“သိမ်းငှက်တစ်ကောင်မှရရှိသော ဘဝအတွက် သင်ခန်းစာ ၇ မျိုး”

၁) သိမ်းငှက်တွေဟာ အမြင့်ပေပေါင်းများစွာဝေဟင်ထဲမှာ တစ်ကောင်ထဲပျံသန်းကြပါတယ်။ -သင့်ရောက်နေတဲ့ နေရာကနေ အောက်ကိုဆွဲချစေမဲ့ သာမာန်စိတ်အခြေအနေ ရှိတဲ့ လူမျိုးတွေကို ရှောင်ပါ။ မိမိကိုမြှင့်တင်ပေးမဲ့ မိတ်ဆွေတွေပဲ အနားမှာထားပါ။ ၂) သိမ်းငှက်တွေမှာ စူးရှတိကျတဲ့ မြင်ကွင်းပုံရိပ်တွေရှိတယ် ။ -သင်လည်း အနာဂတ်ရဲ့ စိတ်ကူးမြင်ကွင်းတွေရှိနေပါစေ။ ရည်မှန်းချက်တွေ၊ အနာဂတ်ပုံရိပ်တွေကို စိတ်ကူးထဲပုံဖော်နိုင်တဲ့ လူတွေဟာ အောင်မြင်ကြတယ်။ ၃) သိမ်းငှက်တွေက သေပြီးသား သားကောင်တွေကို မစားကြဘူး။ -သင်လည်း အတိတ်က အောင်မြင်မှုတွေမှာ သာယာမနေပါနဲ့။ အနာဂတ်မှာ ဘာတွေကျော်လွှားရမလဲဆိုတာပဲတွေးပြီး မှတ်တိုင်အသစ်တွေစိုက်ထူလိုက်ပါ။ ၄) သိမ်းငှက်တွေဟာ မုန်တိုင်းထဲမှာ ပျံဝဲရတာ နှစ်သက်ကြတယ်။ –  တကယ်အောင်မြင်သူတွေက ခက်ခဲမှုတွေကို စိန်ခေါ်လေ့ရှိကြတယ်။ အတားအဆီးတွေကို ချနင်းပြီး အဲဒီကနေ အကျိုးရလဒ်တွေရှိအောင်ထုတ်ကြတယ်။ ၅) သိမ်းငှက်အမတွေဟာ သိမ်းငှက်အထီးတွေနဲ့ […]

“ဘဝမှာ “

ဘဝမှာ လူကောင်းလာ လူဆိုးလာ၊ ဘယ်လိုလူ ဖြစ်ချင်လဲ။ ဘာအတတ် ပညာတတ်ချင်လဲ။ ပိန်ချင်လား ဝချင်လား။ ကျန်းမာချင်လား မကျန်းမာချင်ဘူးလာ။ ပျော်ချင်လား ဝမ်းနည်းချင်လား။ ချမ်းသာချင်လား ဆင်းရဲချင်လား။ ကျွနုပ်တို့ တစ်ဦးက ရွေးချယ်ရမှာပါ။ Yes or No!! ရလာဒ်ကို ရဲရဲကြီး လက်ခံလိုက်ပါ။ အလိုမကျရင် ပြောင်းပါ။ ထပ်ပြီး ရွေးချယ်ပါ။ ပိုပြီးကောင်းတဲ့ ဘဝမျိုးကို တည်ဆောက်ပါ။ သင့်ရဲ့ ရွေးချယ်ပြီး ဆောင်ရွက်မှုပေါ် မူတည်ကာ လောကကြီးက တုံ့ပြန်လာလိမ့်မယ်။ သင့် ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုကြောင့် ရရှိလာသောဘဝ အတွက် သင် တာဝန်ယူရလိမ့်မယ်။ တခြားသူများကို လက်ညိုးထိုး အပြစ်တင်နေမယ်ဆိုရင် သင်ဟာ သင့် ဘဝအတွက်တာဝန် မယူတတ်သူ၊ ကိုယ်ပိုင် ရွေးချယ်မှု မလုပ်တတ်သူ၊ သို့မဟုတ် […]

“အကျိုးမရှိတဲ့စကားဆို ဥပေက္ခာပြုလိုက်ပါ”

