“မူကြိုဆရာမလေးပြောခဲ့သောအဖြေလေးများ”

အိပ်ခန်းထဲရှိ စလောင်းတီဗွီ၌ အင်တာဗျူး တစ်ခုလာနေသည်။ ၎င်း အင်တာဗျူးကို…. စိတ်ဝင်တစားနားထောင်မိခဲ့သည်။ သဘောကျ မိပါသည်။ ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ဦးကို မေးမြန်းခြင်းဖြစ်သည်။ ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။ ” ဆရာမ တာဝန်ထမ်းတာ ကြာပြီလား ” ” ၃နှစ်လောက်ရှိပြီ” ” ဘာတာဝန်ယူရလဲ ” ” ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင် သိဖို့ တာဝန်ကိုယူရတယ် ” ” မူကြိုဆရာ အလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်တာလဲ ” ” နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့် ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ […]

“ဟားဗတ်ဒ် တက္ကသိုလ် ဆုံးမစကား အလိမ် ရှင်းတမ်း”

– (မှတ်ချက်) ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် တစ်ခုဖြစ်တဲ့ ဟားဗတ်ဒ် တက္ကသိုလ် ရဲ့ စာကြည့်တိုက် နံရံမှာ ရေးသား ထားတဲ့ ဆုံးမစာ အချက် ၂၀ ဆိုတာ ကြားဖူး ကြလိမ့်မယ် ထင်ပါတယ်။ ဟားဗတ်ဒ် တက္ကသိုလ် က ကျောင်းသား ကျောင်းသူ တွေ အတွက် နေ့စဉ် အားဆေး တစ်ခွက် လိုမျိုး ဖတ်မိသူ အဖို့ ခွန်အားတွေ ဖြစ်ထွန်း စေ ပါတယ်လို့ ဆိုပါတယ်။ အမှန်တကယ်တော့ ဘာမှ ဒီ အချက် ၂၀ ဆိုတာ ဟားဗတ် တက္ကသိုလ် မှာ မရှိပါ။ ဒီထွင်လုံး အချက် ၂၀ လုံး ပေါ်လာတာ တရုတ်ပြည် မှာပါ။ […]

“နေရာမှားသောတန်ဖိုး”

ကွယ်နေတဲ့မျက်လုံးထက် အဆိုးမြင်နေတဲ့မျက်လုံးက ပျော်ရွှင်မှုနဲ့ဝေးကွာစေပြီး သာလွန်သော ဆုံးရှုံးမှုကို ဖြစ်စေပါတယ်…. ဆွံ့အနေသောနှုတ်ထက် အပြောမတတ်သော နှုတ်က အန္တရာယ်ပိုများပြီး များစွာသော ဝဋ်ကြွေးသစ်ကို အစပျိုးစေပါတယ်…. သောတအာရုံချွတ်ယွင်းနေတာထက် အမှန် အမှား မခွဲခြားတတ်သောနားက အကုသိုလ် ပိုများစေပါတယ်…. ဉာဏ်ရည်မမှီသောဦးဏှောက်ထက် တွေးခေါ်မှုလွှဲတဲ့ဦးဏှောက်က ပစ္စုပ္ပန်သာမက သံသရာအဆက်ဆက်ပါ သောကငရဲနဲ့ပိုနီးစေပါတယ်… နေရာတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိပါတယ်…. ဓာတ်ဆီဟာ မိုင်ပေါင်းများစွာကို ခရီးပေါက်စေပါတယ်။ အထားမတတ်ရင် ဆင်းရဲခြင်းလမ်းကို ဖောက်ပေးပါတယ်….. အရသာရှိသောဟင်းလွှာရဖို့ မီးကများစွာအထောက်အပံ့ပေးပါတယ်။ တစ်ခဏသတိလက်လွတ်မိရင်တော့ ဟင်းသာမက ပိုင်ဆိုင်မှုများစွာကိုပါ ကြတ်စေပါတယ်… လောကမှာအပေါင်းအသင်းများစွာရှိပါတယ်။ တစ်ချို့သူတွေက ငရဲသွားဖို့ အထောက်အကူပြုပြီး အချို့ကနိဗ္ဗာန်ရောက်ဖို့ လက်ယှက်ခေါ်ပါတယ်။ ကျမတို့ရဲ့ရွေးချယ်တတ်မှုဟာ ကျမတို့ရဲ့ဘဝပါ။ (မိမိကိုယ်ကိုဆုံးမခြင်း) မဟူရာ Credit# < Unicode Version > ကွယ်နေတဲ့မျက်လုံးထက် အဆိုးမြင်နေတဲ့မျက်လုံးက […]

