“တန္ဖိုးဆိုတာ”
မကုန်လို့သွန်ပစ်လိုက်တဲ့ ထမင်းတွေရဲ့တန်ဖိုးကို ဆာလောင်နေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး မဝတ်ချင်တော့လို့ချောင်ထိုးလိုက်တဲ့ အကျီ င်္တွေရဲ့တန်ဖိုးကို အဝတ်ထည်ရှားပါးနေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး မပြတ်သေးပဲစွန့်ပစ်လိုက်တဲ့ ဖိနပ်တွေရဲ့တန်ဖိုးကို ဖိနပ်မပါပဲသွားလာနေရသူတွေကလွဲလို့ ကျွန်တော့်တို့မသိနိုင်ဘူး ဒါလေးနဲ့ဖုန်းဘေလ်တစ်လစာ မလောက်ဘူးဆိုတဲ့ ပိုက်ဆံတွေရဲ့တန်ဖိုးကို ဒါလေးနဲ့တစ်လလုံးလောက်အောင် စားနေရသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး မိုးရွာလို့ကျောင်းမသွားချင်ဘူးဆိုတဲ့ အချိန်တွေရဲ့တန်ဖိုးကို မိုးရွာထဲမှာငွေရှာနေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး အဖေကတအားချုပ်ချယ်တယ် အမေကတအားဆူတယ်ဆိုတဲ့ မိဘတွေရဲ့ တန်ဖိုးကို မိဘမဲ့နေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး Credit: Original Uploader လေးစားစွာဖြင့်မျှဝေပါသည်…….! { July Moe } < Unicode Version > မကုန်လို့သွန်ပစ်လိုက်တဲ့ ထမင်းတွေရဲ့တန်ဖိုးကို ဆာလောင်နေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး မဝတ်ချင်တော့လို့ချောင်ထိုးလိုက်တဲ့ အကျီ င်္တွေရဲ့တန်ဖိုးကို အဝတ်ထည်ရှားပါးနေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး မပြတ်သေးပဲစွန့်ပစ်လိုက်တဲ့ ဖိနပ်တွေရဲ့တန်ဖိုးကို ဖိနပ်မပါပဲသွားလာနေရသူတွေကလွဲလို့ ကျွန်တော့်တို့မသိနိုင်ဘူး ဒါလေးနဲ့ဖုန်းဘေလ်တစ်လစာ […]
“လူရာ၀င္တယ္ဆိုုတာ “
လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊ သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်။ ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါရဲ့လား၊ သင့်ရဲ့ တည်ရှိမူကော သူများအတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းစေလို့လဲ၊ ဒါတွေအားလုံးထည့်တွက်ကြရမှာပါ။ လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊ ဘယ်သူတွေနဲ့ ထ္မင်းအတူစားဖူးတယ်၊ လ္ဘက်ရည်အတူသောက်ဖူးတယ်၊ ဘယ်လောက်အဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊ ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊ အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး။သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊ သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊ သင်နဲ့ တောက်လျှောက် အဆက်အသွယ်မပျက် ဆက်ဆံနေချင်ကြတယ်။ ဒါတွေပိုအရေးပါပါတယ်။ လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်ကို အသုံးချနိုင်တယ်၊ လူဘယ်လောက်အပေါ် သြဇာသက်ရောက်တာနဲ့ မသက်ဆိုင်ပါ။ သင်လူဘယ်လောက်များများကို ကူညီဖူးတာနဲ့တော့ ပိုသက်ဆိုင်ပါတယ်။ လူရာဝင်တဲ့လူများဟာ အောက်ပါအရည်အသွေးများကို ပိုင်ဆိုင်ထားကြပါတယ်။ ၁။ နေရာလဲပြီး စဉ်းစားတတ်ခြင်း သူများနေရာဝင်ပြီး […]
“လောကနိယာမ”
ဘဝမှာ အောင်မြင်မှုအတွက် လက်မထောင်ရဲရင် ရှုံးနိမ့်မှုအတွက်လည်း ရင်ဆိုင်ရဲရမယ်။ ဘဝမှာ အမှန်တရားအတွက် ရင်ဆိုင်ရဲရင် မှားယွင်းမှုအတွက်လဲ ဝန်ခံရဲရမယ်။ ဘဝမှာ ချီးမွမ်းမှုအတွက် ကျေနပ်ရဲရင် ကဲ့ရဲ့မှုအတွက်လည်း ခံနိုင်ရဲရမယ်။ ဘဝမှာ အချစ်အတွက် သတ္တိရှိရင် အမုန်းခံရတော့လည်း ပြုံးပြုံးပဲပေါ့။ ဘဝမှာ ပိုင်ဆိုင်ခွင့်ရလို့ ကြည်နူးရဲရင် ပေးဆပ်ရချိန်မှာလည်း မကြေကွဲကြေးပေါ့။ တကယ်တော့ ပျော်ရွှင်မှုအတွက်သာ စိတ်ကိုပြင်ဆင်ထားပြီး ဝမ်းနည်းခြင်းကို ခံနိုင်ရည်ရှိဖို့ မပြင်ဆင်ထားကြလို့ စိတ်သောကဆိုတာ ရောက်ရတာပါ။ ဘာဖြစ်လဲ လောကကြီးထဲရောက်လာဖို့ သတ္တိရှိရင် ထွက်ခွာသွားဖို့လည်း ဘာလို့သတ္တိမရှိရမှာလဲ။ အသက်ကို ဆုပ်ကိုင်ထားဖို့ရာ ဘိုးဘွားပိုင်မြေမှ မဟုတ်တာ.. ဘာဖြစ်ဖြစ် ပျော်ပျော်ပါးပါးပေါ့… လောကကို နိုင်တဲ့သူဆိုတာ ချစ်ခြင်း မုန်းခြင်း နိုင်ခြင်းရှုံးခြင်း ဝမ်းနည်းခြင်း ဝမ်းသာခြင်း ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့အပေါ်မှာ မတုန်လှုပ်တဲ့သူပေါ့.. . […]
“တိုးရဲစမ်းပါ”
မျောက်တစ်ကောင်ကို ငှက်ပျောသီးတစ်လုံးနဲ့ ရွှေချောင်းတစ်ချောင်ပေးမယ်။ မျောက်က ငှက်ပျောသီးကို ရွေးချယ်မှာပါ။ ရွှေချောင်းက ငှက်ပျောသီး အများကြီးကို လဲလည်နိုင်မှန်း မျောက်မသိဘူးလေ၊ အလားတူပါပဲ… လူတစ်ယောက်ကို ရွှေချောင်းတစ်ချောင်းနဲ့ ဥာဏ်ပညာတစ်ခု ပေးမယ်။ လူတော်တော်များများဟာ ရွှေချောင်းကိုရွေးချယ်ကြမှာပါ။ ဥာဏ်ပညာဟာ ရွှေချောင်းအများကြီးကိုလဲလည်နိုင်တယ်ဆိုတာ မယုံကြည်ကြဘူးလေ၊ အချိန်တော်တော်များများမှာ ရွေးချယ်မူဟာ ကြိုးစားမူထက် အရေးကြီးတတ်ပါတယ်။ ငါဘာကောင်လဲဆိုတာ အရေးမကြီးပါ၊ ငါဘာလုပ်နေသလဲဆိုတာတော့ အလွန်အရေးကြီးပါတယ်၊ ငါလုပ်နေတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်က အရေးတကအရေးကြီးဆုံး ဖြစ်ပါတယ်။ ဘ၀ဆိုတာ ပင်ပန်းမူတွေ၊ မောပန်းမူတွေ ဧကန်မလွှဲ သင်ကြုံရမှာပါ။ သင်ယခု မပင်ပန်းချင်ဘူးဆိုရင်၊ နောင် သင်ပိုပင်ပန်းပါလိမ့်မယ်။ ဘ၀ဆိုတာ ဒုက္ခအများကြီးနဲ့ ကြုံရစမြဲပါ၊ သင်ဒီတစ်နေ့ ဒုက္ခမခံထားဘူးဆိုရင် နောင် သင်ပိုဒုက္ခတွေ့ပါလိမ့်မယ်။ ပျော်ရွှင်မူဆိုတာ ပင်ပန်းပြီးမှ အနားယူတဲ့ အရသာမျိုးပါ။ ခါးသက်ပြီးမှ၊ ချိုမြိန်ခြင်းရဲ့ […]
“ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့ “
လူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း ဆင်တွေကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထားတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ်။ သူ အံ့သြသွားပါတယ်။ “ ဒီ ဧရာမသတ္တဝါကြီးတွေကို ဘာဖြစ်လို့ ကြိုးသေးသေးနဲ့ ချည်ထားတာတောင် ဆင်တွေမပြေးတာလဲ၊ သံမဏိကြိုးလည်း မဟုတ်၊ လှောင်အိမ်လည်း မဟုတ်ဘဲနဲ့ ဒီကောင်ကြီးတွေ အလွယ်တကူရုန်းပြီး ထွက်ပြေးနိုင်တာကို ဘာလို့ မပြေးကြတာလဲ” လို့ တစ်ယောက်တည်း တွေးမိလိုက်ပါတယ်။ အဲလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ “ အကိုဆင်ထိန်း ဆင်ဆိုတဲ့သတ္တဝါက တော်တော်အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ၊ အံပါရဲ့” လို့ မေးလိုက်ပါတယ်။ ဆင်ထိန်းက “ ကောင်းပြီ […]
“ဆရာဝန် တွေလက်ရေးမသေသပ်ဘဲဖြစ်သလိုရေးရတဲ့ အကြောင်းရင်း”
ဆေးခန်းသွားပြပြီး ဆရာဝန်ရေးပေးလိုက်တဲ့ဆေးစာကို ဖတ်ရင် ဘယ်လောက်ပဲ မျက်လုံးကြုံ့ပြီး စူးစိုက်ကြည့်လည်း ဘာရေးထားမှန်းမရှင်းပါဘူး။ဒီလိုဖတ်မရတဲ့လက်ရေးမျိုးရေးနိုင်တာကိုက ဆေးတက္ကသိုလ်ဆင်းတွေရဲ့ ကျွမ်းကျင်မှုပါ။ ဆရာဝန်တွေက တခြားအလုပ်ကလူတွေထက် ပိုပြီးစာရေးရပါတယ်။ ဆေးပညာလောကမှာ မှတ်တမ်းမှတ်ရာတွေက အမြဲတမ်းလိုအပ်နေတော့ လူနာတွေရဲ့ ရောဂါအကြောင်းအရာကို အမြဲလိုလို လက်ရေးအထောက်အထားနဲ့ မှတ်ထားရပါတယ်။ နေ့စဉ်ရက်ဆက် အများကြီးမှတ်သားပြီးရေးရမယ်ဆိုရင် လက်တွေညောင်းရချည်ရဲ့။ တချို့ဆရာဝန်တွေဆို လက်ကြွက်သားတွေ နာလွန်းတာကြောင့် လက်ရေးပိုပိုဆိုးလာတာပါတဲ့။ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်နဲ့ ဆွေးနွေးဖို့အချိန် တစ်နာရီရမယ်ဆို သူတို့လည်းလက်ရေးဖြည်းဖြည်းရေးပြီး လက်ကိုအနားပေးမှာပေါ့။ တကယ်တမ်းကျတော့ အထွေထွေရောဂါကုဆရာဝန်တွေအတွက် လူနာက တန်းစီနေတာပါ။ သတ်မှတ်ချိန်တိုလေးမှာ လူနာအများကြီးကြည့်နေရတော့ လက်ရေးလှဖို့ထက် ရောဂါအကြောင်းရင်းရဖို့ကို ပိုအလေးထားရပါတယ်။လူနာတွေဘက်ကကြည့်ပြန်ရင်လည်း ဆေးပညာလောကသားတွေနားလည်တဲ့ ဝေါဟာရတွေက သူတို့အတွက် ခေါင်းကုတ်ဖင်ကုတ် စဉ်းစားရင်တောင်မရပါဘူး။ ဒါကြောင့်ဆရာဝန်တွေ က လက်ရေးကိုအရမ်းဂရုစိုက်သင့်ပါတယ်။ ဥပမာ – mg လို့ရေးမဲ့အစား မီလီဂရမ်လို့ […]
“တွန်းအား ” 
တစ်စုံတစ်ယောက်အတွက် ကောင်းမွန်သည့် တွန်းအား ပေးခြင်းသည် အပြု အမှု ကောင်း ဖြစ်ပေ၏ ။ ထိုသူ လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ မိမိ ၏ စေတနာ အတွက် မိမိကသာ သိနေ ပေ၏ ။ နောက်ထပ် တစ်ချက်အနေ ဖြင့် တစ်စုံတစ်ယောက် ကို သင့်၏ လိုအင်ဆန္ဒ အတွက် ဘယ်တော့မှ တွန်းအား မပေးပါနဲ့ ။ သင် သည် သူ့ အတွက် လိုအပ်နေသည် ဟု ယုံကြည်မှုရှိလာတဲ့အခါ သင့် အလိုကို ဖြည့်ဆည်းပေးလာမည် ဖြစ်၏ ။ #kazaw Credit# < Unicode Version > တစ်စုံတစ်ယောက်အတွက် ကောင်းမွန်သည့် တွန်းအား ပေးခြင်းသည် […]
“ဘယ်​လိုမျိုးလဲ “
“အခက်ဆုံးမေးခွန်း”
တက္ကသိုလ်ကျောင်းသား ၄ ယောက်ဟာ နောက်နေ့မှာလုပ်မယ့် လပတ်စာမေးပွဲအတွက် စာမကြည့်ကြပဲ ပါတီပွဲတစ်ခုကို သွားကြတယ်။ မနက်မိုးလင်းခါနီးမှ အဆောင်ကို ပြန်ရောက်လာကြတယ်။ မနက်ရောက်တော့ သူတို့ဟာ အိပ်ချင်မူးတူးနဲ့ စာမေးပွဲခန်းထဲရောက်လာကြပြီး စာစစ်တဲ့ ဆရာကို သူတို့ကို နောက်နေ့ကျမှ စာမေးပွဲဖြေခွင့်ပြုဖို့ ဝိုင်းပြောကြတယ်။ သူတို့ရဲ့ အကြောင်းပြချက်က ညက မင်္ဂလာဆောင်တစ်ခုကို သွားကြရင်း အပြန်ကျတော့ လမ်းမှာ ကားဘီးပေါက်တယ်။ ကားဘီးအပို မပါလို့ ကားကို လမ်းဘေးမှာ ထားခဲ့ပြီး လမ်းလျှောက်ပြန်လာတာ မနက်မိုးလင်းခါနီးမှ အဆောင်ကို ပြန်ရောက်ကြလို့ပါတဲ့။ ဆရာကလည်း သူတို့ကို သနားတဲ့အကြည့်နဲ့ ကြည့်ရင်း နောက် ၃ ရက်နေမှ စာမေးပွဲကို ပြန်လာဖြေကြလို့ ပြောလိုက်တယ်။ သူတို့ ၄ ယောက်စလုံး ဝမ်းသာအားရနဲ့ အခန်းထဲက ထွက်သွားကြတယ်။ ၃ […]