“ဘ၀နေနည်း (၁၅)ချက် “

  ၁။မလိမ်ပါနဲ့။ လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာ မလိမ်ညာပါနဲ့။ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။   ၂။လှည့်စား၊သစ္စာမဖာက်ပါနဲ့။ အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။ လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလို ဖြစ်တတ်တယ်။   ၃။မမုန်းပါနဲ့။ ခဏတာရှင်သန်ရတဲ့ ဘ၀လေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။ ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။   ၄။စိတ်မပူပါနဲ့။ ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျိုးဖြစ်တယ်။ အကောင်းမြင်တတ်အောင် ကြိုးစားပါ။ လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။ ပြသနာ အစိတ်မပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။   ၅။အမြင့်ဆုံးမှန်းပါ။ ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။ အောင်မြင်ခြင်း […]

“သားသားလေးများအတွက် မေမေ့ မှာစကား”

– စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ -လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ -ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ -စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ -စိတ်ဝင်စားတဲ့အလုပ်ကိုပဲ ရွေးလုပ်ပါ သား . သားစိတ်မဝင်စားတဲ့ အလုပ်ကို ဘယ်သူက ဘယ်လောက်ပဲ တွန်းအားပေးနေပါစေ အကျိုးသင့် အကြောင်းသင့်ပြောပီးပြတ်ပြတ်သားသားနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ . -လူတွေကို အားမနာပါနဲ့ သား . အားနာတယ်ဆိုတဲ့စိတ်က သားကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး -လူတွေကို […]

“စာသားကောင်းလေးများ”

ကြီးမားတဲ့ အောင်မြင်မှုဆိုတာ ကြီးမားတဲ့ စွန့်လွတ်မှုကနေ ထွက်ပေါ်လာတာ ဖြစ်တယ်။ ပညာရေးဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ စွမ်းအားအရှိဆုံးလက်နက်ပဲ။ ပြဿနာ တစ်ခုကြုံတဲ့အခါ တော်တဲ့သူကဖြေရှင်းတယ် ဉာဏ်ကောင်းတဲ့သူက ရှောင်သွားတယ်။ စစ်လက်နက်ပစ္စည်းနဲ့ တတ်သိမ်းစရာ မလိုဘူး ပညာတတ်အောင်လုပ် သူဟာသူ ကျွန်လာခံလိမ့်မယ်။ ဉာဏ်ပညာကင်းမဲ့သူသူရဲ့ နှလုံးသားဟာ သူ့ပါးစပ်ထဲမှရှိပြီ တွေးခေါ်မြော်မြင်နဲ့ ဉာဏ်ပညာရှိသူရဲ့ နှုတ်ကတော့ သူ့နှလုံးသားထဲမှာရှိတယ် ရှုံးနိမ့်မှုကို ကြုံတဲ့အခါ ရည်မှန်းချက်ကို ပြောင်းလဲဖို့ထက် လုပ်ပုံကိုင်ပုံကို ပြောင်းလဲဖို့ကြိုးစားပါ။ ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကိုလုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ ကိုယ်လုပ်တဲ့ အလုပ်ကိုချစ်ဖို့ပဲ။ မင်းလဲကျတာကို ငါစိတ်မပူဘူး မင်းပြန်မထမှာကိုပဲ ငါစိတ်ပူတယ်။ Credit #  