“အောင်မြင်ခြင်းဆီသို့”

ရည်မှန်းချက် ကြီးကြီးထားပါ။ ဒါပေမယ့် သေးသေးလေးကနေ စပြီး အကောင်အထည်ဖော်ပါ။ စိတ်အားထက်သန်စွာ အလုပ်လုပ်ပါ။ တစ်နေ့မှာ အောင်မြင်ရမယ်လို့ ယုံကြည်ထားပါ။ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာအောင် အမြဲကြိုးစားလေ့ကျင့်ပါ။ သင့်အတွက် အကျိုးရှိစေမယ့် စာအုပ်ကောင်းတွေကို ရှာဖွေဖတ်ရှုပါ။ လက်တွေ့လုပ်ဆောင်ပါ။ အမှားတွေ လုပ်မိမှာကို မကြောက်ပါနဲ့။ ဥစ္စာပစ္စည်းတွေအပေါ် အရမ်းလောဘမကြီးပါနဲ့။ လောဘကြီးခြင်းဟာ ကျရှုံးခြင်းဆီကို ဦးတည်စေပါတယ်။ နားထောင်သူတစ်ယောက် ဖြစ်အောင်နေပါ။ သူများစကားပြောတာကို ကောင်းကောင်း နားထောင်ပေးခြင်းက သင့်အတွက် အကျိုးရှိစေပါတယ်။ အမှားတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ။ အရင်က ဘာကြောင့် ကျရှုံးခဲ့တယ်ဆိုတာကိုလဲ သေချာသိအောင်လုပ်ပါ။ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး၊ ဆွေးနွေးလုပ်ဆောင်တတ်အောင် ကြိုးစားပါ။ သိသမျှအကုန်လုံးကို အမြဲဖွင့်ပြောစရာမလိုပါဘူး။ တချို့အရာတွေက လျှို့ဝှက်ထားဖို့လိုပါတယ်။ တတ်ထားတဲ့ အသိပညာတွေကို အခြားသူတွေဆီ မျှဝေသင်ကြားပေးပါ။ အခြားသူကို မျှဝေရင်း […]

“နှစ်သက်လို့ အကြိမ်ကြိမ် ဖတ်ဖြစ်တဲ့ စကားလုံးများ”

အပိုဒ် ( ၁ ) •••••••••••••• သင်၏တာဝန်ဟာသင့်ရဲ့ ဘ၀လားရာဖြစ်တယ်။ သင်၏အတွေ့အကြုံဟာ သင့်ရဲ့အရင်းအနီးဖြစ်တယ်။ သင့်၏ ကိုယ်ကျင့်တရားဟာ သင့်ရဲ့ ဘ၀ကံကြမ္မာဖြစ်တယ်။ . အပိုဒ် ( ၂ ) •••••••••••••• ရူတ်ထွေးနေသည့်အလုပ်ကို ရိုးရှင်းအောင်လုပ်ပါ။ သင်သည်ပညာရှင်။ ရိုးရှင်းနေသည့်အလုပ်ကို အကြိမ်ကြိမ်လုပ်ပါ။ သင်သည် ပါရဂူ။ အကြိမ်ကြိမ်လုပ်နေရတဲ့အလုပ်ကို စိတ်ပါလက်ပါလုပ်ပါ။ သင်သည် အောင်နိုင်သူ ဖြစ်လာပါမည်။ . အပိုဒ်( ၃ ) ••••••••••••• လှပခြင်းသည် မိမိကိုယ်မိမိယုံကြည်မူရှိသူတို့အတွက်၊ အခွင့်အရေးသည် စွန့်ဦးထိုးဖောက်သူတို့ အတွက်၊ အံ့ဖွယ်အောင်မြင်သူမူတို့သည် ဇွဲရှိသူတို့အတွက်ဖြစ်သည်။ . အပို်ဒ် ( ၄ ) •••••••••••••• သင်မလုပ်ချင်လျင် အကြောင်းပြချက်တွေ့စမြဲ ။ သင်တကယ်လုပ်ချင်လျင် နည်းလမ်းရှာဖွေတွေ့စမြဲ ။ […]