ဘဝမှာ ကြားသမျှ စကားလုံးတိုင်းကို တုံ့ပြန်ဖို့ မလိုသလို ငုံ့ခံနေဖို့လည်း မဟုတ်ဘူး။ တစ်ချို့သူတွေရဲ့စကားလုံးတွေဟာ တုံ့ပြန်စရာမလိုဘဲ သူ့အလိုလိုပြီးသွားတာတွေရှိတယ်။ တုံ့ပြန်လိုက်မှပိုရှုတ်သွားတာတွေ ဖြစ်တတ်တယ်။ စကားလုံးတိုင်းကို ခံစားနေဖို့ မလိုဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပဲလိုတယ်။ အလုပ်မှန်ရင် တုံ့ပြန်စရာမလိုဘဲ အလုပ်က ဖြေရှင်းသွားလိမ့်မယ်။ မတုံ့ပြန်တာဟာ ငုံ့ခံနေတာ မဟုတ်ဘူး။ အပင်ပန်းခံပြီး မခံစားတဲ့ သဘောပဲ။တစ်ချို့စကားတွေကျတော့ ပြန်ဖြေရှင်းဖို့လိုတယ်။ ဖြေရှင်းတာဟာ တုံ့ပြန်တာ မဟုတ်ဘူး။ “ဖြေရှင်းမှသာ အမှန်ကိုသိသွားမယ်၊ နှစ်ဦးနှစ်ဖက် အကျိုးယုတ်မှုတွေ မဖြစ်တော့ဘူး။ နားလည်မှုတွေ ရှိသွားမယ်”ဆိုရင် ဒါမျိုးကျတော့ပြန်တုံ့ပြန်ရမယ်။ ဒေါသနဲ့တုံ့ပြန်မှုမျိုး မဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်ဉာဏ်ရယ်၊ အကျိုးလိုလားတဲ့ မေတ္တာတရားရယ်ကို အခြေခံပြီး ပြန်ဖြေရှင်းရမယ်။ အဓိကကတော့ ဘယ်လိုစကားလုံးပဲလာလာ လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ။ လက်ခံတာဟာ ခံစားတာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိလာတာ။ ကြားသမျှအသံတွေအပေါ်မှာ […]

“ဖေဖေကပြောတယ်”

ဖေဖေက ပြောတယ်၊ “ ဖေကြီး… ဘာဖြစ်လို့ လူတွေတော်တော်များများ လူကူးမီးပွိုင့်ကို မစောင့်ဘဲ ကူးနေကြတာလဲဟင် ” “ သူတို့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိလို့နေမှာပေါ့ သား ” “ ဒါဆို သားလည်း ကျောင်းအမီသွားဖို့ အရေးကြီးတာပဲလေ.. သားတို့ကျတော့ ဘာဖြစ်လို့ မီးပွိုင့်စောင့်ပြီးမှ ကူးရတာလဲ” “ ဖေကြီး သားကိုမေးမယ်၊ လူစည်းကမ်း၊ လမ်းစည်းကမ်းဆိုတာရှိတယ် မဟုတ်လား ” “ ဟုတ်ကဲ့” “ ကိုယ်မှန်တယ်ထင်တဲ့ကိစ္စကို ဘယ်တော့မှ သူများယောင်ယောင် လိုက်မယောင်ရဘူး၊ အဲဒါကို “ မိမိကိုယ်ကို လေးစားခြင်း” လို့ခေါ်တယ်။ ဖေဖေကပြောတယ် – “ဖေကြီး နွေရာသီရောက်လာပြီလေ.. ဘာဖြစ်လို့သားတို့ အကျီင်္ အထူကြီးဝတ်ထားရတာလဲ” “ ဘာဖြစ်လို့လဲဆိုတော့ နွေရာသီက အခုမှ […]

“အသက် ၂၄ နှစ်ပြည့်ပြီးနောက်ပိုင်း သင်လုံးဝမလုပ်သင့်တော့တဲ့ အရာများ “

၁။ အပေါစားအ၀တ်အစားတွေဝယ်တာကို ရပ်တန့်လိုက်ပါ။ လူငယ်ဘာသာသဘာဝ ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်းနဲ့အမီ သင်ဟာ ပေါ်ပင်ဖက်ရှင်တွေနောက်ကို လိုက်တဲ့လူငယ်တစ်ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အသက် ၂၄ နှစ်ကျော်ပြီဆိုရင်တော့ ပေါ်ပင်တွေနောက်ကို မလိုက်တော့ပဲ ကိုယ်နဲ့အသင့်တော်ဆုံးအလိုက်ဖက်ဆုံးဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း အများလေးစားခံရပြီး စတိုင်ကျတဲ့သူဖြစ်ဖို့ ကိုယ်ဝတ်ဆင်မယ့် အ၀တ်အစားတွေမှာ ရင်းနှီးမြှပ်နှံမှုကိုစတင်လိုက်ပါတော့။ တစ်လနှစ်ခါလောက် အ၀တ်အစားအသစ်တွေဝယ်ဝတ်နေမယ့်အစား အဲဒီပိုက်ဆံတွေကိုစုပြီး နှစ်လတစ်ခါလောက်မှဝယ်။ အရည်အသွေးကောင်းပြီး သင့်ကို စတိုင်ကျစေမယ့် အ၀တ်အစားမျိုးဝယ်ပါ။   ၂။ ကိုယ်နဲ့မသင့်တော်တဲ့ချစ်သူကို လက်တွဲဖြုတ်ပါ။ ကိုယ်နဲ့မသင့်တော်တဲ့သူဆိုတာ သိသိကြီးနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ကိုယ့်ဘ၀လက်တွဲဖော်ဆီက ဘယ်လိုအချက်တွေလိုချင်လဲဆိုတာ ချရေးပါ။ အဲဒါ သင်နဲ့ထိုက်တန်တဲ့လူပါပဲ။ အသက်အရွယ်ရလာလို့ မရှိရှိတဲ့လူကို ကြိတ်မှိတ်တွဲတာမျိုးမလုပ်ပါနဲ့။ ကိုယ်မပျော်ရွှင်မှန်း သိရက်နဲ့ အတင်းရှေ့မတိုးပါနဲ့။ ကိုယ့်ကိုမပျော်ရွှင်စေတဲ့လူနဲ့ အတူရှိနေ မယ့်အစား Single ဘ၀ကို ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကြီး ဖြတ်သန်းကြည့်စမ်းပါ။ […]

” ခုန်မချပါနဲ့ မိတ်ဆွေ “

ဒီပုံလေးက သိပ်ကိုင်လှုပ်နိုင်လွန်းလို့ မျက်ရည်တွေတောင် စို့ချင်စို့လာလိမ့်မယ်။ ဖြစ်ပုံက ဒီလိုပါ။ လူတစ်ယောက် လန်ဒန်မြို့တံတားတစ်ခုပေါ်က ကိုယ့်ကိုကိုယ် အဆုံးသတ်ဖို့ ကြိုးစားစဉ်ကလို့ ဆိုပါတယ်။ အခုပုံထဲမှာ သူ့ကို ဖက်ထားတဲ့ လူတွေဟာ သူမသိတဲ့ ဖြတ်သွားဖြတ်လာ သူစိမ်းတွေပါပဲ။ ပုံကို ကြည့်လိုက်ပါအုန်းဗျာ။ ဒီလူဘာတွေ အရှုံးပေးခဲ့လဲ၊ ကြုံတွေ့ ကြေကွဲခဲ့လဲဆိုတာ စကားလုံးတွေမပါပေမယ့် စိုက်နေတဲ့ သူ့ဦးခေါင်း အနေအထားကြည့်ရုံနဲ့ ခံစားရတယ်။ အိုး နိုး နိုး။ ဒါတင် ဘယ်ကသေးမလဲ။ မျက်မှန်ဝတ်ထားပြီး သူ့ လည်ပင်းကို တင်းတင်း သိုင်းဖက်ထားတဲ့ လူကရော ဒီလူကို ဘာတွေ အားပေးနေမလဲ။ ဒီသူစိမ်းဟာ ဒီလူငယ်ရဲ့ နောက်ကြောင်းကို မသိပေမယ့် ရှေ့ဆက်သွားဖို့ ဖြောင်းဖြနေမယ်ထင်တယ်။ ကျုပ် အကြိုက်ဆုံးကတော့ ခုန်ချမယ့် လူငယ်ရဲ့ ခြေထောက်ကို […]

ပညာရည်နိမ့်ကျသော နိုင်ငံများတွင် Facebook အား အင်တာနက် အဖြစ်ယူဆ အသုံးပြုသူအလွန်များပြား

Facebook ဟာ လူမှုကွန်ရက် တစ်ခု ဖြစ်တယ်လို့ လူတိုင်းသိထားကြပေမယ့် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ အတော်များများဟာ Facebook ကို အရင်းအမြစ်တစ်ခုအဖြစ်သာ အသုံးပြုနေကြပါတယ်။ အချို့ဆို Facebook ကို အင်တာနက်လို့ အထင်မှားနေသူတွေ တောင် ရှိပါတယ်။ ယခင်က ဆင်းကဒ်တစ်ကဒ်လျှင် ၁၅ သိန်းမှ သိန်း ၃၀ ကျော်အထိ ဈေးရှိခဲ့သော်လည်း ယခုအခါတွင် ဆင်းကဒ်များမှာ ဈေးပေါလာသည်နှင့်အမျှ အင်တာနက်အသုံးပြုမှု ပိုမိုတိုးတက်များပြားလာခဲ့သည်။ နေရာအတော်များများတွင် အင်တာနက် ဆက်သွယ်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သော်လည်း နိုင်ငံအတွင်းတွင် Facebook ကဲ့သို့ လူမှုကွန်ရက် များကိုသာ အရင်းအမြစ်အဖြစ် အသုံးပြုလာကြသည်။ မှတ်တမ်းများအရ Facebook ကို အရင်းအမြစ်တစ်ခုကဲ့သို့သော အသုံးပြုသော နိုင်ငံများသည် ပညာရေးနိမ့်ကျနေသော နိုင်ငံများ ဖြစ်နေကြသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် […]

