“မပေါင်းသင်းအပ်သော ဂဏန်းနဲ့တူတဲ့ လူသုံးမျိုး “

( ၁ ) အလိုက်သင့်ပေါင်းပြီး အတွင်းကျိတ် မကောင်းကြံလေသူ ( ၂ ) ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး ပြောင်းလဲဆက်ဆံတတ်သူ ( ၃ ) တစ်ဖက်သားကို ချောက်တွန်းပြီးမှ မိမိကောင်းစားရေးကို လုပ်ဆောင်တတ်သူ ထိုသူတွေက ဂဏန်းနဲတူတဲ့ လူတွေဖြစ်တယ်။ ဂဏန်းတွေဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက်ဘဲရှိမယ် “ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန်ကြပါတယ်။ တစ်ခါက လူငယ်တစ်ယောက်ကမ်းခြေတစ်ခုကို သွားရင် အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေတဲ့လူကြီး တစ်ယောက်ကို တအံ့တသြံ ဖြစ်ခဲ့ဘူးတယ်။ဒီကောင်းလေးက “အကိုကြီး၊ ခင်ဗျား ပလိုင်းပေါက်နဲ့ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊ အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား”လို့ ပြောတယ်။ လူကြီးက “ညီ။ မင်း […]

“အကြံရှိတာလား.. ဥာဏ်ရှိတာလား..???”

တစ်ခါက ဆိုကရေးတီးကို သူ့ကျောင်းက တပည့်တစ်ယောက်မေးတယ်။ ” ဆရာကြီး အကြံနဲ့ဥာဏ်ကို တွဲပြီးတော့ ရေးသားထားတာတွေ့ရတယ် အဲဒီတော့ အကြံနဲ့ ဥာဏ်ဟာ ဆိုလိုရင်း တူတူပဲပေါ့နော် ” လို့မေးတယ်။ ဆိုကရေးတီးက ဘာမှမပြောဘဲ အနားမှာရှိတဲ့ ကျောက်တုံးနှစ်တုံးကို ကောက်လိုက်တယ်။ ပြီးတော့ အဲဒီကျောက်တုံးနှစ်တုံးကို အရှိန်ပြင်းပြင်းနဲ့ ထိရိုက်ပြတယ်။ ကျောက်တုံးက မီးစ မီးပွားလေးတွေ ဖြတ်ခနဲ ဖြတ်ခနဲ ထွက်လာတယ်။ဒါကို ပြပြီးတော့ ဆိုကရေးတီးက ” အကြံဆိုတာ ဒီကျောက်တုံးလိုပဲ မီးမဖြစ်နိုင်ဘူးလို့ ထင်ပေမယ့် ခတ်လိုက်တဲ့ အခါ တဖြတ်ဖြတ် ပွင့်လာတဲ့ မီးပွားလေးတွေလိုပဲ အကြံဆိုတာ တစ်ချက်တစ်ချက် ရလာတဲ့မီးပွားလေးနဲ့တူတယ် လင်းတယ်။အမှောင်ထဲမှာ လက်တယ်။ ဒါပေမယ့် ကြာကြာမခံဘူး ” အဲဒီနောက်မှာတော့ ဆိုကရေးတီးက ကောက်ရိုးပုံနားကို သွားတယ်။ […]

“လောကထဲမှာ ပြုံးပြုံးကလေးနေနိုင်ဖို့အတွက်”

ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး အတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊ “ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်” …. သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိုင်တော့ပါဘူး… နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ် “ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ. ဖြေလို.ရတဲ့ မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်. ဦးမှပဲ” … သူကတော့ မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ ဖြေဆိုနိုင်ခဲ့ပါတယ်…. ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင် ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့ […]

“ ကိုကာကိုလာ ကုမ္ပဏီ စီအီးအို၏ ၃၀ စက္ကန့်သာကြာသော မိန့်ခွန်း ”

ဘဝကို လေပေါ်မှာ ဘောလုံး (၅)ခု မကျအောင် ထိန်းနေရတဲ့ ဂိမ်းတစ်ခုလို့ ယူဆပါ။ ယင်းဘောလုံး (၅)ခုကတော့ ….. ၁။ အလုပ် ၂။ မိသားစု ၃။ ကျန်းမာရေး ၄။ သူငယ်ချင်း ၅။ စိတ်ဓာတ် တို့ ဖြစ်ပါတယ်။ အလုပ်ဆိုတဲ့ ဘောလုံးဟာ ရာဘာဘောလုံး နဲ့တူတယ်ဆိုတာကို သင်တစ်နေ့နားလည်လာပါလိမ့်မယ်။ သူဟာ မတော်လို့လွတ်ကျခဲ့ရင် ယင်းအားကြောင့် ပြန်လည်ခုန်တက်လာပါတယ်။ ကျန်တဲ့ ဘောလုံး(၄)ခုဖြစ်တဲ့ မိသားစု၊ ကျန်းမာရေး၊ သူငယ်ချင်း၊ စိတ်ဓာတ် စတာတွေကတော့ ဖန်ဘောလုံးနဲ့တူပါတယ်။ လွတ်ချလိုက်မိပြီဆိုရင် ထိမယ်၊ ရှမယ်၊ ကွဲမယ်၊ ပျက်ဆီးမယ်။ သူတို့ဟာ အမြဲတမ်းတူညီနေတော့မှာ မဟုတ်ပါဘူး။ သင်ဒါတွေကိုနားလည်းထား ရပါမယ်။ အလုပ်လုပ်ချိန်မှာ ကြိုးကြိုးစားစားလုပ်ပါ။ ပြီးတဲ့အခါမှာ ထားခဲ့ပါ။ ကျန်တဲ့အချိန်တွေကို […]

“ဘ၀အတွေ့အကြုံဟာ အကောင်းဆုံးဆရာပါ”

လူရယ်လို့ ဖြစ်လာကြပြီဆိုရင် ချမ်းသာ၊ဆင်းရဲ မရွေး ဘဝက ပေးတဲ့ သင်ခန်းစာတွေကို ခံစားကြရပါတယ်။ လူတွေနေ့ စဉ်ဖြတ်သန်းကြုံတွေ့နေကြရတဲ့ အကောင်း၊အဆိုးတွေဟာ လူတွေရဲ့ ဘဝသင်ခန်းစာတွေဘဲဖြစ်ပါတယ်။ တစ်ချို့က ဒီလိုနေ့စဉ်သင်ခန်းစာတွေက သင်ယူလေ့လာပြီး မိမိဘဝအတွက် ဆောင်ရန်၊ရှောင်ရန်အဖြစ် ကြိုးစားဆောင်ရွက်သွားကြ သူတွေရှိသလို တစ်ချို့က နောက်ပြန်လှည့် အရှုံးပေးသွားကြသူတွေလည်းရှိပါတယ်။ ဘဝမှာ အတွေ့အကြုံဆိုတာ အကောင်းဆုံးသင်ပြပေးနေတဲ့ဆရာတစ်ဆူလိုပါဘဲလို့ လူကြီးသူမတွေရဲ့ပြောစကားကို ငယ်ရွယ်ချိန်တုန်းက နားမလည်ခဲ့ပေမယ့် အရွယ်ရောက်လို့ လက်တွေ့ဘဝတွေမှာ ကျင်လည်ဖြတ်သန်းလာရတဲ့အခါ ကောင်းကောင်းနားလည်လာခဲ့ရပါတယ်။ တကယ်တော့ လူတွေမှာ မိမိကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေထဲက လေ့လာမှတ် သားစရာတွေကို မှတ်သား၊ ရှောင်စရာတွေကို ဆင်ခြင်ရှောင်ကြည်ခြင်းဖြင့် ဘဝကို အမှားတွေနည်းအောင် အေးချမ်းမှုကိုပိုမိုခံ စားရရှိနိုင်အောင်ကြိုးစားပိုင်ခွင့်ရှိကြပါတယ်။လူတွေမှာ တစ်ဦး နဲ့ တစ်ဦး ဘဝပေးကံကြမ္မာ မတူညီကြပေမယ့် မိမိကိုယ်ကိုအေးချမ်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကိုတော့ သဘာဝတရားက တန်းတူအခွင့်အရေးပေးထားပါတယ်။ ဒါတွေကို […]

“လူငယ်မျိုးဆက်တွေ မမေ့သင့်တဲ့ Learning Culture”

လေ့လာသင်ယူခြင်း ( Learning ) ဆိုတာ အသက်ရှင်သရွေ့ကာလပတ်လုံး လုပ်ဆောင်နေရမည့် အရာတစ်ခုပါ ။ လအများစုက တက္ကသိုလ်ကျောင်းက ဘွဲ့ရပြီးပြီဆိုတာနဲ့ လေ့လာသင်ယူခြင်းပြီးမြောက်ပြီးလို့ ခံယူထားကြပါတယ် ။ နောက်တစ်ခုကကျောင်း တွေမှာ စွဲမြဲလာတဲ့ စာကျက်ပျင်းတဲ့အလေ့အထကြောင့် လေ့လာသင်ယူခြင်း ကိုပါ တက်ကြွစွာလုပ်ဆာင် ရကောင်းမှန်း မသိဖြစ်နေကြပါတယ် ။ . အမှန်တကယ်တော့ ကျွန်တော် တို့နေ့စဉ်ဘ၀တွေဟာ အမြဲတမ်းလေ့လာသင်ယူနေရတာပါ ။ ကျောင်းပြီးသွားသော်လည်း လုပ်ငန်းခွင်အတွက်လေ့လာရတယ် ၊ လုပ်ငန်းခွင် ရောက်တော့လည်း ကိုယ့်ရှေ့ကစီနီယာတွေဆီကလေ့လာရတယ် ၊ အလုပ်သဘောတရား ၊ မသိနားမလည်သေးတာတွေမှတ်သားနေရတယ် ။ ကိုယ့်ဆီမှာ သင်ယူလေ့လာမှုရှိနေသရွေ့ ကျွန်တော်တို့ရှေ့ကိုဆက် နေတဲ့လူတစ်ယောက်လို ခံစားမိစေပါတယ် ။ . တစ်ချို့ကတော့ သင်ယူလေ့လာဖို့နေနေသာသာ ကိုယ့်မှာရှိတဲ့အရည်အချင်းကိုတောင်ဘယ်လိုအသုံးချရမလဲ မသိဖြစ်နေတက်ပါတယ် ။ […]

“သိမ်းငှက်တစ်ကောင်မှရရှိသော ဘဝအတွက် သင်ခန်းစာ ၇ မျိုး”

၁) သိမ်းငှက်တွေဟာ အမြင့်ပေပေါင်းများစွာဝေဟင်ထဲမှာ တစ်ကောင်ထဲပျံသန်းကြပါတယ်။ -သင့်ရောက်နေတဲ့ နေရာကနေ အောက်ကိုဆွဲချစေမဲ့ သာမာန်စိတ်အခြေအနေ ရှိတဲ့ လူမျိုးတွေကို ရှောင်ပါ။ မိမိကိုမြှင့်တင်ပေးမဲ့ မိတ်ဆွေတွေပဲ အနားမှာထားပါ။ ၂) သိမ်းငှက်တွေမှာ စူးရှတိကျတဲ့ မြင်ကွင်းပုံရိပ်တွေရှိတယ် ။ -သင်လည်း အနာဂတ်ရဲ့ စိတ်ကူးမြင်ကွင်းတွေရှိနေပါစေ။ ရည်မှန်းချက်တွေ၊ အနာဂတ်ပုံရိပ်တွေကို စိတ်ကူးထဲပုံဖော်နိုင်တဲ့ လူတွေဟာ အောင်မြင်ကြတယ်။ ၃) သိမ်းငှက်တွေက သေပြီးသား သားကောင်တွေကို မစားကြဘူး။ -သင်လည်း အတိတ်က အောင်မြင်မှုတွေမှာ သာယာမနေပါနဲ့။ အနာဂတ်မှာ ဘာတွေကျော်လွှားရမလဲဆိုတာပဲတွေးပြီး မှတ်တိုင်အသစ်တွေစိုက်ထူလိုက်ပါ။ ၄) သိမ်းငှက်တွေဟာ မုန်တိုင်းထဲမှာ ပျံဝဲရတာ နှစ်သက်ကြတယ်။ –  တကယ်အောင်မြင်သူတွေက ခက်ခဲမှုတွေကို စိန်ခေါ်လေ့ရှိကြတယ်။ အတားအဆီးတွေကို ချနင်းပြီး အဲဒီကနေ အကျိုးရလဒ်တွေရှိအောင်ထုတ်ကြတယ်။ ၅) သိမ်းငှက်အမတွေဟာ သိမ်းငှက်အထီးတွေနဲ့ […]

“ဘဝမှာ “

ဘဝမှာ လူကောင်းလာ လူဆိုးလာ၊ ဘယ်လိုလူ ဖြစ်ချင်လဲ။ ဘာအတတ် ပညာတတ်ချင်လဲ။ ပိန်ချင်လား ဝချင်လား။ ကျန်းမာချင်လား မကျန်းမာချင်ဘူးလာ။ ပျော်ချင်လား ဝမ်းနည်းချင်လား။ ချမ်းသာချင်လား ဆင်းရဲချင်လား။ ကျွနုပ်တို့ တစ်ဦးက ရွေးချယ်ရမှာပါ။ Yes or No!! ရလာဒ်ကို ရဲရဲကြီး လက်ခံလိုက်ပါ။ အလိုမကျရင် ပြောင်းပါ။ ထပ်ပြီး ရွေးချယ်ပါ။ ပိုပြီးကောင်းတဲ့ ဘဝမျိုးကို တည်ဆောက်ပါ။ သင့်ရဲ့ ရွေးချယ်ပြီး ဆောင်ရွက်မှုပေါ် မူတည်ကာ လောကကြီးက တုံ့ပြန်လာလိမ့်မယ်။ သင့် ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုကြောင့် ရရှိလာသောဘဝ အတွက် သင် တာဝန်ယူရလိမ့်မယ်။ တခြားသူများကို လက်ညိုးထိုး အပြစ်တင်နေမယ်ဆိုရင် သင်ဟာ သင့် ဘဝအတွက်တာဝန် မယူတတ်သူ၊ ကိုယ်ပိုင် ရွေးချယ်မှု မလုပ်တတ်သူ၊ သို့မဟုတ် […]

“အကျိုးမရှိတဲ့စကားဆို ဥပေက္ခာပြုလိုက်ပါ”

ဘဝမှာ ကြားသမျှ စကားလုံးတိုင်းကို တုံ့ပြန်ဖို့ မလိုသလို ငုံ့ခံနေဖို့လည်း မဟုတ်ဘူး။ တစ်ချို့သူတွေရဲ့စကားလုံးတွေဟာ တုံ့ပြန်စရာမလိုဘဲ သူ့အလိုလိုပြီးသွားတာတွေရှိတယ်။ တုံ့ပြန်လိုက်မှပိုရှုတ်သွားတာတွေ ဖြစ်တတ်တယ်။ စကားလုံးတိုင်းကို ခံစားနေဖို့ မလိုဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပဲလိုတယ်။ အလုပ်မှန်ရင် တုံ့ပြန်စရာမလိုဘဲ အလုပ်က ဖြေရှင်းသွားလိမ့်မယ်။ မတုံ့ပြန်တာဟာ ငုံ့ခံနေတာ မဟုတ်ဘူး။ အပင်ပန်းခံပြီး မခံစားတဲ့ သဘောပဲ။တစ်ချို့စကားတွေကျတော့ ပြန်ဖြေရှင်းဖို့လိုတယ်။ ဖြေရှင်းတာဟာ တုံ့ပြန်တာ မဟုတ်ဘူး။ “ဖြေရှင်းမှသာ အမှန်ကိုသိသွားမယ်၊ နှစ်ဦးနှစ်ဖက် အကျိုးယုတ်မှုတွေ မဖြစ်တော့ဘူး။ နားလည်မှုတွေ ရှိသွားမယ်”ဆိုရင် ဒါမျိုးကျတော့ပြန်တုံ့ပြန်ရမယ်။ ဒေါသနဲ့တုံ့ပြန်မှုမျိုး မဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်ဉာဏ်ရယ်၊ အကျိုးလိုလားတဲ့ မေတ္တာတရားရယ်ကို အခြေခံပြီး ပြန်ဖြေရှင်းရမယ်။ အဓိကကတော့ ဘယ်လိုစကားလုံးပဲလာလာ လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ။ လက်ခံတာဟာ ခံစားတာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိလာတာ။ ကြားသမျှအသံတွေအပေါ်မှာ […]

“ဖေဖေကပြောတယ်”

ဖေဖေက ပြောတယ်၊ “ ဖေကြီး… ဘာဖြစ်လို့ လူတွေတော်တော်များများ လူကူးမီးပွိုင့်ကို မစောင့်ဘဲ ကူးနေကြတာလဲဟင် ” “ သူတို့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိလို့နေမှာပေါ့ သား ” “ ဒါဆို သားလည်း ကျောင်းအမီသွားဖို့ အရေးကြီးတာပဲလေ.. သားတို့ကျတော့ ဘာဖြစ်လို့ မီးပွိုင့်စောင့်ပြီးမှ ကူးရတာလဲ” “ ဖေကြီး သားကိုမေးမယ်၊ လူစည်းကမ်း၊ လမ်းစည်းကမ်းဆိုတာရှိတယ် မဟုတ်လား ” “ ဟုတ်ကဲ့” “ ကိုယ်မှန်တယ်ထင်တဲ့ကိစ္စကို ဘယ်တော့မှ သူများယောင်ယောင် လိုက်မယောင်ရဘူး၊ အဲဒါကို “ မိမိကိုယ်ကို လေးစားခြင်း” လို့ခေါ်တယ်။ ဖေဖေကပြောတယ် – “ဖေကြီး နွေရာသီရောက်လာပြီလေ.. ဘာဖြစ်လို့သားတို့ အကျီင်္ အထူကြီးဝတ်ထားရတာလဲ” “ ဘာဖြစ်လို့လဲဆိုတော့ နွေရာသီက အခုမှ […]