”အချိန်ရဲ့တန်ဖိုး”

– တစ်ဘဝရဲ့ တန်ဖိုးကို သိချင်ရင် သေခြင်းတရားကို စောင့်စားနေတဲ့ ကင်ဆာရောဂါသည်ကို မေးကြည့်ပါ။ – တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။ – တစ်လရဲ့တန်ဖိုးကို သိချင်ရင် လမစေ့ဘဲ မွေးလာတဲ့ ကလေးရဲ့ မိခင်ကို မေးကြည့်ပါ။ – တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကို မေးကြည့်ပါ။ – တစ်နေ့ရဲ့တန်ဖိုးကို သိချင်ရင် ကလေး ၆ ယောက်ခန့်ကို ကျွေးနေရတဲ့နေ့စဉ်အလုပ်သမား တစ်ဦးကိုမေးကြည့်ပါ။ – တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင် ဆုံစည်းခွင့်ကို စောင့်ဆိုင်းနေတဲ့ ချစ်သူများကို မေးကြည့်ပါ။ – တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင် ရထား မမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။ – တစ်စက္ကန့်ရဲ့တန်ဖိုးကိုသိရင် ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို […]

“ဂဏန်းလိုလူ”

ပင်လယ်ကမ်းခြေမှာ အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေသူကို ကလေး တစ်ယောက်က သွားမေးတယ်။ ဘာလို့ ပလိုင်းကိုကို ဖုံးမထားတာလဲတဲ့။ ဂဏန်းတွေ ထွက်ကုန်မှာပေါ့တဲ့။ ဒါနဲ့ အဖိုးအိုက ပြုံးရယ်စွာနဲ့ပဲ ပြန်ဖြေ ပါတယ်။ “တစ်ကောင်တည်းဆိုရင်တော့ ထွက်ကောင်းထွက်လိမ့်မယ်။ ခုတော့ သူတို့တွေ ကိုယ်ချင်းကိုယ်ချင်း အောက်ကို ဆွဲချနေတာ ဘယ်သူမှ ထွက်နိုင်မှာ မဟုတ်ပါဘူး” Crab mentality လို့ ခေါ်တဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။ ဂဏန်းတွေရဲ့ အလေ့အထ တစ်ခုက တစ်ကောင်ကောင် အပေါ်တက်ဖို့ ကြိုးစားရင် အောက်မှာ ကျန်ခဲ့တဲ့ အကောင်တွေက ဆွဲချပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တက်ပြီ ဆိုရင် ဆွဲချလေ့ ရှိပြီး ဘယ်သူမှ ဖွင့်ထားတဲ့ အဖုံးကနေ ထွက်နိုင်စွမ်း မရှိပါဘူး။ လူအချို့မှာလဲ […]

“ပြောင်းလဲမှုကို ဘယ်လိုတုံ့ပြန်မလဲ”

ဘယ်တော့မှ မပြောင်းလဲသော အမှန်တရားတစ်ခုက ပြောင်းလဲခြင်းပါ။ အရာရာဟာ နေ့စဉ်ပြောင်းလဲ နေတယ်။ တဖြည်းဖြည်းပြောင်းလဲတာနဲ့ ရုတ်တရက် ပြောင်းလဲတာပဲ ကွာခြားပါတယ်။ လူဖြစ်လာရင် ပြောင်းလဲမှုကို အမြဲတမ်း တွေ့ကြုံနေရမှာပါ။ ကျောင်းပြောင်းတက်ရတာ၊ အိမ်ပြောင်းရတာ၊ မိသားစုတယောက်ယောက် ကွယ်လွန်တာ၊ အစိုးရပြောင်းလဲတာ၊ စီးပွားပျက်တာ အများကြီးပါပဲ။ ပြောချင်တာက ပြောင်းလဲမှုဆိုတာ အမြဲဖြစ်နေမှာ ဖြစ်သလို ရှောင်လွဲလို့ ရမှာ မဟုတ်ပါဘူး။ပြောင်းလဲမှုနဲ့ ကြုံတိုင်း လူတွေရဲ့ တုံ့ပြန်မှု ၂ မျိုး ရှိတယ်။ လူအတော်များများက ပြောင်းလဲမှုကို မကောင်းဘူးလို့ မြင်ကြတယ်။အန္တရာယ်လို့ မြင်ကြတယ်။ ကြောက်ကြတယ်။ ရှောင်လို့ရရင် ရှောင်ပြေးချင်ကြတယ်။ ပြောင်းလဲမှုကို ဘာလို့ ကြောက်ကြတာလဲ။ ဘာလို့ ရှောင်ပြေးချင်ကြတာလဲ။ သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိကြလို့ပါ။ ဘာဖြစ်လို့ ယုံကြည်မှု မရှိတာလဲ။ ပြောင်းလဲခြင်းကို […]