“သင့်ဘဝအတွက် အရေးကြီးဆုံး မေးခွန်းတစ်ခု”

ကျွန်တော် လူပျိုအရွယ်မှာ အတော်လေး ဆိုးသွမ်းပါတယ်။ ရပ်ကွက်ထဲက လူငယ်တွေနဲ့ ရန်ဖြစ်တယ်။ ဖဲရိုက်တယ်။ အရက်သောက် မူးပြီးရမ်းတယ်။ မိဘတွေ လူကြီးတွေ ဆုံးမလို့ မရဘူး။ မိဘတွေနဲ့ မောင်နှမတွေ အရမ်းစိတ်ဆင်းရဲနေကြတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်ချင်ရာတွေ လုပ်နေရလို့ ပျော်နေတယ်။ ကျွန်တော့်ကြောင့် စိတ်ဆင်းရဲနေသူတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ တစ်ရက်မှာ ကျွန်တော့်ကျောင်းက ဆရာကြီးက သူ့အိမ်လာဖို့ သူငယ်ချင်းတစ်ယောက်ကနေ ခေါ်ခိုင်းလိုက်တယ်။ ကျွန်တော် သိလိုက်ပါပြီ။ ဆရာကြီး ကျွန်တော့်ကို ဆုံးမစကားတွေ ပြောတော့မယ်ဆိုတာ။ ကျွန်တော့်ကျောင်းက ဆရာ ဆရာမတွေထဲမှာ ဆရာကြီးဟာ ကျွန်တော်အလေးစားဆုံးနဲ့ အကြောက်ရဆုံးပါ။ ဆရာကြီးခေါ်တယ်ဆိုတော့လည်း ကျွန်တော် မသွားဘဲ မနေရဲဘူး။ နောက်တစ်ရက် မနက်မှာ ဆရာကြီးရဲ့အိမ်ကို ကျွန်တော် စက်ဘီးလေးစီးပြီး ရောက်သွားတယ်။ ဆရာကြီးကို […]

“အမေရက်စက်တာလား၊ လေ့ကျင့်ပေးတာလား”

ကျွန်တော့်ငယ်စဉ်ကလေးဘဝကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ အဖြစ်အပျက် အတော်များများကို မှုန်ဝါးဝါးလေးပဲ မှတ်မိပါတော့တယ်။ ဒါပေမဲ့ တချို့အကြောင်းတွေကျတော့ ခေါင်းထဲက ဖျောက်မရဘဲ အခုထိ အမှတ်ရနေဆဲပါ။ အဲဒါတွေထဲက တစ်ခုကတော့ အမေဟာ ကျွန်တော်ကို ငယ်စဉ်ကတဲက အခက်အခဲ၊ စိမ်ခေါ်မှုတွေကို မကြောက်တတ်အောင်၊ ရင်ဆိုင်ရဲအောင် မညှာမတာ လေ့ကျင့်ပေးခဲ့တယ်။ အဲဒီတုန်းကတော့ အမေဟာ ကျွန်တော့်အပေါ် ရက်စက်လွန်းတယ်၊ ကျွန်တော့်ကို မချစ်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါမှာ အခက်အခဲကို မကြောက်တတ်တော့ဘူး၊ ကိုယ်အားကိုယ်ကိုးတတ်လာတယ်၊ စွန့်စားရဲလာတယ်။ ဒါတွေဟာ ငယ်စဉ်က အမေ့ရဲ့ လေ့ကျင့်ပေးမှုတွေကြောင့်ပါလားဆိုတာကို နောက်မှ နားလည်လာခဲ့တယ်။ ကျွန်တော် ၄ နှစ်သားအရွယ်ပဲ ရှိအုံမှာပါ။ အမေက ကျွန်တော့်ကို ခေါ်ပြီး တနေရာကို ကားမောင်းသွားတယ်။ လမ်းမှာ အမေက ကားကို ရုတ်တရက် […]

“ဆရာတော် ဦးဇောတိက တရားတစ်ချို့”

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်း လာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။ (၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများ တဲ့ […]