” Car Dashboard ပေါ်မှ အချက်ပြသင်္ကေတများ “

Cruise Control အဝေးပြေးလိုလမ်းဖြောင့်တွေပေါ်မှာ ယာဉ်မောင်းရဲ့ သက်မှတ်မြန်နှုန်းအတိုင်း အလိုအလျောက်မောင်းနှင်ပေးနေတဲ့ အချိန်မျိုးမှာ အချက်ပြပေးမှာဖြစ်ပါတယ်။ မော်တော်ကားမောင်းနှင်ခြင်းကို သက်သက်သာသာရှိအောင် ကူညီထိန်းကျောင်းလုပ်ဆောင်ပေးမယ့် အကူစနစ်ဆိုရင် မမှားပါဘူး။ အချက်ပြနေတာကို ပိတ်ချင်ရင် ဘရိတ်ကိုအသုံးပြုရပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အချက်ပြစနစ်ပိတ်မသွားပဲဆက်ပြီး ပေါ်နေဦးမယ်ဆိုရင် ချွတ်ယွင်းချက်ရှိနေတာဖြစ်ပါတယ်။ အန္တရာယ်ရှိတာကြောင့် ဆက်မမောင်းပဲ ပြင်ဆင်ပြီးမှ ပြန်မောင်းပါလို့  အကြံပေးလိုပါတယ်။ Adaptive Cruise Control သူက Cruise Control ရဲ့  နောက်ဆက်တွဲနည်းပညာဖြစ်ပြီး သူလည်းအလိုအလျောက်လုပ်ဆောင်ပေးမယ့် စနစ်ဖြစ်ပါတယ်။ပုံပေါ်နေရင် အဆိုပါစနစ်လုပ်ဆောင်နေတာဖြစ်ပြီး မသုံးချင်ဘူးဆိုရင်လည်း ပိတ်ထားနိုင်မှာဖြစ်ပါတယ်။ Engine Cooling System အင်ဂျင်က အနားမရပဲ ဆက်တိုက်အလုပ်လုပ်ပေးနေရတာမျိုး၊ ပြင်းပြင်းထန်ထန်ရုန်းကန်ပေးနေရတဲ့အချိန်မျိုးမှာ အချက်ပြပေးတဲ့စနစ်ဖြစ်ပါတယ်။အရေးကြီးပါတယ်။ အင်ဂျင်ရဲ့  ခံနိုင်ရည်အပူချိန်ထက်ပိုပြီး မြင့်မားနေပြီ၊ အမြင့်ဆုံးအပူချိန်ရောက်နေပြီဆိုတာကို အချက်ပြတာဖြစ်တဲ့အတွက် […]

” စည်းစနစ်ကျခြင်း “

  ရထားစောင့်နေကြတဲ့ပုံ။ တန်းစီပြီးသေချာစောင့်နေကြပါတယ်။ လုပြီးတက်တာမျိုးမရှိပါဘူး။ – လှေကားမှာ မြှားလေးတွေ ဆွဲထားတာသတိထားမိမှာပေါ့ဗျာ။ – ဘယ်သူမှ အလျင်လိုလို့ဆိုပြီး အဆင်းဘက်က မတက်ကြဘူးနော်   အဆောင်က မီးအိမ်။ တစ်ဖက်လူက စာဖတ်ချင်တဲ့အတွက် မီးအိမ်ထွန်းထားပေမဲ့ တစ်ဖက်လူအိပ် ပျော်အောင်လဲ မီးလုံးတစ်လုံးပဲ ထွန်းထားတာကိုတွေ့မှာပါ။ သင်ဘယ်နိုင်ငံကလာတာလဲ ဆိုတဲ့ survey ။ စနစ်ကျကျ စတေကာ ကပ်ထားတာကိုတွေ့ရမှာပါ။ ပုံကအတိုင်း ကွက်တိရတဲ့ စားသောက်ကုန်နဲ့ ကုန်ပစ္စည်းများ။ Customer ကို ပြသထားတဲ့အတိုင်း quality အပြည့်နဲ့ ဝန်ဆောင်မှုပေးပါတယ်။ ပုံက ပြထားတာတခြား တကယ်ရတော့တစ်ခြားလိုမျိုး မဟုတ်ပါဘူး။ ဘတ်စကားမှတ်တိုင်။ တစ်ယောက်ပြီးမှတစ်ယောက်တက်ကြပါတယ်။ လုယက်ပြီး မတက်ကြတဲ့အတွက် မတော်တဆမှုလဲလျော့နည်းစေပါတယ်။ ကဲ ။ ကျွန်တော်တို့လဲ ဒီနေ့ကစပြီး စနစ်ကျတဲ့ စနစ်လေးကို […]

“အရင်လို သိပ်မငြင်းတတ်တော့ဘူး.”

