းရှိမနေတော့ဘူးဆိုတာ သိသွားကြမယ် … မင်းတင်ဖူးတဲ့ … မင်းရေးဖူးတဲ့ ဓာတ်ပုံတစ်ခုခု … status တစ်ခုခုကို ပြန်ကြည့်ချင်တော့မှ […]

ဆိုကရေတီးနှင့် အသဲကွဲလူငယ်

ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသောလူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။ လူငယ်…..ကျွန်တော် အသဲကွဲနေပါတယ်။ ဆိုကရေးတီး….အော်…ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်….လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရသလဲ…? လူငယ်….လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစား ရတဲ့ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နား လည်နိုင်မလဲ…။ တီး….ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ… ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။ လူငယ်…ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော်စောင့်နေတာပါ။ တီး….တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ […]