ပညာရှင်တစ်ဦး၏ ဖြေကြားချက်

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်။ ဒါပေမယ့် ဘာလို့ အများစု ဆင်းရဲနေကြသလဲ??? ကောင်းလိုက်တဲ့ မေးခွန်း။ ဒါကို ပညာရှင် တစ်ယောက်က ဒီလို ဖြေသွားပါတယ်။ (၁) မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ် ဘူး။ (၂) ဘေးကနေ သွေးခွဲရ လွယ်တယ်။ (၃) မနာလိုစိတ် များတယ်။ (၄) အချင်းချင်း ထဲ ကိုယ့်ထက် သာသွားမှာ မလိုလားဘူး။ သာရင် လည်း မနာလိုဘူး။ (၅) သူများကို ချီးကျူးရင် မကြိုက်ဘူး။ ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူး စေချင်တယ်။ (၆) မုဒိတာ မပွါးနိုင်ဘူး။ (၇) ကြိုးစားရမယ့် နေရာတွေမှာ တက်တက်ကြွကြွ မရှိဘူး။ (၈) သူများမလုပ်ရင် မလုပ်ချင်ဘူး။ (၉) […]

ပါမောက္ခချုပ် ဆရာတော်ကြီး၏ အဖိုးတန်သော အဖြေများ

”အမျိုးသမီးများရဲ့ထဘီတန်းအောက်ကို ဝင်ရင် ဘုန်းနိမ့်ပါသလား ဘုရား”” ”နိမ့်တယ်ထင်ရင် နိမ့်ပါတယ် ၊ မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး” ဘာကြောင့်လဲဆိုတော့ ထဘီကြောင့် နိမ့်တာမဟုတ်ပဲ ”ထင်”ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ်လို့ထင်တာပါ… ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီ လိုနူးညံ့တဲ့ပိတ်စ တစ်ခုဟာ သင့်ကိုဘယ်လိုများဒုက္ခရောက်စေမလဲ။ ဘုန်းနိမ့်တယ်ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး ”ဘုန်းနိမ့်ပြီဟဲ့”ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feelingဘက်ကိုရောက်သွားတယ်။ စိတ်အလိုမကျဖြစ်စေတယ်… စိတ်ကို နောက်ကျိစေတယ် ၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ” ”ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား” ”အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်ဝင်ဖို့ တော့ စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့  ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့  မယူဆပါဘူး။ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန်းကြောင့် […]

အသက် (၈၀) အဘိုးအို တစ်ယောက်ရဲ့ ဘဝသင်ခန်းစာများ

၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။ ၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။ ၃။ ရေချိုးစဉ် သီချင်းဆိုပါ။ ၄။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။ ၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။ ၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။ ၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။ ၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။ ၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။ ၁၀။ လေချွန်ပါ။ ၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။ ၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။ […]

အခြေခံများ ကောင်းစေချင် 

လောကတွင် ယုံကြည်မှုသည် အရေးကြီး၏။ မည်သည့်နေရာတွင်မဆို ယုံကြည်မှုနှင့် အလုပ် လုပ်လုပ်ရ၏။ ဆက်ဆံရ၏။ သင်ယူ ရ၏။ ပြောဆို ဆွေးနွေးရ၏။ ယုံကြည်မှုကင်းမဲ့နေသော မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင်နှင့် အလုပ်သမား၊ လင်နှင့်မယား၊ ဆရာတော်ကြီးနှင့် အသင်းဝင်များ၊ သူငယ်ချင်း အချင်းချင်း မည်သို့မျှ ပေါင်းသင်းဆက်ဆံ၍ မဖြစ်နိုင်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး စသော အရေးပေါင်းများစွာတို့တွင် ယုံကြည်မှုမပါဘဲ မည်သည့်အရာကိုမျှ တည်ဆောက်၍ မရနိုင်။ #ယုံကြည်မှု – ဆိုသော စကားလုံး သုံးလုံးတွင် အရေးပါသည်ကား “ယုံ” နှင့် “ကြည်” ပင်ဖြစ်၏။ “ယုံ” ၏ နောက်တွင် အရည်အချင်းသည် ကပ်လိုက်လာ၏။ ယုံဖို့အတွက် အရည်အချင်းရှိရမည်။ မိဘသည်လဲ […]

ပိုပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်ဖို့ 

၁။ ကိုယ်ရှာနိုင်တာထက် လျှော့သုံးပါ။ ၂။ သင့်ပြဿနာတွေအတွက် အခြားသူတွေကို အပြစ်မတင်သင့်ပါ။ ၃။ အမှားလုပ်မိတိုင်း ဝန်ခံပါ။ ၄။ မလိုအပ်တော့တဲ့ အဝတ်တွေကို လိုအပ်နေတဲ့သူတွေဆီကို မျှဝေပေးလိုက်ပါ။ ၅။ အမည်မဖော်ဘဲ သူတစ်ပါးအပေါ် ကောင်းမှုကုသိုလ် ပြုကြည့်ပါ။ ၆။ ပြောတာထက် များများ နားထောင်ပါ။ ၇။ အရာရာအပေါ် အကောင်းမြင်နိုင်အောင် ကြိုးစားပါ။ ၈။ နေ့တိုင်း မိနစ် ၃၀လောက် ပြေးတာ၊ လမ်းလျှောက်တာ တစ်ခုခုလုပ်ပေးပါ။ ၉။ တစ်ပတ်မှာ သင့်ရဲ့ ၂ နှပ်စာလောက်ကို အိမ်ခြေယာမဲ့တွေကို ပေးကမ်းထောက်ပံ့လိုက်ပါ။ ၁၀။ အချိန်တိကျပါ။ ၁၁။ ဆင်ခြေမပေးမိအောင် ကြိုးစားပါ။ ၁၂။ ကိုယ့်အပေါ် ကြင်နာနာ မကြင်နာနာ ကိုယ်က ကြင်နာပါ။ ၁၃။ အဖွဲ့အစည်းများနှင့် […]

စေတနာဟူသည်

တခါတုန်းက စီးပွားရေးသမား တစ်ယောက်ဟာ စီးပွားပျက်သွားတဲ့အတွက် ငွေကြေးအမြောက်အမြား လိုအပ်နေခဲ့ပါတယ်။ ဒါ့ကြောင့် အရေးပေါ် ငွေကြေးလိုအပ်နေတဲ့အတွက် သူဟာ ဟူရွှယ်ယင်လို့ ခေါ်တဲ့ သူဋ္ဌေးတစ်ဦးနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး သူ့ရဲ့ စက်ရုံကို လျော့ဈေးနဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ဟူရွှင်ယင်ကတော့ ဒုက္ခရောက်တဲ့ သူ့ကို လျစ်လျူ ရှုခြင်း လုံးဝမရှိပဲ ချက်ချင်းသွားပြီး စုံစမ်းကြည့်တဲ့အခါ မှန်ကန်ကြောင်း တွေ့ရတဲ့အတွက် ဟူရွှယ်ယင်ဟာ ချက်ချင်းပဲ ပုံမှန်ဈေးနဲ့ ငွေကို ပေးချေခဲ့ပါတယ်။ ဟူရွှယ်ယင်ကို လာရောင်းတဲ့ စီးပွားရေးသမားဟာ အံ့သြသွားခဲ့ပြီး ပဟေဋိများစွာနဲ့ ဟူရွှယ်ယင်ဟာ လျော့ဈေးနဲ့ ရနိုင်ပေမယ့် အခွင့်အရေးမယူပဲ ပုံမှန်ပေါက်ဈေးအတိုင်း ပေးချေခဲ့တဲ့အတွက်ပါ။ ဟူရွှယ်ယင်က ပြုံးရင်းနဲ့ သူ့ကို ပြောလိုက်ပါတယ်။ “မင်းစိတ်ချပါ။ မင်းအခု လာရောင်းတဲ့ စက်ရုံကို ပေါင်တယ်လို့ပဲ သဘောထားလိုက်ပါ။ […]

နာမည်ကျော် လူပုဂ္ဂိုလ်ကြီးများ၏ စကားလေးများ

ဒီကမ္ဘာကြီမှာ ကျွန်တော်ဟာ ဘာကောင်ကြီးမှ မဟုတ်ဘူး။ ဘာကောင်ကြီးဆိုတာလဲ ကျွန်တော်မသိချင်ဘူး။ ဘာကောင်ကြီးဖြစ်တာ မဖြစ်တာထက် ဘယ်လောက်အသုံးဝင်သလဲ ဆိုတာပဲ ကျွန်တော်ကြိုးစားတယ်။ သူများအမြင်မှာ ကြည့်ကောင်းဖို့ထက် ကိုယ့်ကိုယ်ကို စိတ်ကျေနပ်တာက ပိုကောင်းတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ အလိမ္မာစာမှာရှိလို့ ဆိုပေမဲ့ အသက်ကြီးပြီး မလိမ္မာသေးရင်လည်း ဘာစာမှ ရှိမှာမဟုတ်ဘူး။ စာတွေအများကြီးဖတ်ပြီး ဦးနှောက်နည်းနည်းပဲ သုံးတဲ့သူဟာ ပျင်းပျင်းရှိတိုင်း လျှောက်တွေးနေတတ်တယ်။ ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့ အမှာထဲက သင်ယူပါ။ မြန်မြန်ထက်ထက်လုပ်ပါ မှားသွားပါစေ ကိစ္စမရှိဘူး အမှာထအပေါ် သင်ခန်းစာယူပြီး နောက်ထပ်တော့ မမှားပါစေနဲ့ပေါ့။ လူတိုင်း သေကြချည်းပါပဲ နာမည်ကောင်းနဲ့ သေမလား ဒါမှမဟုတ် နာမည်ဆိုးနဲ့ သေမလား ခင်ဗျားရေးခဲ့တဲ့ သမိုင်းပေါ်မှာပဲ […]

ဆုံမစားလေးများ(၁)

အလိုလိုတော်နေတဲ့ မွေးရာပါ ပါရမီရှင်ဆိုတာ မရှိဘူး ကြိုးစားအားထုတ်မှုတော့ ပါရတာချည်းပဲ တစ်ခုခုမှာ ထူးချွန်ဖို့ဆိုရင် အဲ့ဒီတစ်ခုခုမှာ အမှန်တစ်ကယ် စိတ်အာထက်သန်နေဖို့ လိုတယ် အလွန်ကျွံ့ အဆိုးမြင်တာ မကောင်းသလို အလွန်အကျွံ့ အကောင်းမြင်တာလည်း မကောင်းဘူး ကိုယ်နားမလည်တိုင်း မကောင်းဘူးမပြောနဲ့ မပစ်ပယ်နဲ့ သူများတွေ သဲသဲလှုပ်နေတာကို ကိုယ်မလှုပ်တာ ဘာမှမဖြစ်ဘူး၊ ပုံမှန်ပဲ စိတ်အားထက်သန်မှုမှာ အကန့်အသတ်ရှိတယ် အရေးမပါတာတွေမှာ စိတ်အားထက်သန် မနေနဲ့ တစ်ကြိမ်မှာ ရည်မှန်းချက် တစ်ခုနှစ်ခုကိုပဲ သေချာ အာရုံစိုက်ထား မျှတယုံဆိုတာ ဟိုမရောက်ဒီကရောက်တွေရဲ့ အလေ့အကျင့် ထိုးထွက်ချင်ရင် မျှတယုံလောက်နဲ့ မရဘူး မိတ်ဆွေအရင်း သူငယ်ချင်းအရင်း ဆိုပေမယ့်လည်း ပါမလာရင်ချန်ခဲ့ ရမှာပဲ ကိုယ်ထက်အောင်မြင်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း ရှိမှာပဲ..ထုံးစံပဲ … အဲဒါကိုကြည့်ပြီး ပူမနေနဲ့ မိတ်ရင်းဆွေရင်း မရှိလို့ ဘာမှမဖြစ်ဘူး […]

တစ်ခါလောက် အခက်အခဲဖြစ်ကြည့်မှ လူတွေရဲ့ မျက်နှာဖုံးတွေက ကွာကျလာတတ်ကြတယ်

တစ်ခါလောက် အခက်အခဲဖြစ်ကြည့်မှ လူတွေရဲ့ မျက်နှာဖုံးတွေက ကွာကျလာတတ်ကြတယ် အလကား ရမယ်ဆိုရင် လူအတော်များများက ဘာကိုပဲ ဖြစ်ဖြစ် စိတ်ဝင်စားကြတယ် ဒါပေမယ့် သူတစ်ပါးကို ပြန်ပေးရမယ်ဆိုရင်တော့ ပြုံးပြတာကအစ တွန့်တို နေတတ်ကြတယ် စာချစ်သူတို့အတွက် စာအုပ်မြို့တော်မှ ပြန်လည် မျှဝေသည်

လောကမှာ ကိုယ်ယုံကြည်ရတဲ့သူတွေက ကိုယ့်အပေါ် လိမ်ညာတာလောက် ခံရခတ်တာ မရှိဘူး

လောကမှာ ကိုယ်ယုံကြည်ရတဲ့သူတွေက ကိုယ့်အပေါ် လိမ်ညာတာလောက် ခံရခတ်တာ မရှိဘူးထင်တယ် ရိုးသားမှုဆိုတာ ကိုယ့်ကိုယ်ကို ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး လက်ဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ ရင့်ကျက်လာတဲ့အခါ ကြင်နာတတ်တဲ့ လူတွေကို လေးစားအားကျတယ် အယုံမလွန်ပါနဲ့