“ကလေးကို မစနောက်ပါနဲ့ ( နိုင်းနိုင်းစနေ ) “

ကလေးကို စနောက်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့ရိုးသားခြင်းကို အသုံးပြုလို့ ကလေးကြောက်အောင်၊ အမှားလုပ်အောင်၊ ငိုယိုအောင် တမင်လုပ်တာဖြစ်တယ်။ အဲဒီလိုပြုလုပ်တဲ့ ရည်ရွယ်ချက်က လူကြီးကိုပျော်ရွှင်စေပေမယ့် ကလေးတွေအတွက် ရှက်ကြောက်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။ကစ်ကစ် မူကြိုတက်စအချိန်က ကျွန်မအလုပ်များတဲ့ အချိန်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောင်းပို့၊ ကျောင်းကြိုတဲ့ကိစ္စကို ကစ်ကစ်ဖေဖေက တာဝန်ယူခဲ့တယ်။ ကစ်ကစ်ဖေဖေအလုပ်လုပ် တဲ့နေရာက မူကြိုကျောင်းနဲ့နီးတယ်။ ကစ်ကစ်မူကြိုကျောင်းဆင်းချိန်မှာ သူ့ဖေဖေရဲ့ရုံးက မဆင်းသေးဘူး။ အဲဒါကြောင့် ကစ်ကစ်ကို သူ့ဖေဖေက မူကြိုမှာအရင်သွားကြိုပြီး ရုံးမှာလာထားတယ်။ ပြီးမှ အတူအိမ်ပြန်တယ်။ သူ့ရုံးမှာ အသက်(၃ဝ)ဝန်းကျင်လောက်ရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် သုံး၊ လေးယောက်ရှိတယ်။ အားလုံးက ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်နေတတ်သူတွေဖြစ်တယ်။ သူတို့ထဲကနှစ်ယောက်က ကစ်ကစ်နဲ့စကားပြောရတာကို အရမ်းကြိုက်တယ်။ ဒါပေမယ့် သူတို့က ကလေးကို ရိုးရိုးတန်းတန်း စကားပြောတာမျိုးမဟုတ်ဘဲ တိရစ္ဆာန်လေးတစ်ကောင်ကို […]

“အာဇာနည်နေ့ သမိုင်းကြောင်း အပြည့်အစုံ “

ကျွန်တော် ဒီအကြောင်းအရာလေးကို မျှဝေဖို့ ရှာနေတာ တော်တော်ကြာပါပြီ။ ဘယ်သူမှလည်း မတင်ကြဘူး။ တင်တော့ တင်ကြပါတယ်။ သတင်းစာကို ဓာတ်ပုံရိုက်ပြီး တင်ကြတယ်။ အဲလိုကျတော့ ဖတ်ရတဲ့သူအတွက် အဆင်မပြေဘူးလို့ထင်ပါတယ်။ ဒါကြောင့် အဲဒီသတင်းစာ ဓာတ်ပုံထဲက အကြောင်းအရာတွေကို ပြန်လည်ရိုက်ချပြီး ဖော်ပြလိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ Google မှာ ရှာကြည့်ပါတယ်။ အာဇာနည်နေ့ဆိုပြီးတော့ပေါ့။ ထွက်တော့လာပါတယ်။ အခမ်းအနားလုပ်တဲ့ အကြောင်းအရာတွေချည်းပဲ။ ကျွန်တော်လိုချင်တာက အဲဒီနေ့က အဖြစ်အပျက်ကို လိုချင်တာပေါ့။၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးမှာ တိုင်းပြည်ကျွန်ဘ၀က လုံးဝ လွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး ထိုင်နေကြတဲ့ အမျိုးသား ခေါင်းဆောင် […]

“ဦးဘဝင်း”

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို စာရေးဆရာအများစုမှ အမြဲလိုလိုရေးနေပေရာ ပြည်သူပြည်သားတိုင်းလိုလိုသိကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုဖြစ်သူ ဦးဘဝင်းအကြောင်းကိုမှု သိရှိသူနည်းလိမ့်မည်ဟု ထင်ပါတယ်။ ဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာအောင် ပံ့ပိုးပေးသည့်အထဲမှ တစ်ယောက်ဆိုလည်း မမှားပါချေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်က ဦးဘဝင်း၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အလွန်ကံကောင်းခဲ့ပါတယ်။ ဦးဘဝင်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်းကမ်းရှိရှိ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ဦးဘဝင်း၏ လမ်းညွှန်မှုကြောင့် ဗိုလ်ချုပ်ဟာ ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာစာသင်ကျောင်းများ ၊ အမျိုးသားကျောင်းများ၌ အမြဲလိုလိုပထမ စွဲခဲ့ပါတယ်။ ဦးဘဝင်းကား ငယ်စဉ်ကပင် ပညာအလွန်ထူးချွန်သူ ၊ မဟုတ်လျှင်မခံသူ ၊ တာဝန်နှင့် ၀တ္တရားကို ကျေပွန်သူ ၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မလုပ်သူ လူကောင်းလူတော် တစ်ဦးပင် ဖြစ်ပါတယ်။ သာဓကဆောင်ရလျှင် […]

“အာဇာနည်နေ့ သမိုင်းကြောင်း အပြည့်အစုံ “

ကျွန်တော် ဒီအကြောင်းအရာလေးကို မျှဝေဖို့ ရှာနေတာ တော်တော်ကြာပါပြီ။ ဘယ်သူမှလည်း မတင်ကြဘူး။ တင်တော့ တင်ကြပါတယ်။ သတင်းစာကို ဓာတ်ပုံရိုက်ပြီး တင်ကြတယ်။ အဲလိုကျတော့ ဖတ်ရတဲ့သူအတွက် အဆင်မပြေဘူးလို့ထင်ပါတယ်။ ဒါကြောင့် အဲဒီသတင်းစာ ဓာတ်ပုံထဲက အကြောင်းအရာတွေကို ပြန်လည်ရိုက်ချပြီး ဖော်ပြလိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ Google မှာ ရှာကြည့်ပါတယ်။ အာဇာနည်နေ့ဆိုပြီးတော့ပေါ့။ ထွက်တော့လာပါတယ်။ အခမ်းအနားလုပ်တဲ့ အကြောင်းအရာတွေချည်းပဲ။ ကျွန်တော်လိုချင်တာက အဲဒီနေ့က အဖြစ်အပျက်ကို လိုချင်တာပေါ့။၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးမှာ တိုင်းပြည်ကျွန်ဘ၀က လုံးဝ လွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး ထိုင်နေကြတဲ့ အမျိုးသား ခေါင်းဆောင် […]

“Aamir Khan ၏ အတ္ထုပ္ပတ္တိ”

၁၉၆၅ ခုနှစ် မတ်လ ၁၄ရက်နေ့ ညနေ ၈နာရီ။ တစ်ရက် ရုပ်ရှင်ရိုက်ကွင်းကအပြန် နောက်ဆက်တွဲအခန်းတွေကိုရိုက်ဖို့ အငြင်းခံရတဲ့ ဒါရိုက်တာတစ်ယောက် တနည်းအားဖြင့်ဖခင်တယောက် သူမိသားစုရှိရာနေအိမ်ကိုစိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တယ်။ အိမ်ရောက်တော့အိမ်ကလူတွေရော ဇနီးဖြစ်သူပါမရှိဘူး။ ဟိုလူမေးဒီလူမေးရင်း Tahir Hussain တယောက်ဆေးရုံကိုလိုက် သွားခဲ့တယ်။ အကြောင်းက ဇနီးဖြစ်သူဟာ မွေးဖို့လိုသေးတဲ့ ရင်သွေးလေးကို လမစေ့ပဲ၇လနဲ့မွေး ဖွားခဲ့ရလို့ပါပဲ။ ဆေးရုံရောက်တော့မိခင်ပဲအသက် ရှင်နိုင်ပီး သန္ဓေသားရှင်ဖို့ရာခိုင်နှုန်းနည်းနေတာ ကို Tahir တယောက်သိလိုက်ရတယ်။ ၂နာရီ လောက်ခေါင်းခဲရင်း မွေးခန်းထဲက သူ့ဇနီးနဲ့ သေမလားရှင်မလားမသိတဲ့ သူ့ရင်သွေးအတွက်စိတ်ပူရင်း Tahirတယောက် ပြာယာခတ်နေချိန်ပေါ့။ ဒါပေမယ့် သူ့ဇနီး Aeenat ဟာရင်သွေး လေးကိုအောင်မြင်စွာမွေးနိုင်ခဲ့တယ်။ ၂နာရီနီးပါး ဆေးရုံမှာကို အခက်အခဲဖြစ်အောင်လုပ်ခဲ့တဲ့ငါ့ သမီးလေးကို ကြည့်ပါရစေဆိုပီး ပြေးကြည့်တော့ မွေးလာတဲ့ကလေးက ယောင်္ကျားလေးဖြစ်နေလေရဲ့။ သမီးလေးမွေးလာမယ်လို့ထင်ထားကြတဲ့ […]