ရှုထောင့်မတူရင် အမြင်မတူနိုင်တာမို့.. တိတ်တဆိတ်ပဲ နေဖြစ်သွားတယ်…. အရင်လို သိပ်မရှင်းပြချင်တော့ဘူး…. ကိုယ့်ဆီက အဖြေတွေပဲလိုချင်တာလား ကိုယ်ဖြူရင် မဲဖို့အသင့်ရှိနေတာလား ခွဲခြားသုံးသပ်ရင်း တိတ်တဆိတ်ပဲ နေဖြစ်သွားတယ်…. အရင်လို ဆတ်ဆတ်ထိမခံ မတုန့်ပြန်ချင်တော့ဘူး…. သည်းခံနိုင်သလောက် သည်းခံရင်း သည်းမခံနိုင်ရင် မျက်နှာလွှဲထားရင်း ရင်ဘတ်ထဲမှာ ဒေါသမဖြစ်အောင် တိတ်တဆိတ်ပဲ နေဖြစ်သွားတယ်…. အရင်လို တနုံ့နုံ့တွေးပြီး ဒေါသထွက်မနေတော့ဘူး… ဖြစ်ပျက်သမျှသခါင်္ရမို့ ဘာဖြစ်ဖြစ်တစ်ချိန်တော့ပြီးသွားမှာပဲလို့တွေးရင်း တိတ်တဆိတ်ပဲ နေသွားဖြစ်တယ်…. အရင်လို ကိုယ်ကပဲနစ်နာတယ်လို့ သိပ်မတွေးဖြစ်တော့ဘူး…. လောကနိယာမအရ… အနစ်နာခံတဲ့လူဟာ နောက်ဆုံးတကယ် မနစ်နာတတ်ဘူး… အကြွေးရှိရင် ဆပ်ရမှာသိလာတဲ့နောက် တိတ်တဆိတ်ပဲ နေသွားဖြစ်တယ်… ထိပ်တိုက်ရင်ဆိုင်ရဲမှ သတ္တိရှိတယ်လို့ ပြောနိုင်တာ မဟုတ်သလို…. ငြင်းလည်းအပို၊ ရှင်းလည်းအပို ဖြစ်နေတဲ့အခြေအနေမှာ ဘယ်လိုနည်းနဲ့မှ မတုန့်ပြန်တော့ပဲ တိတ်တဆိတ်နေလိုက်တာလည်း ရှုံးတာမှမဟုတ်ပဲလေ…. Crd;KO Zaw […]

“အရှုံးမပေးကြသူများ”

မိတ်ဆွေ သင်ဟာ သာမန်လူတစ်ယောက်ဆိုပေမယ့် တစ်နေ့မှာ ကမ္ဘာ့အချမ်းသာဆုံးလူတစ်ယောက် မဖြစ်နိုင်ဘူးလို့ ဘယ်သူ အာမခံရလဲ?   အခု ပြောထားတဲ့ လူတွေကလည်း သာမန်လူတွေပါပဲ ရှုံးနိမ့်မှုကို အကြိမ်ကြိမ်တွန်းလှန်ရင်း နေရာတစ်ခုဖြစ်အောင် ဖန်တီးခဲ့သူတွေပေါ့ KFC အပါအဝင် အလုပ်ပေါင်း ၃၀ ကျော်က အငြင်းခံခဲ့ရ Harvard တက္ကသိုလ် ဝင်ခွင့် ၁၀ ကြိမ် ပယ်ခံရ စာမေးပွဲတွေကျ သူ့ရဲ့ အနာဂါတ် အစီအစဉ်ကို ယုံကြည်သူ တစ်ယောက်မှ မရှိ တရုပ်ပြည်ရဲ့ နံပါတ် ၂ အချမ်းသာဆုံး သူဌေးဖြစ်လာ ဂျက်မား ( Jack Ma ) ပိုင်ဆိုင်မှု – ၂၈ ဘီလျံ ­သာမန်လယ်သမားလေး တစ်ယောက် မိသားစု အတွက် နွားနို့ညှစ် […]

ဗီဇဆိုတာ ဖျောက်ရခက်တယ်

ကင်းမြီးကောက်တကောင်ဟာ.သူနေတဲံ့ကျွန်းကလေးတခုကနေ.မြစ်တဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတခုကိုသွားချင်တယ်။ ဒါပေမဲ့.ကင်မီးကောက်ဟာရေမကူးတတ်လို့.မြစ်ကိုဖြတ်ဖို့အခက်အခဲဖြစ်နေတယ်။ မြစ်ကမ်းဘေးမှာလျှေက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုံး.-ရုတ်တရက်.မြစ်ရေစပ်ကရေစိမ်နေတဲ့ဖါးတကောင်ကိုတွေ့လိုက်လို့.သွားစကားပြောတယ်။   ကင်းမြီးကောက်၊…”ကိုရွှေဖါးရေ.ကျနော့်ကို.ခင်ဗျားရဲ့ကျောပေါ်တင်ပြီး.ဟိုဖက်ကမ်းကိုပို့ပေးပါလား။.ကျေးဇူးမမေ့ပါဘူးဗျာ” ဖါး၊….”ဟာ.ဘယ်ဖြစ်မလဲ။.မင်းကိုကျောပိုးသွားရင်.ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်.ငါရေနစ်သေသွားမှာပေါ့”   ကင်းမြီးကောက်၊…”ကိုရွှေဖါးရယ်.ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။.ကျနော့်ကို.ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရက်ပါ့မလားဗျာ။ နောက်ပြီး.ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့.ခင်ဗျားရေနစ်ရင်.ကျနော်လဲရေနစ်သေမှာပဲလေ။.ကျနော်ရေမကူးတတ်ဖူးဆိုတာ.ခင်ဗျားသိပါတယ်ဗျာ”   ဖါးလဲ.စဉ်းစားတယ်။.ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။.သူ့ကိုယ်သူရေနစ်အသေခံပြီး.ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ။ .အဲဒီတော့.ဖါးလဲ.ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့သဘောတူလိုက်တယ်။.ဒါနဲ့.ဖါးဟာ.ကင်းမြီးကောက်ကို.ကျောပေါ်တင်လို့ .ရေစီးသန်တဲ့မြစ်မှာ.သူ့ကိုယ်ကိုရေအပေါ်.ပေါ်အောင်ကြိုးစားပြီး.မြစ်ကိုဖြတ်ကူးပါတော့တယ်။   မြစ်လယ်ရောက်တော့.ဖါးဟာ.သူ့ကျောမှာစူးကနဲ.တချက်ခံစားလိုက်ရတယ်။.နောက်ကိုအသာလှည့်ကြည့်လိုက်တော့.ကင်းမြီးကောက်ဟာ. အစွယ်ကို.သူ့ရဲ့နောက်ကျောကနေ.ဆွဲနူတ်လိုက်တာတွေ့ရတယ်။   ဖါးလဲ.နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။.”ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။.မင်းပဲ.စောစောကပြောတယ်လေ။ .ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။.အခု.ငါ့မှာအဆိပ်တက်နေပြီ။.ငါရေနစ်ပြီးသေရင်.မင်းလဲရေနစ်သေမှာ.မကြောက်ဖူးလား”   ကင်းမြီကောက်က.ဘာပြန်ပြောသလဲ။. “ခင်ဗျားသေရင်.ကျနော်လဲ.ရေနစ်သေမှာသိပါတယ်။.ဒါပေမဲ့.တခြားသတ္တဝါတကောင်ကိုတွေ့ရင်.အစွယ်နဲ့ထိုးတတ်တဲ့ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ”   နောက်ဆုံးတော့.ဖါးရော.ကင်းမြီးကောက်၂ကောင်စလုံးဟာ.မြစ်ရေထဲနစ်မြုပ်သေဆုံးသွားကြပါတော့တယ်။ ဒီပုံပြင်လေးဟာ.နိုင်ငံခြားမှာ.အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။.ကလေးပုံပြင်မဟုတ်ပါဘူး။.လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့.လူကြီးတွေကို.အသိပညာပေးတဲ့ပုံပြင်ပါ။   သနားလို့ကူညီပေမဲ့လဲ.အဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင်.ကူညီသူပါဒုက္ခရာက်တတ်တယ်ဆိုတဲ့သတိပေးသင်ခန်းစာပါ စာအုပ်မြို့တော်မှ ပြန်လည်မျှဝေပါတယ်။

မြန်မာပြည်က မြို့များ

အာမထိလျှာမထိမြို့များ ဂွ၊ အမ်း၊ ​ဝေါ၊ ​ယော၊ ဟဲဟိုး၊ ကဝ ဆန့်​ကျင်​ဘက်​မြို့များ ၁။ ​ကျောက်​ဖြူ နှင့်​ ​ကျောက်​မဲ ၂။ မိုး​ကောင်း နှင့်​ မိုးနဲ အက္ခရာပူးမြို့များ ၁။ ကိုကိုးကျွန်း ၂။ ​ကျောက်​ကြီး ၃။ ​ကျောင်းကုန်း ၄။ ဂန့့်​​ဂေါ ၅။ တံတား ၆။ တွံ​တေး ၇။ ​မြောင်းမြ ၈။ မြင်းမူ ၉။ မိုးမိတ်​ ၁၀။ မိုး​မောက်​ ၁၁။ ​မောက်​မယ်​ ၁၂။ တီးတိန်​ ၁၃။ ​လောင်းလုံ ၁၄။ လွိုင်​လင်​ ၁၅။ ဟဲဟိုး ၁၆။ ​မေမြို့ ကာမြို့များ ၁။ ကာလိ ၂။ ကာမိုင်း နာမည်​တစ်​လုံးရှိမြို့များ […]

ဒဿနစာလေးမာျး

သူတစ်ပါးရှေ့မှာ ရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဟုတ်ပဲ လမ်းပြသူ ဖြစ်နိုင်အောင် ကြိုးစားပါ။ သင့်မျက်နှာမှာ အပြုံးတစ်ပွင့် တပ်ဆင်ထားလိုက်ပါ အောင်မြင်းခြင်း ပျော်ရွှင်ခြင်းတို့အတွက် လှေကားထစ် တစ်ခုဖြစ်လာပါလိမ့်မယ် နာကျင် ၀မ်းနည်းနေရင်ချိန်မျာတောင် ပြုံးနိုင်ရင်တော့ သင်ဟာ ရင့်ကျက်သူ တစ်ယောက် ဖြစ်လာပါပြီ အောင်မြင်မှုဆိုတာ အချိန်နဲ့ နေရာပေါ် မမူတည်ပါဘူး၊ အားကိုးထိုက်သူ ဖြစ်အောင် နေမျ သင့်လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူ ဖြစ်လာမှာပါ။ ထာဝရ ရပ်တည်နိုင်ဖို့ သင့် ကြိုးစားမှုပေါ်မှာပဲ မူတည်ပါသည် အရှုံးတွေနဲ့ တွေ့ရလို့ စိတ်မညစ်ပါနဲ့ အဲ့ဒီ အရှုံးတွေက ရခဲ့တဲ့ သင်ခန်းစာတွေက နောက်တစ်ကြိမ်အတွက် အမြတ်တွေပါ။ ဘာကိုမှ စိတ်ဓတ်မကျပါနဲ့။ အခက်အခဲ တွေကို ရင်ကော့ပြီး ရင်ဆိုင်ပြစ်လိုက်ပါ။ အတင်းပြောကဲ့ ရဲ့ခဲရမှာကို စိတ်ညစ်နေပါသလား ကိုယ့်လိပ်ပြာကိုယ်လုံရင် […]