“တသက်လုံး မုန့်ဟင်းခါး ချက်တော့မှာလား …”

တစ်ခါတုန်းက ကောင်လေးတစ်ယောက်မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်.. သူက မုန့်ဟင်းခါးကို ကျကျ နနချက်တတ်တော့ သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်… စားကောင်းလွန်းအားကြီးတော့သူ့ မုန့်ဟင်းခါးက အစောကြီး ကုန်ကုန်သွားတယ် သူကလည်း မုန့်ဟင်းခါးကို စေတနာပါပါနဲ့ ချက်တယ် သူ့ မုန့်ဟင်းခါးလည်း နာမည်ရလာတယ်… ဒီလိုနဲ့ တစ်နေ့ ခါတိုင်းထက် စောပြီးတော့ကို မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ် ဒီတော့ ကောင်လေးလည်း ပျင်းပျင်းရှိတာနဲ့သူ့မှာပါလာတဲ့ ဂီတာထိုင်တီးတယ်… ကောင်လေးက ဂီတာထိုင်တီးတာ ဝါသနာပါတယ် ဒါပေမဲ့ ပညာရှင်တစ်ယောက်လို တီးတတ်တာတော့ မဟုတ်ဘူး သို့သော် နားထောင်လို့ ကောင်းရုံတော့ အသင့်အတင့် တော့တီးတတ်တယ်… အဲ့တော့ သူဂီတာထိုင်တီးနေတုန်းမှာဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက သတိထားမိပြီး လာနားထောင်ကြတယ် လက်ခုပ်သြဘာပေးကြတယ် ဟိုသီချင်းလေးတီးပြပါ ဒီသီချင်းလေးတီးပြပါပေါ့ .. […]

“သတိ မြဲပါစေ”

သတိမမူရင် ဂူမမြင်ဘူးတဲ့။ စကားတစ်ခွန်းပြောတော့မယ်ဆိုရင် သတိလေး ထားနိုင်ရင် ပိုကောင်းပါတယ်။ အထူးသဖြင့် ကိုယ့်စိတ်မကြည်မလင် ဖြစ်နေတဲ့ အချိန်မျိုးမှာ ပိုပြီးအရေးကြီးပါတယ်။ ကြမ်းကျွံရင် နှုတ်လို့ရပေမယ့် စကားကျွံရင်တော့ နှုတ်လို့ မရနိုင်ပါဘူး။ ကိုယ့်ရဲ့ အပြုအမှု ၊ အပြောအဆို လုပ်ရပ် တွေက လူတစ်ယောက်ရဲ့ ဘဝကို အများကြီး ပြောင်းလဲ သွားစေပါတယ်။ စကားကြောင့် ချစ်ကြသည်။ စကားကြောင့် မုန်းကြ သည်။ စိတ်နာ စရာ စကားတစ်ခွန်းကို ဆယ် စက္ကန့် အတွင်းမှာ ကျွန်တော်တို့ ပြောနိုင်ပေမယ့် ခံစားရသူ တွေ အတွက် ဆယ်နှစ်ကြာတာတောင့် မေ့ဖို့ ခက်ခဲ သွား နိုင်ပါတယ်။ ကိုယ့်ရဲ့ ကျူးလွန်မိတဲ့ အမှားတစ်ခု အတွက် ကျွန် တော်တို့ ပြန်လည် […]