ကနောင်မင်းသားကြီးရဲ့ ရှားရှားပါးပါး အင်တာဗျူး

သမိုင်းထဲက လူသေသွားပေမယ့် နာမည်ကျန်နေရစ်ခဲ့တဲ့ သူရဲကောင်းတွေထဲမှာ ကနောင်မင်းသားကြီးလည်း တစ်ယောက်အပါအဝင်ပါ။ တိုင်းပြည်တိုးတက်စေဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် သက်စိုးမရှည်ရှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တူတော်တွေရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ကနောင်ကိုယ်တော်ကြီးဟာ ဉာဏ်ပညာအလွန်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ နိုင်ငံကို စက်မှုနိုင်ငံဖြစ်စေဖို့ သူကြိုးစားခဲ့တဲ့ ပညာတော်သင် အစီအစဉ်တွေ ၊ တီထွင်မှုတွေ နဲ့ တည်ဆောက်ခဲ့တဲ့ စက်ရုံတွေကိုကြည့်တာနဲ့ ဘယ်လောက်တော်ခဲ့ကြောင်း သိနိုင်ပါတယ်။ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ ကနောင်ကိုယ်တော်ကြီးဟာ အချိန်ရှိသ၍ နည်းလမ်းတွေကို စဉ်းစားနေတတ်သလို ဗဟုသုတတွေကို အမြဲရှာမှီးနေသူပါ။ အခု အမေးအဖြေကတော့ ကနောင်မင်းသားကြီးက သူသိလိုသမျှတွေကို အင်္ဂလိပ်သံအမတ် အာသာဖယ်ရာကို မေးမြန်းခဲ့တာပဲဖြစ်ပါတယ်။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။ ဖယ်ရာခေါင်းဆောင်တဲ့ ချစ်ကြည်ရေး သံအဖွဲ့ဟာ ၁၈၅၅ခုနှစ် အောက်တိုဘာ ၁၉ရက်နေ့မှာ ကနောင်မင်းသားကြီးနဲ့ တွေ့ကြပါတယ်။ လွှတ်တော်နားက […]

“The value of life (ဘ၀တန်ဖိုး)”

တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး… “ဘ၀တန်ဖိုး ဆိုတာ ဘာလဲ… အဖိုး..?” ဆိုပြီး မေးလိုက်တယ်… ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး… “ကဲ… ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ… ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်…” ဆိုပြီး မှာလိုက်တယ်… လူငယ်လည်း အဖိုးပေးလိုက်တဲ့ ကျောက်တုံးကို ယူပြီး ထွက်သွားလိုက်တယ်… လမ်းမှာ လိမ္မော်သီးရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တော့ အထဲဝင်ပြီး ကျောက်ရဲ့ တန်ဖိုးကို မေးလိုက်တယ်… ဈေးသည်က… ” ဒီကျောက်တုံးဆိုရင် လိမ္မော်သီး ၁၂ လုံးတော့ ရမယ်… ယူမှာလား” ဆိုပြီး ဈေးဖြတ်လိုက်တယ်… လူငယ်လည်း အဖိုးဖြစ်သူက […]

“အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး”

(၁)။ သရဏဂုံ ဆောက်တည်ခြင်း (သရဏဂုံကုသိုလ်) ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို မိရိုးဖလာဗုဒ္ဓဘာသာတို့လို မကိုးကွယ် မဆည်းကပ်ဘဲ၊ တကယ့်စစ်မှန်သော ခိုင်မြဲသောသဒ္ဓါ၊ ပညာဦးစီးသော စိတ်ထားဖြင့် ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)တွေပွားပြီး ကိုးကွယ်ဆည်းကပ်ရပါမယ်။ အဲ့ဒီကုသိုလ်မျိုး အမြဲမပြတ်ဆောက်တည်ထားရင် အပါယ်လေးပါးက လွတ်မြောက်နိုင်ပါတယ်။ ဘုရားရှင်လက်ထက်က သာဓကတွေ ရှိပါတယ်၊ စာရှည်မည်စိုး၍ ရေးမပြနိုင်တာကို ခွင့်လွှတ်သည်းခံပေးကြပါ။ (၂)။ ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်) ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးက လွတ်မြောက်နိုင်ပါတယ်။ (၃)။ စာရေးတံမဲချခြင်းကုသိုလ် စာရေးတံမဲချခြင်းကုသိုလ်ဆိုတာ ဗုဒ္ဓဘာသာဝင်များရဲ့ သီတင်းကျွတ်အချိန်အခါ သယမမှာ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များကို မဲချ၍(မဲခွဲ၍) ကိုယ်ဆီကို မဲကျလာတဲ့သံဃာတော်ကို ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုကို လှူဒါန်းရတဲ့ ကုသိုလ်ပါ။ ကျရာသံဃာကို မွန်မြတ်စွာ လှူဒါန်းလိုက်ရသောကုသိုလ်သည် ပုဂ္ဂိုလ်ကိုလည်း အစွဲမထားတဲ့အတွက် သံဃာ့ဂုဏ်ကို […]

“ထိုအပြုံး “

ပြင်သစ်စာရေးဆရာ အန်တွိုင်း ဆန်တက်ဇူပေရီ၏`မင်းသားလေး´(The Little Prince) ၀တ္ထုကို စာသမားအတော်များများသိကြပါသည်။ ကလေးများအတွက် နှစ်ခြိုက်ဖွယ်ပုံပြင်တစ်ပုဒ်ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသော စာတစ်အုပ်လည်းဖြစ်ကြောင်း ဖတ်မိသူတို့လေးစားသိမှတ်ခဲ့ကြပါသည်။ `မင်းသားလေး´ကိုသိသော်လည်း ဆန်တက်ဇူပေရီ၏ အခြားဝတ္ထုတို – ရှည်များကိုကား သိသူနည်းလှပါသည်။ဆန်တက်ဇူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်၍ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့နှင့်တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကလည်း သူသည်စပိန်ပြည်တွင်းစစ်တွင် ဖက်ဆစ်များအား ဆန့်ကျင်သည့်ဘက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲကာလ သူ့အတွေ့အကြုံတစ်ရပ်ကို မူတည်၍`ထိုအပြုံး´(The Smile)အမည်ရှိ ၀တ္ထုတစ်ပုဒ် ရေးခဲ့သည်။ ၄င်းဝတ္ထုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။`ထိုအပြုံး´ကိုသူသည် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့်ရေး သည်လား၊ ၀တ္ထုတစ်ပုဒ်အဖြစ် ဖန်တီးခဲ့ခြင်းလား ကျွန်တော်မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန်ဟူ……ပဲ ကျွန်တော်ယူခဲ့ပါသည်။ ၄င်းစာ၌ ဆန်တက်ဇူပေရီက………. သူ့အား ရန်သူတို့ဖမ်းမိသွားပြီး အချုပ်ခန်းတစ်ခုထဲထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်သူတို့၏ စက်ဆုပ်မုန်းတီးပုံရသောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပုံများအရ နောက်နေ့မှာတော့ သူ့အား သတ်မှာမုချဟု […]